Sunday, September 09, 2007

ပခုက္ကူကျူးလွန်မှုများ ၀န်ချတောင်းပန်ရန် သံဃာများ တောင်းဆို - တောင်းဆိုချက်များ မပြည့်ဝပါက သပိတ်မှောက် ကံဆောင်မည်


မြန်မာနိုင်ငံအတွင်းရှိ သံဃာ့အဖွဲအစည်းများစုပေါင်း အစိုးရအနေဖြင့် သံဃာများကို ၀န်ချတောင်းပန်ရန် ဆုံး ဖြတ်ချက်ချမှတ်လိုက်ပီး မလိုက်နာပါက ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်သွားမည်ဟု ကျေညာချက် ထုတ် ပြန်လိုက်သည်
သံဃာအဖွဲအစည်းအသီးသီးမှ သံဃာတော်များ နှစ်ရက်ကာ တွေဆုံဆွေးနွေးပီးနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲမှ တောင်းဆိုချက် ၄ ချက်ပါ ကျေညာချက်ထုတ်ပြန် လိုက်ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ လုံးဆိုင်ရာ သံဃာ့သမဂ္ဂီအဖွဲချုပ် မနလေးတာဝန်ခံ ဦးခေမိနက မိန့်ကြားသည်
အချက်လေးချက်ကို ဦးပဥင်းတို တောင်းဆိုတယ် တောင်းဆိုတာတွေ မရရင် နောက်ပိုင်းကျတော့ သပိတ်မှောက်ကံဆောင်ကတော့မှာပဲလေ
အစိုးရအား တုန်ပြန်ရန် ၁၀ ရက်အချိန်ပေးထားပီး လိုက်လျောခြင်းမရှိပါက စက်တင်ဘာ ၁၈ ရက်မှ စသပိတ် မှောက်ကံဆောင်မည်ဟု သံဃာများက မိန့်ကြားသည်
သံဃာများ တောင်းဆိုချက်များကို ဦးခေမိနက ဖတ်ကားပြခဲ့သည်
နအဖစစ်အစိုးရမှ ပခုကူသံဃာတော်များအား ကျေအေးခွင့်လတ်သည်အထိ ၀န်ချတောင်းပန်ရန်။
လက်ရှိမြင့်တက်နေသော ကုန်ဈေးနှုန်းလောင်စာဆီဈေးနှုန်းများ ချက်ချင်းလျော့ချပေးရန်။
ဒေါ်အောင်ဆန်းစုကည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးနှင့် ဆနပြပွဲများတွင် ဖမ်းဆီးခံ ထားရသူများကို ချက်ချင်းပြန်လတ်ပေးရန်။
လူထု အထွေထွေကပ်အတည်းများကို ဖြေရှင်းရန်အတွက် နအဖ စစ်အစိုးရမှ ဒီမိုကရေစီ အင်အားစုများနှင့် တွေဆုံဆွေးနွေးပီး အမျိုးသားပြန်လည်သင့်မြတ်ရေး ချက်ချင်းပြုလုပ်ပေးရန်
သံဃာများအနေဖြင့် သံဃာ့နာယက ဆရာတော်ကီးအချိုကိုလည်း လျောက်ထားပီးဖြစ်သည်ဟု ဦးခေမိနက မိန်သည်
မြန်မာအစိုးရကမူ ပခုကအဖြစ်အပျက်တွင် သံဃာများအား ရိုက်နှက်ခြင်း ဖမ်းဆီးခြင်း မပြုလုပ်ခဲ့ကောင်း ယမန် နေက အစိုးရသတင်းစာနှင့် ရုပ်မြင်သံကားများတွင် တုန်ပြန်ပြောဆိုခဲ့သည်
ယခုပြုလုပ်ခဲ့သော အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများအဖွဲချုပ် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့သမဂ္ဂီများ အဖွဲချုပ် ရဟန်းပျို သမဂ(ရန်ကုန်)နှင့် အခြားသံဃာအဖွဲများ ပါဝင်တက်ရောက်ခဲ့ကသည်
သံဃာများအနေဖြင့် ၁၉၉၁-၉၂ သပိတ်မှောက်ကံဆောင်စဉ်က အားနည်းချက်များကို သင်္ခန်းစာယူ ယခုတကိမ်တွင် ဖြိုခွဲခြင်းမခံရရေးအတွက် ပြင်ဆင်ဆောင်ရွက်သွားမည်ဟု သံဃာအဖွဲချုပ်က ပြောသည်