Wednesday, October 31, 2007

ပခုက္ကူသံဃာများ အစိုးရ၏ လူထုထောက်ခံပွဲကို ကန့်ကွက်ဆန္ဒပြ


မြန်မာအစိုးရမှ ကမကထပြုကျင်းပသော ပခုက္ကူမြို့မှ လူထုထောက်ခံပွဲကို ကန့်ကွက်သည့်အနေဖြင့် သံဃာ တော်များက ယနေ့နံနက်တွင် မြို့အတွင်းသို့ စီတန်းလှည့်လညှ်ု မေတ္တာပို့ဆုတောင်းကာ ဆန္ဒပြခဲ့ကြသည်။
သံဃာတော်များ၏ ဆန္ဒပြပွဲကို နံနက် ၉နာရီခန့်တွင် စတင်ခဲ့ပြီး ဆန္ဒပြရသည့်အကြောင်းကို ဆန္ဒပြပွဲတွင်ပါဝင် ခဲ့သော ပခုက္ကူမြို့မှ သံဃာတော်တပါးက ယခုလို မိန့်ကြားသည်။
ဦးဇင်းတို့ဒါ ပခုက္ကူမှာ လူထုထောက်ခံပွဲ အတင်းအဓမ္မလုပ်ခိုင်းနေတာ။ သူတို့က မလိုက်ချင်ဘဲ လိုက် ခိုင်းလို့ ဦးဇင်းတို့က ဒါ လက်သင့်မခံဘူး။ လက်သင့်မခံတဲ့အတွက် ဦးဇင်းတို့က ထွက်တာပဲ။
သံဃာတော်များ၏ ဆန္ဒပြပွဲသည် ပခုက္ကူမြို့ဘော်လုံးကွင်းတွင် ယနေ့ နံနက်လေးနာရီခန့်က စတင်၍ ၇နာရီခွဲ ခန့်တွင် ပြီးဆုံးခဲ့သော အစိုးရမှ ဦးစီးကျင်းပသည့် လူထုထောက်ခံပွဲများ ကန့်ကွက်ဆန္ဒပြခြင်း ဖြစ်သည်။
ဆန္ဒပြပွဲတွင် ပခုက္ကူမြို့၏ အဓိက စာသင်တိုက်ကြီးများဖြစ်သော မဟာဝိဇယရာမတိုက် (အရှေ့တိုက်)၊ မန္တလေး တိုက် (အနောက်တိုက်)၊ မဟာဝိသုဒ္ဓါရာမတိုက်( အလယ်တိုက်)နှင့် ဗောဓိမဏ္ဍိုင်တိုက်မှ သံဃာတော်၃၀၀ရာ ခန့် ပါဝင်မေတ္တာပို့ ဆုတောင်းခဲ့ပြီး သံဃာတော်များနောက်မှ ပြည်သူ ၄၀၀ကျော်လိုက်ပါ အားပေးခဲ့သည်။
သံဃာတော်များသည် ဆန္ဒပြလှည့်လည်စဉ် မင်းကွန်းဆရာတော်၏ မေတ္တာပို့နှင့် မေတ္တာသုတ်များကို ရွတ်ဆိုခဲ့ ကြသည်။
နံနက် ၁၀နာရီခွဲခန့်တွင် သံဃာတော်များသည် ပေါက်လမ်းမှတဆင့် မြို့တွင်းသို့ ကြွချီကာ ဘူတာရုံတွင် လူစုခွဲ ခဲ့ကြကြောင်း ဆန္ဒပြရာတွင်ပါဝင်ခဲ့သော ကိုယ်တော်တပါးက ပြောသည်။
အာဏာပိုင်များက သံဃာတော်များ၏ ဆုတောင်းဆန္ဒပြပွဲကို တစုံတရာနှောက်ယှက်ဟန့်တားခြင်းမရှိခဲ့ပေ။
အစိုးရမှ ဦးစီးကျင်းပသော လူထုထောက်ခံပွဲအတွက် အတင်းအကျပ်ခေါ်ယူခဲ့သော ပြည်သူများသည် ပွဲကျင်းပ ရာ ဘော်လုံးကွင်းအထိလိုက်ပါခြင်းမရှိဘဲ လမ်းတ၀က် အများအပြား လှည့်ပြန်လာခဲ့ကြသည်ဟု သိရသည်။
စက်တင်ဘာလ ၅ရက်နေ့က ပခုက္ကူမြို့မှသံဃာတော်များသည် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဒုက္ခရောက်ရ သော ပြည်သူများအတွက် မြို့တွင်းသို့ လှည့်လည်၍ ဆုတောင်းမေတ္တာပို့ခဲ့ရာ အာဏာပိုင်များက သေနတ်ပစ် ဖောက်ဖြိုခွင်းပြီး သံဃာတော်များကို ဖမ်းဆီးရိုက်နှက်ခဲ့သည်။ သံဃာတော်များက ယင်းကျူးလွန်မှုများအတွက် ၀န်ချတောင်းပန်ရန် အစိုးရကို တောင်းဆိုခဲ့သော်လည်း အစိုးရက လက်မခံ၍ နိုင်ငံနှင့်အ၀ှမ်းရှိ သံဃာများက အာဏာပိုင်များကို ပတ္တနိက္ကုဇ္ဖနကံပြု၍ သပိတ်မှောက်ခဲ့သည်။

Saturday, October 27, 2007

A Monk’s Tale of Protest and Escape From Myanmar

By THOMAS FULLER (The New York Times)
October 26, 2007


MAE SOT, Thailand, Oct. 25 — A 24-year-old Buddhist monk who says he was one of the leaders of the recent protests in Myanmar and escaped last week painted a picture on Thursday of a bare-bones group of young monks planning and organizing what became a nationwide uprising.

During a six-hour interview in this border town, the monk, Ashin Kovida, said he had been elected the leader of a group of 15 of his fellows and led daily protests in Yangon from Sept. 18 through Sept. 27, the day after the authorities began raiding monasteries.

He said he was inspired by the popular uprisings in Yugoslavia against the government of Slobodan Milosevic, videos of which were circulated by dissident groups in Myanmar.

Eight members of his organizing committee are “missing” and six others are hiding in Yangon, he said. He described escaping to Thailand by using a false identification card, dyeing his hair blond and wearing a crucifix.

Many details of Mr. Kovida’s account could not be independently confirmed, but his role as an organizer was well known among nongovernmental organizations in Myanmar, formerly Burma, and Western human rights groups.

Hlaing Moe Than, 37, a leading organizer of students in the September demonstrations who also fled to Thailand, was shown a picture of Mr. Kovida on Thursday and confirmed his identity.

“He is one of the famous leaders among the Buddhist monks during the protests,” Hlaing Moe Than said.

Mr. Kovida’s group received financial help from three well-known Burmese dissidents — an actor, a comedian and a poet — but it did not receive foreign aid during the protests, he said.

One of his main preoccupations, he said, was providing food for the thousands of monks who came to Yangon, Myanmar’s main city, to join the protests. He said he also worried about what he called “fake monks,” whom he suspected the military government had planted.

The spark for the demonstrations came on Sept. 5, when the police fired warning shots at protesting monks in Pakokku, in central Myanmar, Mr. Kovida said.

“The first time I heard the information, I was speechless,” he said. “It was an unbelievable thing.”

Older monks and abbots urged the monks to protest in the monasteries, but the younger monks thought protesting in their cloistered world would do no good, he said.

He reached out to students he had met during alms collections and began to plan marches in Yangon.

“We realized that there was no leadership — a train must have a locomotive,” he said.

He said he helped supervise the printing of hundreds of pamphlets, titled, “The Monks Will Come Out Onto the Streets.”

“We delivered to all the monasteries.” in Yangon, he said. “We tried to distribute to other regions as much as possible.”

On Sept. 18, he led the first column of monks through the streets in Yangon, he said.

On Sept. 19, about 2,000 protesters, including 500 monks, sat on the tiled floor in Sule Pagoda, a focal point of the protests. “To continue demonstrations in a peaceful way we must have leadership,” Mr. Kovida said he told them. “I call on 10 monks to come join me in the front.”

Fifteen monks came forward, he said, to form what they called the Sangga Kosahlal Apahwe, the Monks Representative Group.

“In this country at present we are facing hardships,” he said he told the crowd, after he was elected chairman of the group. “People are starving; prices are rising. Under this military government there are so many human rights abuses. I call on people to come to join together with us. We will continue these protests peacefully every day until we win. If there are no human rights, there is no value of a human.”

