မန္တလးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အဲန်အယ်လ်ဒီ)၏ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်ဝင်းမြမြ ကို အာဏာ ပိုင်များက ယမန်နေ့ညတွင် ဖမ်းဆီးသွားသည်။
“မနေ့ညကပေါ့နော်။ မန္တလေးတိုင်းရဲအဖွဲ့ ဒု-ရဲအုပ် ထွန်းလွင်နောင် သူနဲ့အပါအ၀င် ဆယ်ဦးလောက် က အရပ်ဝတ်နဲ့ပေါ့လေ။ ညဆယ့်တစ်နာရီလောက်မှာ ရယကနဲ့ အိမ်ရောက်လာပါတယ်။ ရောက်လာ ပြီးမှ ဒေါ်ဝင်းမြမြကို တွေ့ချင်ပါတယ်။ ဘာကိစ္စတုန်းဆိုတော့ သူတို့က အထက်က မေးမြန်းစရာရှိ လို့ပါလို့ ပြောတယ်။ အဲဒါနဲ့ ဒေါ်ဝင်းမြမြက အဲဒါဆိုရင်တော့ ထောင်ကိုခေါ်သွားမှာလား ဘယ်ကို ခေါ်သွားမလဲ မေးတော့ အဲဒါတော့ သူတို့ မသိဘူးပါဘူးလို့ ပြောပါတယ်။ အိမ်မှာလည်း သူတို့ဝင် ရှာဖွေတဲ့အခါမှာ ဘာမှလည်း တွေ့မသွားပါဘူး။ သူတို့လာခေါ်ချိန်က ဒေါ်ဝင်းမြမြက ဘုရားဝတ်ပြု နေလို့ သူတို့တောင်မှ ခဏထိုင်စောင့် ရပါသေးတယ်။ ခေါ်သွားတော့လည်း မီဘရှီ ပစ်ကပ်ကား အဖြူရောင် ဒ/၆၄၃၀ ကားနဲ့ ခေါ်သွားတာ ဖြစ်ပါတယ်။” ဟု ဒေါ်ဝင်းမြမြ၏ အစ်ကိုဖြစ်သူ ဦးဘစိုးက ပြောသည်။
မန္တလေးမြို့မှ အခြားအဲန်အယ်လ်ဒီအဖွဲ့ဝင်များကို ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း သတင်းထွက်ပေါ် လာသော်လည်း အတည်ပြုချက်မရရှိသေးပေ။
ယခုလ ၂၆ ရက်နေ့ညတွင် အဲန်အယ်လ်ဒီ ခေါင်းဆောင်များဖြစ်သည့် ဦးလှဖေ၊ ဦမြင့်သိန်းနှင့် အခြားတိုင်းရင်း သား ခေါင်းဆောင်များဖြစ်သည့် ဦးထောင်ခိုထန်းနှင့် ဦးပုကျင်ရှင်းထန်တို့ လေးဦးကို ဖမ်းဆီးခဲ့ပြီး ယင်းဖမ်းဆီးမှု ကို နိုင်ငံတော်အတွင်း ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှု များနှင့် လက်ရှိဖြစ်ပေါ်နေသော ဆူပူအုံကြွမှုများနှင့် ပတ် သက်၍ စစ်ဆေးမေးမြန်းရန် လိုအပ်သဖြင့် သက်ဆိုင်ရာက ခေါ်ယူထားကြောင်း စစ်အစိုးရက သတင်းထုတ် ထုတ်လွှင့်ခဲ့သည်။
ယခုလအတွင်း မြန်မာပြည်အနှံ့ ရန်ကုန်၊ မန္တလေး၊ မိုးကုတ်၊ မကွေး၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မိတ္ထီလာ၊ ညောင်ဦး စသည်မြို့ကြီးများမှ အဲန်အယ်လ်ဒီ ပါတီဝင်ပေါင်း ၂၀ ကျော်တို့ကို နအဖ စစ်အာဏာရှင် တို့က ဖမ်းဆီး ထိန်းသိမ်းထားသည်။
အဲန်အယ်လ်ဒီပါတီဝင်များကို ဖမ်းဆီးနေချိန်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည့် သံဃာတော်နှင့် ပြည်သူများ ကိုလည်း စစ်တပ်က အကြမ်းဖက် သတ်ဖြတ်နေသလို ဖမ်းဆီးမှုများလည်း ပြုလုပ်နေသည်။