Friday, May 30, 2008

ရဲနှင့် ကြံ့ဖွံ့မိသားစုများ လေဘေး ဒုက္ခသည် အယောင်ဆောင်


ပြည်ပ အလှူရှင်များ ကယ်ဆယ်ရေး အဖွဲများလာရောက်ချိန်တွင် နာဂစ်မုန်တိုင်းကောင့် ဘုန်းကီးကျောင်းများ တွင် ခိုလှုံနေသည့် ဒုကသည်များအား နေရပ်သို ပြန်လတ်ပီး ရဲနှင့် ကံခိုင်ဖွံ့ဖြိုးရေး အဖွဲဝင် မိသားစုများက ဒုကသည်ယောင်ဆောင် အကူအညီများ လက်ခံရယူနေကသည်ဟု ကွမ်းခံကုန်းသို ရောက်ခဲ့သော ပုဂလိက အလှူရှင်တဦးက ပြောသည်
ကယ်ဆယ်ရေးသမားတွေလာရင် ခရပ်ခိုင်းထားပီး သူတိုလုပ်စရာရှိတာကို အရင်လုပ်ကတယ် လာမယ်ဆိုမှ အလောတကီး စီစဉ်တဲ့သဘောပဲ မဟုတ်တာတွေကို လုပ်နေတဲ့ သဘောဗျ ဒုကသည် တွေကို ကိုယ့်အိမ်ကို ပြန်ခိုင်းကတယ်လေ သူတို အစားထိုးပီး ဒုကသည်ယောင်ဆောင်ခိုင်းတာ ကွမ်းခံကုန်းကျောင်း ထဲမှာလည်း အစိုးရဘက်က ပေးတာတွေကတော့ ဘာတစ်ခုမှ မတွေဘူး။”
ယခုအခါ ရန်ကုန်မှ ကွမ်းခံကုန်းသို သွားရာကားလမ်းဘေးတလျှောက်တွင် အလှူရှင်များ ကို စောင့်နေသည့် လေဘေးဒုကသည်များ မတွေရပဲ ရဲနှင့် ကံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင် များသာ တွေရှိသည်ဟု ယမန်နေက သွားရောက်ခဲ့သည့် အလှူရှင် တဦးကပြောသည်
ကျနော်ကွမ်းခံကုန်းဘက်ကို ရောက်သွားတယ် အရင်ဒုကသည်တွေ လမ်းဘေးမှာ မရှိတော့ဘူး အဲလူတွေ အစား ဘယ်သူတွေရောက်လဲဆိုတော့ ရဲတွေကို ထားထားတယ် ရဲတွေက လမ်းမှာ မနေပဲ နဲ လာတဲ့သူတွေကို ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ်ဆိုပီး ခြိမ်းခြောက်တယ်
တရုတ်နှင့် အခြားနိုင်ငံခြားသား ကယ်ဆယ်ရေးသမားများ ရောက်လာမည်ဖြစ်သဖြင့် တောင်းရမ်းနေသော ဒုက သည်များကို မမြင်စေချင်သည့် အနေဖြင့် စောင့်ကပ်ထားခြင်း ဖြစ်သည်ဟု ၄င်းက ပြောသည်
“ပြီးတော့ တရုတ်တွေ ရောက်နေတော့ သူတိုတွေက သူတိုရဲ လုပ်ရပ်တွေကို မမြင်စေချင်တဲ့အတွက် ဒုကသည် အတုတွေကို အယောင်ဆောင်ခိုင်းတယ်ဗျာ အားလုံး ပြီးသွားလို ကျန်တာတွေကို သူတို က ဘယ်အတွက် ကျန်သေးတယ်။ ဘယ်သူတွေကို ပေးရအုံးမယ်ဆိုပီး ပြန်သိမ်းထားတယ် တကယ် ဒုကရောက်နေတဲ့သူတွေက ဘာမှမရက ဘူးဗျ။”
မြန်မာစစ်အစိုးရက မည်သူမဆို လွတ်လွတ်လပ်လပ် ဒုကသည်များထံ ကူညီလှူဒါန်းနိုင် ကောင်း ကေညာချက် ထုတ်ပြန်ထားသော်လည်း အမှန်တကယ် ဒုကသည်များကို အလှူရှင်များနှင့် မတွေရန်စီမံထားခြင်းဖြစ်သည်ဟု ယင်းဒေသရောက်ခဲ့သည့် အလှူရှင် များက ပြောသည်

Saturday, May 24, 2008

အမှန်အသင့်ခြစ်ပြီးသားမဲစာရွက်တွေကို ဝေနေတယ်

undefinedအမှန်အသင့်ခြစ်ပြီးသားမဲစာရွက်တွေကို ဝေနေတယ်

ဒီလို အပြီး ထည့်ပြီးသားနဲ့ လွတ်လပ်စွာ မဲပေးရမယ်တဲ့။ နိုင်ငံတော်အတွက် မရေးတတ် မခြစ်တတ် မထည့်တတ်မှာ စိုးလို့ စေတနာအပြည့်နဲ့ ကူညီဆောင်ရွက်ပေးနေတာ....