He said that, for a week, he met with his group of organizers in the morning and led marches at noon. He said he heard reports on the Burmese-language service of the BBC about other monks who had organized themselves but he had never met them.

Then, on Sept. 26, the government began a violent crackdown. Security forces clubbed and tear-gassed protesters, blocked their path and arrested hundreds.

“The police pulled the monks’ robes and beat them,” Mr. Kovida said. “Nuns were stripped of their sarongs.”

He said he escaped by climbing over a brick wall.

The next day, as the crackdown intensified, he said he changed out of his robes and fled to a village about 40 miles away where, with the help of relatives and friends, he hid in an abandoned wooden hut.

He was so afraid of attracting the attention of neighbors that he suppressed his coughs and never left the dark hut for two weeks, he said. He relieved himself using a plastic bucket, he said, and friends occasionally dropped off food.

On Oct. 12, his adoptive mother, whom he called Daw Thin Thin Khaing, was detained, news that was immediately relayed to him. He fled into the night, barefoot.

“I ran down a large road,” he said. “Whenever a car came I hid in the bushes.”

He headed back to Yangon, he said, where he dyed his hair blond. He bought a crucifix in a local market and, several days later, boarded a bus heading toward the Thai border.

Using a false identity card, he passed about eight checkpoints and reached Myawadi, a border town, on Oct. 17. The next morning, he said, he crossed the Moei River to Thailand in a boat, bypassing the official border post.

An Oct. 18 article in The New Light of Myanmar, the state-run newspaper, accused him of hiding “48 yellowish high-explosive TNT cartridges” in his monastery.

Now, facing almost certain detention in Myanmar, Mr. Kovida said he would request refugee status in Thailand.

“I have been in the monkhood since I was so young,” he said. “My whole life, I have been studying only Buddhism and peaceful things.”

Friday, October 26, 2007

ရွှေဝါရောင်တော်လှန်ရေး

အပူရောင်လိုင်းတွေ တဖြတ်ဖြတ်တောက်လို့ မီးတောက်မီးလျှံတွေကြားမှာ ကစဥ့်ကလျား ပြေးနေတဲ့ ပုံရိပ်တွေ၊ တဟူးဟူး မှုတ်ထုတ် နေတဲ့ မီးခိုးငွေ့တွေကြားမှာ အပြိုပြို အလဲလဲ အလံတွေ၊ အလံတွေ လမ်းမထက်မှာ အတုံးအရုံးနဲ့ ပိုင်ရှင်မဲ့ ဖိနပ်တွေ၊ အိုင်ထွန်းနေတဲ့ သွေးကွက်တွေ၊ အပိုင်းပိုင်းပြတ်နေတဲ့ သပြေခက်တွေ ပေါက်ပြဲနေတဲ့ ဘုရားပုံ ပန်းချီကားချပ်တွေ၊ သံဆူးကြား ညပ်နေတဲ့ သင်္ဃန်းစ တွေ အားလုံးကို မြင်နေတယ်။
ကျမ နိုးထပါရစေတော့။ ကိုယ်ပေါ်ကို မွန်းကျပ်စွာ ဖိနှိပ်ထားတဲ့ လက်ကြမ်းကြီးတွေရဲ့ အောက်မှာ အသက်ရှူမရ ကယ်ကြပါဦး၊ သိနေ တယ် အရာရာကို လုံးဝကို လှုပ်မရတာတခုပဲ၊ အိပ်မက် မဟုတ်မှန်းလည်း သိနေတယ်။ ဒါဆို ဘီလူး စီးတာလား၊ သိနေရဲ့ မြင်နေရဲ့ လှုပ်လို့ကို မရဖြစ်နေတာပဲ။ မိုးခြိမ်းသံတွေလည်း အဆက်မပြတ် ကြားနေရတယ်။ ဘာတွေလဲ၊ ကယ်ကြပါဦး၊ လွင့်ကနဲ ရုတ်တရက် ပြုတ်ကျသွားတယ်။

