ဒီဇင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့တို့တွင် ပြည်သူ့ဥယျာဉ် ရင်ပြင်တွင် ကျင်းပပြုလုပ်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပညာရေးကွန်ယက် ၂ နှစ်ပြည့် ရန်ပုံငွေ ဈေးရောင်းပွဲအတွင်း
ခင်းကျင်းပြသထားသော ၈ ပေ x ၁၀ ပေ အကျယ်အ၀န်းရှိ အကျဉ်းထောင်တိုက်ခန်းငယ်အတွ င်း နိုင်ငံရေးအကျဉ်းသားဟောင်းများမှ အကျဉ်းထောင်အတွင်း နေထိုင်ပုံများကို သရုပ်ပြခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ကြပါသည်။
Sunday, December 30, 2012
လက်ရှိအဖြစ်အပျက်များကို မြင်ကြည့်ခြင်း
တိုင်းရင်းသားလက်နက်ကိုင်များအပေါ် မြန်မာအစိုးရ၏ အမြင်
ပြည်တွင်းစစ်ကြားတွင် ကြီးပြင်းခဲ့သည့် တိုင်းရင်းသားလူမျိုးများကို တော်လှန်ရေးအကြောင်းမပြောရန် တားမြစ်သည်ထက် သဘာဝမကျတာ မရှိပါ။ စစ်ဘေးစစ်ဒဏ်ခံစားနေကြရသည့် တိုင်းရင်းသားလူမျိုးများကို ရန်ကုန်သား၊ မန္တလေးသား၊ နေပြည်တော်သားတွေလို တွေးခိုင်း၍ မရပါ။ ယခုအချိန်တွင် လိုင်ဇာကို လေတပ်အကူဖြင့် ကြည်းတပ်က ထိုးစစ်ဆင်နေချိန်ဖြစ်၍ ငြိမ်းချမ်းရေးအကြောင်းပြောရန် မသင့်လျှော်ချေ။
အစိုးရမီဒီယာများ၊ သူတို့ကျောထောက်နောက်ခံရှိသူများက ယခင်စစ်အစိုးရကဲ့သို့ပင် ကချင်ဆန့်ကျင်ရေးကို ဖိရေးနေကြသည်။ ကချင်စစ်သည် မြန်မာအစိုးရက တိုင်းရင်းသားလူမျိုးများအင်အားကြီးလာသည်ကို မနာလိုမရှုစိမ့်ကြောင်း သက်သေဖြစ်သည်။ အခြားတိုင်းရင်းသားလူမျိုးးများလည်း အစိုးရစကားကို အာခံလျှင် ကချင်လိုပဲ ဆုံးမခံရမည်ဟု အသိပေးရာ ရောက်သည်။ သည်ထက်အရေးကြီးသည်မှာ တိုင်းရင်းသားလူမျိုးများကို ခေါင်းမဖော်နိုင်အောင် ချိုးနှိမ်ထားရမည်ဆိုသည့်အမြင် ဖြစ်သည်။
မထုံတတ်သေ မြန်မာ့နိုင်ငံရေး
လက်ရှိမြန်မာ့နိုင်ငံရေးမှာ အာဟာရဓာတ်မရှိဘဲ စပိုက်ဆီများပြီး ရိုးအီနေသည့် ဟင်းတစ်ခွက်နှယ်ဖြစ်သည်။ အာဏာရှင်စနစ်တစ်ခုကို ကူးပြောင်းတိုင်း ရခိုင်အရေး၊ ဘုန်းကြီးအရေးတွေ ဖြစ်လေ့ရှိကြသည်။ ပြီးလျှင် နယ်စပ်မှာ တိုက်ပွဲ ဖြစ်သည်။ ကုလားအရေးအခင်း တရုတ်အရေးအခင်းဖြစ်သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ်အောက်တွင် သတ်ဖြတ်မှုများ၊ မုဒိမ်းမှုများ၊ ဘဝတူရဲဘော်များကို လျစ်လျူရှုမှုများ၊ မထုံတက်သေအပြုအမူများကို တွေ့ရတတ်သည်။ လက်ရှိမှာလည်း အဖိနှိပ်ခံတိုင်းရင်းသားလူမျိုးများဘက်မှ ရပ်တည်ပေးရန် အတိုက်အခံခေါင်းဆောင်များက ဝန်လေးနေကြသည်။ ရှိသမျှခေါင်းဆောင်များသည် လက်ရှိအနေအထားမှာ သာယာနေကြပြီး အာဏာအစစ်အမှန်က တပ်မတော်မှာသာ ရှိသည်ဟု သိကြ၍ တပ်မတော်နှင့် ပေါင်းကူးတံတားထိုးဖို့သာ စဉ်းစားနေကြသည်။ တပ်မတော်က ထင်တိုင်းကြဲနေသည်ကို တားမြစ်ရန် မသင့်တော်သေးဟု မြင်နေကြသည်။
