Thursday, April 21, 2011

အညတရ သူရဲကောင်းများ

“မင်းတို့ရှိလို့ ဘာအကျိုးမြတ်မှ မဖြစ်ထွန်းဘူး၊ မင်းတို့ကိုရှင်းပစ်ဖို့လည်း ငါတို့မှာ ဘာတခုမှ ဆုံးရှုံးမသွားဘူး”
(ပိုပေါ့ - ခမာနီအစိုးရ အကြီးအကဲ - ကမ္ဘောဒီးယားနိုင်ငံ)
ကျနော် အကျဉ်းထောင်အတွင်းမှာရှိနေစဉ် ပိုပေါ့အကြောင်းကို ဖတ်ဖူးတယ် (ခိုးဖတ်ရတာပါ)၊ ပိုပေါ့ဆိုတာ တခါက ကမ္ဘောဒီးယားနိုင်ငံမှာ အာဏာရခဲ့တဲ့ ကွန်မြူနစ်ပါတီရဲ့ အကြီးအကဲ အာဏာရှင် တယောက်ပေါ့။ ပိုပေါ့ အာဏာရစဉ်ကာလအတွင်း လူသန်းပေါင်းများစွာ သေကျေပျက်စီးခဲ့ရတယ်။ အထက်ဖော်ပြပါ စကားကတော့ သူပြောခဲ့တဲ့ စကားပါ။ သူနဲ့ သူ့ပါတီ၊ သူ့အစိုးရကို ဆန့်ကျင်သူတွေ အပေါ်မှာထားခဲ့တဲ့ သဘောထားတခုလည်း ဖြစ်ပါတယ်။
 
ခမာနီတွေ အာဏာရစဉ်ကာလတလျှောက်လုံး လူပေါင်းများစွာကို နှိပ်စက်ခဲ့တယ်။ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသတွေပို့ပြီး လယ်ယာမြေတွေ ထွန်ယက်စိုက်ပျိုးစေခဲ့တယ်။ အထူးသဖြင့် ပညာတတ်နဲ့ လူလတ်တန်းစားများအတွက် အဲဒီအချိန်ကာလ ကမ္ဘောဒီးယားနိုင်ငံကြီးဟာ ငရဲပြည်ကြီးသဖွယ် ဖြစ်စေခဲ့တယ်။ နောက်ဆုံး အဆုံးသတ်မတော့ ပိုပေါ့ဟာ တောတွင်းတနေရာရဲ့ တဲငယ်လေးတခုပေါ်မှာ ဂရုစိုက်မယ့်သူမရှိဘဲ သေဆုံးသွားခဲ့တာပါ။ နိဂုံးမလှစွာနဲ့ဘဲ အဆုံးသတ် သွားရတယ်ဆို မမှားပါဘူး။
တချိန်က လျှမ်းလျှမ်းတောက် အာဏာရှင်ကြီးဟာ ဘဝရဲ့နောက်ဆုံးစာမျက်နှာများမှာ အခြွေအရံ မရှိ၊ အာဏာ မရှိ၊ လေးစားမယ့်သူ မရှိနဲ့ … ဒါပေမယ့် ကံကောင်းသွားတဲ့တချက်ကတော့ ပြစ်ဒဏ်စီရင်မခံရဘဲ သူ့ရောဂါနဲ့သူ သေသွားတာကတော့ ကံကောင်းတယ်လို့ပြောမယ်ဆိုရင် ပြောလို့ ရနိုင်ပါတယ်။ အဲဒီအချိန်ကာလတွေက တာဝန်ရှိသူ သက်ရှိထင်ရှား ခမာနီခေါင်းဆောင်များကတော့ အခုထိတိုင် အရေးယူခံနေရဆဲ ဖြစ်ပါတယ်။ လူတယောက်ရဲ့ အသက်ရှင်သန်မှုကို တိရိစ္ဆာန်တကောင်လောက်တောင် တန်ဖိုးမထားဘဲ ရက်စက်ခဲ့တဲ့ အာဏာရှင်တွေပါ။
မြန်မာပြည်သမိုင်းစဉ်တလျှောက် စစ်အာဏာရှင်များဟာလည်း တချိန်က ကမ္ဘောဒီးယားနိုင်ငံက ခမာနီများထက် မသာရင်တောင်မှ မလျှော့ပါဘူး။ မြင်သာတဲ့ သုတ်သင်ရှင်းလင်းမှုတွေကို ခမာနီတွေလောက် သိသာအောင် မလုပ်တာကလွဲရင် ကျန်တာတွေ အတူတူပါပဲ။ မြန်မာပြည် အကျဉ်းထောင်တွေထဲမှာ၊ စစ်မြေပြင်မှာ၊ လမ်းမတွေပေါ်မှာ၊ စစ်ကြောရေးစခန်းများစွာထဲမှာ လူသိတာရော မသိတာရော ဆုံးရှုံးနစ်နာခဲ့ရတဲ့၊ ဆုံးရှုံးနစ်နာဆဲဖြစ်နေတဲ့ အညတြရ မထင်မရှား သူရဲကောင်းတွေဆိုတာ နည်းလားဗျာ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကြီးမှူးပြီး ‘အညတရ သူရဲကောင်းများဆု’ ကို ဂုဏ်ပြုချီးမြှင့်တော့ ကျနော် အရမ်းဝမ်းသာ ဂုဏ်ယူမိပါတယ်။ တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ပုဂ္ဂိုလ်များဟာ မြန်မာပြည် စစ်အာဏာရှင် တော်လှန်မှုသမိုင်းမှာ သိပ်မထင်ရှားဘဲ ပေးဆပ်နေရသူ စစ်စစ်တွေပါ။ သူတို့ကို ကမ္ဘာကလည်း မသိ၊ ပြည်သူအများစုကလည်း သိပ်မသိဘဲ သူတို့ရဲ့ဘဝတွေကို နှစ်ပေါင်းများစွာ အကျဉ်းစခန်းထဲမှာ ပေးဆပ်နေဆဲပါ။
အဲဒီထဲက နှစ်ယောက်ကို ကျနော် ကောင်းကောင်းသိပါတယ်။ သူတို့ကတော့ ဦးခင်ဝင်း    (ဘိုးတော်ခင်ဝင်း) နဲ့ ကိုသန်းနိုင် တို့ နှစ်ဦးပါ။ ၁၉၈၉ ခုနှစ်လောက်က ကျနော့်ကိုဖမ်းပြီး အင်းစိန်ထောင် ၂ တိုက် (ကြိုးတိုက်)ကို ပို့ထားစဉ်ကာလကပါ။ ပြောမယ်ဆို ကျနော့်အသက် ၂၀ ကျော်အရွယ်ဘဝမှာတခါမှ အကျဉ်းထောင်ဆိုတာ မရောက်ဘူး။ နာမည်ကျော် စစ်ဝေကာရေးစခန်းတွေထဲက တခုဖြစ်တဲ့ ထောက်လှမ်းရေး  (၇) ရဲ့ အထုအထောင်း နှိပ်စက်မှုများအပြီး ထောင်ထဲစရောက်ကစအချိန် နောက်တနေ့မှာ လူတယောက်က ကျနော့်အခန်းရှိရာကို အပြေးလာပြီး အထုတ်လေးတထုတ် လာပစ်ပေးရင်းနဲ့ …