ဟိုး..အမြင့်ကြီးက ပြုတ်ကျသလို အသည်းတအေးအေး ရှိနေသလို တလှပ်လှပ်နဲ့ပေါ့။ ရေစီးကြောင်းကြီး တခုတည်းကို ပြုတ်ကျ သွားသလို ထူးဆန်းတာက ရေလုံးဝ စိုမနေဘူး။ လွတ်ပြီကျွတ်ပြီပေါ့။ ကုန်းရုန်းထချိန်မှာပဲ ရေစီးကြောင်းထဲမှာ မျောပါလာတဲ့ သဏ္ဍာန် တခု၊ ဘာများပါလိမ့်လို့ လှမ်းမျှော်ကြည့်လိုက်တော့ အညိုအမည်း စွဲနေတဲ့ ခန္ဓာကိုယ်တခု မျောလာနေတယ်။ ဦးပြည်းပြောင်ပြောင်နဲ့ သင်္ဃန်းစက လည်ပင်းမှာ ပတ်ငြိနေတယ်။ အလို … ဘုရားရေ … အရှိုးးရာအပြည့်နဲ့ အသက်ကုန်နေတဲ့ သံဃာတော် အလောင်းပါလား … ဘုရား … ဘုရား …။
အား …
ရွှံ့ထဲနွံထဲကနေ ကျုံးရုန်းထကာ ရေမြောင်းဘောင်လေးတခုကို မေးတင်ပြီး ငိုရှိုက်မိတယ်။ ရင်ထဲ နာကျင်လွန်းလို့ရင်ကွဲမ တတ်ပဲ။ အသက်ကို မနည်းပင့်ရှူရင်းက အခုမှ ဘေးဘီကို လှည့်ကြည့်မိတယ်။ ဘုရားရေ … အမှိုက်တွေ ပြည့်နေတဲ့ ရေမြောင်းနှုတ် ခမ်းစပ်မှာ ဒါက ဘာပါလိမ့်၊ ဦးနှောက်စတွေ … သွေးတွေ စွန်းထင်းပေကျန်နေတဲ့ ဦးနှောက်စတွေ၊ အသံကုန် ခြစ်အော်လိုက်မိတယ်။
အားကုန် လွင့်ထွက်သွားသလို ဖြစ်သွားပြီး အုတ်ခဲပုံတွေကြားမှာ ခွေခွေလေး ပုံလဲသွားပြန်တယ်။ ဘုရား … ဘုရား … ဘာတွေများ ဆက်ဖြစ်ဦးမှာပါလိမ့် (အမေရေ…)။ သွေးညိုညိုစတွေ ဟိုတကွက် ဒီတကွက် အုတ်ခဲပုံလေးတွေနဲ့ သွေးကွက်လေးတွေကို ၀န်းပတ် ထားတယ်။ ဘာလေးတွေပါလိမ်။ ကျောင်းတိုက်ဘေးမှာ ငိုရှိုက်နေတဲ့ အမေအိုတွေ၊ မျက်နှာလေးတွေ မှုန်မှိုင်းနေတဲ့ သီလရှင် ဆရာ လေးတွေ၊ သူတို့ဘေးမှာ မျက်နှာငယ်လေးတွေနဲ့ထိုင်နေကြတဲ့ ကလေးငယ်လေးတွေ ကုလားထိုင်ပေါ်မှာ ငူငူကြီး အောက်ကိုငေးစိုက် ကြည့်နေတဲ့ ပုံ့ပုံ့ကြီး ထိုင်နေတဲ့ ဘုန်းတော်ကြီးတပါး၊ ကျောင်းဝန်းတိုက်ထဲမှာ စီတန်းထိုင်နေတဲ့ ကိုယ်တော်တွေ ပတ်တီး အဖွေးသား တွေနဲ့ ဘာတွေ ဖြစ်ကုန်ကြပါလိမ့် …။ လွင့်ကနဲ လှည့်ပတ်ကြည့်မိတော့ အားလုံး ပြိုကျပျက်စီးနေတဲ့ ဘုရားစင်တွေ ဖရိုဖရဲဖြစ်နေတဲ့ တရားစာအုပ်တွေ … မှန်ကွဲစတွေ … သွေးတွေ … သွေးတွေ … စကားသံတွေ … သဲ့သဲ့ကြားနေရတယ်။ မနည်းလွတ်အောင် ပြေးရ တယ် ဒကာကြီး … နေမကောင်း ဖြစ်နေတဲ့ သံဃာတော်တွေလည်း အိပ်နေတုန်းပေါ့။ တိုးညင်းပြီး တုန်ခါနေတဲ့ အသံတွေ …
ရုတ်တရက် အုန်းမောင်းခေါက်သံတွေ ၀ုန်းဒိုင်းကျဲထွက်လာတယ်။ ရှိုက်ကြီးတငင်ငိုနေတဲ့ ယောင်္ကျားရင့်မကြီး တယောက်ရဲ့အသံ ရေဒီ ယို သတ္ထုလှိုင်းကနေ တုန်ခါပြီး နားစည်ကို လာထိခတ်နေတယ်။ ဘုန်းဘုန်းတွေက တုံးတွေခေါက်ပြီး ကယ်ပါလို့အကူအညီ တောင်း နေတာကို ကျနော်တို့မှာ ညမထွက်ရအမိန့်နဲ့ ဘယ်လိုမှ ထွက်ကယ်လို့မရခဲ့ဘူးဟု ငိုရင်းရှိုက်ရင်း ပြောနေတဲ့ အသံကို နားထောင်ရင်းက ဖုန်းခွက်ကို ကိုင်ရင်း မျက်ရည် ပေါက်ပေါက်ကျနေတဲ့ ကောင်မလေးတယောက် …။ အလို … ကျမကိုယ်တိုင်ပါလား၊ မငိုရဘူးလေ … မငိုရဘူး … သတင်းထောက်ဆိုတာ ခံစားချက် မထည့်ရဘူး၊ တိတ်စမ်း … အသံတွေက ဝေးသွားလိုက် နီးလာလိုက် အသံသွင်းခန်းမမှာ စာရွက်လေးကိုင်ရင်း မျက်ရည် တွေတွေကျနေတဲ့ ကောင်မလေးတယောက် …
ဒါအိမ်မက်လား … တကယ်လား အကြိမ်ကြိမ် လက်ထိပ်ကို ဆွဲစိတ်နေမိရင်းက နာကျင်လွန်းလာလို့ လက်ဖ၀ါးတွေကို ဖြန့်ကြည့်လိုက် တဲ့အခါ အလို … ဟောဟို တံတားတဖက်မှာ ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ လူငယ်လေးတွေ၊ မီးအားမြှင့်စက်ကြားထဲမှာ သေနတ်ဒဏ် ရာနဲ့ သွေးအိုင်ထဲမှာ လဲနေတဲ့ လူငယ်လေးနံဘေးမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဗျာများနေတဲ့ လူငယ်လေးတယောက် ဖိနပ်သံ တခွပ်ခွပ် ကြားနေရပြီ၊ ကလေးရေ … ပြေးတော့ … ပြေးတော့လေ။
မလွတ်ဘူး … မလွတ်ဘူး … ထိုင်ချလိုက် … ထိုင်ချလိုက် … မပြေးရင် သူတို့လိုက်မပစ်ဘူး၊ ယုံကြည်စွာနဲ့ ကယောင်ကတမ်း ကိုယ်ပါ ရောယောင် ထိုင်ချလိုက်မိတယ်။ အမောတွေရယ် ဘယ်တော့မှ ပြီးပါ့မလဲကွယ်။ အား … သေပြီ … သေပါပြီ … တုတ်ချက်ကြမ်းကြမ်း တွေ ခေါင်းတွေကိုမှ ရွေးပြီး အားနဲ့မာန်နဲ့ ထုရိုက်နေတဲ့ အစိမ်းရောင် အရိပ်တွေ။ အား … ဒရွတ်တိုက် ဆွဲခေါ်နေတဲ့ လက်ကြမ်းကြမ်း တွေ၊ တော်ပါတော့ … တော်ပါတော့ ငုတ်တုတ်လေးတွေ ထိုင်နေတဲ့ ကလေးတွေ တကိုယ်လုံး တဆတ်ဆတ် တုန်ရီလို့ မျက်လုံး အကြောင်သားလေးတွေနဲ့ အလန့်တကြား အော်ငိုသံတွေ၊ ကမ္ဘာပျက်တဲ့ အလားပဲ၊ ဘုရား ကယ်ပါ၊ သူတို့ ကိုယ်ကို မမြင်လောက်ဘူး၊ အကာကြားကနေ အသာလေး လိမ့်အထွက် ဖြောင်းကနဲ ပင့်ရိုက်လိုက်တဲ့ အသံကြောင့် အလန့်တကြား ကိုယ့်ပါးကိုယ် ပြန်စမ်းမိတော့ တရပ်စပ် ပါးရိုက်ပြီး ဆွဲခေါ်တဲ့နောက် ဒရွတ်တိုက် ပါသွားရှာတဲ့ ကလေးမလေးတွေ၊ ကယ်သူမဲ့ ကူသူမဲ့ ပိုင်ရှင်မဲ့ ဖိနပ်ပုံတွေကြားမှာ ပစ္စည်းတွေကို နှုတ်သီးနဲ့ လိုက်ဟပ်နေတဲ့ အစိမ်းရောင် ခွေးတကောင် အလို … ခွေရက်သားလေး ပုံလဲနေတဲ့ တုတ်ချက်အောက်မှာ အသက်ပျောက်သွားတဲ့ အမည်မသိ လူငယ်လေးတယောက် ဘုရားဘုရား ဘာတွေများ ဖြစ်ကုန်ပါလိမ့် …။

ပြေးမှ … ပြေးမှ …
ပိတ် … ပိတ် … အရှေ့က ပိတ်ဖမ်း … ပိတ်ဖမ်း
ထိုင်ထိုင် … အားလုံး စုထိုင်စမ်း
အောင်မယ် … မင်းက ဘာကောင်လဲ … ဖုန်းဖုန်း … ဖျန်းဖျန်း …
စစ်ဖိနပ်နဲ့ စုံခုံကန်၊ နံပါတ်တုတ်နဲ့ စုံကိုင်ပြီး ရိုက်နေတယ်။ သေပါပြီ … သေပါပြီ … ခေါင်းပေါ် လက်ကိုမြှောက်ပြီး ကာထားတဲ့ အနီ ရောင်ဝတ် ကောင်လေး။ တော်ပါတော့ … တော်ပါတော့ … ကယောင်ကတမ်း ၀င်ဆွဲတာမမိဘဲ ကိုယ်ပါ လမ်းမပေါ် ပုံရပ်လဲကျတယ်။
သွား … ထ … ဟိုကားပေါ်တက် ငုတ်တုတ်လေးတွေ ထိုင်နေရာကနေ အပြေးအလွှား ဒယီးဒယိုင် ပြေးထွက်ကာမှ ကျောနောက်ကနေ နံပါတ်တုတ်နဲ့ ပြေးရိုက်လိုက်သေးတော့ အကောင်ပိန်ပိန်လေးခင်ဗျာ ၀မ်းလျားမှောက် လဲကျရှာတာကို စစ်ဖိနပ်နဲ့ ပစ်ကန်လိုက်သေး တယ်။ ထုနေရိုက်နေရင်းက ဟိုလမ်းတဖက်မှာ လမ်းဖြတ်လျှောက်လာတဲ့ အဖြူရောင် အရိပ်လေးတခု … အယ် … သေပါပြီ နံပါတ် တုတ်နဲ့မျက်နှာကို ဖြတ်ရိုက်တာ လက်နဲ့ ကာလို့ ခေါင်းကို လေးငါးချက် ဖြောင်း ဖြောင်း ဖြောင်းနဲ့ ဆင့်ဆင့်ရိုက်နေပုံများ အားမရလို့ လမ်းကူးပြီး ၀င်ရိုက်တဲ့ ကောင်က ရှိသေးတယ်။
ငါ … တောက် …
ဘယ်လိုမှ စိတ်မထိန်းနိုင်တော့လို့ပါးစပ်ထဲမှာ ကွမ်းတံတွေး အရဲသားနဲ စစ်ဝတ်စုံနဲ့ ဘီလူးပြုံးပြုံးနေတဲ့ ကောင်ကို ပါးဖြတ်ရိုက်လိုက် တာမှာ အရှိန်လွန်ပြီး ပြုတ်ကျတာ မြက်ခင်းတွေကြား ရောက်သွားပြန်တယ်။
အားလုံးငြိမ်သက် တိတ်ဆိတ်လို့၊ ပုရစ်အော်သံစူးစူးနဲ့ ငြိမ်သက်နေတဲ့ ညတည …။
ရင်ထဲမှာ သွေးရိုးသားရိုး မဟုတ်မှန်း သိပ်သိသာနေတယ်။ ဘေးဘီဝဲယာကို ကြည့်လိုက်တော့ မှောင်မှောင်မည်းမည်း ဂိုဒေါင်ကြီးတခု၊ လူတွေမှ ရှိရဲ့လား … အသာလေး ချောင်းကြည့်လိုက်တော့ ဖုန်းကနဲ ရိုက်လိုက်တဲ့ အသံကြီးတခုထွက်လာတယ်။ ခေါင်းတွေ မော်မကြည့်နဲ့ သေချင်နေလားတဲ့၊ ၀မ်းခေါင်းသံကြီးနဲ့ အော်သံထွက် လာတဲ့အခါ နောက်ဘေးဘီ ၀ဲယာတွေကနေ အသံတွေ အသံတွေ ငရဲပွက်သလို အော်လိုက် ဟစ်လိုက်ကြတာ အခုမှ ကမ္ဘာပျက်သလို အခန်းကျဉ်းလေးတွေထဲမှာ တ၀ုန်းဝုန်းနဲ့ ရိုက်နှက်သံတွေနဲ့အတူ ချုပ်နှောင်ထားတဲ့ လူတွေ လူတွေ …။ စစ်ကြောရေးစခန်းတဲ့ …။ အလန့်တကြား ပြေးထွက်လာခဲ့မိတယ်။


