Sunday, September 30, 2007

ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်တိုက်ယူရမယ်

ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်တိုက်ယူရမယ်
undefined
ရဲလား ...စစ်သားလား....
undefinedလုံးဝမကြောက်ဘူးဟေ့..တို့တွေဖက်မှာ ..အမှန်တရားရှိတယ်..
undefinedသံဃာသတ်တဲ့.. မိစ္ဆာတွေ.... မိုးကြိုးပစ်လို့.... သေပါစေ
undefinedအောင်နိုင်သူလို့ထင်နေလား....
undefined(၂၈၊၉၊၀၇) နေ့က အစွမ်းကုန် ပစ်ခတ်မှုတွေ ရှိခဲ့ပေမဲ့
(၂၉၊၉၊၀၇)မှာ နောက်မတွန့်တဲ့ ပြည်သူတွေက ပြောက်ကျားစနစ်နဲ့
ဆက်လက် ဆန္ဒပြခဲ့ပါတယ်။

Saturday, September 29, 2007

ကျွန်ုပ်တို့အတွက် ရွေးချယ်စရာ

မိမိတို့နိုင်ငံသားများကို ကိုလိုနီ နယ်ချဲ့ အုပ်ချုပ်ရေးလက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းလှုပ်ရှားမှုများ၏ အမျှော်အမြင်ကြီးမားသော ခေါင်းဆောင်များ အနေဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေးသည် အစိုးရကောင်းတစ်ရပ် ပေါ်ထွန်းရေးကို ဦးတည်သည့် ပထမဦးဆုံး လိုအပ်ချက်၊ အဆင့်တခုမျှသာ ဖြစ်သည်ဟုနားလည်ကြသည်။ နှစ်ဆယ်ရာစုနှစ်၏ ကုန်ဆုံးခါနီးတွင် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသည့်နောက်ပိုင်း၌ လွတ်လပ်ရေးရခဲ့ကြသည့် တိုင်းပြည်များသည် မိမိတို့၏ နိုင်ငံကို ထူထောင်ခဲ့ကြသည့် အနှစ်ငါးဆယ်မြောက် အချိန်အခါသမယဆီသို့ ချဉ်းကပ် လာပြီးဖြစ်သည်။ ယခုအခါတွင် စစ်မှန်သော အစိုးရ ကောင်းတခု ဖြစ်ထွန်း ပေါ်ပေါက်လာရေး နှင့် ပတ်သက်၍ မည်မျှ ခရီးရောက်နေသည်ကို ဆင်ခြင်သုံးသပ်ကြရမည့် အချိန်သို့ ရောက်နေပါပြီ၊ အစိုးရကောင်းမရှိသည့် နိုင်ငံတခုသည် လွတ်လပ်၍ ဖွံ့ဖြိုးတိုးတက်လျက် ရှိနေသော ကမ္ဘာ့အလယ်တွင် ၀င့်ထည်စွာ နေရာယူနိုင်မည် မဟုတ်ပေ။

နိုင်ငံအများအပြားသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ထူထောင်ခဲ့ကြပြီးသည့် နောက်တွင်မှ တိုင်းတပါးလူမျိုးခြား၏ စိုးမိုး အုပ်ချုပ်မှုကို ခံခဲ့ကြရစဉ် ကာလကထက် မိမိတို့နိုင်ငံသားများ၏ အခွင့်အရေးများနှင့် လွတ်လပ်မှုတို့ ပိုမိုကန့်သတ်ခြင်းခံရသည်ကို ကြုံကြရ၏။ ကိုယ်ပိုင်အုပ်ချုပ်ရေးရသည်နှင့် အစိုးရကောင်းတခု ဖြစ်ပေါ်လာမည်ဟု အသေအချာ မတွက်ဆနိုင်သည်မှာ ၀မ်းနည်းစရာကောင်းသည့် အမှန်တရားဖြစ်ပေသည်။
အစိုးရကောင်းဟူသည် နိုင်ငံရေး စနစ်ရလဒ်သက်သက် မဟုတ်ပါ။ အစိုးရ ကောင်းတခုပေါ်ပေါက်ရန်အရေးမှာ လူမှု အဖွဲ့အစည်းတရပ်အတွင်း အခြေခံတန်ဖိုး များနှင့် ခွဲခြား၍မရနိုင်လောက်အောင် တသားတည်း ဆက်စပ်နေပါသည်။ နိုင်ငံတခု ပြန်လည်တည်ဆောက်ရာတွင် လူ့တန်ဘိုးကို မြင့်မားတိုးတက်လာအောင် စွမ်းဆောင် နိုင်ခြင်းမရှိလျှင် လွတ်လပ်ရေး ဆိုသည်မှာ နိုင်ငံသားများအဖို့ ပိုမိုပြည့်စုံသည့်ဘ၀ ရပ်တည်ရှင်သန်ရေးဟု သတ်မှတ်လို့ ရနိုင်မည်မဟုတ်ပေ။ မြန်မာနိုင်ငံတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ရာစုနှစ်တ၀က်တိုင်အောင် ရရှိနေပြီးဖြစ်သော်လည်း အစိုးရကောင်းဖြစ် ရေးဟူသည့် မျော်လင့်ချက်က မပီပြင်သည့် အနာဂတ်မှာ ဘယ်ဆီဘယ်ဝယ် မျှော်မှန်းလို့ မရနိုင်လောက်အောင် ၀ိုးတ၀ါးရှိနေဆဲပင် ဖြစ်ပြီး တိမ်သလ္လာ ဖုံးလွှမ်းနေသည်။

“အမှန်တကယ်တော့ စံထားရမည့်အစိုးရ ဆိုတာ စိုးမိုးအုပ်ချုပ်မှု အနည်းဆုံး ဖြစ်ရမယ်၊ပြည်သူလူထု ဘာတခုမှ လုပ်ပိုင်ခွင့် ချန်မထားတာကို ကိုယ်ပိုင်အုပ်ချုပ်ရေးလို့ မခေါ်ဘူး။ ဒါဟာ ငါတို့လက်ရှိ အဆင့်အတန်း အတိုင်း ထိန်းသိမ်းစောင့်ရှောက်ခံ အဆင့်ပဲ” ဟု ဂန္ဒီကြီးက ရေးသားခဲ့ဖူးပါသည်။
အထက်ပါစာသားကို ၁၉၂၅ ခုနှစ်တွင် ရေးသားခဲ့သော်လည်း မြန်မာနိုင်ငံ ၏လက်ရှိ အခြေအနေများနှင့် များစွာ ဆီလျော်နေပါသည်။ သို့သော် ယနေ့ စစ်အုပ်ချုပ်ရေး အောက်တွင် ရောက်ရှိနေရပြီး မိမိတို့၏ ကိုယ်ပိုင်အစိုးရအဖွဲ့ထဲတွင် ၀င်ရောက် တာဝန်ယူရန် အခန်းကဏ္ဍဆို၍ ဘာတစ်ခုမှ အပ်နှင်းခြင်း မခံရသော စစ်အစိုးရအောက်တွင် ပြားပြားဝပ်နေရသည်။ ကျမတို့ မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ အခြေအနေကို ရှင်းလင်း ဖော်ပြရာတွင် “ထိန်းသိမ်းစောင့် ရှောက်ခံထားရသည်” ဟူသောစကားကို အသုံးပြုခြင်းသည် မပျော့လွန်းပေဘူးလားဟု မေးခွန်း ထုတ်နိုင်ပါသည်။ လွတ်လပ်ရေးရခဲ့သည်မှာ လေးဆယ်ကိုးနှစ် ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း ကျမတို့တတွေမှာ အချုပ်အနှောင်ခံနေရသည့် နိုင်ငံတခုဘ၀မှာပင် ရှိနေပါသေးသည်။

အသိဉာဏ်နှင့်စိတ်ဓါတ်တို့ လွတ်လပ်မှုမရှိလျှင် အမှန်တကယ် လွတ်လပ်မှု ဟူသည် ရှိနိုင်မည်မဟုတ်ပေ။ ပြည်သူလူထု၏ အသိဉာဏ်နှင့် စိတ်ဓာတ်တို့ အပြည့်အ၀ ဖွံ့ဖြိုး ရှင်သန်လာနိုင်သည့် အနေထားတခုသို့ ရောက်ရှိလာနိုင်စေရန် ပြုစုပျိုးထောင်ပေးရေးသည် တာဝန်ရှိ ခေါင်းဆောင်လုပ်သူများ ထမ်းရွက်ရမည့် ၀တ္တရားပင်ဖြစ်သည်။

ပြည်သူလူထုအနေဖြင့် မိမိတို့၏ အရေးပါအရာရောက်မှု ဂုဏ်သိက္ခာအပေါ် ယုံကြည် စိတ်ချမှုများ တိုးပွားလာစေရန် ပံ့ပိုးပေးနိုင်မှ သာလျှင် ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုသည်မှာ အဓိပ္ပာယ်ရှိပေမည်။ ခြိမ်းခြောက်ခြင်း၊ ဖိနှိပ်ချေမှုန်းခြင်းခံရပြီး မိမိတို့၏ဘ၀ အနာဂတ်အရေးကို ဖန်တီးပိုင်ခွင့် မရှိရရှာသော ပြည်သူလူထုမျိုးကို ပေါ်ပေါက်စေသည့် ကိုယ်ပိုင်အုပ်ချုပ်ရေး မျိုးသည် အသက်သွေး ချွေးမြောက်များစွာ စွန့်လွှတ်အနစ်နာခံ ပေးဆပ်ပြီးမှ ရခဲ့သော လွတ်လပ်ရေးကြိုးပမ်းလှုပ်ရှားမှုကို သစ္စာဖောက်သည့် အုပ်ချုပ်ရေး သာလျှင် ဖြစ်ပေသည်။