“ကျနော် ခင်ဝင်း ပါ … ကိုမောင်မောင်ဝမ်း၊ ခင်ဗျားနဲ့ လူချင်းမဆုံဘူးပေမယ့် … နာမည် ကြားဖူးနေတာ ကြာပါပြီ … ဘာမှ စိတ်အားမငယ်နဲ့ … လိုတာရှိ လှမ်းပြောလိုက် ကျနော် တတ်နိုင်သလောက် ကူညီမယ် … အိုကေနော်” ဆိုပြီး စကားကို ကတိုက်ကရိုက်ပြောပြီး ထွက်သွားပါတယ်။ အမှန်ပြောရရင် ကျနော် သူ့ကို မသိပါဘူး၊ အဲဒီကစပြီး ကိုခင်ဝင်းဆိုတာ ကျနော့်စိတ်ထဲမှာ အမှတ်တရ ဖြစ်နေပါတယ် … နောက်မှ သူ့အကြောင်းကို ကျနော်မေးကြည့်တော့ အကြောင်းစုံကို သိရပါတယ်။
သူပေးခဲ့တဲ့အထုတ်လေးထဲမှာ ထန်းလျှက် ၄ လုံးလောက် ရှိမယ်ထင်တယ်။ နောက် … ငပိထောင်းလေးနည်းနည်းရယ် ဆေးလိပ် ၁၀ လိပ်လောက်ရယ်ပါ ပါတယ်။ အဲဒီ ပစ္စည်းတွေဟာ တန်ဖိုးမများဘူးထင်ရပေမယ့် အဖိုးဖြတ်လို့တော့ မရနိုင်ပါဘူး။ ကိုခင်ဝင်း ဒီလို လာပေးတာဟာ သိပ်ကို အန္တရာယ်တွေနဲ့ရင်းပြီး လာပေးရတာပါ။
ကိုခင်ဝင်းက တချိန်က ဗိုလ်ချုပ်ခင်ညွန့် သတင်းစာရှင်းလင်းပွဲမှာ အကြီးအကျယ် ရှင်းလင်းခဲ့တဲ့ စာအုပ်နီလို့ လူသိများတဲ့ (ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ယူဂျီ) မှုနဲ့ အဖမ်းခံနေရစဉ်အချိန်ပါ။ တယောက်နဲ့ တယောက်စကားပြောဆိုခြင်း၊ ဆက်ဆံခြင်းမပြုဖို့ ပြင်းပြင်းထန်ထန် တားမြစ်ထားတဲ့အချိန်၊ နှိပ်ကွပ်စရာရှိရင် လူမဆန်စွာ နှိပ်ကွပ်ခံနေရတဲ့အချိန်တွေမှာ ကျနော့်အခန်းနဲ့ အလှမ်းကွာတဲ့နေရာမှာရှိနေတဲ့ သူ့အခန်းကနေ စွန့်စွန့်စားစား လာပေးတာပါ။ ဒါဟာ ရဲဘော်ရဲဘက် ဘယ်လောက်ဆန်သလဲဆိုတဲ့ အချက်ကို ပြသလိုက်တာပါ။
အများစုက သူ့ကို “ဘိုးတော်” လို့ပဲ ခေါ်ကြပါတယ်။ ကျနော် သိသလောက်ဆိုရင် စစ်အာဏာရှင် အဆက်ဆက်မှာ ထောင်အကြိမ်ကြိမ်ကျ ပေးဆပ်နေရသူတဦးပါ။ သူ့ဘဝရဲ့ အချိန်တွေ တော်တော်များများဟာ အကျဉ်းထောင်အတွင်းမှာပဲ များပါတယ်။ ကျနော်နဲ့သူ စက္ကန့်ပိုင်းလေးလောက်ပဲ ဆုံဖြစ်ခဲ့ကြပေမယ့် သူ့နှလုံးသား သူ့ယုံကြည်ချက်တွေကိုတော့ ယနေ့ထက်တိုင် အသိမှတ်ပြု လေးစားနေဆဲပါ။

နောက်တဦးကတော့ လက်ရှိ မအူပင်ထောင်မှာ အကျဉ်းကျခံနေရဆဲ တချိန်က မြေလတ် ကျောင်းသား ခေါင်းဆောင်ဟောင်းတဦးဖြစ်ခဲ့တဲ့ ကိုသန်းနိုင်ပါ။ သူနဲ့ ကျနော်နဲ့က ၈၈ အရေးတော်ပုံ အပြီးမှာ မြေလတ်ကျောင်းသားလူငယ်များ ညီညွတ်ရေးတပ်ပေါင်းစု (မကညတ)ကို ကိုယ်စားပြုပြီး နိုင်ငံရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ဖူးပါတယ်။
အထက်ဗမာပြည် ကျောင်းသားညီလာခံ၊ မြေလတ် ကျောင်းသားညီလာခံတို့ကစလို့ ရန်ကုန်မှာ နိုင်ငံရေးလှုပ်ရှားမှုများကို ဆိုးတူကောင်းဘက် အငတ်ခံ လှုပ်ရှားခဲ့ဖူးပါတယ်။ သူက တောင်တွင်းကြီးသားပါ။ မကွေးကောလိပ်မှာ ကျောင်းတက်ခဲ့ပါတယ်။ တခါ ထောင်ထဲမှာရောက်တော့လည်း သရက်ထောင်မှာ အတူပြန်ဆုံရပြန်ပါတယ်။ သူနဲ့ပတ်သက်လို့မမေ့နိုင်တဲ့ အနိဌာရုံတွေ ရှိခဲ့ဖူးပါတယ်။ တနေ့ မနက်စောစော ကျနော်က သရက်ထောင် နှစ်တိုက်ထဲမှာ ရှိနေစဉ်ကာလ သူက ဆေးရုံဆောင်လို့ခေါ်တဲ့ နေရာမှာရှိပါတယ်။
အဲဒီနေ့က ဆေးရုံဆောင်မှာ နိုင်ငံရေးအခမ်းနားကျင်းပလို့ဆိုပြီး ထောင်အာဏာပိုင်များက ကိုသန်းနိုင် အပါအဝင် ၆ ယောက် ၇ ယောက်လောက် ရှိမယ်ထင်တယ်။ သူတို့ကို ကျနော်တို့ နှစ်တိုက်ထဲ ထည့်လိုက်ပါတယ်။ သူတို့ရောက်မလာခင် တိုက်ထဲမှာရှိတဲ့သူတွေအားလုံးကို တိုက်ရဲ့အဝင်ပေါက်ကို ကျောပေးပြီး ထိုင်ခိုင်းတယ်။ အဲဒီအချိန်ထိ ကျနော်တို့လည်း ဘာမှန်းမသိသေးဘူး။ ဒါပေမယ့် အားလုံးရဲ့စိတ်ထဲကတော့ ပြစ်ဒဏ်တိုက်သွင်းတော့မယ်ဆိုတာ သိနေကြတယ်။
