ပခုက္ကူမြို့ရှိ ရဟန်းသံဃာများအပေါ် အကြမ်းဖက်ခဲ့မှုနှင့် ပတ်သက်ပြီး မြန်မာစစ်အစိုးရအား ၁၇ ရက်နေ့ နောက် ဆုံးထား၍ သံဃာတော်များကို လူသိရှင်ကြား ၀န်ချတောင်းပန်ရန် တောင်းဆိုထားမှုကို လိုက်နာ ခြင်းမရှိသည့် အတွက် ကံဆောင်မှုကို စတင်လိုက်ပြီဟု သံဃာထုကိုယ်စားပြုအဖွဲ့က ယနေ့ကြေညာသည်။
ယနေ့ နေ့လည် ၁၂ နာရီက ပတ္တနိက္ကုဇ္ဇနကံ ဆောင်ရန်အတွက် ကမ္မ၀ါ ဖတ်ခြင်းကို ရန်ကုန်မြို့ရှိ ကျောင်းတိုက် တစ်ခုတွင် သံဃာ အပါး ၅၀ ခန့်ဖြင့်စုပေါင်းပြုလုပ်ခဲ့ပြီး နအဖ စစ်အစိုးရမှ အမှန်ကို အမှန်အတိုင်း ပြန်မြင်ခြင်း မရှိသရွေ့ ရုတ်သိမ်းမည်မဟုတ် ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက ပြောကြားသည်။
သံဃတပ်ပေါင်းစု၏ ပြန်ကြားရေးတာဝန်ခံ သံဃာတော်က ဒီမှာ ဖတ်ပြီးကြပြီ။ ဆယ့်နှစ်နာရီ တိတိမှာပဲဗျ ဒါကာတော်။ သတ်မှတ်ထားတဲ့အတိုင်းလုပ်ကြမယ်ဆိုပြီးတော့ ဒီနေ့ ဒါ ၁၈ ရက်နေ့ အဲ ၁၈ ရက်နေ့ ၁၂ နာရီကနေစပြီးတော့ ၁၉ ။ ၂၀ ၊ ၂၀ ရက်နေ့အထိပေါ့နော်။ သုံးရက်တိတိလုပ်မယ်။ ဟု မိန့်ကြား သည်။
ယခုကံဆောင်မှု ကို မြန်မာသာမက ကမ္ဘာပေါ်ရှိ သံဃာတော်ထု တရပ်လုံးကပြုလုပ်ကြခြင်းဖြစ်ပြီး စစ်အစိုးရ အာ ဏာပိုင်အဖွဲ့အဆင့်ဆင့် သာမက၊ စစ်အာဏာရှင်စနစ်တည်မြဲရေး ၀ိုင်းဝန်းကြိုးပမ်းနေကြသော စစ်အစိုးရ လက် အောက်ခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် စွမ်းအားရှင်အဖွဲ့တို့အပေါ်သက်ရောက်မှုရှိမည် ဟုသိရသည်။
သူတို့နဲ့ ဦးဇင်းတို့နဲ့ ဒီစည်းခြားလိုက်ပြီးပေါ့နော့်၊ စည်းခြားလိုက်ပြီး။ သံဃာထုနဲ့ နအဖ စစ်အုပ်စုနဲ့ စည်းတော့ ခြားသွားပြီဗျ။ သူတို့ကို သာသနာရဲ့အပြင်ကို ဆွဲထုတ်ထား လိုက်တာ ခဏ။ သူတို့ အမှား ကို အမှားလို့ မမြင်မခြင်း။ အမှန်ကို အမှန်လို့ မမြင်မခြင်း ဒါက အဲ့လိုမျိုး ဝေဖန်မသုံးသပ်မနိုင်မခြင်း လိမ္မာယဉ်ကျေးမှု ဖြစ်ပြီးတော့ မလာမခြင်း အဲ့ဒါ ဦးဇင်းတို့ကတော့ ဒီကံကို ဥက္ကုဇ္ဇန ပြန်ပြီးတော့ မလုပ်နိုင်ဘူး။ ဒါက ဗုဒ္ဓအဆုံးအမအရဖြစ်ပါတယ်။ ဟု ၄င်းသံဃာတော်ကဆက်၍မိန့်ကြားသည်။
မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၈၀ ကျော်မှ ရဟန်းပျိုသမဂ္ဂ တပ်ပေါင်းစုအဖွဲ့ဝင်များ သည် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက် ကမ္မ၀ါ ဖတ်ခြင်းများကို ပြုလုပ်ကြမည့်အပြင် နိုင်ငံတကာရောက် ရဟန်းသံဃာများမှလည်း မိမိနေ ရာဒေသအလိုက် ပါဝင်သပိတ်မှောက်ဆန္ဒပြကြသည့်အတွက် မြန်မာနိုင်ငံ ပတ္တနိက္ကုဇ္ဇနကံ မဟုတ် ကမ္ဘာ့ ပတ္တနိ က္ကုဇ္ဇန ကံဆောင်မှုဖြစ်သည်ဟုပြောသည်။
ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာတွေ အများကြီး ဖြန့်ထားတယ်။ ဖြန့်ထားတော့ ဆရာတော်တွေ သံဃာတော် တွေ ကလည်းပဲ ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းပြီးတော့ ဒီကိစ္စကို ဒါဝိုင်းဝန်းလုပ်ကြတဲ့ မြန်မာပြည်အရပ် ရပ်က ဆရာတော်တွေ ကမ္ဘာအရပ်ရပ်ကဆရာတော်တွေက အင်တာနက်နဲ့ပို့တယ် ဦးဇင်းတို့ဒီ လက် ဆင့်ကမ်းတယ် အခြားစနစ်တွေနဲ့သွားတယ်။ ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာကို အဲ့တော့ အောင်မြင်ပါတယ်။ ဟု အဆိုပါသံဃာတော်က မိန့်ကြားသည်။