အမိနိုင်ငံတော်လွတ်မြောက်ရေး အတွက် မိမိတို့၏ ကောင်းကျိုး ချမ်းသာနှင့် အကောင်အထည်ဖော်ကြရန်မှာ နောင်လာနောက်သား မျိုးဆက်အဆင့်ဆင့် တို့၏ တာဝန်ဝတ္တရားတစ်ရပ် ဖြစ်သကဲ့သို့ အထူးအခွင့်အရေး တရပ်လည်း ဖြစ်နေပေသည်။ ကိုလိုနီ နယ်ချဲ့စနစ်ကို ဆန့်ကျင်တွန်းလှန် ဖြိုဖျက်ခဲ့ကြသူများထက်၊ ယနေ့ လူငယ်များ ထမ်းရွက် ကြရမည့် လုပ်ငန်းဆောင်တာများက ပို၍ ခက်ခဲသည်ဟု ပြောနိုင်ပါသည်။

တိုင်းတပါးလူမျိုးခြားကို ဦးတည်ဆန့်ကျင်ရသည့် ရုန်းကန်မှုများတွင် ပြဿနာ မှာပြတ်သားရှင်းလင်းလှပါသည်။ သို့သော် မျိုးတူ လူမှုအသိုက်အ၀န်း တခုတည်းအတွင်း ရှိ အပြုသဘောမဆောင်သော အင်အားစု များကို ဦးတည်ဆန့်ကျင်ရသည့် ရုန်းကန် ကြိုးပမ်းမှုများတွင်မူ သံသယများ၊ စိတ်ရှုပ်ထွေးစရာများ တဖြည်းဖြည်း စိမ့်ဝင်လာတတ်ပါသည်။
ထိုကြောင့် ပို၍ ပျော်ရွှင်ဘွယ်ကောင်းသော ကမ္ဘာတခု ဖြစ်လာရန် ကြိုးပမ်း ဆောင်ရွက်နေကြသော လူငယ်ထုအနေဖြင့် မိမိတို့လူဘောင် အဖွဲ့အစည်း၏ တန်ဘိုးထားမှုများနှင့်အတူ မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက် အကြောင်းရင်းခံတို့ကို စဉ်ဆက်မပြတ် ပြန်လှန်သုံးသပ်ရန် လိုအပ်လှပေသည်။ အမြဲတစေ ဆင်ခြင်သုံးသပ်ခြင်း သာလျှင် ကျွန်ုပ်တို့၏ လွတ်လပ်မှုကို မည်ကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်ပြီး မည်ကဲ့သို့ အကောင်းဆုံး အသုံးချ နိုင်မည်ကို နားလည်သဘောပေါက် နိုင်ပေမည်။

လွတ်မြောက်ခြင်းဆိုသည်မှာ ရွေးချယ်ပိုင်ခွင့်ပင်ဖြစ်သည်။ လွန်ခဲ့သောရာစုနှစ်ဝက်က အသက်ရှင် နေထိုင်သူများနှင့် စာလျှင် ယနေ့ခေတ် လူငယ်များမှာ ရွေးချယ်စရာ နယ်ပယ်များပို၍ ကျယ်ပြန့်လာသည်။ မှန်မှန်ကန်ကန် ရွေးချယ်ရေးသည် အလွန်အရေး ကြီးလှ၏။ ကျဉ်းမြောင်းသော တကိုယ်ရေ အကျိုးစီပွါး အတွက်သာ ပျော်ရွင်ချမ်းမြေ့မှု လမ်းကိုရွေးချယ်မည်လော။ ပွင့်လင်းတဲ့ နှလုံးသားနှင့် စာနာစိတ်ကို အရင်းတည်ပြီး အခြားသူများရဲ့ လိုအပ်ချက် မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးရန် ၀ိုင်းဝန်းကြမည်လော။ ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါသည်။

ကျွန်ုပ်တို့ မှီတင်းနေထိုင်ကြသော ကမ္ဘာမြေကြီး အခြေအမြစ်ကစ၍ ပြောင်းလဲသွားစေပြီး ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ကျဉ်းပေးမည့် ရာစုနှစ်တစ်ခုတွင် ကျမ တို့တတွေပါဝင်ဆင်နွှဲကြရမယ့် အချိန်မဝေးတော့ပါ။ နှစ်ဆယ့်တစ်ရာစုတွင် လူသားအားလုံးအတွက် ပို၍ကြီးမားသော လုံခြုံမှုနှင့် ပျော်ရွှင်စိတ်ချမ်းမြေ့မှုများကို ပေးစွမ်းနိုင်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် အံ့သြဖွယ် ကောင်းလောက်အောင် ထူးခြားသည့် အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ပါသည်၊၊

တချိန်တည်းမှာပင် ထိုခေတ်သည် တရားမျှတ သနားကြင်နာတတ်ခြင်း အင်အားစုများကို မှုန့်မှုန့်ညက်ညက် နင်းခြေပစ်ရန် အစွန်းရောက်ရုပ်ဝါဒအား ထင်ရာ စိုင်းဖို့ရာ လွှတ်ပေးလိုက်သော ကာလတစ်ခုလို ဖြစ်သွား နိုင်ပါသည်။ မည့်သည့်လမ်းသို့ လိုက်မည်ကို ကျမတို့ရွေးချယ်ရမည် ဖြစ်ပါသည်။ ၄င်းတို့ကို အလင်းရောင်ပေး၍ ရှေ့ ဆောင်လမ်းပြရန် အနာဂတ်မှာ အစဉ်အလာအရ ကြီးမြတ်သောခေါင်းဆောင်ကြီးများ ရှိနေသည့်အချက် သည် အိန္ဒိယနိုင်ငံက လူငယ်များအတွက် ဂုဏ်ယူစရာပင်ဖြစ်ပါသည်။

အကောင်းဆုံး ကိုယ်ပိုင်အုပ်ချုပ်ရေးပုံစံနှင့် ပတ်သက်၍ ဂန္ဓီကြီးရဲ့ အဆိုအမိန့် ကို တဖန်ပြန်၍ ကောက်နှုတ်တင်ပြရပါလျှင်“တကယ်စစ်မှန်တဲ့ ဆွာရာ့ဂ်ျ(ကိုယ်ပိုင် အုပ်ချုပ်ရေး) ဆိုတာ လူနည်းစုက လုပ်ပိုင်ခွင့် အာဏာကိုယူလို့ ဖြစ်လာမှာ မဟုတ်ဘူး။ အပ်နှင်းထားတဲ့လုပ်ပိုင်ခွင့် အာဏာကို တလွဲတချော် ဖောက်ဖျက် အသုံးချတာကို တွေ့ရတာနဲ့ အားလုံးက ၀ိုင်းဝန်းဆန့်ကျင်နိုင်အောင် ချုပ်ချယ်ကန့်သတ်ခွင့် ရယူ ပိုင်ဆိုင်ထားတာကို ခေါ်တယ်။ တနည်းပြောရလျှင် လုပ်ပိုင်ခွင့်အာဏာကို စည်းမျဉ်းစည်းကမ်း သတ်မှတ်ပေးပြီး ထိန်းချုပ်တတ်တဲ့ စွမ်းပကား မွေးမြူတတ်လာအောင် ပြည်သူလူထုကို ပညာပေးခြင်းနဲ့ ဆွာရာ့ဂ်ျကို ရယူနိုင်အောင် ကြိုးပမ်းရမှာ ဖြစ်တယ်” ဖြူစင်သောကလေးများ၏ အာသာဆန္ဒပြင်းပြသည့် သန္နိဌာန်တို့ ပိုင်ဆိုင်၍ နှလုံးရည်ပြည့်ဝစွာဖြင့် တရားမျှတခြင်း၊ လွတ်လပ်ခြင်းတို့အတွက် မိမိတို့ဘ၀ကို မြှုပ်နှံသွားကြသော ပုဂ္ဂိုလ်တို့၏ အမွေကို ဆက်ခံရသည့် အမျိုးသား၊ အမျိုးသမီးများ နှင့် ထိုက်တန်သော နိုင်ငံတော်တစ်ခု ဖန်တီးရာ၌ ပညာရေးသည် အခရာကျလှပါသည်။

ပညာရေးသည် သမရိုးကျကျောင်းနေခြင်း သက်သက်ကိုသာ ဆိုလိုခြင်း မဟုတ်ပါ၊၊ သိနားလည်ပြီးသော ကိစ္စများကိုသာမက မသိနားမလည်သေးသော ကိစ္စရပ်များကိုပါ အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်း ကျော်လွှားနိုင်သည့် သတ္တိနှင့် စိတ်ဓါတ်အင်အား ပြုစုပျိုးထောင် ပေးခြင်းကို ဆိုလိုသည်။

အတိတ်ကို မှန်မှန်ကန်ကန် အကဲဖြတ်သုံးသပ်နိုင်သော အရည်အချင်းနှင့် ပြည့်စုံပြီး လက်ရှိအခြေအနေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်မှသာလျှင် ကျမတို့အတွက်သာမက လာမည့် မျိုးဆက်အဆင့်ဆင့် တို့အတွက်ပါ သဟဇာတဖြစ်မည့် အနာဂတ်ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

ကန့်သတ်နယ်ခြားမျဉ်းများနှင့် ရာစုနှစ်များစွာကို ကျော်လွှားနိုင်သည့် ခိုင်မာလှသော တန်ဖိုးထား လေးစားစရာများ ရှိပါသည်။ ကျမတို့ ခေတ်ကာလအတွက် ရှာဖွေ ဖေါ်ထုတ် ပေးနိုင်သည့် အနှစ်သာရ တန်ဖိုးများလည်း ရှိနေပါသေးသည်။ ကမ္ဘာကြီးအား မိမိတို့၏ ဘ၀နံနက်ခင်း လန်းဆန်းမှုကို ရောင်ပြန်ဟပ်စေမည့် ပုံသဏ္ဍာန်ပေါ်ပေါက်စေရန် စိတ်အား ထက်သန်နေသော လူငယ်ထုအတွက် ဤကဲ့သို့ ရှာဖွေဖေါ်ထုတ်ရေး လုပ်ငန်းစဉ်သည် စိန်ခေါ်မှုတရပ် ဖြစ်ပါသည်။