နောက် အားလုံးကို ပုံစံတွေပေးသံ၊ ဆဲဆိုသံတွေ အဆုံးမတော့ နံပါတ်တုတ်တွေနဲ့ တအုံးအုံးရိုက်သံတွေ ထွက်လာပါတော့တယ် …။ အဲဒီမှာ ကျနော်တို့က အသံတွေကို ကျက်မိတယ်။ အော်ဟစ်သံ၊ ငြီးတွားသံ၊ ပြန်လည်ပြောဆိုသံ ဝန်ထမ်းတွေရဲ့ဆဲဆိုသံ ဆောင့်ကန်သံတွေကြားမှာ ကိုသန်းနိုင်ရဲ့ စကားလုံးမပါဘဲ နာကျဉ်းဟစ်အော်လိုက်တဲ့ “ဟား …” ဆိုတဲ့ ရင်ခေါင်းအသံကြီးဟာ ငြိမ်သက်နေတဲ့ထောင်ကို ဖောက်ခွဲထွက်သွားတယ် … ဝန်ထမ်းတွေက သူ့ပါးစပ်ကို ပိတ်လိုက်ပုံရတယ် … နောက်တော့ ဝူးဝါး ဝူးဝါး ဆို ပါးစပ်ကိုပိတ်သံ၊ ရုန်းနေသံတွေ … အားလုံးဟာ … ဘယ်လိုမှ မခံစားနိုင်တဲ့ အနိဌာရုံတွေပါ။
ရိုက်ပြီးတာနဲ့ သူတို့ကို သံခြေကျင်းတွေ ခြေထောက်မှာခတ်ပါတယ်။ တခါ ဒေါက်လို့ခေါ်တဲ့ တတောင်သာသာလောက်ရှိမယ့် သံချောင်းနဲ့ ကန့်လန့်တတ်ထားတယ်။ တော်တော် နေရထိုင်ရခက်တဲ့ အနေအထားပါ။ အဆုံးမတော့ တိုက်ခန်းထဲကို နှစ်ယောက်တတွဲ ထည့်ထားလိုက်တယ်။ မိလ္လာချခွင့်၊ ရေချိုးခွင့်မပေးဘူး။
တပါတ်ကျော်ကျော်လောက် ကြာမယ်ထင်တယ်။ အဲဒီအခါကြမှ သူတို့ကို အညစ်အကြေးချခွင့်၊ ရေချိုးခွင့်တွေ ပေးပါတယ်၊ ဒါပေမယ့်လည်း ခြေထောက်မှာ သံခြေကျင်းနဲ့အတူ ကန့်လန့်တတ်ထားတဲ့ ဒေါက်က ရှိနေသေးတော့ လမ်းလျှောက်ရတာမှာ တော်တော်ခက်ခက်ခဲခဲ လျှောက်ရတာပါ။
ဒီလိုနဲ့ ထောင်ထဲမှာအတူနေကြရင်း လွတ်မြောက်သွားပြီး ကွဲသွားလိုက်တာ … ကျနော် နောက်ဆုံးအကြိမ် ထောင်ထဲကလွတ်လာမှ ပြန်ဆုံဖြစ်တော့တယ် …။ သူ ကျနော့်ဇာတိမြို့ကို ရောက်လာတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေကို မပြတ်တမ်းလုပ်နေဆဲပဲ။ စိတ်ဓာတ်ကတော့ မာကျောလျှက်ပဲ။ ထူးခြားသွားတာက တခေါင်းလုံးနီးပါး ဆံပင်တွေ ဖြူကုန်ပြီ၊ စီးပွားရေး အဆင်မပြေတဲ့ အိမ်ထောင်ကို ဦးစီးနေရတယ်။
ကျနော်လည်း အဲဒီအချိန်က ထောင်ထဲကသာ လွတ်လာတာ သိပ်တော့ ကျောမလုံလှဘူး။ သူ့ကိုလည်း သတိပေးတယ်။ ကျနော်ကတော့ ဆုံးဖြတ်ပြီးပြီ။ နောက်တခါဆိုရင်တော့ အဖမ်းမခံနိုင်တော့ဘူး။ လစ်မယ်။ ဒါကို အတိအလင်းပြောထားလိုက်တယ်။ ကျနော် ထိုင်းနိုင်ငံဘက် ထွက်မလာခင်မှာ သူက မဖြူဖြူသင်းတို့နဲ့ ပေါင်းပြီး အေအိုင်ဒီအက်စ်ကိစ္စတွေ အစွမ်းကုန် လိုက်ဆောင်ရွက်နေတာကို သိရတယ်။ နောက်တော့ ကိုမင်းကိုနိုင်တို့ လှုပ်ရှားမှုဓာတ်ပုံတွေထဲမှာ သူ့ကို မကြာမကြာ တွေ့နေရတယ်။ ရွှေဝါရောင်လှုပ်ရှားမှု အလွန်မှာတော့ သူ နောက်ထပ် ထောင်ကျသွားတယ် ဆိုတာကို ကြားလိုက်ရတယ်။
၈၈ အရေးတော်ပုံကစလို့ သူ့ဘဝတခုလုံးဟာ နိုင်ငံရေးထဲမှာပဲရှိတယ်။ အကျဉ်းထောင်ထဲမှာ နှစ်ရှည်လများ၊ စစ်ကြောရေးစခန်းတွေထဲမှာ ပြင်းထန်တဲ့နှိပ်စက်မှုဒဏ်တွေကို အခုထိ ခံနေရဆဲပါပဲ။
သူတို့တတွေကို ပေးအပ်ခဲ့တဲ့ ‘အညတရ သူရဲကောင်းဆု’ ဟာ သိပ်ကိုထိုက်တန်ပါတယ်။ ကျနော် သူတို့အတွက် ဝမ်းမြောက်တယ်၊ သူတို့လိုပဲ ထောင်ထဲမှာ ၈၈ အရေးတော်ပုံကြီးကနေ ယနေ့အထိ နှစ်ပေါင်း ၂၃ နှစ်တောင်ရှိပြီ။ အသက်ရှင်နေသေးတဲ့ သံလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုသန်းဇော်၊ သာယာဝတီ သုံးဆယ်က သပိတ်ခေါင်းဆောင် ကိုဂျော်လီထွန်း ဆိုလည်း ပေးဆပ်နေရတဲ့ အချိန်ကာလတွေဟာ ကြောက်စရာ ကောင်းလောက်အောင် လွန်နေပါပြီ၊ ထောင်ထဲမှာ တရက် တရက် ဖြတ်ဖို့တောင် မလွယ်လှတဲ့ ကာလများမှာ နှစ်ပေါင်း ၂၃ နှစ်နေနေရတယ်ဆိုတာ သိပ်ရက်စက်လွန်းလှ ပါတယ်။