Thursday, May 15, 2008

ရန်ကုန်ဆေးရုံကြီးလဲ ဒီလို ခေတ်မီနေဆဲပါ..

ရန်ကုန်ဆေးရုံကြီးလဲ ဒီလို ခေတ်မီနေဆဲပါ..

အမိုးများပြန်လည်တပ်ဆင်ခြင်း မပြုရသေးသော ရန်ကုန်ဆေးရုံကြီး
(မပြင်ရသေးတာမှ နာဂစ်ခေတ်တဲ့)
နအဖက ဆက်သွယ်ရေးခက်ခဲတဲ့ မုန်တိုင်းဒဏ်ခံရွာတွေကို ကယ်ဆယ်ရေး ပစ္စည်းမပို့နိုင်တာ ထားလိုက်ပါဦး။ ဒီပုံတွေထဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အမိုးတွေတောင် ဒီနေ့မေလ ၁၅ ရက်နေ့ထိ ပြန်လည် တပ်ဆင်ပေးခြင်း မပြုလုပ်နိုင်ရအောင် မအားဖြစ်နေတာလေ။ ဘာဖြစ်လို့လဲ သိလား....?

ထောက်ခံမဲ ၉၀ ရာနှုန်းကျော်ရနေလို့ မဲစာရွက်တွေကို အပြန်ပြန် အလှန်လှန်ရေတွက်နေရတာလေ အားဘူး တဲ့။
နောက် .. နိုင်ငံခြားပစ္စည်းတွေ ရောက်နေတာ အများကြီးပဲ..
အဲဒါတွေကိုလဲ သင့်တော်ရာ ဈေးနဲ့ ထုခွဲရောင်းချ ပေးရသေးတယ်...
ကိုယ့်ကုသိုလ်နဲ့ ကိုယ် ဖြစ်လာတာ မနာလိုမရှိကြပါနဲ့..
ဟိုဒုက္ခသည်တွေဆီပေးလဲ သူတို့က ဒါမျိုးသုံးတတ်စားတတ်တာမှ မဟုတ်တာ။
ဒီတော့ သုံးတတ်စားတတ်သူတွေ ပဲ စားပါစေ၊ စေတနာဆိုတာ ထားတတ်မှ..
မြင်တတ်တဲ့လူများ ကြည့်ပါလား...
နအဖဆီကို သွားခဲ့တဲ့ ထိုင်း ၀န်ကြီးချူပ်.... နအဖရဲ့ စီမံကွပ်ကဲမှုတွေကို လေးစားမိပါတယ်ဆိုပဲ....
ဆမတ်က ဘယ်လို မျက်စေ့နဲ့ ကြည့်မိပါလိမ့်...
အော်..... သူလဲ အသက်ကြီးပြီဆိုတော့....
အမြင်အာရုံ ၊ အကြားအာရုံတွေ ချို့တဲ့နေတာများလား။
ကျမတို့နိုင်ငံက ဘဘသန်းရွှေနဲ့ဘရိတ်ဒန့် လမ်းလျှောက်တာများ ပြိုင်လာခဲ့သေးလားမသိ.....

Wednesday, May 14, 2008

ရန်ကုန်တိုင်း - မုန်တိုင်းအလွန် ဓာတ်ပုံသတင်း

လှိုင်သာယာမြို့နယ် မြင်ကွင်းများ (ဓာတ်ပုံ - AFPသတင်းဌာန)


ရန်ကုန်မြို့တွင် ယနေ့တွေ့ရသည့် ဒုက္ခသည်များ၊ လိုအပ်သည်များကို လမ်းညွှန် ကူညီပေးနေသည့် နိုင်ငံတော်အကြီးအကဲများ၊ သောက်သုံးရေခက်ခဲသည့်ရန်ကုန်မှ ထွက်ခွာမည့်သူများ (ဓာတ်ပုံ - AFPသတင်းဌာန)

ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် မြင်ကွင်းတစ်ခု။
ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင်မူ ကျွန်းပင်များ လဲပြိုခဲ့သဖြင့် ပျက်စီးခဲ့ရသောအိမ်များရှိသည်၊ အိမ်များပေါ်တွင် လဲပြိုနေသော ကျွန်းပင်များကို ဖျက်ဆီးဖယ်ရှားရန် အခက်အခဲတွေ့နေသည်ဟု မြို့ခံတစ်ဦးက ဘီဘီစီ မြန်မာဌာနသို့ ယမန်နေ့က ပြောကြားခဲ့သည်။

“သစ်တောဦးစီးဌာနက ဘာမှ မလုပ်ပေးဘူး။ ဖျက်ရင် သစ်တောက တရားစွဲမယ်လို့ပြောတယ်ခင်ဗျ။"