စီအန်အန်တို့ ဘီဘီစီတို့ကို ပြောပေးကြပါ။ မသေသေးတဲ့ လူတွေကိုလေ … မီးနဲ့ရှို့နေပါတယ် ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြောနေတဲ့ အန်တီကြီး၊ ဘာတွေဖြစ်ကုန်ပြီလဲ လူအရှင်လတ်လတ်တောင် မီးရှို့ သတ်ရလောက်အောင် အပြစ်တွေ ဘယ်လောက်ကြီးနေလဲ။ လမ်း မထက် မေတ္တာသုတ်ရွတ်မိတာ၊ ငတ်လွန်းလို့ ဒုက္ခရောက်လွန်းလို့ ဆန္ဒကို ဖော်ထုတ်မိတာလေးကို အရှင်လတ်လတ် မီးရှို့သတ်ပစ် သတဲ့။ ဟား … မွန်းကျပ်လွန်းတဲ့ စိတ်တွေကို ထွက်ပေါက်ပေးတဲ့ အနေနဲ့သက်ပြင်း မှုတ်ထုတ်မိချိန်မှာပဲ လမ်းမပေါ် လွင့်ထွက်သွား ပြန်တယ်။
လူသူကင်းမဲ့နေတဲ့ လမ်းမလယ်မှာ ကိုယ်တယောက်တည်း ဘယ်သွားရမှန်းမသိ။ အမ … အမ ကျနော့်ကို ကယ်ပါဦးတဲ့။ ဒယီးဒယိုင်နဲ့ လျှောက်လာတဲ့ ကောင်လေးတယောက်။ သွေးတွေနဲ့ စိုရွှဲနေတဲ့ ခေါင်းကို အုပ်မိုးကိုင်ပြီး အရမ်းနာကျင်နေတဲ့ မျက်နှာနဲ့ကောင်လေး တယောက်။ အမ လိုက်ပို့ပေးမယ် ဘယ်လဲ မောင်လေးဆိုတော့ … တောင်ဥက္ကလာပကို လိုက်ပို့ပေးပါ အမရယ် ကျနော် ကိုကိုဝင်း ပါ တဲ့။ အိမ်မှာ အမေနဲ့ အဖေ စိတ်ပူနေတယ်။ မနက် အလုပ်လည်း ဆင်းရဦးမယ်တဲ့လေ။ ကိုကိုဝင်း … သူသေပြီးပြီ မဟုတ်လား။ အခု မသေသေးဘူးပဲ။ ဘုရား … ဘုရား … သွေးတွေရွှဲနေတဲ့ သူ့ခေါင်းကို အုပ်ကိုင်ပေးထားရင်းက ကူရာမဲ့ ကယ်ရာမဲ့။ ဘယ်ဘ၀က ၀ဋ်ကြွေးတွေပါလိမ့်၊ ရှိုက်ကြီးတငင် ငိုမိတယ်။ အသံကုန်ခြစ်ပြီးကို အော်ငိုမိတယ်။ ပြင်းထန်လွန်းတဲ့ နာကျင်ပေါက်ကွဲနေတဲ့ စိတ်တွေ နဲ့အတူ လောဟာနယ်ထဲ မျောလွင့်သွားမိတယ်။


Saturday, October 20, 2007

ဘေဘီနီလာသိန်း ဧချင်း


undefinedဖေဖေကိုဂျင်မီ မေမေမနီလာသိန်း တို့နဲ့ သမီးလေးဖြူနေခြည်မင်းယု
(၁၉၊၆၊၂၀၀၇)
ဘေဘီနီလာသိန်း ဧချင်း
ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး …

လေးလအရွယ်၊ သမီးငယ်သည်
ဘယ်အတွက်နှင့်၊ ပြစ်ဒဏ်သင့်၍
မိခင့်နို့နှင့် ဝေးရသနည်း။

သမီးအရွယ်၊ လေးလငယ်သည်
ဘယ်အတွက်နှင့်၊ မင်းမျက်သင့်၍
ဖခင့်ရင်နှင့် ဝေးရသနည်း။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး …

နို့မ၀၍
ညညထငို၊ မျက်ရည်စိုနှင့်
စိုမျက်ရည်ခြောက်၊ တမိုးသောက်လျှင်
နောက်ထပ်တဖန် ငိုဦးမည်။

ဖ မတွေ့၍
ညညနေ့နေ့၊ ဘွားရင်ငွေ့မှာ
မေမေ့သမီး၊ ငိုရှာမည်။

မိ မလာ၍
နို့ဆာနို့ငတ်၊ မေတ္တာငတ်၍
အားပြတ်လဲကာ၊ ငိုတော့မည်။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး …


နို့မရ၍
တညထငို၊ ကျီးအုပ်ပြိုသည်
ခွေးညိုထဟောင်၊ လငွေရောင်လည်း
အမှောင်ထစ်ချုန်း၊ သွေးနံ့ဖုံးကာ
ဒိုင်းဒုန်းဒိန်းညံ၊ သေနတ်သံတွေ
မိုးယံပဲ့တင် ထပ်တော့၏။

အဘွားစိတ်မှ
ပရိတ်ရွတ်သံ၊ တရားသံလည်း
ဘုန်းကြီးကျောင်းမှ
အုံးမောင်းခေါက်သံ၊ ဂီတသံလည်း
တရံမလပ်၊ စက်သေနတ်တို့
ပစ်ခတ်သံအောက် ပျောက်ကုန်၏။
တင့်ကားဘီးအောက် ရောက်ကုန်၏။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး …

ဖက်ဆစ်ခေတ်သို့
စစ်ဦးဘီလူး၊ မိစ္ဆာပူးသည့်
စစ်ဦးစီးရူး၊ အာဏာမူးသည့်
တပ်မှူးကြီးတွေ
ဘုန်းကြီးကျောင်းတွင်း၊ ၀င်စီးနင်း၍
သွေးချင်းချင်းဖြာ၊ သံဃာအော်ညည်း
လင်းလုနီးမှာ
သမီးလန့်၍ ငိုပြန်သည်။

သမီးငိုသံ၊ သေနတ်သံနှင့်
အဖန်ဖန်ရော၊ သမီးမော၍
အိပ်သောခဏ
“စစ်အစိုးရ ကျဆုံးပါစေ”။

သမီးငိုသံ၊ သေနတ်သံနှင့်
အဖန်ဖန်နှော၊ သမီးစော၍
နိုးသောခဏ
“လူထုအစိုးရ ပေါ်ထွန်းပါစေ”။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး …

သမီး နို့မြက်၍လည်း
အမေ့တိုက်ပွဲ မပျက်။

အမေ့ နို့သက်၍လည်း
သမီးတိုက်ပွဲ မပျက်။

ဟိံ သစ္စံ၊ အမှန်ဖက်၍
“အစိုးရပျက်”
“အာဏာစက်”ကို
ဓမ္မစက်နှင့် “ဖျက်”စေသတည်း။ ။

အောင်ဝေး
(၂၉-၉-၀၇)

Thursday, October 04, 2007

မဟူရာညထဲက တိုက်ပွဲဝင်မိခင် အမေ (ဒေါင်းပျိုမေ)