သူတို့တတွေဟာ လူသိနည်းတဲ့ အညတရ သူရဲကောင်းစစ်စစ်တွေပါ။ သူတို့ဘဝတွေ သူတို့ယုံကြည်ချက်တွေကို လူထုလွတ်မြောက်ရေးအတွက် အစတေးခံနေသူတွေပါ။ မြန်မာနှစ်ကူး အချိန်အခါသမယမှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာမယ်ဆိုရင် မင်္ဂလာအပေါင်းနဲ့ စတင်ပြည့်စုံစေပါလိမ့်မယ်။
အဲသလိုမဟုတ်ဘဲ …“ မင်းတို့ရှိလို့ ဘာအကျိုးအမြတ်မှ မဖြစ်ထွန်းဘူး ... မင်းတို့ကို ရှင်းပစ်ဖို့လည်း ငါတို့မှာ ဘာမှဆုံးရှုံးမသွားဘူး” ဆိုတဲ့ ခမာနီခေါင်းဆောင်ဟောင်း ပိုပေါ့ ရဲ့ လမ်းစဉ်ကို ဆက်လက် ကျင့်သုံးနေဦးမယ်ဆိုရင်တော့ ပိုပေါ့လိုပဲ ဘဝနိဂုံး ဇာတ်သိမ်းမလှနဲ့ သွားရနိုင်တယ်ဆိုတာကို ပြောကြားရင်း … … …။

အားလုံးကို လေးစားစွာဖြင့်
မောင်မောင်ဝမ်း

သင်္ကြန်နှစ်ကူးမှာ ဒေါ်စု လူထုကိုနှုတ်ဆက်

မနေ့က မဟာသင်္ကြန်အတက်နေ့မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထူးထူးခြားခြား နေအိမ်ရှေ့ထွက်ပြီး၊ လမ်းသွားလမ်းလာတွေနဲ့ သင်္ကြန်ရေကစားသူတွေကို နှစ်သစ်ကူး နှုတ်ဆက်ခဲ့ပါတယ်။ စနေနေ့ ညနေပိုင်း ၄ နာရီလောက်မှာ သူ့ရဲ့ အနီးကပ် လုံခြုံရေးဆောင်ရွက်ပေးသူတွေ ၀န်းရံပြီး နေအိမ် ခြံဝန်း ထိပ်ကို ထွက်လာ နှုတ်ဆက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းကျန်းမာမာရှိတာကြောင့် သင်္ကြန်တွင်း အခုလို ကိုယ်တိုင် ခြံပြင်ထွက်ပြီး၊ မြန်မာ နှစ်သစ်ကူး နှုတ်ခွန်းဆက်နိုင်တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း က ပြောပါတယ်။
လမ်းသွား လမ်းလာအချို့ကတော့ ရုတ်တရက် မမျှော်လင့်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တွေ့လိုက်ရလို့ ၀မ်းသာ ၀မ်းနည်းဖြစ်ရတယ်လို့ ပြောကြပါတယ်။ တပြိုင်တည်း အဲဒီ ညနေပိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံရှေ့မှာ သင်္ကြန်စတုဒီသာအလှူပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။

အမျိုးသားသင့်မြတ်ရေး မျှော်လင့်သလို ကြိုးပမ်းဖို့လို

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းမှုတွေ ဖြစ်လာဖို့ တဖက်မှာ မျှော်လင့်ထားသလို ဒီအတွက် လုပ်စရာတွေကိုလည်း ကိုယ်တိုင် လုပ်ဆောင်သွားရမယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ပြောဆိုပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အခုအစိုးရသစ်နဲ့ တွေ့ဆုံ ဆွေးနွေးလိုတယ် ဆိုတာ သမ္မတ ဦးသိန်းစိန်ကို အခုနှစ်ဆန်းမတိုင်ခင် စာရေးသားပေးပို့ခဲ့ပေမဲ့ အခုအချိန်အထိ အကြောင်းပြန်ချက် မရသေးပါဘူး။ ဒီအကြောင်း ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးရဲ့ ရှေ့ပြေးနိမိတ်အဖြစ် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွတ်လေမလား မျှော်လင့်သူတွေ နှစ်သစ် ဆုမွန်တောင်းသူတွေ ရှိကြပေမဲ့ မြန်မာနှစ်ဆန်း ၁ ရက်မှာတော့ အများရဲ့ မျှော်လင့်ချက်တွေ မပြည့်ခဲ့ပါဘူး။ ဒါပေမဲ့ နှစ်ဆန်း ၁ ရက်နေ့မှာပဲ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုလှုပ်ရှားမှုအချို့ ရန်ကုန်မှာရှိခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ လက်မှတ်ထိုး လှုပ်ရှားမှုရှိခဲ့သလို ရန်ကုန်ဆင်ခြေဖုံး ဘုရားတဆူမှာလည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ စုပေါင်းပြီး ဆုတောင်းပွဲ လုပ်ခဲ့ကြပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်ထားသလို တဖက်မှာ ဒါတွေ အကောင်အထည်ပေါ်အောင် လက်တွေ့ပါဝင် ဆောင်ရွက်ကြဖို့လည်း လိုတယ်လို့ သတင်းထောက်တွေကို မနေ့ နှစ်ဆန်း ၁ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးက အထွက်မှာ ပြောခဲ့ပါတယ်။