ငွေကြေးတတ်နိုင်သူအချို့က အိုးအိမ်မဲ့သွားသူများကို ဆန်ဝေငှခဲ့ကြောင်း၊ အာဏာပိုင်တို့က ထိုလုပ်ရပ်များမှာ နိုင်ငံရေးနှင့် ကင်းရှင်းမှုရှိမရှိ မေးမြန်းစုံစမ်းခဲ့သဖြင့် အလှူရှင်အချို့ ကြောက်လန့်ပြီး နောက်ဆုတ်သွားခဲ့သည်ဟု ဆိုသည်။ (ဓာတ်ပုံ - AFPသတင်းဌာန)




ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် မြင်ကွင်းများ။ (ဓာတ်ပုံ - AFPသတင်းဌာန)


undefinedရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် မြင်ကွင်းတစ်ခု။ (ဓာတ်ပုံ - AFPသတင်းဌာန)

ရန်ကုန်တိုင်း - မုန်တိုင်းအလွန် - ၂


t
ယမန်နေ့က ရန်ကုန်တိုင်းအတွင်းရှိ ဒုက္ခသည်များအား သွားရောက်တွေ့ဆုံ၊ လှူဒါန်းပြီး လိုအပ်သည်များကို လမ်းညွှန်နေကြသော နိုင်ငံတော်အကြီးအကဲများ။ ရန်ကုန်ဒေသခံတစ်ဦးက “အစိုးရအာဏာပိုင်များက အကူအညီပေးခဲ့ကြောင်း၊ သို့သော်လည်း ရုပ်မြင်သံကြားသတင်းတွင်ပါဝင်ရေးကို ပိုမိုအလေးပေးနေကြောင်း၊ တပိုင်တနိုင် ကူညီနေသူအလှူရှင်များကို ဒေသခံအာဏာပိုင်များက မေးမြန်း၊ နှောင့်ယှက်ကြကြောင်း" ဗွီအိုအေ အသံလွှင့်ဌာနသို့ ပြောပြခဲ့သည်။ (ဓာတ်ပုံ-AFP)

undefined
ကော့မှူးမြို့နယ် မိဘမဲ့ဂေဟာမှ လူငယ်များက မုန်တိုင်းကြောင့်သေဆုံးခဲ့သည့် သူငယ်ချင်း၃ဦး၏ နောက်ဆုံးခရီးစဉ်ကို ပို့ဆောင်ခဲ့ကြသည်။ (ဓာတ်ပုံ- Reuters မေလ ၇ ရက်)

ရန်ကုန်မြို့လယ် (ဓာတ်ပုံ-Reuters)
ကျောက်တန်းမြို့နယ် စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများမှာ ဒုက္ခသည်စခန်းများဖြစ်သွားသည်။(ဓာတ်ပုံ-AP)
ကော့မှူးမြို့နယ်မှ အိုးအိမ်မဲ့သွားသူအချို့ (ဓာတ်ပုံ-AP)

Tuesday, May 13, 2008

မုန်တိုင်းနောက်ဆက်တွဲ သတင်းတိုထွာ


undefined undefined
မုန်တိုင်းအပြီး တွေ့ရသော ရန်ကုန်မှ ဒုက္ခသည်များ (ဓာတ်ပုံ Reuters)

စွမ်းအားဖြည့်ဘီစကွတ် ပျောက်ဆုံး (AP သတင်းဌာန)
ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ WFP က ပေးပို့သည့် ခွန်အားဖြည့်ဘီစကွတ်များမှာ တပ်မတော် ဂိုဒေါင်ထဲသို့ ရောက်သွားသည်ဟု ရန်ကုန်တွင် အနေကြာသူ နိုင်ငံခြားသားတစ်ဦးက ပြောပြသည်။ အစိုးရကို စိတ်ကုန်နေသည့် တပ်မတော်အရာရှိအချို့က ၎င်းအား ပြောပြခြင်းဖြစ်သည်ဟု ဆိုသည်။
ဒုက္ခသည်များကို WFPဘီစကွတ်များ ပေးမည်မဟုတ်ဘဲ၊ အရသာကင်းမဲ့ပြီး အာဟာရဓာတ် နည်းပါးသည့် ကျိုက္ကဆံ ဘီစကွတ်များကိုသာ ပေးမည်ဟု ဆိုသည်။စွမ်းအားဖြည့်WFPဘီစကွတ်များ ပြင်ပဈေးကွက်သို့ ထုတ်ရောင်းလိုက်သည်၊ သို့မဟုတ် စစ်တပ်အတွင်းသုံးလိုက်သည် ဆိုသည်ကို အတိအကျ မသိရဟု ပြောပြသည်။
အစိုးရကို မှတ်ချက်ပေးရန်ပြောဆိုသော်လည်း တုန့်ပြန်ခြင်း မပြုသေးပေ။