လူငယ်များတွင် မိမိတို့ လူ့ဘောင်အဖွဲ့အစည်းအတွက် တသသ မှတ်တမ်းတင် ကျန်ရစ်ရလောက်အောင် ဆောင်ရွက်ပေးနိုင်သော ပြိုင်ဘက်ကင်းသည့် အခွင့်အလမ်းများနှင့် ကြုံတွေ့နေရပါသည်။ ထက်သန် ပြင်းပြသော ဆန္ဒတက်ကြွစွာဖြင့် ဤအခွင့်အရေးမျိုးကို လက်မလွတ်တမ်း အမိအရ ဆုပ်ကိုင်ကြဘို့ လူငယ်များ ကို တိုက်တွန်း လိုက်ပါသည်။ အခွင့်အလမ်းတွေ လက်လွတ်သွားခြင်းသည် တစ်ဦးတစ်ယောက် အတွက်သော် လည်းကောင်း၊ နိုင်ငံများဆယ်စုနှစ် များနှင့် ချီ၍ ဆုတ်ယုတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

ပွင့်လင်းသောနှလုံးသားနှင့် အတူ အကြံသစ်ဉာဏ်သစ်တွေကို လက်ခံရန် အဆင်သင့်ရှိသော ခံယူချက် များဖြင့် ရာစုနှစ်သစ်ကို မျှော်မှန်း တမ်းတနေကြသော လူငယ်လူရွယ်များသည် မိမိနှင့် မိမိပြည်သူ ပြည်သား များအတွက် မျှသာမက လူသား များအားလုံးအတွက် ပိုမိုကောင်းမွန်သော ဘ၀တည်ဆောက်ရန် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနိုင်ကြသူများ ဖြစ်ပါသည်။

ကမ္ဘာကြီးသည် ရာစုနှစ်သစ် တစ်ခုကို ပြောင်းလဲတော့မည့် အချိန်မျိုးတွင် ဘ၀ကို အစပျိုးနိုင်ခြင်းမှာ ကံကောင်း လှပေသည်။ အနာဂတ်ကို လူငယ်များ ပိုင်ဆိုင်ပါသည်။ ဤကဲ့သို့ဖြစ်ခြင်းသည် လွန်စွာမှ သင့်လျော် ပါသည်။ အိန္ဒိယနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းမှ လူငယ်များကို မင်္ဂလာရှိသော နှစ်သစ်နှင့် ရာစုသစ်မှာ ပျော်ရွှင် ချမ်းမြေ့ နိုင်ကြပါစေ၊ ငြိမ်းချမ်းသာယာမှု ရှိနိုင်ကြပါစေ ဟု ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်

မန်းအဲန်အယ်လ်ဒီ ခေါင်းဆောင်တဦး ဖမ်းဆီးခံရ

မန္တလးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အဲန်အယ်လ်ဒီ)၏ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်ဝင်းမြမြ ကို အာဏာ ပိုင်များက ယမန်နေ့ညတွင် ဖမ်းဆီးသွားသည်။
“မနေ့ညကပေါ့နော်။ မန္တလေးတိုင်းရဲအဖွဲ့ ဒု-ရဲအုပ် ထွန်းလွင်နောင် သူနဲ့အပါအ၀င် ဆယ်ဦးလောက် က အရပ်ဝတ်နဲ့ပေါ့လေ။ ညဆယ့်တစ်နာရီလောက်မှာ ရယကနဲ့ အိမ်ရောက်လာပါတယ်။ ရောက်လာ ပြီးမှ ဒေါ်ဝင်းမြမြကို တွေ့ချင်ပါတယ်။ ဘာကိစ္စတုန်းဆိုတော့ သူတို့က အထက်က မေးမြန်းစရာရှိ လို့ပါလို့ ပြောတယ်။ အဲဒါနဲ့ ဒေါ်ဝင်းမြမြက အဲဒါဆိုရင်တော့ ထောင်ကိုခေါ်သွားမှာလား ဘယ်ကို ခေါ်သွားမလဲ မေးတော့ အဲဒါတော့ သူတို့ မသိဘူးပါဘူးလို့ ပြောပါတယ်။ အိမ်မှာလည်း သူတို့ဝင် ရှာဖွေတဲ့အခါမှာ ဘာမှလည်း တွေ့မသွားပါဘူး။ သူတို့လာခေါ်ချိန်က ဒေါ်ဝင်းမြမြက ဘုရားဝတ်ပြု နေလို့ သူတို့တောင်မှ ခဏထိုင်စောင့် ရပါသေးတယ်။ ခေါ်သွားတော့လည်း မီဘရှီ ပစ်ကပ်ကား အဖြူရောင် ဒ/၆၄၃၀ ကားနဲ့ ခေါ်သွားတာ ဖြစ်ပါတယ်။” ဟု ဒေါ်ဝင်းမြမြ၏ အစ်ကိုဖြစ်သူ ဦးဘစိုးက ပြောသည်။
မန္တလေးမြို့မှ အခြားအဲန်အယ်လ်ဒီအဖွဲ့ဝင်များကို ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း သတင်းထွက်ပေါ် လာသော်လည်း အတည်ပြုချက်မရရှိသေးပေ။
ယခုလ ၂၆ ရက်နေ့ညတွင် အဲန်အယ်လ်ဒီ ခေါင်းဆောင်များဖြစ်သည့် ဦးလှဖေ၊ ဦမြင့်သိန်းနှင့် အခြားတိုင်းရင်း သား ခေါင်းဆောင်များဖြစ်သည့် ဦးထောင်ခိုထန်းနှင့် ဦးပုကျင်ရှင်းထန်တို့ လေးဦးကို ဖမ်းဆီးခဲ့ပြီး ယင်းဖမ်းဆီးမှု ကို နိုင်ငံတော်အတွင်း ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှု များနှင့် လက်ရှိဖြစ်ပေါ်နေသော ဆူပူအုံကြွမှုများနှင့် ပတ် သက်၍ စစ်ဆေးမေးမြန်းရန် လိုအပ်သဖြင့် သက်ဆိုင်ရာက ခေါ်ယူထားကြောင်း စစ်အစိုးရက သတင်းထုတ် ထုတ်လွှင့်ခဲ့သည်။
ယခုလအတွင်း မြန်မာပြည်အနှံ့ ရန်ကုန်၊ မန္တလေး၊ မိုးကုတ်၊ မကွေး၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မိတ္ထီလာ၊ ညောင်ဦး စသည်မြို့ကြီးများမှ  အဲန်အယ်လ်ဒီ ပါတီဝင်ပေါင်း ၂၀ ကျော်တို့ကို နအဖ စစ်အာဏာရှင် တို့က ဖမ်းဆီး ထိန်းသိမ်းထားသည်။
အဲန်အယ်လ်ဒီပါတီဝင်များကို ဖမ်းဆီးနေချိန်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည့် သံဃာတော်နှင့် ပြည်သူများ ကိုလည်း စစ်တပ်က အကြမ်းဖက် သတ်ဖြတ်နေသလို ဖမ်းဆီးမှုများလည်း ပြုလုပ်နေသည်။

မြန်မာနိုင်ငံအတွက် စိတ်ရှည်ရန် လိုအပ်သည်

နိုင်ငံခြား ဧည့်သည်များနှင့် သတင်းစာဆရာများက ယနေ့ မြန်မာနိုင်ငံ၌ ကြုံတွေ့ရင်ဆိုင်နေရ သည့် “ရှေ့မတိုးသာ နောက်မဆုတ်သာ”နိုင်ငံရေးကိစ္စနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် မည်သို့ သဘောထားသနည်း ဟု မကြာခဏ မေးမြန်းလေ့ ရှိကြသည်။ ထွက်ပေါက် ပိတ်နေသော အခြေအနေ မဟုတ်သဖြင့် “ရှေ့မတိုး သာနောက်မဆုတ်သာ” ဟူ၍ မရှု့မြင်မသုံး သပ်သင့်ကြောင်း ကျမ ပြန်လည်ရှင်းပြခဲ့ရ သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ် ပြုလုပ်နေသော်ငြားလည်း ပြင်ပဆန်းစစ် လေ့လာသူများ အနေဖြင့် လုံးဝ ဥဿုံ သိရှိနားလည်နိုင်မည် မဟုတ်ဟု လည်း ဖြည့်စွက် ပြောကြားခဲ့ရသည်။ တနည်းပြောရလျှင် နိုင်ငံရေးစကားဝိုင်း၏ သမာဓိစွမ်းအား ဟူသည် ဟာဒယရွှင်ဆေး တရပ်တော့ မဟုတ်ပေ။ ကျမတို့၏ အဓိကရည်ရွယ်ချက်သည် ကျမတို့နိုင်ငံ၏ အဓိက နိုင်ငံရေး အင်အားစုများ လက်ခံနိုင်လောက်သည့် နိုင်ငံရေးဆန်သော ဖြေရှင်းမှု တရပ်ပင်။ ထို့ကြောင့် ထွက်ပေါက် ပိတ်အောင် ပြုမူဆောင်ရွက်ခြင်း မည်သည် ပဲ့ကိုင်တယောက်၏ လက်ကို ရိုက်ချိုးပစ်ခြင်း သို့တည်းမဟုတ် အသက်ရှင် ရပ်တည်ခွင့်မပေးခြင်းဟု ပြန်ဆိုနိုင်ပေမည်။ ဤနည်းဖြင့် ငြိမ်းချမ်းရေးလမ်းစကို မဖေါ်ထုတ်နိုင်ရာ။ နအဖ (န၀တ)မှ ကျမတို့၏ အမြင်ရှုထောင့်ကို လက်မခံနိုင်သည်က အချက်တချက်။ စစ်အုပ်စုအဖွဲ့ဝင်များ ထုတ်ပြန်သည့် ကြေငြာချက်များ အရ သူတို့ပြောဆိုနေသော ငြိမ်းချမ်းရေးဟူသည် ဒီမိုကရေစီ အတိုက်အခံများ ကွယ်ပျောက်သွား စေရေး ဖြစ်နေသည်။ ကျမတို့ကို ဤကဲ့သို့ ချောင်ပိတ်ထားခြင်းအားဖြင့် ရရှိလာသည်ကတော့ အဖြေနတ္တိ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထံ ဦးတည်ပစ်မှတ်ထားသော စစ်အုပ်စု၏ သရုပ်သကန်သည် ဘေဆောရပ်(စ်) အဘိဓာန် က အနက်အဓိပ္ပါယ် ဖွင့်ဆိုထားသော အပြီးသတ် သုတ်သင်ချေမှုန်းမှု၊ အမှုန့်ကြိတ်ချေခြင်းနှင့် ပွဲသိမ်း ဖျာလိပ်ခြင်း တို့နှင့် ထပ်တူထပ်မျှပင်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ နှင့် အဖွဲ့ချုပ် ထောက်ခံသူတို့ သည် နအဖစစ်အုပ်စု၏ အကြမ်းပတမ်းခေါ်ယူ စစ်ဆေးခြင်းကိုခံရ၊ မတရာဖမ်းဆီး ချုပ်နှောင်ခြင်း ထောင်ချခြင်း များကို နေ့စဉ်နှင့်အမျှ ခံနေကြရသည်။ ထို့ပြင် စစ်အာဏာပိုင်တို့သည် အစည်းအဝေးများကိုကျင်းပပြီး လူထုကို အဓမ္မ တက်ရောက်ခိုင်းခြင်း၊ ရွေးချယ်တင် မြှောက်ခံထားရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နှုတ်ထွက်ပေးရန် အဓမ္မ တောင်းဆိုခိုင်းခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဖျက်သိမ်းပေးရန် တောင်းဆို ခိုင်းခြင်း များ ပြုလုပ်နေကြသည်။