“မျှော်လင့်တာပဲ။ ဒါပေမဲ့ အန်တီ အမြဲပြောတယ်မဟုတ်လား၊ မျှော်လင့်တယ်ဆိုတာ အလုပ်လည်း လုပ်ရမယ်။ အလုပ်မလုပ်ဘဲနဲ့ မျှော်လင့်လို့မရဘူး။ ကြိုးစားရမှာပေါ့။ ကြိုးစားရင်းနဲ့ မျှော်လင့်သွားရမှာပေါ့။ မျှော်လင့်သွားရင်းနဲ့ ကြိုးစားရမှာပေါ့။”
နှစ်ဆန်း ၁ ရက်နေ့ကစတဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆိုမှု လက်မှတ်ထိုးလှုပ်ရှားမှုဟာ အစိုးရသစ် ပေါ်လာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဆုံး နိုင်ငံရေး လှုပ်ရှားမှုတခုလို့ ပြောနိုင်ပါတယ်။ ဒီလှုပ်ရှားမှုမှာ အဖွဲ့ချုပ်တင်မဟုတ်ဘဲ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ၀ါရင့်နိုင်ငံရေးသမားတွေ ဖျက်သိမ်းခံ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေပါ စုပေါင်း ပါဝင်ထားပါတယ်။
အဝေးရောက် ညွန်ပေါင်းအစိုးရအဖွဲ့ (NCGUB) ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်း ကတော့ နိုင်ငံတွင်း နိုင်ငံရေး တွေ့ဆုံညှိနှိုင်းမှုတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တကယ်ဖြစ်လာဖို့ ဆိုရင်တော့ လူထုနိုင်ငံရေး လမ်းစဉ်ဆိုတာ ခေါင်းဆောင်တွေက ချပေးဖို့လိုတယ်လို့ ပြောပါတယ်။
“တွေ့ဆုံဆွေးနွေးဖို့ ဆိုတာ အဲဒီလို တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခြေအနေကို ရောက်အောင် တွန်းပို့နိုင်တဲ့ လူထုနိုင်ငံရေးလမ်းစဉ် ရှိဖို့လိုတယ်။”
လူထုက လမ်းပေါ်ထွက်ပြီးတော့ သူတို့ရဲ့ လိုလားချက်တွေ တောင်းဆိုခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဘက်က အကြမ်းဖက် ခြေမှုန်းတာတွေချည်းကိုပဲ ခံနေရတော့ အဲဒီနည်းလမ်းကရော တကယ်တမ်း အပြောင်းအလဲအတွက် အဆင်သင့် ရှိရဲ့လားခင်ဗျ။ -
“လူထု နိုင်ငံရေးလမ်းစဉ်ဆိုတာ ကျနော်တို့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာ တခုတည်း မဟုတ်ပါဘူး။ လူတဦးချင်းစီရဲ့ အခွင့်အရေးတွေ၊ လူတန်းစာ အလွှာတခုချင်းစီရဲ့ အခွင့်အရေးတွေ၊ အလုပ်သမား အခွင့်အရေးတွေ၊ လယ်သမား အခွင့်အရေးတွေ။ ဒါတွေ အများကြီး ချိုးဖောက်ခံနေရတာရှိတယ်။ ကျနော်တို့ ဒီမိုကရေစီရေး ဆန္ဒပြမှမဟုတ်ပါဘူး။ အဲဒီ တဦးချင်းစီရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို ချိုးဖောက်လာတယ်။ မတရားတဲ့ အမိန့်အာဏာတွေနဲ့ ဖိနှိပ်လာတယ် ဆိုလို့ရှိရင် ဒါတွေကို တဦးချင်းမှာ ကျနော်တို့ အင်အားနည်းကောင်း နည်းပေမဲ့လို့ စုဖွဲ့မှုတွေ ရှိမယ်ဆိုရင် အင်အားကောင်းလာနိုင်ပါတယ်။ ဒါဟာ လုပ်ငန်းစဉ်တရပ်ပါ။ ကျနော်တို့ အဆင့်ဆင့်မှာ ခေါင်းဆောင်တွေ ပျိုးထောင်ပေးဖို့ကလည်း လုပ်ငန်းစဉ်တရပ် ဖြစ်ပါတယ်။ ထိပ်ပိုင်းမှာ ကျနော်တို့ သတ္တိပြောင်တဲ့ ခေါင်းဆောင်တွေ ရှိယုံနဲ့ ကျနော်တို့ မလုံလောက်ပါဘူး။ အဆင့်ဆင့်မှာ ခေါင်းဆောင်တွေ ရှိပါတယ်။”
ဒီနေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ NLD မှာ အခုအခြေအနေက ရပ်တည်မှုဆိုင်ရာ အကန့်အသတ် ရှိပါတယ်။ ဆိုတော့ စည်းရုံးရေးဆိုင်ရာ အကန့်အသတ်လည်း ရှိပါတယ်။ ဒီအခြေအနေမှာ အခု လူထုနိုင်ငံရေး လမ်းစဉ်ဆိုတာ ပြောလာရရင် NLD ကရော အဲဒီလမ်းစဉ်အပေါ်မှာ ဦးဆောင်နိုင်တဲ့ အခြေအနေ၊ NLD အနေနဲ့ တကယ်တမ်း ဦးဆောင်မှု ပေးနိုင်ပါ့မလား။ -