ကုလသမဂ္ဂဆန် ရုတ်တရက်ညံ့ဖျင်း (AP သတင်းဌာန)
CARE Australia အကူအညီပေးရေးအဖွဲ့ မြန်မာပြည်တာဝန်ခံ Brian Agland ၏အဆိုအရ မြစ်ဝကျွန်းပေါ်ဒေသ ဒုက္ခသည်များအတွက် ဖြန့်ဖြူးသည့်ဆန်ကို ၀ယ်ယူ စစ်ဆေးကြည့်ရာ အရည်အသွေး အလွန်ညံ့ဖျင်းသည်ဟု ဆိုသည်။
"ကျနော်တို့က ကုလသမဂ္ဂဆီကဆန်ကိုပဲ သုံးခဲ့တာ။ အရည်အသွေး သိပ်မြင့်တယ်" ဟုပြောသည်။ ဒုက္ခသည်များကို ဆန်ဝေငှသည့်အခါ အရည်အသွေး ညံ့ဖျင်းပြီး အာဟာရနည်းပါးသည့် ဆန်များနှင့် အစားထိုးလိုက်မည်ကို ၎င်းက သံသယ၀င်နေသည်။


ရန်ကုန်မှဒုက္ခသည်များ (ဓာတ်ပုံAFP)

နိုင်ငံခြားသား ရန်ကုန်မှာပဲနေပါ (AP သတင်းဌာန)
နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ အရာရှိ Jean-Sebastien Matteက ဧရာဝတီတိုင်းသို့သွားသည့် ၎င်းတို့၏ နိုင်ငံခြားသား ၀န်ထမ်းများမှာ ရန်ကုန်သို့ မကြာခဏ ပြန်ကြရသည်ဟု ဆိုသည်။ "အဲဒီကို ၂ ရက်ပဲ သွားလို့ရတယ်ဗျာ။ ၂ ရက်ပြည့်တာနဲ့ ရန်ကုန်ကို ပြန်ပေတော့ပဲ" ဟု ဆိုသည်။
(ညနေ ၅း၀၀)

ပြည်ပကျွမ်းကျင်သူမလိုဟု အစိုးရပြော(AFP သတင်းဌာန)
မုန်တိုင်းဒဏ်ခံနေရသူများကိုကယ်ဆယ်ရေးအတွက် ပြည်ပမှ ကူညီကယ်ဆယ်ရေး ကျွမ်းကျင်သူများကိုလက်ခံရန် နိုင်ငံတကာက ဖိအားပေးနေမှုကို စစ်အစိုးရက ယနေ့ ပယ်ချလိုက်သည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်နိုင်နင်းနင်း ဆောင်ရွက်နေကြောင်း ပြောဆိုလိုက်သည်။
အမေရိကန်သမတ ဘုရှ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က စစ်ဗိုလ်ချုပ်များကို ဒေါသထွက်နေပြီး၊ အကူ အညီ ပေးရေးအဖွဲ့များကလည်း အချိန်မဆွဲရန် သတိပေးနေချိန်တွင် စစ်အစိုးရက ပြင်ပမှ ကျွမ်းကျင်သူများ မ၀င်နိုင်ရန် ဆက်လက် ပိတ်ထားခြင်းဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းက “ကျွမ်းကျင်မှုနှင့်သက်ဆိုင်သော လုပ်သားလိုအပ်ချက် မရှိသေးပါကြောင်း” ယနေ့ထုတ် သတင်းစာတွင် ပြောလိုက်သည်။ “လေဘေးသင့် ပြည်သူများ၏ အခြေခံ လိုအပ်ချက်များ ပြည့်စုံစပြုပြီ” ဟု ဆိုသည်။
ကူညီကယ်ဆယ်ရေးအဖွဲ့များကမူ ၎င်းနှင့်ဆန့်ကျင်ဘက် ပြောဆိုကြသည်။ လူ ၂ သန်းခန့် သောက်ရေ၊ အစားအစာ၊ နေရေးထိုင်ရေး ခက်ခဲနေကြောင်း၊ သေနှုန်းမြင့်တက်လာကြောင်း ပြောကြသည်။ (နေ့ ၃း၀၀)

ယူနီဆက်ဖ် ပြောပြတဲ့ ဖျာပုံအခြေအနေ (CNN)
ဖျာပုံမြို့နယ်ရှိ ဒုက္ခသည်စခန်းတွင် လူပေါင်း ၃၅၀၀ ခိုလှုံနေသည်၊ ၎င်းတို့အတွက် အိမ်သာ ၅ လုံးသာ ရှိသည်ဟု ကမ္ဘာ့ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က ဆိုသည်။

ဧရာဝတီမြစ်ရိုးတလျှောက်လုံး ရုပ်အလောင်းများ မျောပါနေသည်။
(နေ့ ၁၂း၃၀)

undefined
မြောင်းမြမြို့မှ အိုးမဲ့အိမ်မဲ့အချို့ (ဓာတ်ပုံReuters သတင်းဌာန)


ယမန်နေ့က လေဘေးထည် (အ၀တ်အထည်အဟောင်း) နှင့် အစားအစာ စောင့်ဆိုင်းနေကြသည့် ရန်ကုန်မှဒေသခံအချို့ (ဓာတ်ပုံ Reuters သတင်းဌာန)