“မမလေး ၊ ဟို ပတ်လည်က ဗိုက်ကြီးသည် ဗိုက်နာလို့ တဲ့။”
ခင်မမတို့ အနားမှာ လာပြီး စကားပြောနေတဲ့ ၀ါဒါမကို တန်းစီးက သတင်းပို့နေသံ ဖြစ်ပါသည်။ ခင်မမ၊ တင်မာဦး၊ အေးအေးသင်း သုံးယောက်စလုံး မတိုင်ပင်ရပဲ မတ်တပ် ထရပ်မိကြသည်။ ၀ါဒါမက တန်းစီး ဒေါ်ကြည်အောင်ကို မိန်းမထောင်နဲ့ ယောက်ျားထောင် ခြားထားတဲ့ လေးတံခါး သွားခေါက်ပြီး သတင်းပို့ဖို့ အမိန့်ပေးတော့ ခင်မမက လူနာဆီထွက်သွားနှင့်ပြီ။

ဒီမိန်းမထောင်ထဲမှာ ခင်မမတို့လို နိုင်ငံရေး အကျဉ်းသူ ၁၅ ယောက်ရှိနေသည်။ သီးသန့်လို့ ထောင်ပိုင် ထောင်မှုးတွေက နာမည်တပ်ခေါ်ပြီး သာမာန် ရာဇ၀တ်မှုနှင့် ကျသော အကျဉ်းသူများကို လုံးဝစကားသွားပြောခွင့် မပေးချေ။ ဒီလို နေရာ ကျဉ်းကျဉ်းလေးမှာ အတူနေရပြီး စကားမပြောနဲ့ဆိုတော့ သူမတို့က မလိုက်နာခဲ့။ လစ်ရင်လစ်သလို ပြော ပြောနေ၍ ၀ါဒါမတွေက သိပ်မကြည်။ အခုလည်း ဗိုက်နာနေပြီဆိုတော့ ကလေးမွေးခါနီးပြီပေါ့ ဆိုပြီး သူတို့သီးသန့်ထဲက အသက်အကြီးဆုံး ဖြစ်တဲ့ ဒီချုပ်က ဒေါ်ရင်ရွှေကို ခေါ်ပြီး ကူညီရအောင် သွားပါတော့သည်။

ဗိုက်နာလို့အော်နေတဲ့ အကျဉ်းသူက တော်တော်ငယ်ပါသေးသည်။ တကယ်တော့ ဒီထောင်ထဲကို ၀င်ဖို့က သူမ မဟုတ်ပါ။ တာဝန်ကျေ စပါး မရောင်းနိုင်လို့ သူ့ယောက်ျားကို ဖမ်းဖို့အလာ သူ့ယောက်ျားက ထွက်ပြေးသွားလို့ သူ့ကို ခေတ္တ ဖမ်းထားခြင်းသာဖြစ်သည်။ ယောက်ျားကလည်း သူ့မိန်းမ ဗိုက်ကြီးနဲ့၊ နေ့စေ့လစေ့နဲ့မို့ မဖမ်းလေတန်ဘူးလို့ တွက်ထားပြီး ထွက်ပြေးသွားတာ ဖြစ်နိုင်သည်။ ဒါပေမဲ့ အခုခေတ်ကာလက မထင်မှတ်တာတွေကို မြင်ဖူးတွေ့ဖူးအောင်ကို ဖြစ်နေတဲ့ ကာလ၊ မဖြစ်နိုင်ဖူး ဆိုတာမရှိ ၊ မဖြစ်သေးတာသာ ရှိတဲ့ ကာလ။

အခုလည်း ထောင်ထဲမှာ တက္ကသိုလ်ကျောင်းသူ ငယ်ငယ်တွေ တသုတ်ပြီး တသုတ် ၀င်လာမစဲ။ ဘာရာဇ၀တ်မှုမှ မကျူးလွန် ကြပါပဲနှင့် ထောင်ထဲသို့ ရောက်လာခဲ့ကြသည်။ လက်ရှိ အာဏာရ အစိုးရကို ဆန့်ကျင်ရဲကြသူတွေမို့ သာမာန် အကျဉ်းသူတွေက လေးစားကြသည်။ သူတို့တွေက ခပ်ပျော်ပျော် ၊ ဒါပေမဲ့ စိတ်ဓါတ်တွေက မာကျောကြသည်။ သူတို့ အချင်းချင်း စည်းလုံးညီညွတ်ကြပြီး ဘာမဆို တသံတည်း ထွက်ကြသည်။ ထမင်းစားလည်းအတူတူ။ အခြား အကျဉ်းသူတွေ ထမင်းစားလျင် လိုက်ကြည့်တတ်ကြပြီး အသက်ကြီးကြီး ဟင်းမရှိသူဆိုလျင် ဟင်းတွေ လာပေးတတ်မြဲ။ အခုရောက်လာတာ မကြာသေးသည့် ဗိုက်ကြီးသည် ကောင်မလေးကို သူတို့တွေပဲ စောင့်ရှောက်ထားကြသည်။

ဗိုက်နာလို့ ညည်းနေတဲ့ ကောင်မလေးနားတွင် သီးသန့် အုပ်စုကို အားပေးလျက်တွေ့ရသည်။ ဒီနေ့ ကစနေနေ့ ဖြစ်နေသည်။ ဆရာဝန် ရှိမှာ မဟုတ်။ထို့ကြောင့် မိန်းမထောင်က မွေးတတ်သူနဲ့ပဲ မွေးပေးရတော့မည်။ ဆရာဝန် ရောက်မလာမှန်း သိရက်နှင့် ရောက်လာစေချင်စိတ်ကြောင့် မိန်းမထောင်တခုလုံး ထောင်တံခါးဝကို ခဏခဏ ကြည့်နေကြသည်။ ကလေးမွေးမည့် အမေကလည်း ဒီကလေးက သားဦးမို့ မညှစ်တတ်ပေ။ မိန်းမတွေ အုံလာလို့ တင်မာဦးက လူနည်းနည်း ရှင်းပေးပါဦးလို့ ပြောနေသံ ကြားရသည်။ ကလေးမွေးပြီးရင် ချက်ကြိုးဖြတ်ဖို့ ဓါးတောင်းနေသံနှင့် ဓါးကို မီးရှို့ဖို့ မီးခြစ်လိုက်ရှာ နေသံတွေကိုပါ တဆက်တည်း ကြားနေရသည်။
“ဆေးလိပ်သောက်တတ်သူတွေ မီးခြစ်ကလေး ရှာပေးကြပါဦး” ဒါက အေးအေးသင်း အသံ ဖြစ်သည်။ မနေ့ကမှ ရှာဖွေရေးက ၀င်ထားတာဆိုတော့ မီးခြစ်နဲ့ဓါးက အလွယ်တကူ ရှာမတွေ့ ဖြစ်နေပုံရသည်။

“ဟဲ့ ဒီလိုလိုက်ရှာလို့ ရမှာ မဟုတ်ဘူး၊ ချိုချိုဦး ဆီမှာ သွားတောင်းလိုက်၊ ဒီမှာ မွေးခါနီးနေပြီ”
ချိုချိုဦး ဆိုတာက ၀ါဒါမထဲမှာ အပေါက်အဆိုးဆုံး၊ ဒါပေမဲ့ သူက နိုင်လို့ရတဲ့သူ တွေကိုသာ ဟောက်စားလုပ်တတ်သူ။ သီးသန့် အုပ်စုကိုတော့ ကွယ်ရာမှာသာ အတင်းပြောရဲပြီး ရှေ့မှာတော့ သွားဖြဲပြနေတတ်သူ။ ချိုချိုဦး ဆီက ဓါးရပေမဲ့ မီးခြစ်က လုံးဝမရ ဖြစ်နေသည်။ ဆေးလိပ်သောက်တတ်သူတွေ ထမင်းစားပြီးချိန် မီးသွားညှိဖို့ ပေးထားတဲ့ တလုံးတည်းသော မီးခြစ်က ထောင်မှူးမဆီ ပါသွားသည်။ ကလေးမွေးမည့် ဗိုက်ကြီးသည်ကတော့ ညည်းညူနေဆဲ၊

“ဟဲ့ အေးသင်းရေ၊ ချက်ကြိုးချည်ဖို့ အပ်ချည်လုံး အဖြူယူခဲ့ပါအုံး၊၊ လေးငါးပင်ပူးပြီး ကြိုးကျစ်ထားပေးနော်။”
“အေး ဒီမှာ ငါလဲ သတိရပြီးလုပ်နေတာ ပြီးတော့မယ်၊၊ အန်တီဒေါ်ရင်ရွှေ ဘာလုပ်နေလဲ၊ အသံမကြားရပါလား၊၊”
“ဘုရားစာရွတ်နေတာထင်တယ်။ ဟဲ့ မဟုတ်သေးဘူးဟ၊ အင်္ဂုလိမာလသုတ်ကို နွယ်နွယ်နဲ့ သူနဲ့ ရွတ်နေတယ် ကလေးမွေးမဲ့ အနားမှာ ၊ နင်ဘာလုပ်နေလဲ၊ သွားပြီး ကူရွတ်ပါလား၊”
“ဟဲ့ ဟဲ့ ငါမှ မရတာ၊ နင်လဲမရဘူးမဟုတ်လား၊ ဒီပြင့် အလုပ်ပဲ ကူလုပ်ရအောင်၊ ဘာတွေလိုသေးလဲ ၊ စဉ်းစားပါဦးဟ”
“စဉ်းစား၊ စဉ်းစား၊ မရတော့ဖူးဟ၊ ငါတို့ ကလေးမွေးတဲ့ အနားသွားနေရအောင်၊ ”