လျှော့တွက်မိလျှင် မှားမည်
မြန်မာ့အတိုက်အခံများနှင့်တိုင်းရင်းသားလူမျိုးများသည် လက်ရှိအစိုးရကို လျှော့တွက်မိလျှင် ခံရဖို့ များသည်။ သမ္မတဦးသိန်းစိန်၊ ဝန်ကြီးဦးအောင်မင်း၊ ဝန်ကြီးဦးစိုးသိန်းတို့သည် ကာလုံ၏ အရိပ်မျှသာ ဖြစ်သည်။ သူတို့(၃)ဦးနှင့် ပြောဆိုဆွေးနွေးနေသူများသည် အရိပ်နှင့် စကားပြောနေသူများသာ ဖြစ်သည်။ သူတို့(၃)ဦး ခင်းကျင်းသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးသည် ဒဏ္ဍာရီဆန်လှသည်။ ဦးအောင်မင်းတို့ အဆိုပြုသော ငြိမ်းချမ်းရေးကို မျှော်လင့်ပြီး ဘာမှမလုပ်ဘဲ အခြေအနေကို စောင့်မျှော်နေခြင်းသည် အမည်မသိတိုင်းပြည်မှာ နေသည့် အမည်မသိ သမီးကညာကို စိတ်ကူးယဉ်သလို ဖြစ်သည်။ သည်သမီးကညာဖြင့် ကြိုးရှည်ရှည်ဖြင့် လှန်ထားသည်ကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်ထုတ်နေသည်။ တန်းတူရေးစနစ်ကို မကျင့်သုံးဘဲ ဆုပေးဒဏ်ပေးစနစ်ဖြင့် မြှုဆွယ်ခြိမ်းခြောက်လျက်ရှိသည်ကိုလည်း အထင်အရှား တွေ့ရမည်ဖြစ်သည်။
ဆေးနှင့်ယဉ်ပါးနေသည့် ရောဂါများ
လူတို့က လူမှုဒုက္ခကြားတွင် ကြီးပြင်းလာကြ၍ အစိုးရက မည်မျှပင် နှိပ်စက်နေစေကာမူ ယဉ်းပါးနေကြသည်။ ကြက်ဝက်တွေက မိမိသခင်သတ်ဖြတ်စားသောက်မည်ကို မသိ၍ သခင်နားကပ်နေကြခြင်းဖြစ်သည်။ လူတွေက အစိုးရက ဒုက္ခပေးမည့်မှန်းသိလျက် ရေသာချောင်ဆိုလိုစိတ်ဖြင့် အစိုးရနား ကပ်နေကြခြင်းဖြစ်သည်။ ကချင်စစ်ကို ကြည့်လျှင် အစိုးရက စခဲ့၍ အစိုးရက မှားသည်ကို လူတိုင်းအသိ ဖြစ်သည်။ သို့သော် လူသတ်ပွဲကို ဂိမ်းဆော့သလို သဘောထားနေကြသည်။ ရခိုင်အရေးနှင့်ပတ်သက်လျှင်လည်း နိုင်ငံတော်လုံခြုံရေးကို ပဓာနမပြုဘဲ အစိုးရရပ်တည်နိုင်ဖို့သာ ဦးစားပေးသည်။ ကြေးနီစီမံကိန်းကို ဆန့်ကျင်မိသဖြင့် မီးလောင်းဗုံးဖြင့် အပစ်ခံရသည့် သံဃာတော်များကို မတတ်သာ၍ တောင်းပန်မှုများ၊ ထောက်ပံ့မှုများကို ပြုလုပ်ခဲ့သော်လည်း တန်ပြန်သံဃာအဖွဲ့အစည်းများကို ထူထောင်ခြင်းဖြင့် သံဃာကို သင်းခွဲပြန်သည်။ လယ်အသိမ်းခံ၊ မြေအသိမ်းခံ၊ အခွင့်အရေးဆုံးရှုံးခံနေရသော