ထို့အပြင်စစ်အုပ်စု ကြိုးကိုင်ထားသော သတင်းစာ၊ ရေဒီယိုများမှလည်း ကျမတို့ပါတီ ကိုယ်စားလှယ်များ နှုတ်ထွက် နေကြကြောင်း နေ့စဉ်နှင့်အမျှ ရေးသားထုတ်လွှင့် နေကြသည်။ မြောက်များစွာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်များသည် အဖွဲ့ချုပ်မှ ရာသက်ပန် နှုတ်ထွက်ကြောင်း လက်မှတ်ရေးထိုးရန် အဓမ္မ အမိန့်ပေး စေခိုင်းခြင်းကို ခံကြရသည်။ စစ်အုပ်စု၏ ဥပါဒါန်အစွဲ ဖြစ်နေသော ကျမတို့ အမျိုးသား ဒီမိုကရစီ အဖွဲ့ချုပ်ကို ဖျက်ဆီးပစ်ရန် ကြိုးစားမှုသည် ကျမတို့၏ ယုံကြည်မှုသံန္နိဌာန်ကို ပိုမိုအား ကောင်းလာစေသည်။ အကြမ်းမဖက်သည့် နိုင်ငံရေး လှုပ်ရှားမှုများသည်သာ ကျန်းမာသန်စွမ်းသော ဒီမိုကရစီ နိုင်ငံအခြေခံအုတ် မြစ်ချပေးနိုင်မည်ဟု ကျမတို့ နှစ်နှစ်ကာကာ ယုံကြည်ပြီး ထိုကဲ့သို့သာ လှုပ်ရှား ဆောင်ရွက်မည်ဟု စိတ်ပိုင်းဖြတ် ထားခဲ့ပြီး ဖြစ်သည်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အမျိုးသားရေး ပြဿနာများကို ပြေ လည်အောင် ဖြေရှင်းနိုင်လိမ့်မည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ယုံကြည်သည်။ ကျိုးကြောင်းခိုင်လုံသော သဘောတူညီချက်များကို လက်ခံရန် ကျမတို့ အဆင်သင့် ဖြစ်နေသည်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဆီ သို့ ဦးတည်သောဘောင် သက်မှတ်ချက်များအတွက် ကျမတို့ လက်ခံရန် အသင့်ဖြစ် နေသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ သို့ ရာတွင် စစ်အုပ်စုဖက် ကမူ တုပ်တုပ်မျှမလှုပ်ခဲ့ပေ။ ၁၉၈၈ခုနှစ် စစ်အုပ်စုမှ အာဏာသိမ်း ပြီးနောက်ပိုင်း ဒီမိုကရေစီ လှုပ်ရှားမှု (၁၂) နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ စီပွားရေး၊ လူမှုရေးကိစ္စ အ၀၀သည် ဆထက် ထမ်းပိုး ဆိုးရွား၍သာ နေတော့သည်။ စစ်အုပ်စုအနေဖြင့် ပုဂ္ဂလိက လုပ်ငန်းများ၊ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုခဲ့သော် လည်း ကျန်းမာသန်စွမ်းသည့် လူ့အဖွဲအစည်းတရပ် ပေါ်ထွန်းလာစေနိုင်သည့် အုပ်ချုပ်ရေးစနစ်၊ နိုင်ငံရေးစနစ် များကို မဖော်ဆောင်နိုင်ခဲ့ပေ။

အမှန်တကယ်၌မူ ခေတ်နှင့်ဆီ လျော်သော စီးပွားရေး ပေါ်လစီများကို မဖော်ဆောင်နိုင်ခဲ့၍ တိုင်းပြည်သည်စီးပွားရေးရွှံ့နွံ၊ လူမှုရေး ရွှံ့နွံများထဲ နစ်မွန်းနေရတော့သည်။ ယမန်နှစ် ကမ္ဘာဘဏ်၏ အစီရင်ခံစာအရ သော်လည်းကောင်း၊ မကြာသေးမီက ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ၊ ကမ္ဘာကျန်းမာရေးအဖွဲ့တို့၏ သုတေသနပြု ချက်များအရလည်းကောင်း ကျမတို့၏ အဓိက ပြဿနာအခြေမြစ် သည် ကောင်းမွန်သော အစိုးရစနစ် ချို့တဲ့ခြင်းအပေါ် မူတည်သည်ဟု သိရသည်။ မူယစ်ဆေးဝါး ထုတ်လုပ်မှု ကိစ္စအတွက် စိုးရိမ်နေကြသူများ၊ မူးယစ်ဆေးဝါး မှောင်ခိုမှုကိစ္စအတွက်စိုးရိမ်နေကြသူများ၊ အိတ်(ခ်ျ )အိုင်ဗွီ ပျံ့ပွားမှုကိစ္စ အတွက်၊ နိုင်ငံရေးဒုက္ခသည် ကိစ္စအတွက်၊ တရားမ၀င် အလုပ်သမားများ ကိစ္စအတွက်၊ လူသား လိုအပ်ချက်များနှင့် အခြားပြဿနာများ အတွက် စိုးရိမ်ပူပန်နေကြသူများ အားလုံး အထက်ပါ အချက် မှန်ကန်ကြောင်း သိကြ ပေသည်။ နိုင်ငံရေးပြောင်းလဲမှုများ ကိုစနစ်တကျ တဆင့်ပြီးတဆင့် မပြုလုပ်ပါက၊ အုပ်ချုပ် ရေးကိစ္စများ အထူးသဖြင့် အစိုးရကောင်းတခု၏ အခြေခံ လိုအပ်ချက်များကို မဖော်ဆောင်နိုင်ပါက အနာဂတ်ကာလ၏ လူမှုရေး ကိစ္စများ၊ စီးပွားရေးကိစ္စများ၊ ပြေလည်ဖြေရှင်း သွားနိုင်မည် မဟုတ်ပေ။ ပြောစရာတခုတော့ ရှိသည်။ အုပ်ချုပ်ရေး လုပ်ငန်းမကျွမ်းကျင်မှု လူမှုရေး မတည်ငြိမ်မှုတို့ကို အခြေခံ၍ ယနေ့ အုပ်ချုပ်နေသော အာဏာပိုင်များ ခြေကုန် လက်ပန်းကျသွားစေရန်၊ ထိုမှတဆင့် ဖယ်ရှားပစ်ရန် ဆောင်ရွက်နိုင်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး နှိပ်ကွပ်မှုများ ကို ဖြေရှင်းရန် အတွက် သမာဓိစွမ်းအားများ ဆထက်ထမ်းပိုး လိုအပ်ပေသည်၊၊

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံ ထုတ် ၀ါရှင်တန်ပို့ (စ်) သတင်းစာ၌ ရေးသားခဲ့သည့် ဆောင်းပါးဖြစ်ပါသည်၊

Friday, September 28, 2007

ယမန်နေ့ပစ်ခတ်မှုတွင် (၉) ဦးသေဆုံးကြောင်း နအဖ ၀န်ခံ

ရန်ကုန်မြို့၌ သပိတ်မှောက်ဆန္ဒပြကြသည့် သံဃာ
တော်များနှင့်လူထုကို စစ်တပ်က ပစ်ခတ်သောကြောင့် (၉) ဦးသေဆုံးပြီး (၁၁) ဦးဒဏ်ရာရှိခဲ့
ကြောင်း နအဖ စစ်အစိုးရပိုင် သတင်း မီဒီယာများမှ တရားဝင်သတင်းထုတ်ပြန်သည်။
သေဆုံးသူများအနက် အသက် (၅၂) နှစ်အရွယ်ရှိ ဂျပန်နိုင်ငံသား မစ္စတာနာဂအိကန်ဂျီလည်း
ပါဝင်ကြောင်း၊ ၎င်းသည် ခရီးသွားဗီဇာဖြင့် လာရောက်ခြင်းဖြစ်သော်လည်း ဆန္ဒပြသူများနှင့်
လိုက်ပါသတင်းရယူရာမှ သေနတ်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယနေ့ထုတ်မြန်မာ့အလင်း
သတင်းစာ ၌ဖော်ပြသည်။
ဆန္ဒပြသူများ၏လက်ချက်ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၃၁) ဦးထိခိုက်ဒဏ်ရာရသည်ဟုလည်း
ပါရှိ သည်။
ယမန်နေ့က ရန်ကုန်မြို့ တာမွေ၊ ကျိုက္ကဆံဘုရားအနီးနှင့် ဆူးလေဘုရားအနီးတို့တွင် သပိတ်
မှောက်သည့် ပြည်သူလူထုအား နအဖ စစ်တပ်က အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့ပြီး သေဆုံး
ဒဏ်ရာရသူ အများအပြားရှိနိုင်ကြောင်း မျက်မြင်တွေ့သူတို့က ခန့်မှန်းကြသည်။
စက်တင်ဘာ (၂၆) ရက် ပစ်ခတ်မှုတွင်လည်း (၁) ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရခဲ့ကြောင်း
စစ်အစိုးရ က တရားဝင်သတင်းထုတ်ပြန်ထားသည်။