“ဟုတ်ကဲ့။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောသွားပါပြီ။ မြန်မာပြည် ဒီမိုကရေစီရဖို့ဆိုတာက သူတယောက်တည်း လုပ်လို့လဲ မရဘူး။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တခုတည်းလဲ လုပ်လို့မရပါဘူး။ သူ့အခန်းကဏ္ဍကနေ သူ ကပြဖို့လိုပါတယ်။ သူ့အလုပ်သူ လုပ်ဖို့လိုပါတယ်။ ခေါင်းဆောင်ပိုင်းတွေ အနေနဲ့ တွေ့ဆုံဆွေးနွေးရေးတွေ အတွက် လုပ်ဖို့တွေရှိမယ်။ အဲဒီလုပ်ဖို့တွေအရ ပျော့ပြောင်းတဲ့နည်းဗျူဟာတွေ လုပ်ကောင်းလုပ်ရမယ်။ ဒါပေမဲ့လို့ ကျနော်တို့ လူငယ်တွေ၊ တခြား လူထုလူတန်းစားဆိုင်ရာ အစုအဖွဲ့တွေ၊ Network တွေ အများကြီး ရှိပါတယ်။ အဲဒီ အစုအဖွဲ့တွေအနေနဲ့ ကိုယ့်ရဲ့အခန်းကဏ္ဍမှာ ကိုယ်လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို လုပ်သွားဖို့လိုပါတယ်။ ဘယ်သူဘယ်ဝှါက ညွှန်ကြားမှ၊ ဘယ်သူက ဦးဆောင်မှ၊ ဘယ်သူက အမိန့်ပေးမှဆိုလို့ မဖြစ်ဘူး။ နိုင်ငံရေးမှာ ပါဝင်ပတ်သက်တဲ့သူတွေဟာ သူ့သက်ဆိုင်ရာကဏ္ဍမှာ သူနဲ့ဆီလျော်တဲ့ နည်းပရိယာယ်တွေနဲ့ လှုပ်ရှားကြရတာဖြစ်ပါတယ်။”
ဒေါက်တာသောင်းထွန်း ဖြစ်ပါတယ်။ မြန်မာအစိုးရသစ်အနေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိပါတယ်လို့ ပြီးခဲ့တဲ့ ထိုင်းနိုင်ငံမှာ အာဆီယံဝန်ကြီးတွေ ဆုံစဉ်မှာ မြန်မာနိုင်ငံခြားရေး ၀န်ကြီးက ပြောခဲ့တာကို အင်ဒိုနီးရှားဝန်ကြီးက သတင်းထောက်တွေကို ပြန်ပြောခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်မိန့်ခွန်းမှာလည်း အမျိုးသား အကျိုးစီးပွားအတွက် လွှတ်တော်တွင်း လွှတ်တော်ပ နိုင်ငံရေးအင်အားစုတွေနဲ့ လက်တွဲ ဆောင်ရွက်သွားမယ် ဆိုပြီး ပြောခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့အားဖြင့် ဒီစကားတွေကို ဘယ်လောက် အကောင်အထည် ဖော်မလဲ၊ ဒီမိုကရေစီအတိုက်အခံတွေ ကတော့ ဒါကို သံသယနဲ့ စောင့်ကြည့်နေကြပါတယ်။

အကျဉ်းသား လွတ်မြောက်ရေး စုပေါင်းလက်မှတ်ရေးထိုး

မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ပေးဖို့အရေး မြန်မာအစိုးရသစ်ကို တောင်းဆိုတဲ့ လက်မှတ်ထိုး လှုပ်ရှားမှုတရပ်ကို ဆောင်ရွက်နေကြပါတယ်။ ဒီလက်မှတ်ထိုး တောင်းဆိုလှုပ်ရှားမှုမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေလည်း ပါဝင်ခဲ့ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
နိုင်ငံရေး အကျဉ်းသာတွေကို လွှတ်ပေးဖို့၊ ပြည်တွင်းစစ်တွေ ရပ်စဲဖို့နဲ့ ပြည်ပရောက် မြန်မာတွေ ပြည်တွင်း ပြန်လည် ၀င်ရောက်နေထိုင်နိုင်ရေး အတွက် ကောင်းမွန်တဲ့ အနေအထား တခုကို ဖန်တီးပေးဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ၀ါရင့် နိုင်ငံရေး သမားကြီးတွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆို လှုပ်ရှားမှုတခုကို မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ စတင်လိုက်ပါတယ်။ ဒီလို လက်မှတ်ရေးထိုး တောင်းဆိုမှုကို လူထုတောင်းဆိုမှု တခုအသွင် ဆောင်လာအောင်အထိ ပြည်နယ်နဲ့ တိုင်းအသီးသီးကို ပို့ဆောင်ပြီး လှုပ်ရှား ဆောင်ရွက်သွားမယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသား တဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