ကလေးမွေးမည့် အနားတွင် လူတွေက ၀ိုင်းနေကြသည်။ လွယ်လွယ်နဲ့ မွေးနိုင်ပါ့မလား ၊ပူပန်သူတွေက ပူနေကြသည်။ ကလေးမမွေးဖူးတဲ့ သီးသန့် အပျိုမတွေက ရှေ့ဆုံးမှာ ဖြစ်နေလို့ ဒေါ်ရင်ရွှေက အော်ထုတ်နေသည်။
“သွားကြစမ်း ၊ နင်တို့ဘာမှ မလုပ်တတ်ပဲနဲ့ ၊ လာရှုပ်မနေနဲ့၊ ကလေးမွေးမဲ့ လူနာက နင်တို့ပျာနေတာ ကြည့်ပြီး ကြောက်သွားဦးမယ်။ ထမိန်အပိုတွေသာ များများသွားရှာထားကြ သွား၊၊”

တကယ်လိုအပ်မည့် ထမိန်တွေ မရှာရသေးသည့် သူတို့ခေါင်းတွေ ပုသွားကြသည်၊၊ ခင်မမက နော်အက်စတားထ၊ံ အေးအေးသင်းက တင်မာဦးထံ ပြေးသွားကြပြီး လုံချည်လိုက်ရှာနေပြန်သည်။
“လူတွေ ဘာလို့ဒီလောက် အုံနေကြတာလဲ၊ နင်တို့ အရာပါလို့လား၊ နင်တို့ မွေးပေးတတ်ရင် ဘာလို့ ဆရာဝန် ခေါ်ခိုင်းရသေးလဲ၊ ကိုယ့်ဖာသာ မွေးပေးကြပါလား၊ သေနာမတွေ၊ ကိုယ့်အလုပ် ကိုယ်လုပ်ထားကြ၊ ညနေကျမှ ယင်ကောင်မပြည့်လို့ ငိုပြနေရင် ငါနဲ့တွေ့မယ်”

ဘီးလူးဆိုင်းနဲ့ အော်ဟစ် ၀င်လာသူက ထောင်မှူးမရဲ့ လက်စွဲ ၀ါဒါမ စပယ်မိုး ဖြစ်သည်။ ကြည့်ရတာ ဆရာဝန်က လိုက်မလာပဲ သူ့ကိုပါ ဟောက်လိုက်ပုံ ရသည်။ ထောင်မှူးကြီးသမီးဖြစ်ပြီး ဦးအောင်ပြောတတ်သူ စကားကို ယုံလွယ်သူဖြစ်သည်။
ကလေးမွေးမည့်သူကတော့ နာကျင်စွာဖြင့် အော်သံထွက်လာနေဆဲ၊

“ညှစ်ချင်လာမှ ညှစ်နော်၊ တအားညှစ်နေရင် အားကုန်သွားအုံးမယ်”လက်ကို ကိုင်ပြီး အားပေးနေသူက ဖဲမှုဖြင့် ကျလာပြီး ၀မ်းဆွဲသည်လုပ်ဖူးသည့် ဒေါ်တင်တင်ဝင်းဆိုတဲ့ မိန်းမကြီးဖြစ်သည်။ ဆရာဝန်လဲမလာ၊ ဆေးမှူးလဲ မလာဖြစ်နေတော့ သူ မွေးပေးမည် ဟု ဆိုကာ လုပ်အားပေးနေသည်။ ညည်းညူသံက စိတ်လာကာ မိန်းမထောင်တခုလုံး တိတ်ဆိတ်နေတော့သည်။

အ၈ုင်္လိမာလသုတ်ကို နွယ်နွယ် တယောက်ထဲ အသံကျယ်ကျယ် ရွတ်ဖတ်နေသံက ကျန်တဲ့ မိန်းမသားတွေ၏ စိတ်ကို ခံစားစေသည်။ ယောက်ျားဖောင်စီး မိန်းမ မီးနေဆိုသည့် စကားအတိုင်း အသက်နဲ့ရင်းပြီး မွေးနေသည့် မိန်းမတယောက်အတွက် ဘယ်လောက်ပဲ ကြမ်းတမ်းတဲ့ စိတ်မာတဲ့ မိန်းမဖြစ်ပါစေ၊ မိန်းမချင်း စာနာစိတ်က ပေါ်ပေါက်လာကြပြီ။ ဘာအထောက်အကူ၊ ဘာလွတ်လပ်ခွင့်မှ မရှိတဲ့ ဒီလို ထောင်ထဲမှာ မီးဖွားရတဲ့ ဒုက္ခကို ကိုယ်တိုင်မြင်တွေ့ရတော့ ကိုယ်ချင်းစာစိတ်၊ စိုးရိမ်စိတ်တွေနှင့် ငြိမ်သက်နေခြင်းဖြစ်သည်။ ကလေးမွေးမည့် အမေကလည်း သားဦးကိုယ်ဝန်တဲ့၊ အင်မတန် အပေါက်ဆိုးတဲ့ ၀ါဒါမတွေတောင် ခပ်ငြိမ်ငြိမ်နှင့် ကြည့်နေကြသည်။

“အူဝဲ ၊အူဝဲ ”

ကလေးငိုသံကြားရပြီး ချက်ကြိုးတန်းလန်းနှင့် ကလေးကို ဒေါ်ရင်ရွှေက လက်ကမ်းယူပြီး ချက်ကြိုးဖြတ်၊ ကြိုးချည်ခြင်းကို ဆက်လုပ်နေသည်။ ကလေးအမေက အချင်းမကျသေးလို့တဲ့။ ဒေါ်တင်တင်ဝင်းက ကလေးအမေပါးစပ်ထဲကို သူ့ဆံပင်တွေ ထိုးထည့်နေသည်။ နောက်တော့ အချင်းကျသွားသည်။ ကလေးကလည်း အနှီးထုပ်ကလေးမှာ အူဝဲ အူဝဲ အော်ကောင်းဆဲ၊ အားလုံးလည်း အခုမှ သက်ပြင်းချနိုင်တော့သည်။

ခင်မမက ဘာဖြစ်လို့ ပါးစပ်ထဲကို ဆံပင်တွေ ထိုးထည့်တာလဲလို့ စပ်စပ်စုစု သွားမေးနေပြန်သည်။
ဒေါ်တင်တင်ဝင်းက “အော် ၊ ပါးစပ်ထဲကို ဆံပင်ထည့်လိုက်တော့ အော့ချင်သလို ဖြစ်သွားမယ်လေ၊ အဲဒီတော့ အားထည့် ညှစ်ပြီးသား ဖြစ်ပြီး အချင်းကျသွားတာပေါ့။ အချင်းမကျပဲ ကပ်နေရင် သေတတ်တယ်။ ကံကောင်းလို့ အချင်းကျသွားတာမို့ တော်သေးတယ်။ အဒေါ်က အဲဒါကို စိုးရိမ်သွားတာ၊ တော်ပါသေးရဲ့ ၊ ”

ကလေးက ပိန်ပိန်လေးမို့ အားရစရာမရှိ၊ ချစ်စရာလည်း မကောင်းဘူး ဟု နော်အက်စတားက တိုးတိုးလေး သူ့လူတွေကို ပြောနေသေးသည်။ ပိန်နေပြီး အရေခွံလေးတွေက ရှုံ့နေတာမို့ မျောက်ပေါက်စလေးနဲ့ တူတယ်နော်ဆိုကာ တင်မာဦးက ထောက်ခံနေတော့သည်။ သူတို့တွေက ကလေးဆိုရင် ၀၀လေး၊ နီတာရဲလေး ၊ ချစ်စရာလေးလို့ တွေးထင်ထားပေမဲ့ မွေးကာစ ကလေးလေးတွေက ၆ ပေါင် လောက်ဆိုရင် ဒီလိုပုံပဲ ဆိုတာ မသိကြခြင်းဖြစ်မည်။ ကလေးငိုသံကတော့ ဆူညံနေဆဲ၊