မိဘပြည်သူများက ဆန္ဒပြသောအခါ မြေသိမ်းသူများ၊ လူ့အခွင့်အရေးချိုးဖောက်သူများကို တရားစွဲရမည့်အစား ၂၀၀၈ ဥပဒေဖြင့် ကိုင်၍ တန်ပြန်တရားစွဲခဲ့ကြသည်။ မြန်မာနိုင်ငံမှာ ကြီးမားသည့်ပြဿနာများ ဤ၍ဤမျှ ဖြစ်နေသော်လည်း မည်သည့်အတွက်ကြောင့် လက်ရှိအစိုးရက ကမ္ဘာ့အသိုင်းအဝိုင်းတွင် ရပ်တည်နေနိုင်သလဲ။ အဖြေကို လူတိုင်းသိပါသည်။

ကြေးနီစီမံကိန်းရပ်တန့်ရေး စတုတ္ထအကြိမ် ဆန္ဒပြ
တရားနည်းလမ်းတကျ မဖြေရှင်းပေးသရွေ့. . .
မြန်မာပြည်သူတွေဆိုတာ
မနိုင်လို့သာ သည်းခံနေရမယ်. .
တငွေ့ငွေ့နဲ့. . .သာ. .
ဒါ. .
မြန်မာပြည်
ကမ္ဘာမကြေ.. .. ..
မြန်မာပြည်သူတွေဆိုတာ
မနိုင်လို့သာ သည်းခံနေရမယ်. .
တငွေ့ငွေ့နဲ့. . .သာ. .
ဒါ. .
မြန်မာပြည်
ကမ္ဘာမကြေ.. .. ..
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ကန့်ကွက် ဆန္ဒထုတ်ဖော် ခဲ့သည့် သပိတ်စခန်း များအား အကြမ်းဖက် ဖြိုခွင်း ခံရမှုမှာ ယနေ့ ဒီဇင်ဘာလ ၂၉ရက်နေ့တွင် တစ်လပြည့်မြောက် ခဲ့သော်လည်း ဖြိုခွဲသူ များအား ယခုထိ အရေးယူ နိုင်ခြင်း မရှိသေးသည့် အပေါ်၊ ကြေးနီစီမံကိန်း ဒေသခံ တောင်သူ ၂၀၀ခန့်နှင့် သံဃာ တော် အချို့ မှ ယနေ့ ညနေ ၃နာရီ အချိန်မှ စတင်ပြီး မုံရွာမြို့ အနောက်ဘက်ကမ်း ဆားလင်းကြီး မြို့နယ်၊ ညောင်ပင်ကြီး ဆိပ်ကမ်းတွင် ဆန္ဒ ထုတ်ဖော် ခဲ့ကြသည်။
ဗမာစစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံး
ကြီးနိုင်ငယ်ညှင်း အဓမ္မစစ်ဝါဒ ကျဆုံးပါစေ
အဓမ္မစစ်ဝါဒီတွေ ကျဆုံးပါစေ
အဓမ္မစစ်ဝါဒီ အားပေးသူတွေ ကျဆုံးပါစေ
အဓမ္မစစ်ဝါဒီ ပင်းကြ ပေါင်းကြသူတွေ ကျဆုံးပါစေ
ဗမာစစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံး
============================== ==========
ဒီဇင်ဘာ (၂၉) စနေ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အုပ်ချုပ်နယ်မြေဖြစ်သော
ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) လက်အောက်၊
တပ်ရင်း (၈) နယ်မြေ Nam Hkyem ကျေးရွာရှိ ဘုရားရှိခိုးကျောင်း
အတွင်းသို့ ဒီဇင်ဘာ (၂၇) ရက်နေ့တွင် ဗမာအစိုးရ စစ်တပ်မှ
လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပစ်မဲ့ ကလေး တစ်ဦး
သေဆုံးပြီး၊ (၇) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
ဗမာအစိုးရ၏ ထိုးစစ်ဆင်မှုကြောင့် Nam Hkyem ဘုရားကျောင်း