အမေရိကန်လေယာဉ်နောက်တစ်စီး မြန်မာပြည်သွားပြီ (APသတင်း)
အမေရိကန်စစ်လေယာဉ်နောက်တစ်စီး ကယ်ဆယ်ကူညီရေးပစ္စည်းတင်ဆောင်ပြီး ရန်ကုန်မြို့သို့ ယနေ့ ထွက်ခွာသွားကြောင်း စစ်အရာရှိတစ်ဦးက ပြောလိုက်သည်။ လေယာဉ်များ ထပ်မံစေလွှတ်ကူညီရန် မျှော်လင့်သည်ဟုလည်း အဆိုပါအရာရှိ ဗိုလ်ချုပ် Douglas Powell က ဆိုသည်။
၁၉၉၀၀ ပေါင် အလေးချိန်ရှိသည့် သောက်ရေ၊ အိပ်ယာ၊ ခြင်ထောင် စသည့်ပစ္စည်းများ သယ်ဆောင်သွားသည်ဟု ပြောပြသည်။ ယနေ့ ညနေပိုင်းတွင် တတိယမြောက်လေယာဉ် ထွက်ခွာမည်ဟု ဆိုသည်။ မနက်ဖြန်တွင်လည်း လေယာဉ်များ ထပ်မံစေလွှတ်နိုင်မည်ဟု မျှော်လင့်သည်ဟု ပြောသည်။
(နံနက် ၁၁း၀၀)

မုန်တိုင်းအလွန် သာကေတမြို့နယ်

undefined
undefined
undefined





undefined

အမျိုးသားချင်း ရိုင်းပင်းကြပါ။ ဒို့မြန်မာ …

ကျွန်တော်တို့ရင်ထဲ မှာ မချိအောင်နာပေမယ့် ပျက်ဆီးဆုံးရှုံးမှုက အရမ်းကိုများလွန်းနေတော့ အကူအညီပေးရတာ အားမရနိုင်ဖြစ်ကြ ရပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးတဲ့ အခါမှာ သိသင့်တယ်လို့ထင်တဲ့ အချက်ကလေးများကို လေ့လာတင်ပြပေး လိုက်ပါတယ်ခင်ဗျာ။ တတ်အားသရွေ့ ဖြန့်ဝေ ပေးကြပါခင်ဗျား။
သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပြီးချင်းမှာ အရေးအကြီးဆုံး လိုအပ်တဲ့အချက်တွေကတော့ သောက်ရေသန့်၊ ရိက္ခာထောက်ပံ့မှု၊ ဓာတ်အားပြတ်တောက်ခြင်းနဲ့ ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။
- အမှန်တစ်ကယ် အကူအညီပေးနိုင်သည့် အကြောင်းရင်းမရှိပဲနှင့် သဘာဝဘေးအန္တရာယ် ကျရောက်သည့် နေရာအား မသွားပါနှင့်
- အမြဲတမ်းသတိရှိပါ။ လှေစီးလျင် မီးကြိုးများ ရေထဲထိနေခြင်း ရှိမရှိစသည်။
- ရေကြီးနေသည့် အဆောက်အဦးများ အတွင်းသို့ အန္တရာယ်ရှိသည်ဟုထင်လျင် လုံးဝ မ၀င်ပါနှင့်။
- ရေကြီးရာမှ ဖြစ်ပေါ်လာသော ရေစီးကြောင်းများအတွင်း ကယ်ဆယ်ရန်မလိုအပ်ပဲနှင့် လုံးဝ မသွားပါနှင့်။