“ပထမဦးဆုံးအချက်ကတော့ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ရယ်၊ ဒုတိယ အချက်က မြန်မာ့နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက်ပေါ့။ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်ေးရး တည်ဆောက်ဖို့ တိုက်တွန်းထားတာ။ နိုင်ငံတကာမှာ ရောက်နေတဲ့သူတွေရော၊ ပြည်ပနိုင်ငံ အသီးသီးမှာ ဒုက္ခသည်အဖြစ် ရောက်နေကြတဲ့သူတွေရော၊ မြန်မာနိုင်ငံအတွင်းကို လုံခြုံစိတ်ချစွာ ပြန်လည် လာနိုင်ရေးအတွက်ပေါ့ နောက် အခြေအနေ ကောင်းတွေကို ဖန်တီးပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ အခုစပြီး လက်မှတ်ရေးထိုးနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တို့၊ ဦးတင်ဦး တို့ အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ ၈၈ ကနေ အခုထိ ပါဝင်လှုပ်ရှားနေတဲ့ နိုင်ငံရေး မိသားစုတွေ အတော်များများ ပါဝင် လက်မှတ်ရေးထိုး ကြမှာပါ။ လူထုရဲ့ အသံတခု အနေနဲ့ အစိုးရအဖွဲ့ကို တင်ပြနိုင်အောင် ကျနော်တို့ ကြိုးစားသွားမှာပါ။”
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး အပါအ၀င် အစိုးရသစ် သမ္မတ အနေနဲ့ ပြောထားတဲ့ ကတိအတိုင်း ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင်ပါလို့ တိုက်တွန်း တောင်းဆိုထားတဲ့ စာတစောင်ကို အစိုးရသစ် သမ္မတ ဦးသိန်းစိန်ထံကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပေးပို့ခဲ့ပါသေးတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြည်တွင်း ပြန်လည် နေထိုင်နိုင်ရေး အတွက် အမတ်တချို့က လွှတ်တော်သစ်ထဲမှာ တင်ပြဖူးပေမဲ့ ဒီကိစ္စဟာ လွှတ်တော်မှာ ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူးဆိုပြီး ပယ်ချခဲ့တာပါ။
ဒီလို ပယ်ချထားပေးမဲ့လည်း အခု လက်မှတ်ရေးထိုး လှုပ်ရှားသူတွေကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို အစိုးရသစ်အနေနဲ့ ဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ထားဆဲ ဖြစ်တယ်လို့လည်း တက်ကြွ လှုပ်ရှားသူ တဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
“ကျနော်တို့ကတော့ဗျာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မျှော်လင့်ထားပါတယ်။ အခုချိန်မှာ နိုင်ငံတော်သမ္မတလည်း ပေါ်လာပြီ။ တိုင်းပြည်မှာ လွှတ်တော်တရပ်လည်း ပေါ်လာပြီဖြစ်တဲ့ အတွက် ဒီအခြေအနေ အပေါ်ကနေ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စကို အခုပေါ်လာတဲ့ အစိုးရသစ်ကနေ ဆောင်ရွက်ပေးဖို့ လိုလိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်။ ဒီအပေါ်မှာလည်း ကျနော်တို့ မျှော်လင့်ထားပါတယ်။ ဒီနှစ်သစ်အခါသမယမှာပေါ့နော် တိုင်းပြည်မှာရှိနေတဲ့ ပြဿနာ အရပ်ရပ်တွေကို ပြေလည်သင့်မြတ်ဖို့နဲ့ လာမယ့် မင်္ဂလာရှိတဲ့နှစ်သစ် ဖြစ်ဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ကြမယ်၊ ဒုက္ခသုက္ခရောက်နေသူတွေ၊ စစ်ဘေးဒဏ် သင့်နေတဲ့သူတွေရဲ့ ဒုက္ခတွေကိုလည်း ငြိမ်းချမ်းဖို့အတွက် ပြည်တွင်း ငြိမ်းချမ်းရေးကို အမြန်ဆုံး တည်ဆောက်နိုင်ပြီး အပစ်အခတ် ရပ်စဲရေးကို အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့၊ နိုင်ငံရေး ပြဿနာရပ်တွေကို တွေ့ဆုံဆွေးနွေးပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး တည်ဆောက်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခု နှစ်သစ် အခါသမယမှာ ဒီလို ကောင်းမြတ်တဲ့ ကိစ္စတွေကို ကျနော်တို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။”
ဒီကနေ့စတင်တဲ့ လက်မှတ်ရေးထိုး လှုပ်ရှားမှုကရလာတဲ့ လက်မှတ်တွေနဲ့ တောင်းဆိုမှုတွေကိုတော့ လာမယ့် ရုံးဖွင့်ရက်မှာပဲ နေပြည်တော်မှာရှိတဲ့ သမ္မတရုံးကို ပေးပို့မယ်လို့ ဆိုပါတယ်။