ဝင်းတွင် စစ်ပြေးဒုက္ခသည် (၅၀၀) ကျော်ထွက်ပြေးရောက်ရှိ
လာပြီး၊ (၃၀၀) ခန့်မှာ ကွတ်ခိုင်မြို့သို့ ရောက်ရှိလာပြီးဖြစ်ကြောင်းနှင့်
(၂၀၀) ကျော်မှာ Nam Hkyem ဘုရားကျောင်းတွင်ပင် ရှိနေသေးကြောင်း ဆက်လက်သိရှိရပါသည်။
==============================

"ဦးပိုင်" "၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ" နှင့် ခေါင်းတလား
ဆိုက်ကယ်ဖြင့် ဝင်တိုက်မိသူ လူငယ်ကို တပ်မတော်သား သုံးဦး ထိုးကြိတ်သဖြင့် သေဆုံး
ဟင်္သာတမြို့နယ် ကျုံတွမ် ကျေးရွာတွင် ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသူ အသက် ၁၆
နှစ် အရွယ် လူငယ်တစ်ဦးကို တပ်မတော်သား သုံးဦးက ထိုးကြိတ်
ရိုက်နှက်သောကြောင့် ဒီဇင်ဘာလ ၂၇ ရက် ညနေ ၄နာရီတွင် သေဆုံးသွားကြောင်း
သေဆုံးသူ မိသားစုဝင် ထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ သေဆုံးမှုတွင် ကျုံတွမ် ကျေးရွာ နေထိုင်သူ အသက် ၁၆ နှစ်အရွယ်
မောင်သန်းထိုက်အောင်ဖြစ်ပြီး ယင်းလူငယ်မှာ ဒီဇင်ဘာလ ၁၄ ရက် ည ၈ နာရီတွင်
အမှတ် (၁၈)ခြေလျင်တပ်ရင်း ရှေ့၌ လမ်းဖြတ်ကူးသူ တပ်မတော်သား တစ်ဦးကို
ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသောကြောင့် အခြားတပ်မတော်သား သုံးဦးက ဝိုင်းဝန်း
ထိုးကြိတ် ရိုက်နှက်ကြသဖြင့် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွင် ဆေးကုရာမှ
မသက်သာသဖြင့် ဒီဇင်ဘာလ ၂၆ ရက်တွင် ဟင်္သာတ ဆေးရုံမှ ရန်ကုန်
ပြည်သူ့ဆေးရုံသို့ တင်ပို့ ကုသနေစဉ် တစ်ရက်အကြာတွင် သေဆုံးခဲ့ကြောင်း
အုပ်ထိန်းသူ ဦးအောင်မင်းနိုင်က ပြောကြားသည်။
အဆိုပါ
ထိုးကြိတ်သူများမှာ အမှတ်(၁၈) ခြေလျင် တပ်ရင်းတွင် တာဝန် ထမ်းဆောင်နေသည့်
တပ်ကြပ်ကျော်ကျော်၊ တပ်ကြပ် လွှမ်းမိုးအောင်၊ တပ်ကြပ်ပြည့်စုံတို့
ဖြစ်ကြောင်း ဟင်္သာတမြို့ အမှတ် (၁) ရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်းသိရသည်။
ဒဏ်ရာရသူ လူငယ်၏ ဦးခေါင်းခွံနှင့် ဦးနှောက် အမြှေးကြားတွင်
သွေးယိုစိမ့်မှုများ တွေ့ရှိရသဖြင့် အချိန်မီ ကုသနိုင်ရန် ရန်ကုန်
ပြည်သူ့ဆေးရုံသို့ စေလွှတ်ရခြင်းဖြစ်ကြောင်း ဟင်္သာတမြို့နယ် ဆေးရုံ
ဆေးရုံအုပ် ဒေါက်တာ ဦးကြည်စိုး က ပြောကြားသည်။
အဆိုပါအမှုသည်
ဒီဇင်ဘာ ၁၄ ရက်နေ့ညက ဖြစ်ပွားပြီး ဒီဇင်ဘာ၂၆ ရက်နေ့တွင် လာရောက်
အမှုဖွင့်ထား ကြောင်း၊ ဝိုင်းဝန်းထိုးကြိတ်သည်ဟု အစွပ်စွဲခံရသူ တပ်မတော်သား