မန္တလေးတွင် အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးမှုများ စတင်

မနလေးမိုတွင် ဆနပြခဲ့သော ရဟန်းသံဃာများနှင့် ပြည်သူလူထုများကို စစ်တပ်နှင့် လုံထိန်းများက မျက်ရည်ယို ဗုံး သေနတ်များဖြင့် ပစ်ခတ်ဖိုခွဲကာ ယနေ ဖမ်းဆီးမှုများ စတင် ခဲ့သည်
ယနေ နေလည် ၁၂နာရီမှ စတင်လမ်းလျှောက် ဆနပြခဲ့ကသော ရဟန်းသံဃာများနှင့် ပြည်သူလူထု တစ်သိန်း ခန်ကို မနလေးတွင် လုံခုံရေးယူထားသော စစ်တပ် ရဲ လုံထိန်း ကံ့ဖွံများက ၂ နာရီခွဲခန်တွင် စတင် ပစ်ခတ်ဖိုခွဲခဲ့ခြင်းဖြစ်သည်ဟု မနလေးမိုခံ တစ်ဦးက ပြောသည်
ကျနော် ဒီ သံဃာအပါးနှစ်ရာလောက် ဒီမျက်ရည်ယိုဗုံးတွေပစ် သေနတ်တွေနဲပစ် အဖမ်းခံရတယ် နောက်ပီးတော့ အခုလောလောဆယ်မှာ ကျနော်တို ဒီ ရှစ်လေး ရှစ်ငါး ရှစ်ခြောက် သုံးသုံး သုံး လေးရဲ အဲ့ဒီ ထိပ်တွေထဲမှာ ပြည်သူလူထုနဲ ဒီကျနော်တို စစ်တပ်နဲ လိုက်တမ်းပြေးတမ်း ကစားနေ တယ်  အခုနောက်ဆုံးအခြေအနေကတော့ လိုက်တမ်းပြေးတမ်းပဲ လိုက်တမ်းပြေးတမ်းပဲဗျ စစ်တပ် က လိုက်လိုက် ပြည်သူက ပြေးလိုက်ပေါ့ အဲ့လိုမျိုး အဲ့လိုပုံစံပေါ့
လမ်းလျှောက်ဆနပြလာသည့် သံဃာများ ၃၃ လမ်းနှင့် ၂၁ လမ်းအရောက်တွင် မျက်ရည်ယိုဗုံးများ သေနတ်များ ဖြင့် ပစ်ခတ်ခံခဲ့ရပီး သံဃာတစ်ချိုကို လက်ကိုင်တုတ်များဖြင့် ရိုက်နှက်ခဲ့ပီးနောက် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆက်လက်ပြောသည်
မနလေးမိုတွင် လမ်းလျှောက်ဆနပြသူများကို နှိမ်နှင်းရန်အတွက် ယခင်နေများထက် လုံခုံရေးပိုမို တိုးမြှင့် ချထားကောင်းလည်း မနလေး မိုခံ တစ်ဦးက ဆက်လက်ပြောသည်
မနလေးမိုထဲမှာက ခါတိုင်းထက် ငါးဆလောက် ပြည့်သိပ်အောင်ချထားတာ စစ်သားလည်းပါတယ် ရဲလည်းပါတယ် လုံထိန်းလည်းပါတယ် စွမ်းအားရှင်လည်းပါတယ် ကံ့ခိုင်ရေးလည်းပါတယ် တစ်ချို နေရာတွေ ဆိုရင် ခင်ဗျား ထောင်သားတွေပါ ပါတယ်
ယမန်နေ ၇ နာရီခန်က မနလေးမိုရှိ ပေါက်မိုင်ဘုန်းကီးကျောင်းတိုက်တွင် သံဃာတော်များ ဘုရားဝတ်ပြု နေစဉ် စစ်တပ် ရဲ လုံထိန်း ကံ့ဖွံများရောက်ရှိလာပီး သံဃာများကို ရိုက်နှက်ကာ အပါး ၄၀ ဖမ်းဆီးခေါ် ဆောင်သွားကောင်း သိရသည်

ဓမ္မနဲ့ အဓမ္မ တိုက်ပွဲ

အာဇာနည်တွေ နေတဲ့တိုင်းပြည်


အာဏာရှင်တွေက လွယ်လွယ်နဲ့ အခွင့်အရေးမပေးဘူးဆိုတာ သိပါတယ်။
ကိုယ့်အခွင့်အရေးကိုလည်း ကိုယ်တိုင်တိုက်ရမယ် ဆိုတာကိုလည်း ပြည်သူလူထုက သိပါတယ်။
ဘုရားသားတော်တွေကို မဟုတ်မမှန်စွပ်စွဲချက်တွေနဲ့ ပြစ်မှားနေတဲ့ အာဏာပိုင်တွေရဲ့ ကျဆုံးခန်းကတော့ မလွဲမသွေ ရောက်လာမှာပါ။
ဓမ္မနဲ့ အဓမ္မ တိုက်ပွဲ အဆုံးသတ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်....

Thursday, September 27, 2007

တိုင်းရင်းသားခေါင်းဆောင်နှင့် အဖွဲ့ချုပ် ပါတီဝင်တချို့ ဖမ်းဆီးခံရ

ယနေ့နံနက်အစောပိုင်းတွင် ဦးကျင်ရှင်းထန်၊ ဦးထောင်ခိုထန်း အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထိပ်ပိုင်းခေါင်းဆောင်အချို့ကို အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်။
ဦးကျင်ရှင်းထန်အား ဖမ်းဆီးသွားကြောင်းကို ၄င်း၏ မိသားစုဝင်တဦးက ယခုလို အတည်ပြုပြောသည်။
“ရဲအုပ်ခင်မောင်ဝင်းတဲ့ အဲဒါ သတင်းတပ်ဖွဲ့ကတဲ့ ။ ပြီးတော့ ဒု-ရဲမှူးရန်နိုင် သူတို့ ဦးဆောင်တာ ပေါ့။ ရပ်ကွက်ရုံးက လူနှစ်ယောက်နဲ့ (၇)ပေါ့။ ၂၇ ရက်နေ့ မနက်ပိုင်းပေါ့။ လေးနာရီ ဆယ့်ငါးမှာ အိမ်ကို ၀င်လာတယ်ဗျ။”
ဦးကျင်ရှင်းထန်းကိုလိုက်ပို့စဉ် ဦးထောင်ကိုထန်းလည်းကားပေါ်တွင်တွေ့ရသည်ဟု ဦးထောင်ကိုထန်း၏ မိသားစု ၀င်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမြင့်သိန်း ယမန်နေ့ညဥ့်ဦးပိုင်းတွင် အဖမ်းခံရသည်ဟု ဦးမြင့်သိန်း၏ မိသားစုဝင်တဦးက ပြောသည်။
“ဟုတ်ကဲ့ ညတစ်နာရီကလေ ညတစ်နာရီက လာခေါ်သွားတယ်။ မေးလို့ မရဘူး ဘယ်ကိုခေါ်သွားမှာ လဲနဲ့ ဘယ်သူဆိုတာလေ။ ဒီက ရယကနဲ့ သက်ဆိုင်ရာ မြို့နယ်က ရဲတွေတော့ ပါပါတယ်။”
အဲန်အယ်ဒီ ပါတီင်္မှ  ဧရာဝတီတိုင်းစည်းရုံးရေးမှူး ဦးလှဖေကိုလည်း ဖမ်းဆီးသွားခဲ့ကာ ကျောက်ပန်းတောင်း၊ ညောင်ဦးနှင့် အခြားမြို့များတွင်လည်း ဖမ်းဆီးမှုများရှိခဲ့ကြောင်း သိရသည်။
၂၅ရက် နေ့ညပိုင်းတွင် မန္တလေးတိုင်း မန္တလေးမြို့တွင် ဦးတင်အောင်အောင်၊ ဦးမျိုးနိုင်၊ ဦးခင်မောင်သောင်း၊ ကိုမြင့်စိုး၊ ကိုဇော်ဝင်းနှင့် ဇနီး မစန်းစန်းအေး၊ လူရွှင်တော် ပါပါလေး အပါအ၀င် (၇)ဦး၊ မိုးကုတ်မြို့တွင် ကိုမင်း သူ၊ မပွင့်ဖြူ၊ ဒေါ်သင်းသင်း သုံးဦး၊ မိတ္ထိလာတွင် စောမြင့်အေး၊ မကွေးမြို့တွင် ဦးမြင့်ဦးနှင့် ဦးမျိုးတင့်တို့ (၂)ဦး၊ ရေနံချောင်းမြို့တွင် ဦးသာထွန်းနှင့် ဦးတင်ကြိုင် နှစ်ဦး အပါအ၀င် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ပေါင်း ၁၅ ဦးကို အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယခုဖမ်းဆီးမှုများသည် ဆန္ဒပြသံဃာတော်များနှင့် ပြည်သူများကို အကြမ်းဖက် နှိပ်နင်းနေချိန် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဘုရားကားအောက် မျောက်ကားအထက်


အ၀ိစိဆိုတာ သိကြရဲ့လား.. သူတို့ အစား ကြက်သီးများ ထပါဘိ။ လူတွေမှရော ဟုတ်ကြရဲ့လား..။
 ခုနေ ဦးသန်းရွှေက ထိုင်ကန်တော့မယ်ဆိုရင်တောင် သူက ကိုယ့်ထက်ယုတ်ညံ့ပေမဲ့ အသက်ကြီးသူတော့ ဖြစ်တာမို့ အကန်တော့ မခံရဲပါ။ အခုတော့ ဘုန်းဘုန်းများရှေ့မှာ မတွန့်မတုံ့ အကန်တော့ ခံနေသူများရဲ့ အနာဂတ်ကို  ရှေ့လျှောက် စောင့်ကြည့် ချင်လိုက်တာ။

မြန်မာ့သမိုင်းမှာ အဆိုးဝါးဆုံးသော မှားယွင်းမှုကို နအဖက ကျူးလွန်ခဲ့လေပြီ..