- ထိုရေများအတွင်းတွင် ဘက်တီးရီးယားပိုးမွှား မြောက်မြားစွာပါဝင်ပြီး ထိခိုက်ရာမှ ရရှိသော အပွန်းအပဲ့ ကလေးများအတွင်းသို့ပင် ရောဂါပိုး ၀င်ရောက်နိုင်ပါသည်။
- ရေစီးကြောင်းများ၏ အနက်နှင့် ရေစီး အရှိန်သည် ထင်ရသည်ထက် များစွာပိုပါသည်။ ထိုရေစီးကြောင်းများအတွင်း ကူးခတ်ရန် လုံးဝမကြိုးစားပါနှင့်။
- တိရိစ္ဆာန်များအား ကယ်တင်လိုပါက လှေငယ်ကလေးများအား လုံးဝ အသုံးမပြုပါနှင့်။
- ခြံစည်းရိုးအစရှိသည် နောက်တွင် ပိတ်မိနေပါက ပိတ်နေသည့် အတားအဆီးများကိုသာ ဖယ်ရှားပါ။
အစားအသောက် ပေးလှူလိုသည်ဆိုလျင် အောက်ပါအချက်များအား စဉ်းစားပါ
- ချက်ပြုတ်စရာနှင့် ရေခဲသေတ္တာတွင်း ထည့်သွင်းသိမ်းဆည်းရန် မလိုသော အစားအသောက်များ
- လွယ်လင့်တကူ ပြင်ဆင်နိုင်သော အစားအစာများ
- ကယ်လိုရီနှင့် ပရိုတိန်း များများပါသောအစားအစာများ
- ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် လိုအပ်သောအစားအစာများ
ဥပမာပေးထားသည့် အစားအစာများမှာ
စည်သွပ်ဘူးများ ၊ အသား၊ ငါး၊ အသီးအရွက်နှင့် ဖျော်ရည် နို့အစရှိသည်။ ကယ်လိုရီနှင့် စွမ်းအင် များစွာပါသောအစားအစာများမှာ Peanut Butter, ဂျယ်လီ၊ မုန့်ကြွ် နှင့် တောင်တက်သမားများ အသုံးပြုကြသော မုန့်ခြောက်များ၊ လက်ဖက်ရည်၊ ရယ်ဒီမိတ်ကော်ဖီ၊ ချိုချဉ်၊ ဘီစကွတ်စသော မုန့်များကို စိတ်ဖိစီးမှုလျော့ကျစေရန်အတွက် စားသုံးနိုင်ပါသည်။ ဗီတာမင်ဆေးပြားများနှင့် ပရိုတိန်းအစား ထိုးဆေးပြားများကိုလည်း ပေးပို့နိုင်ပါသည်။
ဒါမျိုးအစားအစာတွေ ကိုရှောင်ပါ။
- စီးပွားဖြစ်ထုတ်လုပ်ထားသည့် ရေဓာတ်ဖယ်ထားသော အစားအစာများ။ (အစာခြောက်များ) ထိုကဲ့သို့သော အစားအစာများအား ခေဖျက်ရန် ရေဓာတ်များစွာလိုအပ်ပါသည်။
- ပုလင်းသွတ်ထားသည့် အစားအစာများ။ (လေးလံသည်၊ ၀န်ကျယ်သည်၊ အလွယ်တကူ ကွဲနိုင်သည်)
- အစေ့မှရသည့် အစားအစာများ၊ (ဆန်နှင့်ပဲအစရှိသည်)။ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေသူများ အနေနှင့် ထိုကဲ့သို့သော အစားအစာမျိုးကို ပြင်ဆင်မှုပြုရန်မှာ ခက်ခဲလှပါသည်။