“ကလေးမမွေးဘူးတဲ့ အပျိုမတွေဆိုတော့ နင်တို့တွေ မိခင်မေတ္တာကို ဘယ်လိုမှ မခံစားတတ်သေးဘူး၊မိခင်ဆိုတာ ကိုယ်မွေးတဲ့ ကလေး လှလှ မလှလှ ချစ်လိုက်တာမှ တုန်နေတာပဲ၊ နင်တို့လို ချစ်စရာကောင်းမှ ချစ်တာမဟုတ်ဘူး။ နင်တို့ သူများကလေးကို ဘယ်လောက်ချစ်ချစ် ကိုယ်မွေးလာတဲ့ ကလေးလောက်တော့ ဘယ်တော့မှ မချစ်နိုင်ဘူး။ သားသမီး အရင်းလိုချစ်တယ်ဆိုတာ ၀တ္ထုထဲမှာပဲ ရှိလိမ့်မယ်။နင်တို့ ကလေးမွေးဖြစ်ရင် အန်တီပြောတာ ဟုတ်မဟုတ် သိလိမ့်မယ်၊၊”
ဒေါ်ရင်ရွှေက သူ့လူတွေကို ရှင်းပြနေသည်။ ကလေးမတွေကတော့ ငြိမ်သက်သွားပြီး ချစ်စရာ မကောင်းဘူးလို့ ပြောမိတဲ့ နော်အက်စတားက “ဟုတ်တယ်နော်၊ ငါတို့ ပြောတာ ကြားသွားရင် စိတ်ဆိုးသွားမှာပဲ၊ အားနာလိုက်တာ” ဟု ပြောသည်။

ဘာတွေပဲ ပြောပြော ခင်မမကတော့ ဆန်မှောင်ခိုမှုနဲ့ ထောင်ကျလာတဲ့ ဆန်ပွဲရုံ သဌေးမဆီက ရေနွေးတောင်းပြီး ကော်ဖီဖျော်နေသည်။ မီးနေသည်ကို သွားတိုက်မလို့၊ မုန့်လဲထုတ်ပေးကြပါဦး ဟု ရိက္ခာကိုင်သူ နွယ်နွယ့်ဆီက မုန့်တောင်းနေသံ ထွက်လာသည်။ ထောင်ထဲမှာ ငွေကို လမ်းခင်းနိုင်သူတွေက ရေနွေးဓါတ်ဘူးနှင့် ခြင်ထောင်နှင့် နေထိုင်သည်။ သူတို့ငွေသုံးထားတာကို ကိုယ်က လူမမာအတွက် အမြတ်ထုတ်သင့်တာပေါ့ ဆိုပြီး ခင်မမက သူမတို့ဖာသာ ချမှတ်ထားတဲ့ ရေနွေးမယူရ စည်းကမ်း ဖေါက်ဖျက်မှုကို ဖြေရှင်းနေသည်။ မီးနေသည်အတွက်ဆိုတာ အားလုံးသိပြီးသားမို့ ဘာအပြစ်တင်သံမှ ထွက်မလာချေ။

တညနေလုံး ကလေးအကြောင်း ၊ မိဘ မေတ္တာအကြောင်းတွေ ပြောဆိုကြရင်း ခါတိုင်းနေ့တွေထက် အချိန်ကုန်မြန်နေသလို ထင်ကြရသည်။ တန်းပိတ်တော့ ကလေးအမေကို ပတ်လည်မှာ အေးတယ်၊ အခန်းထဲက ကုတင်ပေါ်မှာ အိပ်ရန် ထောင်မှုးမက နေရာ ရွှေ့ခိုင်းသည်။ ကုတင်ပေါ်မှာ ဆိုတော့ သွေးနုသားနုသမားအတွက် အနည်းငယ်တော်သွားသည်။ ကလေးလေးကြောင့် အမေ ကုတင် ပေါ် ရောက်သွားတာပေါ့ဆိုပြီး အကျိုးပေးမည့် ကလေးလို့ တင်မာဦးက ကင်ပွန်းတပ်နေသည်။ နွယ်နွယ်က ဘယ်လို အကျိုးပေးသလဲ ထောင်ထဲတောင်ရောက်လာပြီးမှ ဟု ချေပနေသေးသည်။

တနင်္ဂနွေနေ့မှာ ကလေးက တချက်တချက် အသက်ရှုရပ်သွား သလိုပဲ ဟု ကလေးအမေက ပြောပြသည်။ ဒေါ်ရင်ရွှေက သွားကြည့်ပြီး “ကလေးက အတွင်းတက်တက်နေတာ ထင်တယ်၊ ထောင်မှူးမကို သတင်းပို့ပြီး ဆေးခန်းပြခွင့် တောင်း၊ ကဲလာလာ ငါပါ လိုက်ပြောပေးမယ်”

ထောင်မှူးမထံသွားပြတော့ အနှီးထုပ်ထဲက ကလေးကို တချက်လှမ်းကြည့်ပြီး လေးတံခါး သွားခေါက်ပြီး သတင်းပို့လိုက် ဟုအမိန့်ရလာသည်။ ချောချောမောမော အဆင်ပြေသွားလို့ ၀မ်းသာနေစဉ် ဆေးမှူးဝင်လာတာတွေ့ရပြီး ဆရာဝန်က ပါမလာ။ နော်အက်စတား မျက်နှာက ရှုံ့မဲ့သွားပြီး ဆေးမှူးက ဘာတတ်လို့လဲဆိုပြီး ပြောနေသဖြင့် ခင်မမက ပါးစပ်ကို လှမ်းပိတ်ပေးလိုက်သည်။ “မတော် အဲဒီဆေးမှူးပါ မလာလို့ ပိုဆိုးသွားမယ် ”ခင်မမရဲ့ တိုးတိုးကြိတ်ပြောသံကို အားလုံးက နားလည်စွာ ငြိမ်သွားသည် ။ နားကျပ်တခုပဲ ပါလာပြီး ဘာဆေးမှ ပါမလာသည့် ဆေးမှူးက ကလေးကို ကြည့်ပြီး “ဒီနေ့ ဆရာဝန်မလာဘူး၊ မနက်ဖြန် တနင်္လာ တန်းစီမှ ဆရာဝန်ကို တခါတည်း ပြလိုက်နော် ၊ ကျနော်တင်ပြပေးထားမယ် ”ဟု အလွန်ငြင်သာစွာ ပြောပြပြီး ပြန်သွားသည်။

တနင်္လာနေ့တန်းစီချိန်မှာ ထောင်မှုး၊ထောင်ပိုင်အာလုံးနှင့်အတူ ထောင်ဆရာဝန်က လှည့်လည်ကြည့်ရှုရသည်။ မိန်းမထောင်ရောက်တော့ မနက် ဂ နာရီ ခွဲနေပြီ။ ကလေးအကြောင်းကို ပြောပြပြီး ကလေးကို ဆရာဝန်က ကြည့်နေသည်။ ကလေးအမေက ကြောက်ပြီး မပြောရဲဖြစ်နေလို့ သဘောနည်းနည်းကောင်းတဲ့ ၀ါဒါမ သန်းသန်းမြင့်က ကလေးအမေရှေ့ ဆရာဝန် အရောက် ပြောလေဆိုပြီး အတင်းပြောခိုင်းရခြင်းဖြစ်သည်။ ဆရာဝန်က ကလေးကိုကြည့်ပြီး “ဆေးပေးလိုက်မယ်။ ဘာမှ စိုးရိမ်စရာ မရှိဘူး၊” ဟု ပြောနေချိန်မှာပင် ကလေးက အသက်ရှု ရပ်သွားလို့ ကလေးအမေက ငိုသည်။ ကလေးကို ဆရာဝန်က လှမ်းယူပြီး ဒီလိုလှုပ်ပေးလိုက် ဆိုကာ ဘယ်ညာ ရှေ့နောက် လှုပ်ပြသွားသည်။ သူလှုပ်ပေးသွားတော့လည်း ကလေးက အသက် ပြန်ရှုနေပြန်သည်။