သုံးဦးကို အမှတ် (၁၈) ခြေလျင်တပ်ရင်းသို့ တရား ဝင် အကြောင်းကြားထားကြောင်း
ယင်းရဲစခန်းထံမှ သိရသည်။
အဆိုပါ တပ်မတော်သားသုံးဦး၏
ရိုက်နှက်မှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၂၆ ရက်တွင် ရဲတပ်ဖွဲ့၏ ကြေးနန်းစာ
ရောက်ရှိလာပြီး တပ်ရင်းမှူးထံ တင်ပြနေသောကြောင့် ပြစ်မှု ကျူးလွန်သည်ဟု
ဆိုသော တပ်မတော်သား သုံးဦးကို အရေးယူမည့် အခြေအနေကို လတ်တလောတွင်
မပြောနိုင်ကြောင်း အမှတ် (၁၈)ခြေလျင် တပ်ရင်းမှ အရာရှိတစ်ဦးက ပြောကြားသည်။
"အစ်ကိုတို့ ရှေ့မှာ မောင်သန်းထိုက်အောင် ကို ပြည့်စုံဆိုတဲ့ ရဲဘော်က စထိုးတာပါ။ ပြီးမှ တပ်ကြပ်ကျော်ကျော် က ဝင်ထိုး ပါတယ်။
မျက်နှာကို ခြေထောက်နဲ့ ကန်တာလည်း တွေ့တယ်" ဟု မျက်မြင်တွေ့ရှိသူ ကျေးရွာဒေသခံ ဦးအေးလွင်က ပြောကြားသည်။
သေဆုံးသူ မောင်သန်းထိုက်အောင်ကို အသက်လေးနှစ်သား အရွယ်ကတည်းက မွေးစားထားခြင်း ဖြစ်ကြောင်း ၄င်း၏ အုပ်ထိန်းသူထံမှ သိရသည်။
နေမင်းထက်
Saturday, December 15, 2012
Wednesday, December 12, 2012
ဥပဒေမဲ့ အကြမ်းဖက်နှိမ်နှင်းမှု တစ်နိုင်ငံလုံး ဆန္ဒထုတ်ဖော်
( ၁၂-၁၂-၁၂ )မန္တလေး သံဃာများ ၁၂.၁၂.၁၂နေ့တွင် လမ်းလျှောက်မေတ္တာပို့ ။
လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် သံဃာတော် အပါး ၁၀၀ ကျော်ခန့်က ဗဟန်းမြို့နယ် ကြေးသွန်းဘုရားအနီးမှ စတင်ပြီး ဆန္ဒထုတ်ဖော်မှုကို ယနေ့ မွန်းလွဲ ၂ နာရီမှ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ သံဃာတော်များအား လူပုဂ္ဂိုလ်များက ၀န်းရံထားပြီး အဆိုပါသံဃာတော်များသည် ဆူးလေဘုရားသို့ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်
ယနေ့ မွန်းတည့်(၁၂)နာရီအချိန်မှစတင်ကာ မုံရွာမြို့တွင် ဆရာတော်သံဃာတော် အရှင်သူမြတ်များက ရွှေစည်းခုံမြတ်စွာဘုရားကြီး မှစုရပ်ပြုလုပ်ပြီးမုံရွာမြို့တွင်းသို့လှည်လည်ပြီး မေတ္တာပို့ကာစီတန်းလှည်လည်ကြနေပြီဖြစ်ပါသည်။ သံဃာအင်အား(၇၀၀)ခန့်ရှိပြီး နောက်မှလိုက်ပါသည့် မုံရွာမြို့ခံလူထုမှာ(၁၀၀၀)ကျော်ခန့်ရှိမည်ဖြစ်ပါသည်။
ရန်ကုန်မှာဆန္ဒထုတ်ဖော်နေသော သံဃာတော်အပါး ၆၀၀။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ သံဃာတော်တွေကို အကြမ်းဖက်နှိမ်နင်းတဲ့ အစိုးရကို မကျေနပ်လို့ ပြည်မြို့က သံဃာတော်တွေက 12.12.12 နေ့မှာ ဆန္ဒဖော်ထုတ်ပြီး လမ်းမပေါ်ကို ကြွလာကြတာပါ....