မြန်မာ့သမိုင်းမှာ အဆိုးဝါးဆုံးသော မှားယွင်းမှုကို နအဖက ကျူးလွန်ခဲ့လေပြီ..
(၂၆၊၉၊၀၇)
undefined


အရိုက်ခံရလို့ ခေါင်းမှာ ဒဏ်ရာရနေတဲ့ ဘုန်းဘုန်း။ မျက်ရည်ယိုဗုံးပစ်စဉ် အခြေအနေကို ဒီနေ့ရတဲ့ပုံတွေက တဆင့် လက်ဆင့်ကမ်းလိုက်ပါတယ်။ ဗုဒ္ဒဘာသာနဲ့ ရဟန်းသံဃာတွေကို ဒီလိုဆက်ဆံသင့်ပါသလား?......

Wednesday, September 26, 2007

ကျော်သူနှင့် ကဗျာဆရာအောင်ဝေး တိမ်းရှောင်နေရ

ဆန္ဒပြသည့် သံဃာတော်များကို ဆွမ်းကပ်လှူခဲ့သော ရုပ်ရှင်သရုပ်ဆောင် ကျော်သူနှင့် ကဗျာဆရာ အောင်ဝေး တို့သည် အာဏာပိုင်များက ရှာဖွေဖမ်းဆီးနေသဖြင့် နေအိမ်မှ တိမ်းရှောင်နေသည်။
ယမန်နေ့ညက အဖြစ်အပျက်ကို ကျော်သူက ယခုလို ပြောသည်။
“ရဲက ၀င်တာကတော့ ကျနော် အိမ်ကို ဖုန်းဆက်တော့ အိမ်ကပြောတယ်။ တော်တော် မိုက်မိုက်ရိုင်း ရိုင်း ၀င်တယ်လို့ အဲလိုပြောတယ်ခင်ဗျား။ မိုက်မိုက်ရိုင်းရိုင်းနဲ့ဝင်တယ်ဆိုတာ ၀င်တဲ့သူကလည်း ၀င် တာပေါ့လေ။ ဒါပေမယ့် အားနာတဲ့ သူတွေကလည်း အားနာတဲ့ အလျှောက် အဲလိုပါတယ်ခင်ဗျား။ ကျ နော်တို့ကို အားလုံးရှာတယ်။ ရှာပြီး ကျနော်အဖေ အိမ်တွေမှာတောင် အားလုံးရှာတယ်။ ညနှစ်နာရီ လောက်လို့ ပြောတယ်ခင်ဗျား။ ”
ကျော်သူသည် ယမန့်နေ့ နေခင်းမှ စတင်၍ ၄င်း၏ နေအိမ်သို့ မပြန်တော့ဘဲ အခြား တနေရာတွင် တိမ်းရှောင် နေသည်။
မြန်မာပြည်တွင် လက်ရှိဖြစ်ပေါ်နေသောအကျပ်အတည်းများကို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် လက်ကိုင်ထားပြီး ဆက်လက်ဆန္ဒပြ တောင်းဆိုသွားမည်ဟု ကျော်သူက ပြောသည်။
“အခုချိန် သံဃာတွေလည်း ဖမ်းကုန်ပြီ။ ရိုက်တောင် ရိုက်တယ်ဆိုပြီး ပြောတယ်။ နှစ်ပါး လုံးဝ ခေါင်း ကွဲသွားတယ်တဲ့။ အဲဒါ ခေါ်သွားတယ်တဲ့။ အဲလို ကြားနေရတယ်။ ကျနော်တို့ ဒါ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျနော်တို့ တောင်းဆိုတဲ့အပိုင်းပဲရှိတယ်။ ကျနော်တို့ ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းရေးနည်းနဲ့ အဓိက ပဲခင်ဗျား။ ကျနော်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျနော်တို့ ပြည်သူတွေ အေးချမ်းဖို့ အဲဒီဟာကို ကျနော်တို့ အဓိကထားပါတယ်။
သံဃာတော်များ၏ ဆန္ဒပြပွဲများကို အားပေးထောက်ခံသူ နောက်တဦးဖြစ်သည့် ကဗျာဆရာအောင်ဝေးလည်း နေ အိမ်သို့ မပြန်ဘဲ တိမ်းရှောင်နေသည်။
ကဗျာဆရာ အောင်ဝေးက စစ်အစိုးရကဖိနှိပ်လာသည့် အခြေအနေတွင် ပြည်သူတရပ်လုံး စည်းလုံးကြရန် တိုက် တွန်းသည်။
“အပြတ်အောင်မြင်အောင်လုပ်ဖို့ဆိုရင် အဓိက အချက် သာသနာ့အလံတော်အောက်မှာ ကျနော်တို့ တိုင်းသူပြည်သားတခုလုံး စည်းလုံးညီညွှတ်စွာနဲ့ မားမားမတ်မတ်ရဲရဲရင့်ရင့် ရပ်တည်နိုင်ဖို့လိုပါတယ်။
အမျိုးသားရေး ဦးဝင်းနိုင်၊ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၊ လူရွှင်တော်တဖြစ် ဒါရိုက်တာ ဇာဂနာ ခေါ် ဦးသူရ၊ ကဗျာဆရာ အောင်ဝေး စသည့် အနုပညာသည်များသည် ဆန္ဒပြသည့် သံဃာတော်များကို နှစ်ရက်ဆက်လိုက် ဆွမ်းကပ် လှူဒါန်းခဲ့သည်။
သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခဲ့သည်အတွက် အမျိုးသားရေး ဦးဝင်းနိုင်နှင့် လူရွှင်တော် ဇာဂနာတို့အား ယမန်နေ့ညတွင် ၀င်ရောက်ဖမ်းသွားသည်။

မြစ်ကြီးနားနှင့် ဗန်းမော်တွင် ရာနှင့်ချီသော သံဃာတော်များအား ဖမ်းဆီး အကြမ်းဖက်ရိုက်နှက်မှုများ ရှိခဲ့

ယနေ နံနက် လင်းအားကီး အချိန်က စစ်သားများက ဗန်းမော်နှင့် မြစ်ကီးနားရှိ ဘုန်းကီးကျောင်း အချိုကို ၀င် ရောက် စီးနင်းခဲ့ပီး ရာနှင့် ချီသော သံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်
ယနေ ဗန်းမော်က ရသော သတင်းများ အရ ယခင်ရက်များက ဆနပြမများတွင် ဦးဆောင်ပါဝင်သော သိမ်တော်ကီးကျောင်းတိုက်မှ သံဃာ ၁၀၈ ပါးကို ယနေနံနက် လင်းအားကီးတွင် စစ်တပ်က ၀င်ရောက်ဖမ်းဆီးသွားခဲ့ သည်
ထွက်ပြေးရန်ကိုးစားသည့် သံဃာများနှင့် လိုက်ပါရန်ငြင်းဆန်သည့် သံဃာများအား စစ်တပ်က အကမ်းဖက် ရိုက်နှက်မများ ရှိသည်ဟု မိုခံ တဦးက ဆိုသည်
ဖမ်းဆီးသွားသော သံဃာများကို ဗန်းမော် အခြေစိုက် ခလရ ၂၃၆ တွင် ထိန်းသိမ်းထားသည်။
တချိန်တည်းမှာပင် မြစ်ကီးနားတွင်လည်း ခေမာသီရိကျောင်းတိုက်နှင့် ယုဇန ကျောင်းတိုက်များကို စစ်တပ်က ၀င်ရောက်စီးနင်းခဲ့သည် ယုဇန ကျောင်းတိုက်မှ သံဃာ အပါး ၉၀ နှင့် ခေမာသီရိကျောင်းတိုက်မှ သံဃာတော် ၄၂ ပါးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည် ၀န်းသိုကျောင်းတိုက်မှ သံဃာတော် ၂၉ မှာမူ ထွက်ပြေးတိမ်းရှောင် နေသည်ဟု သိရသည်
ဗန်းမော်တွင် ဆနပြပွဲတွင် ပါဝင်သော အရပ်သားများအားလည်း ဖမ်းဆီးမများ ရှိသည်ဟု သတင်းများ ထွက် ပေါ်နေသည်

၂၆ရက်နေ့ မြင်ကွင်း

ကျမတို့ တိုင်းပြည်မှာ မိစ္ဆာဒိဋ္ဌိတွေ .. အာဏာရူးတွေ .. ဟီရိသြတပ္ပ ကင်းမဲ့တဲ့သူတွေ .. ရက်စက်ယုတ်မာသူ တွေ.. ဖိနှိပ် အုပ်ချုပ်တာကို နောက်ထပ် ဘယ်လောက်ကြာကြာ ဆက်ပြီး ခေါင်းငုံ့ခံနေမလဲ..။ ကိုယ့် မျိုးဆက် သွေးသားတွေကို ဘယ်လို ဘ၀မျိုးနဲ့ ရှင်သန် ကြီးပြင်းစေမလဲ.. ဆိုတာ ပြတ်ပြတ်သားသား ရွေးချယ် ဆုံးဖြတ် ရမယ့်အချိန် ရောက်နေပါပြီ။ မိဘမကောင်း သားသမီးခေါင်း ဆိုတာလို၊ အစိုးရမကောင်းတဲ့အတွက် ပြည်သူလူထုပါ ညံ့ဖျင်းရာကျနေရတဲ့ ဘ၀တွေကို နောက်ထပ် ဘယ်လောက် ကြာကြာ လက်ခံ ရင်ဆိုင်ကြ မလဲ..။
ဒီအချိန်မှာ ဒီတိုက်ပွဲမှာ လက်လျှော့လိုက်ရရင် .. နောက်ထပ် အသက်ပေါင်းများစွာ.. မျိုးဆက်ပေါင်းများစွာ… နှစ်ပေါင်းများစွာ… အထပ်ထပ်ပေးရတော့မှာ သေချာနေပါပြီ။ နတ်မောက်ဆရာတော်ကြီး မိန့်သလို ကိုယ့်လက်ထက်မှာ ကြွေးကုန်အောင် ဆပ်ကြပါလို့ တောင်းပန်တိုက်တွန်းပါရစေတော့..။