ဆရာဝန်ထွက်သွားတော့ သီးသန့် အကျဉ်းသူတွေ ကလေးနားရောက်သွားသည်။ သူတို့ နားမလည်နိုင်သော၊ သူတို့ မတွေ့ကြုံဖူးသော အဖြစ်အပျက်ကို မျက်ဝါးထင်ထင်တွေ့မြင် ခဲ့ရတော့ ကလေးအမေနှင့်အတူ မျက်ရည်ဝိုင်းနေကြသည်။
“ငါတို့လည်း ဘာမှ မလုပ်တတ်တော့ဘူး၊ ဒီတိုင်းထိုင်ကြည့်နေရတာ ဘယ်လိုမှ မနေတတ်တော့ဘူးဟာ၊ ကလေးကို ကလေးဆေးရုံကို ပို့ပေးသင့်တယ်လို့ ငါထင်တယ်။ ”

ခင်မမက သူ့သူငယ်ချင်းတွေကို ပြောတော့ အေးအေးသင်းက “ ဆရာဝန်က မစိုးရိမ်ရပါဘူး ဆိုပြီး ပြောသွားတာပဲဟာ၊ နင်က ဘာစိုးရိမ်နေရတာလဲ။ ကလေးလေးတွေက အဲဒီလိုပဲထင်ပါတယ်၊ ”
“ငါထင်တာတော့ ဓါးကို မီးမရှို့လို့ မေးခိုင်ပိုးဝင်သလားလို့”ခင်မမ၏ တွေးတွေးဆဆ အသံကိုကြားတော့ သူတို့ ဘာပြောရမယ်ဆိုတာ မသိကြတော့။
“ဟုတ်ချင်လည်း ဘာမှ မတတ်နိုင်တော့ဘူးလေ။ ငါတို့ တတ်နိုင်သလောက် အမေကိုပဲ အားပေးကြရမှာပေါ့။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ၀မ်းထဲမှာ ကတည်းက ရောဂါပါလာတယ် ထင်ပါတယ်။ အဲဒီလိုပဲ တွေးလိုက်ကြရအောင်။”တင်မာဦးက ဘာမှ မလုပ်နိုင်တဲ့ အတူတူ တရားချပြနေသည်။

ကလေးက ခဏခဏ အသက်ရှုရပ်သွားတာ ညနေရောက်တော့ ပိုစိတ်လာသည်။ ဒေါ်ရင်ရွှေက လုံးဝမနေနိုင်တော့။ ထောင်မှူးမကို ကိုယ်တိုင်သွားပြောနေတော့သည်။ ထောင်မှူးမကိုယ်တိုင် ကလေးကို လာကြည့်ပြီး လေးတံခါးမှ တဆင့် ထောင်ဆေးရုံ ဖက်သို့ ကူးသွားလေသည်။ ၁၅ မိနစ်ခန့် အကြာတွင် ဆေးမှူးနှင့်အတူ ထောင်မှူးမ ပြန်ရောက်လာသည်။ ကလေးကို ဆေးရုံသို့ ထုတ်ပေးမယ်။ အမေပါ လိုက်သွားရမယ် ဟု ပြောတော့ အားလုံး ၀မ်းသာသွားသည်။ ကလေးအမေကို ပစ္စည်းတွေ ကူသိမ်းပေးပြီး မိန်းမထောင်လေးတံခါးထိပ်သို့ ညနေ ၄ နာရီလောက်မှာ လိုက်ပို့ကြသည်။ ကလေးကျန်းမာပါစေလို့ ဆုတောင်းပေးသံတွေ ညံသွားသည်။ ဒေါ်ရင်ရွှေကတော့ မျက်နှာသိပ်မကောင်း၊၊ ခင်မမက ဒေါ်ရင်ရွှေကို မေးနေသည်။

“အန်တီ ကလေးက နေကောင်းသွားမှာပါနော်၊၊ ဆေးရုံမှာ ဆိုတော့ ဒီထောင်ထဲထက်တော့ တော်သေးတာပေါ့။”ခင်မမ စကားကို ထောက်ခံသူ ၊ ကန့်ကွက်သူ မရှိ အားလုံး ငြိမ်နေကြသည်။
ညနေ တန်းပိတ်ချိန်ပြီးတော့ ကလေးအမေကို လိုက်စောင့်ရသော ၀ါဒါမ ပြန်လာသည်။ သူကညဂျူတီ မဟုတ်သဖြင့် သူ့ပစ္စည်းတွေ လာယူပြီး ကလေးကို အောက်စီဂျင်ပေးထားကြောင်း ပြောပြသွားသည်။

ည( ၈) နာရီလောက်မှာ မိန်းမထောင် လေးတံခါးခေါက်သံ ကြားရသည်။ အဆောင်ထိပ်ဆုံးက အခန်းမှာ နေသော ခင်မမက အိပ်နေရာက ထကြည့်သည်။ ညဖက်ကြီး ရောက်လာသူဆိုတော့ နိုင်ငံရေးမှုပဲလား လို့ သူက တွေးသည်။ ဒါပေမဲ့ ၀ါဒါမနောက်က ၀င်လိုက်လာသူက ကလေးအမေ ဖြစ်နေသည်။ ညနေက သူနှင့်အတူ ပါသွားပြီး ဆေးရုံတက်တဲ့ ကလေးလေးကတော့ ဆုံးပါးခဲ့ရှာပြီ။ ငိုပြီး ၀င်လာတဲ့ ကလေးအမေကို ကြည့်ပြီး အားလုံး စိတ်မကောင်းစွာ တိတ်ဆိတ် သွားတော့သည်။

ကလေးလေးကို အသက်ရှင်စွာ လူ့လောကထဲရောက်အောင် ၀ိုင်းဝန်းကြိုးပမ်းခဲ့ကြပေမဲ့ ဘာမှ မသိသေးတဲ့ ကလေးလေး ဝေဒနာတွေ ခံစားပြီး ဆုံးပါးခဲ့ရပြီ။ ကလေးအမေကသည် သူဘာအပြစ်မှ မလုပ်ရပါပဲ ထောင်ထဲမှာ ရောက်ခဲ့၊ ကလေးတယောက်ကို အသက်နှင့်ရင်းပြီး မွေးဖွားခဲ့ ၊ ခုတော့ ဒီကလေးလေးကလည်း အသက်မရှင်သန်နိုင်ခဲ့။
ဘယ်လိုအဖြစ်တွေလဲ၊၊ ဘယ်သူ့အပြစ်တွေလဲ၊
ရေကြီးခဲ့လို့ ပျိုးပင်တွေ သေခဲ့တာအပြစ်လား။
တာဝန်ကျေစပါး ပေးအပ်ဖို့ ဘယ်မှာမှ စပါး မရှိတာအပြစ်လား။
စပါးဝယ် ပေးရအောင်ပိုက်ဆံ မရှိခဲ့တာ အပြစ်လား။
ရာသီဥတုကြောင့် ရေကြီးတာဆိုရင် ရာသီဥတုကိုပဲ အပြစ်ဆိုရမှာလား။
ကလေးကို ဆေးရုံမှာမွေးခွင့် မရခဲ့တာ ဘယ်သူ့ကြောင့်လဲ။ ဘယ်သူ့ကို အပြစ်ဆိုရမှာလဲ ၊
ကိုယ့်တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်ရမယ် ဆိုတာကို နားမလည်တဲ့ နအဖကို ဒေါသသင့်ရင်း၊
ငိုနေတဲ့ ကလေးအမေကိုကြည့်ရင်း ခင်မမက နာနာကျည်းကျည်း မေးခွန်းတွေကို ရွတ်ဆိုနေခဲ့သည်။
တင်မာဦးကတော့ ဗမာပြည်မှာ လူဖြစ်ခဲ့ရတာကိုက မှားတာပါလို့ ပြောရမှာပဲ ဆိုပြီး ပေါက်ကွဲနေတော့သည်။

အဲဒီညက မိန်းမထောင်မှာ မျက်ရည်မိုးတွေ စွေခဲ့သည်။

Tuesday, October 02, 2007

Power of Protest (for Our future )



undefined
သူမတို့တွေလည်း ပူးပေါင်းပါဝင် ကြပါတယ်။


ဒီလို တရားဟောကြပါတယ်။

undefined
ဒီလို ကြွေးကြော်ခဲ့ကြတယ်။

undefined
ငြိမ်းချမ်းစွာနဲ့ ဒီလို လမ်းလျှောက်ခဲ့တာပါ။

၂၀၀၇ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ လှည်းတန်းမှ လမ်းလျှောက်ပွဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြ လမ်းလျှောက်ပွဲကို ၈၈ မျိုးဆက်ကျောင်းသားအုပ်စုမှ နီလာသိန်း၊ မမီးမီး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မဖြူဖြူသင်း၊ နော်အုန်းလှတို့ ဦးဆောင်ခဲ့ကြပါတယ်၊