အစားအသောက်များအား မည်ကဲ့သို့ သိုလှောင်ထားရမည်နည်း။
- နေအိမ်အတွင်းရှိ အခြောက်သွေ့ဆုံးနှင့် အအေးဆုံးနေရာများတွင် အစားအစာများထားပါ။
- အလင်းရောင်မရှိသည့်နေရာတွင် ဖြစ်နိုင်ပါက ထားပါ။
- အစားအစာများအား လုံခြုံစွာ ဖုံးအုပ်ထားပါ။
- ကွတ်ကီးနှင့် ဘီစကစ် အစရှိသည့်မုန့်များကို ပလတ်စတစ်အိပ်များအတွင်း လေလုံအောင်ထုတ်ပြီး နောက်တ်ထပ်ူးတစ်ခုခုအတွင်း ထည့်သွင်းသိမ်းဆည်းပါ။
- ပုရွက်ဆိတ်အစရှိသည့် အင်းဆက်များ လာရောက် စားသုံးနိုင်သည့် အစားအစာများအား လေုံးအတွင်းသို့ သေချာစွာပိတ်သွင်းသိမ်းဆည်းပါ။
ရေ … ရေ … ရေ …
- လူတစ်ဦး သောက်သုံးရန်နှင့် အစားအစာအတွက် ပြင်ဆင်ရန် တစ်နေ့လျင် အနည်းဆုံးရေ ၁ ဂါလန်လိုအပ်ပါသည်။ ကိုယ်ဝန်သယ်များ၊ ကလေးငယ်များ၊ အသက်အရွယ်ကြီးသူများနှင့် လူမမာများ အတွက် လိုအပ်ချက်မှာ ထို့ထက်ပိုပါသည်။
- ပလပ်စတစ်ပုလင်းများနှင့် ပုံးများအတွင်းတွင် ရေကိုသိုလှောင်ထားပါ။ သဘာဝဘေးဒဏ်ခံနေရသည့် ကာလတစ်လျောက်လုံး အတွက် အနည်းဆုံး ၃ ရက်စာ ရေရှိနေရန်လိုအပ်ပါသည်။
- ရေသန့်စင်ရန်အတွက် ရေသန့်ဆေးပြားများနှင့် Chlorine bleach အား အနံ့ထည့်မထားပါက အသုံးပြုနိုင်ပါသည်။ ရောစပ်ရမည့် အချိုးအစားမှာ တစ်ဂါလန်လျင် ၁၆စက် ၊ သို့မဟုတ် ရေ ၅ ဂါလန်အား Bleach လက်ဖက်ရည်ဇွန်းတစ်ဇွန်း ရောစပ်ပြီး သမစွာ မွှေလျင် ထိုရေအားသောက်သုံးနိုင် ပါသည်။
- နိုင်ငံရပ်ခြားတိုင်းပြည်များရှိ ကုန်စုံဆိုင်များတွင် လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။ ရေကူးကန်များတွင် အသုံးပြုသည့် ဟိုက်ပိုကလိုရိုက်နှင့် ကလိုရီနိတ်တက် လိုင်းမ် အစရှိသည် တို့ကိုလည်း ရေသန့်စင်ရန်အသုံးပြုနိုင်ပါသည်။
ကျန်းမာရေးနှင့် ကိုယ်လက်သန့်စင်ရေးဆိုင်ရာ သိကောင်းစရာများ
ကိုယ်လက်သန့်စင်ရန်အတွက် အနည်းဆုံးအောက်ပါပစ္စည်းများလိုအပ်ပါသည်။
- အဖုံးကျပ်ကျပ် ပါသည့် အရွယ်အလတ်စား ပလတ်စတစ်ပုံး
- ပလစ်စတစ်အမှိုက်အိတ်များနှင့် ချည်နှောင်စရာကြိုး (Cable Ties) မှာ (၀န်ခံအားကောင်းရမည်)
- ကလိုရင်း ဆေးရည်
- ဆပ်ပြာ ဆပ်ပြာရည် နှင့် ဆပ်ပြာမှုန့်
- အိမ်သာသုံးစက္ကူ
- အိမ်သာဘယ်လိုဆောက်မလဲ -
- ရေဆိုးလိုင်းများ ပေါက်ကွဲ ပျက်ဆီးကုန်လျင် အိမ်သာအတွင်းသို့ ပလတ်စတစ် အိတ် ခံကာ အခင်းသွားပါ။
- အိမ်သာအိုဲး သုံးမရအောင်ဖြစ်နေပါက အဖုံးပါသည့် ပလတ်စတစ်ပုံးအတွင်းသို့ ပလပ်စတစ်အိတ်ခင်းကာ အခင်းသွားနိုင်ပါသည်။ ထိုင်စရာအတွက် ထိုပလတ်စတစ်ပုံးအပေါ်တွင် ပျဉ်ပြားနှစ်ချပ် ကန့်လန့်တင်ကာ ပြုလုပ်ယူနိုင်ပါသည်။
- အခင်းသွားပြီးလျင် ဆပ်ပြာမှုန့်ခတ်ပြီး အဖုံးကို လုံအောင် ပိတ်ထားပါ။ စွန့်ပစ်လိုပါက ကြွက်၊ အစရှိသည်တို့ တူးဖော်ခြင်း မပြုနိုင်ရန် မြေမြုပ်ပစ်ရပါမည်။ ရေတွင်းရေကန် အစရှိသည်တို့နှင့် ဝေးရာတွင် စွန့်ပစ်ရန်သတိပြုပါ။
- ကိုယ်လက်သန့်စင်ခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးသည်အရာဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက် ရေချိုးရန်မှာ မဖြစ်နိုင်သည့်အတွက် ကိုယ်လက်သန့်စင်ရန်အတွက် နည်းလမ်းများ ရှာဖွေရန်လိုအပ်ပါသည်။
ကိုယ်လက်သန့်စင်ရန် ပြုလုပ်နိုင်သည် များမှာ
- အရက်ပျံနှင့် ပွတ်သတ် သန့်စင်ခြင်း
- အရက်ပျံပါသည့် လိမ်းဆေး (Lotions) များနှင့် သန့်စင်ခြင်း
- ရေပတ်တိုက်ခြင်း
- အိမ်သာသုံးနှင့် ကိုယ်သန့်စင်သည့် စက္ကူများ အသုံးပြု သန်စင်ခြင်း
- မျက်နှာလိမ်းသည့် ကရင်မ်များ မုတ်ဆိတ်မွှေးရိတ်သည့် Lotions များနှင့် သန့်စင်ခြင်း
- စပရေးဘူးများအတွင်းသို့ ရေထည့်ကာ ပက်ဖြန်း ရေချိုးခြင်းတို့ဖြစ်သည်။