ညမထွက်ရ အမိန့်ထုတ်လိုက်ပြီ

ဆနပြမှုကြီးထွားလာမကို ဟန်တားသည့် အနေဖြင့် မြန်မာအစိုးရက ရန်ကုန်နှင့် မနလေးမို့ကြီးနှစ်မိုမှာ ညမ ထွက်ရ လူ ၅ ယောက်ထက်ပိုမစုရ အမိန်ကို ထုတ်ပြန်လိုက်သည်
ယခုထုတ်ပြန်သော အမိန်ကို အစိုးရပိုင်သတင်းမီဒီယာများမှ ထုတ်လင့်ဖော်ပြခဲ့ခြင်းမဟုတ်ပဲ ကားများဖြင့် လှည့် လည် ကျေညာခဲ့ခြင်းဖြစ်သည်
ကာဖျူးက ဒီကနေ အချိန်မတော်မှာ ထုတ်လိုက်တာလေ အမိန်တခုအနေနဲ ထုတ်လိုက်တာ ကား တွေနဲ လှည့်ပီး အော်တာ ဟု ရန်ကုန်မိုခံ တဦးက ယမန်နေညနက်ပိုင်းက ပြောပြသည်
ယခုထုတ်ပြန်သော အမိန်တွင် ရန်ကုန် မနလေးမို့ကြီးများ ၉ နာရီမှ မနက် ၅ နာရီ အတွင်း အိမ်ပြင်မ ထွက်ရန်နှင့် လူ ၅ ယောက်ထက်ပို မစုရန် ဖော်ပြထားသည်

ဗုဒ္ဓဘာသာ မြန်မာ့သမိုင်း ဒီနေ့ ရိုင်းပြီ

ဗုဒ္ဓဘာသာ မြန်မာ့သမိုင်း ဒီနေ့ ရိုင်းပြီ
(၂၆၊၉၊၀၇)




ဒီပုံတွေ မြင်ပြီး အံ့သြခဲ့တယ်။ ထိတ်လန့်ခဲ့တယ်.....။
သံဃာတော်တွေ ပြည်သူလူထုတွေ ....
နောက်မတွန့်ဘူး.... သိပ်လေးစားစရာ ဂုဏ်ယူစရာကောင်းတဲ့ စိတ်ဓါတ်တွေနဲ့...
နောက် နာကျည်းဒေါသထွက်မိတယ်။ ငါတို့နိုင်ငံဟာ ဒီလောက်တောင် ဖြစ်သွားပြီလား...
ကမ္ဘာပေါ်က ဘာသာကြီး ၄ မျိုးထဲမှာ ဒီလို အဖြစ်မျိုး ဘယ်ဘာသာမှာဖြစ်ဖူးသလဲ....
အော်... မှားပြီးရင်းမှားနေပါလား နအဖရယ်......

Tuesday, September 25, 2007

သံဃာများနှင့် လူထု ဆန္ဒမပြရန် အစိုးရမှ စတင် တားမြစ်

ယခုဖြစ်ပွားနေသည့် ဆန္ဒပြမှုများသည် ပြည်သူလူထု စားဝတ်နေရေးကြပ်တည်းမှုကို ဖြစ်ပေါ်စေ၍ ရဟန်းသံဃာ တော်များအနေဖြင့် ဆန္ဒပြပွဲတွင် မပါဝင်ကြရန် မန္တလေးမြို့တွင် ယမန်နေ့ညပိုင်းက ရပ်ကွက် အေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက စာရွက်များ လိုက်လံဖြန့်ဝေခဲ့သည်၊
သံဃာထုများ သတိပေးသည့် စာရွက်လိုက်ဖြန့်ပုံကို မန္တလေးမြို့ခံတဦးက ယခုလိုပြောသည်။
“မနေ့ညက ၁၁ နာရီခွဲမှာ သံဃာတွေ မပါဖို့ စာ လိုက်ကြဲတယ်လေ။ လောလောဆယ် မနေ့ညက ရေဒီယိုမှာပါတဲ့ ဟာတွေကို စာရိုက်ပြီးတော့ ရ၀တ က လိုက်ဝေနေတယ်။ လောလောဆယ် ဒီမနက်။ ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းမယ်ပေါ့ဗျာ။ ဆူပူမှုရောက်သွားမယ်ဆိုတဲ့ စာမျိုးတွေ၊ မနေ့ ညက ည ၁၁ နာရီခွဲမှာ ကြဲတယ်။ ”
ရန်ကုန်မြို့တွင်လည်း မြန်မာအာဏာပိုင်များက လော်စပီကာများဖြင့် သံဃာတော်များနှင့် ပြည်သူများကို ဆန္ဒ ပြပွဲများ မပြုလုပ်ရန် မော်တော်များဖြင့် လှည့်လည်၍ သတိပေးနေကြောင်း၊ မလိုက်နာပါက ပုဒ်မ ၁၂၇အရ အရေးယူမည်ဟု ကြေညာနေကြောင်း  ရန်ကုန်မြို့ခံတဦးကပြောသည်။
ယင်းသို့ကြေညာချက်များကို အစိုးရ၏ ရေဒီယိုမှ ယနေ့နေ့ခင်း သတင်းတွင်လည်း ကြေညာခဲ့သည်။
သာသနာရေးဝန်ကြီးသူရမြင့်မောင်က လက်ရှိနိုင်ငံရေးအခြေအနေသည် ၁၉၈၈ခုနှစ် လူထုအုံကြွမှုကဲ့သို့ ဖြစ်လာ နေ၍ သံဃာတော်များဆန္ဒပြမှုကို တားဆီးရန် သံဃမဟာနာယက ဆရာတော်ကြီးများအား ယမန်နေ့က လျှောက်ထားပြီးနောက်တွင် ယခုကဲ့သို့ တားမြစ်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ယခုအခါ ရန်ကုန်မြို့၏ နေရာအနှံအပြားတွင် လက်နက်ကိုင်လုံခြုံရေးများချထားနေသည်။

မိုးညှင်းသံဃာတော်များ ပထမဆုံးအကြိမ် ဆန္ဒပြ


မြန်မာအစိုးရက ဆနပြသူများအား သတိပေးချက် ထုတ်ပြန်လိုက်သော်လည်း ကချင်ပြည်နယ်အတွင်း တတိယ မြောက်အဖြစ် မိုးညှင်းမိုတွင် သံဃာတော်များက ပထမဆုံးအကိမ် မေတာသုတ်ရွတ်ကာ မိုတွင်း စီတန်းလှည့် လည် ဆနပြခဲ့ပီး ဒေသခံလူထုကလည်း နောက်မှ ပါဝင် ပူးပေါင်းခဲ့သည်
မျက်မြင်သက်သေ မိုှးင်းမိုသားတဦးက အခုလို ပြောသည်
ဟုတ်ပါတယ် တနာရီလောက် ဖြစ်တာပါ သံဃာအင်အား ခြောက်ဆယ်ကျော် ခုနှစ်ဆယ်လောက် ရှိမယ်ထင်ပါတယ် မိုှးင်းမိုအနောက်ဘက်မှာရှိတဲ့ ပညာရောင်ခြည်စာသင်တိုင်က စလုပ်တာပါ သံဃာ့ အလံတော်လည်းပါတယ် မေတာပိုတဲ့ဥစာရွတ်ဆိုပီးတော့ သွားကတာပါ အခုပညာရောင် ခြည်စာသင်တိုက်ဆိုတာက မိုှးင်းမိုရဲ (နန်ရင်းချောင်း) ချောင်းအနောက်ဘက်ခြမ်းမှာရှိတဲ့ ပညာ ရောင်ခြည် စာသင်တိုက်က သံဃာတွေဟာ နေတနာရီမှာ မေတာပိုတဲ့ဟာတွေရွတ်ဆိုပီး မီးရထား ဘူတာရုံဘက်က ဖြတ်လာ နားခါတောင်ရပ်ကွက်ကို ဖြတ် အမှတ်(၁)ဈေး တောင်ဘက်ခြမ်းကနေ ချီတက်လာပါတယ် ဟု မိုှးင်းမိုသားက ပြောသည်
လမ်းတလျောက်တွင် ဒေသခံလူထုက လက်အုပ်ချီ ရှိခိုးခြင်း လက်ခုတ်တီး အားပေးခြင်း ဖျော်ရည် ရေသန်ဗူး ကပ်လှူခြင်းများ လုပ်ကာ အားပေးခဲ့သည်ဟု ၄င်းကပြောသည်
လိုက်ပါကတဲ့ပရိတ်သတ်က ရာထောင်ချီပီး လိုက်ပါတဲ့အကောင်း သိရတယ် ကျနော်တို ဒီဘက်က လိုက်သွား တဲ့ သူတွေတောင် အခုထိ ပြန်မရောက်သေးဘူး ပထမဆုံးအကိမ်ပါဘဲ ကျနော်တို တော့ဖြင့် ကချင်ပြည်နယ်မှာ ဗုဒဘာသာအထွန်းကားဆုံး မိုးညှင်းမိုမှာ ဖြစ်မှ ဖြစ်ပါ့မလားလို စိတ် ထဲမှာ အောင်းမေ့မိတယ် သိုသော်လည်း အခုလို ဖြစ်လာတဲ့ခါကျတော့ ကျနော်တို မိုသူမိုသား ရပ်ကွက်သူရပ်ကွက်သားတွေ ကည်နူးမဆုံးပေါ့ဗျာ လှိုက်လှုက်လှဲလှဲ ကည်နူးမဆုံး ဖြစ်ရပါတယ် ဟု မိုှးင်းသားက ပြောသည်
ကချင်ပြည်နယ်အတွင်း  အခုလ(၂၃)ရက်နေက ဗန်းမော်နှင့် မြစ်ကီးနားမိုတွင် သံဃာတော်များ စီတန်းလမ်း လျောက်မများ လုပ်ခဲ့ပီးနောက်ပိုင်း တတိယမြောက်မိုအဖြစ် သံဃာတော်စီတန်းလမ်းလျောက်မပေါ်ပေါက် လာခြင်း ဖြစ်သည်