လက်ပံတောင်းတောင် အကြမ်းဖက် နှိမ်နှင်းမှု နှင့်ပတ်သက်၍ ကလေးမြို့ရှိ ရွှေဘုံသာ ဘုရားကြီးဝန်းတွင် သံဃာတော်နှင့် လူ စုစုပေါင်း ဦးရေ ၂၀၀ ခန့် ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီခန့်အထိ ထိုင်သပိတ် ပြုလုပ်၍ ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း
ပုသိမ် မြို့လူထု သံဃာ နဲ့ အတူချီတက်နေစဉ်
( ၁၂-၁၂-၁၂ )လက်ပံတောင်းတောင်တွင် အကြမ်းဖက်ဖြိုခွင်းခံရသော သံဃာတော်များ အတွက် ဆုတောင်း မေတ္တာပို့နေသည့် စစ်တွေသံဃာတော်များ။ စစ်တွေမြို့တွင် မွန်းလွဲ (၁) နာရီခန့်ကစည်းကမ်းထိန်းသိမ်းရေးနှင့်ကူညီစောင့်ရှောက်ရေး ရဟန်းတော်များဦးဆောင်၍ လက်ပံတောင်းတောင်အရေးနှင့် စပ်လျဉ်းသည့် ဆန္ဒဖော်ထုတ်ပွဲတရပ်ကိုအတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး ပုရ၀ုဏ်အတွင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
ဓာတ်ပုံများ သတင်းများကို အင်တာနက်မှ ရယူပါတယ်..
Friday, December 07, 2012
Wednesday, December 05, 2012
ရုပ်ပျက်ဆင်းပျက် မီးလောင်ဒဏ်ရာ
တန်ဆောင်မုန်းလပြည့်နေ့
ဆေးပေါင်းခတဲ့ညတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
သပိတ်စခန်း (သို့) လယ်တီ ဆရာတော်ကြီး၏ သမိုင်းဝင်သိမ်တော်ကြီးအား
ကာကွယ်စောင့်ရှောက်ခြင်း (သို့) သာသနာတော်အား ထိန်းသိမ်းကာကွယ်ခြင်းတို့တွင်
မျက်ရည်ယိုဗုံးကြောင့် ဟုဆိုသော ဗုံးဒဏ်ကြောင့် အံ့သြဖွယ်ရာ
ကြောက်မက်ဖွယ်ကောင်းသော မီးလောင်ကျွမ်းခြင်းကို ခံခဲ့ရသော ဗုဒ္ဓ၏သားတော်
ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင် ပြည်သူပြည်သားများ
"ဆောင်းရာသီအေးရင် အနာပူတယ်။ မီးနဲ့ အပက်ခံလိုက်ရလို့ အသားထစ်ပါ ပဲ့ပါသွားတဲ့ အနာဖေးတက်ကာစ အပူလောင်နာတွေရဲ့ ဘယ့်လောက်များ နာကျင်ကိုက်ခဲနေမလဲဆိုတာကို မီးပူလောင်တဲ့ ငရဲမီးက ဦးထိပ်ကအစ မျက်နှာအလယ် ကျောတပြင်လုံးကိုပါ ဆင်းလို့ ခြေဖဝါးမှာ အဆုံး အသားတွေ ဖဲ့လို့ ပဲ့ကျသွားလောက်အောင် ပူပြင်းလောင်မြိုက်စေခဲ့တဲ့ ရုပ်ပျက်ဆင်းပျက် မီးလောင်နာ ဝေဒနာတွေကို အတွေးနဲ့ မှန်းဆကြည့်ရင်တောင် စိတ်ထိခိုက်လွန်းလှတယ်။"
ကိုမင်းကိုနိုင်က
"ဦးဇင်း ဘယ်လိုခံစားနေရလဲ"လို့မေးတော့
"ကျုပ်ဘယ်လိုခံစားနေရသလဲဆိုတော့ ဒကာကြီး ကျုပ်အမြန်ဆုံး သေချင်တာပဲ၊ ဆက်မခံစားချင်တော့ဘူး။" တဲ့
ဦးဇင်းအဖြစ်ကို ရင်ထဲမှာနင့်နေအောင် ခံစားရပါတယ်။