Monday, May 12, 2008

လေဘေးဒုက္ခသည်ကို မန္တလေးသံဃာများ အခက်ခဲကြားမှ ကူညီရန်ကြိုးပမ်းနေ

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒုက္ခ္ခရောက်နေကြသော လေဘေးဒုက္ခသည်များအားအကူညီပေးရန် မန္တလေး ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များက အလှုငွေ ကောက်ခံနေကြောင်း သိရသည်။
မန္တလေးအာဏာပိုင်များကလည်း လေဘေးဒုက္ခသည်များအတွက် လုပ်ငန်းရှင်များထံ အတင်းအဓမ္မ ကောက်ခံ နေသဖြင့် ရဟန်းတော်များ အလှူငွေ ကောက်ခံရာတွင် အခက်အခဲရှိသည်ဟု မန္တလေးမြို့မှ ရဟန်းတော်တပါးက ယခုလို မိန့်ကြားသည်။
“အခက်ခဲတွေကရှိတယ် ဆိုတာဒီလိုဗျ။ နအဖစစ်အစိုးရက သူကဘယ်လိုလုပ်ထားလဲ ဆိုတော့ ဥပမာ လုပ်ငန်းရှင်တွေ ဆီကနေ မဖြစ်မနေပေါ့ဗျာ။ သိန်းငါးဆယ်ထည့်ရမယ်တို့ သိန်းတစ်ရာတို့။ ဥပမာ ငါးမွေးမြူရေးကန်တွေဆီမှာ သူတို့တွေက အဲလိုတွေ သွားပြီးလုပ်ထားကြတယ်။ အဲလိုလုပ်ထားတော့ မဖြစ်မနေထည့်ရတယ်။ ဦးဇင်းတို့က ခုမှစလုပ်တော့ ဦးဇင်းတို့က ဘယ်ပို့မှာလဲ၊ ဦးဇင်းတို့က ဘာ ကိုရည်မှန်းပြီး လုပ်ကြတာလဲ။ အဲလိုအမျိုးမျိုး မေးကြတယ်။ ဦးဇင်းတို့ကလဲ စိတ်ရှည်လက်ရှည် ဖြေ ပြတယ်။ ဦးဇင်းတို့က ကိုယ့်ဒကာ၊ ဒကာမတွေ ဒုက္ခရောက်နေတဲ့ချိန်မှာ ဦးဇင်းတို့အနေနဲ့ ဥပေက္ခာ မပြုသင့်ဘူး။ ဦးဇင်းတို့ဒါ တွေလုပ်ပေးသင့် တယ်ဆိုပြီး အသေးစိတ်ရှင်းပြရတယ်။ သူတို့ဘက်က တော့ လိုက်နှောက်ယှက်တာများ ဒီနအဖနဲ့များ ခုချိန်ထိမပြီးသေးဘူးဗျ။”
မေလ ၃ရက်နေ့မှစပြီး အထက်မြန်မာပြည်ရှိ ကျောင်းတိုက်အများစုက အလှုငွေ ကောက်ခံ ခဲ့ကြပြီး လူအသေ အပျောက်အများဆုံးဖြစ်သည့် မြစ်ဝကျွန်းပေါ်ဒေသဧရာဝတီတိုင်းကို အဓိကပေးပို့ရန် ဆရာတော်ကြီးများက စီစဉ် နေသည်ဟု သိရသည်။
လေဘေးဒုက္ခသည်များအတွက် နိုင်ငံတကာမှ အကူအညီးပေးရန် ကမ်းလှမ်းထားသော်လည်း မြန်မာစစ်အစိုးရ က ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့၊ သတင်းပြန်ကြားရေး အဖွဲ့များကို လက်ခံရန် အဆင်သင့် မဖြစ်သေးသ ဖြင့် ငြင်းဆိုထားကြောင်း မြန်မာစစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
မြန်မာပြည်တွင် နာဂစ် မုန်တိုင်း ၀င်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်း ၂ သောင်းကျော် သေဆုံးပြီး လေး သောင်းကျော် ပျောက်ဆုံးနေသည်ဟု မြန်မာအစိုးရ စာရင်းများက ဆိုသည်၊ အမေရိကန်သံရုံး တာဝန်ရှိ သူတဦး ကမူ လူပေါင်း ၁ သိန်းအထိသေဆုံးနိုင်သည်ဟု ဆိုသည်၊  ယနေ့ထိ အလောင်းများကို ရှင်းလင်းမှုများ  မရှိသေး ပဲ လေဘေးဒုက္ခသည်များအတွက် စားသောက်ရေးနှင့် နေရာ ပြန်လည်ချထားရေး အတွက်လည်း ထိရောက် သည့် ကူညီမှုများ ပေးနိုင်ခြင်း မရှိသေးပေ။

ဧရာဝတီတိုင်းမြင်ကွင်းများ

ဘိုကလေးမြို့နယ် မြင်ကွင်းများ 
လပွတ္တာမြို့နယ် ယနေ့မြင်ကွင်းများ။ ပျက်စီးသွားသော စပါးကျီအနီး လဲလျောင်းနေသူအမျိုးသမီး၊ ပုဝါဖြင့် ဆန်အလှူခံသူ၊ လွန်ခဲ့သော ၇ ရက်က သေဆုံးသွားသူနှစ်ဦး။ 
undefined
ကျိုက်လတ်မြို့တစ်နေရာ။ လူနှင့် ကျွဲနွားရုပ်အလောင်းများကြောင့် မြစ်ချောင်းအင်းအိုင်များတွင် ရောဂါပိုးများ ပျံ့နှံ့နေသည် ဟူသော သတင်းများ ထွက်ပေါ်လျက်ရှိသည်။ 
ကျိုက်လတ်မြို့နယ်လူနေအိမ်များမြင်ကွင်း 

undefinedဘိုကလေးမြို့နယ် ရွှေ့ပြောင်းဆေးခန်းတစ်ခုမြင်ကွင်း။ အထက်ပါ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ခင်ပွန်းသည်နှင့် ကလေးငယ်များကို မုန်တိုင်းအတွင်း ဆုံးရှုံးခဲ့ရသည်။ 
undefined
undefined


ဘိုကလေးမြို့နယ်မြင်ကွင်းများ