မြစ်ကြီးနားတွင် သံဃာတော်များ ဆန္ဒပြ၊ ဓါတ်ပုံလိုက်ရိုက်သူ ကျောင်းဆရာတဦး အဖမ်းခံရ

ကချင်ပြည်နယ် ဗန်မော်မိုရှိ သံဃာများစုပေါင်းပီး ဗန်မော်မိုတွင်းသို ကချင်ပြည်နယ်အတွင်း ၁၉၈၈ နောက် ပိုင်း ပထမဆုံးအကိမ် မေတာပိုလမ်းလျှောက် ဆနပြခဲ့ကသည်
ဗန်မော်မိုရှိ သိမ်တော်ကီးဘုရားတွင် သံဃာအပါး ၃၀၀ ခန် စုရုံးပီး မိုထဲသို မေတာသုတ် မောရသုတ်များ အရပ်ဆယ်မျက်နှာသို သံပိုင်ရွတ်ဖတ်ကပီး ကွချီမေတာပိုဆုတောင်း ကခြင်း ဖြစ်သည်ဟု သိမ်တော်ကီးကျောင်းမှ သံဃာတစ်ပါးက ပြောသည်
ဦးဇင်းတိုကတော့ အဓိက ကတော့ အေးဆေးစွာ ဆနပြတဲ့အနေနဲပါပဲ။ ဦးဇင်းတိုက နိုင်ငံရေးဦး တည်တာမဟုတ် ဘူးလေ။ နိုင်ငံရေး ဦးတည်တာ မဟုတ်ပဲနဲ ဦးဇင်းတိုက ရိုးရိုး ဦးဇင်းတိုရဲ့ ပတနိကုဇနကို ဦးဇင်းတို ဗန်မော်ရှိတဲ့ သံဃာအားလုံးကနေပီးတော့ ဆနမဲပေးတဲ့အနေနဲ ဦးဇင်း တိုက မိုထဲထွက်တာပါ
လမ်းလျှောက်ဆနပြမှုကို သိမ်တော်ကီးဘုရားမှ ဈေးဖက်သို စတင်ဦးတည်ထွက်သွားကပီး ဈေးဖက်မှတဆင့် အစိုးရရုံးရှေ ထိုမှတဆင့် ဆေးရုံဖက်သို လမ်းလျှောက်သွားကပီး မို တရုတ်တန်းဖက်သို တစ်ပတ် ပတ် လျှောက်ခဲ့ကကာ ဘုရားသို ၀၇း ၁၅ မိနစ်ခန်တွင် ပြန်လည်ရောက်ရှိလာပီး လူစုခွဲခဲ့ကသည်
အစိုးရ အာာပိုင်များက အရပ်ဝတ်များဖြင့်သာလုံခုံရေးချထားပီး စောင့်ကည့်ခြင်း ဓါတ်ပုံရိုက်ခြင်း မျှသာရှိခဲ့ပီး ၀င်ရောက်နှောက်ယှက် ဟန်တားမှုများမရှိဟု သိရသည်
ယခုလို မေတာပို လမ်းလျှောက်ဆနပြမှုတွင် ရဟန်းသံဃာများသာမက ပြည်သူလူထုများလည်း ပါဝင်ရန်လိုအပ် ကာင်း သိမ်တော်ကီးကျောင်းမှ သံဃာတစ်ပါးမှ ဆက်လက် မိန့်ကြားသည်
ဦးဇင်းတိုက ကနေက ဗန်မော်က ကနေမှ သံဃာတွေက စတာဆိုတော့ ဦးဇင်းတိုကလည်း ပြည်သူ တွေကို မလိုက်ဖို ဦးဇင်းတိုက တားထားတာပေါ့။ ကနေတော့မလိုက်နဲအုံးပေါ့ဦးဇင်းတိုကတော့။ တချိုတ၀က်တော့ နည်းနည်းပါးပါးတော့ လိုက်လာကတာရှိပါတယ် ဆိုင်ကယ်တွေနဲလေ။ ဒါပေမဲ့ နောက်ရက်တွေကတော့ ဦးဇင်းတို အနေနဲ ပြောချင်တာကတော့ ပြည်သူတွေလည်းပေါ့ ဘုန်ကီး တွေလိုပေါ့လေ သံဃာတွေနဲအတူ လိုက်စေချင်တယ်လိုပဲ ဦးဇင်းက ပြောချင်တာကို။ အဲ့လိုလိုက် ပါလာမှလည်းကောင်းမှာကို ဟုတ်လား
ပြည်သူလူထု အနည်းငယ်က မေတာပို စီတန်းလမ်းလျှောက်သွားကသည့် ရဟန်းသံဃာများကို ဆိုင်ကယ်များ နှင့် လိုက် လမ်းရှင်းပေးခြင်း ရေသန်ဘူးများ ကပ်လှူခြင်းများ အားပေးကူညီခဲ့သည်ဟုသိရသည်

ကော့သောင်းတွင် ဒုတိယနေ့ဆက်လက်ဆန္ဒပြ


မြန်မာနိုင်ငံတောင်ဖက်စွန်းရှိ ကော့သောင်းမိုတွင် သံဃာနှင့်ပြည်သူများပူးပေါင်း ဒုတိယနေအဖြစ်ဆက်လက် ဆနပြလမ်းလျှောက်ခဲ့ကသည်
ယနေ နေလည် ၁ နာရီခန်က ကော့သောင်းမို ပြည်တော်အေးဘုရားတွင် ရဟန်းသံဃာ အပါး ၄၀ ကျော်က ပရိတ်ရွတ်ဆုတောင်းမှုများ ပြုလုပ်ပီး မိုတွင်းသို စတင်လမ်းလျှောက်ခဲ့ခြင်းဖြစ်ကောင်း ကော့သောင်းမိုခံ တစ်ဦးမှ ပြောသည်
ဘုရားပေါ်ကနေဆင်းရော ဆင်းပီးလိုရှိရင် ရေမင်းဝံရပ်ကွက်ကိုသွားတယ်။ သွားပီးတော့ အဲ့ဒီဖက်က နေလှည့်ပီး တော့ တစ်မိုင်ဖက်ကိုသွားတယ်၊ တစ်မိုင်က အောင်သုခ၀င်း အောင်သုခရပ်ကွက် ဖက်ကိုသွားတယ်၊ အောင်သုခ ဖက်ကနေပြန်ပီးတော့ လမ်းမကီးအတိုင်း ပြန်လာတယ်အဲ့လို။ အခု တစ်ခါ ရေဟင်္သာ ဖက်ကို လာတယ်။ ဆိုင်းဘုတ်တော့မကိုင်ထားဘူး။ ဘုန်ကီးက ဘုရားပုံတော်တော့ ကိုင်ထားတယ်၊ ဘုန်းကီးတွေက ပရိတ်ရွတ်ပီးသွားတယ်။ မေတာသုတ်ရွတ်ပီးတော့ သွားတယ်၊ ပီး တော့ သာသနာ့အလံကိုင်ထားတယ် ဒါပဲ
လမ်းလျှောက်ဆနပြမှုတွင် ပြည်သူ ၁၅၀ ခန်က သံဃာများနှင့်အတူ လမ်းလျှောက်ခဲ့သူများရှိသလို ဆိုင်ကယ် များနှင့်လည်း လိုက်ခဲ့ကပီး လမ်ဘေးတစ်လျှောက်ရှိ ပြည်သူများက ရေသန်ဘူးများ ကပ်လှူခဲ့ကသည်
ကော့သောင်းမိုရှိ စစ်အစိုးရ အာာပိုင်များက တစုံတရာ တားဆီးနှောက်ယှက်ခြင်း မရှိဘဲ လမ်းလျှောက်ခြင်း ကို ၃ နာရီခွဲတွင် ရပ်နားခဲ့သည်ဟုလည်း သိရသည်
ငိမ်းချမ်းစွာ မေတာသုတ်ရွတ်ဆိုပီး ကွချီဆနပြခဲ့သည့် ပခုက သံဃာတော်များအပေါ် အာာပိုင်များကကမ်းဖက် ဖမ်းဆီးရိုက်နှက်ခဲ့သည်ကို ၀န်ချတောင်းပန်ရန် သံဃာတော်များ တောင်းဆိုချက်ကို အစိုးရက မလိုက်နာသဖြင့် သံဃာတော်များ ပတနိကုဇန ကံဆောင် သပိတ်မှောက်ခဲ့သည်မှာ ရှစ်ရက်မြောက် ခဲ့ပီဖြစ် သည်
မြန်မာအစိုးရက သံဃာတော်များနှင့်ပြည်သူများကို ဆနပြပွဲများဆက်လက်မပြုလုပ်ရန် နှင့် မလိုက်နာပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု  ရေဒီယို ရုပ်မြင်သံကားနှင့် သတင်းစာများမှ ကေညာခဲ့သော်လည်း မြန်မာ ပြည်အနှံတွင် ဆနပြမများ ဆက်လက် ဖြစ်ပွားနေသည်

သံဃာတော်တွေ နောက်ကနေ သတ္တိရှိရှိ လိုက်ပါခဲ့ကြသူများ

သံဃာတော်တွေ နောက်ကနေ သတ္တိရှိရှိ လိုက်ပါခဲ့ကြသူအားလုံးကို လေးစားစွာ မှတ်တမ်းတင် ကျေးဇူးတင်ပါတယ်။