အစိုးရသစ် လုပ်ပိုင်ခွင့် အပြည့်အ၀ရှိပုံ မပေါ်

လက်ရှိ မြန်မာအစိုးရသစ်ဟာ ပြောတဲ့အတိုင်း လက်တွေ့ အကောင်အထည်ဖော်ခြင်း မရှိသေးဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဝေဖန်လိုက်ပါတယ်။ လောလောဆယ် အရေးတကြီးအဆင့် ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ပြဿနာကို ကိုင်တွယ်သင့်ပြီလို့ ယူဆကြောင်း NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။
သမ္မတ ဦးသိန်းစိန် မိန့်ခွန်းထဲမှာပြောခဲ့တဲ့ ကတိတွေထဲက နိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးရေး ဆိုင်ရာ အချက်တွေကို စတင် အကောင်အထည်ဖော် လုပ်ဆောင်ဖို့ NLD ပါတီက တိုက်တွန်းတဲ့စာကို ဧပြီလဆန်းပိုင်းကတည်းက ပို့ထားပေမဲ့ အခုအချိန်ထိ ဘာမှ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။ နိုင်ငံရေးပါတီတွေ အားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး လမ်းကြောင်း ဖွင့်မယ်လို့ အစိုးရတာဝန်ရှိသူတွေ ပြောပေမဲ့ ခုချိန်ထိ ဘာမှလက်တွေ့ ဖြစ်လာတာ မရှိသေးဘူးလို့ NLD ပါတီရဲ့ ဒုဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ ပြန်လွတ်ဖို့ဆိုတဲ့ ကိစ္စအပေါ် တောင်းဆိုမှုတွေ ပိုများလာတာကို တုံ့ပြန်ရင်းနဲ့ ပြောထားတဲ့ ကတိတွေနဲ့မူတွေကို စတင် အကောင်အထည် ဖော်သင့်ပြီလို့ ဦးတင်ဦးက ပြောပါတယ်။
“သူတို့ အခုပြောတဲ့မိန့်ခွန်းက မူပဲလေ။ ဒါပေမဲ့ လက်တွေ့ကတော့ ဒီနေ့အထိ ပြည်သူလူထုထဲမှာ ဘာမှ ထူးထူးခြားခြား မတွေ့ရသေးဘူးလေ။ အခြေအနေကတော့ အရင်နဲ့ ဘာမှမထူးခြားပါဘူး။ အကျဉ်းကျခံ ထားရတဲ့ နိုင်ငံရေးသမားတွေက တချို့လည်း လွတ်ရက်စေ့နေပြီ။ တချို့လည်း လွတ်ရက် နီးနေပြီ။ ဒါတွေနဲ့ပတ်သက်တဲ့ အားလုံးကို ခုထက်ထိကို မလွှတ်သေးဘူးဆိုတော့လဲ အားမရဘူးပေါ့။ ဒီလိုတော့ ရှိပါတယ်။ ဒီ့အပြင် တခြား များများစားစား ချိန်ကြည့်စရာမရှိပါဘူး။ အဲဒီဟာလေး တခုနဲ့ ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ သမ္မတ ဦးသိန်းစိန်က သူ သိပ်ပြီးတော့ လုပ်နိုင်ပုံ မပေါက်ဘူးထင်တယ်။ ဒီဟာနဲ့ ပတ်သက်တာ အားလုံးက အပေါ်က ချုပ်ကိုင်ထားတဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆိုတာရှိတယ်။ အဲဒီမှာက တာဝန်လွှဲပြောင်း ပေးသွားပြီဆိုတဲ့ ပုဂ္ဂိုလ်က ဆက်ပြီးသြဇာ ရှိနေသေးတော့ အဲဒီကနေ အကြောင်းကြီးငယ် မရသေးလို့ပဲ ဖြစ်မလားမပြောတတ်ဘူး။ သူတို့ပြောတဲ့စကားတွေ အပေါ်မှီပြီးတော့ လုပ်ကိုင်ပေးကြပါ ဆိုတာကို ရေးတာပဲ။”
ပြည်တွင်းက လူငယ်ကွန်ယက် အဖွဲ့တွေက ဦးဆောင်လှုပ်ရှားနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးဖို့ မြန်မာအစိုးရကို မေတ္တာရပ်ခံ တောင်းဆိုကြတဲ့ လက်မှတ်ထိုး လှုပ်ရှားမှုတွေကလည်း နယ်မြို့တွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေပြီဖြစ်သလို စာပေနဲ့ အနုပညာ အသိုင်းအ၀ိုင်းတွေကလည်း  ပါဝင် လက်မှတ်ရေးထိုး ပေးကြတယ်လို့ ဒီလှုပ်ရှားမှုထဲမှာ ပါဝင်သူတဦးဖြစ်တဲ့ ကိုတိုးကျော်လှိုင်က ပြောပါတယ်။
“နှစ်ဆန်းတရက်နေ့က စတာပေါ့နော်။ ၁၇ ရက်နေ့အထိ။ အဲဒီနေ့ကနေ စပြီးတော့ ကျနော်တို့ နယ်တွေကိုလည်း ပို့ပါတယ်။ နယ်တွေကလည်း ဖုန်းဆက်ပြီးတော့ မှာကြားတာတွေ ရှိပါတယ်။ အဲဒီတော့ လောလောလတ်လတ် အနေအထားမှာတော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသား မိသားစုတွေအပြင်ကို နိုင်ငံရေးကို စိတ်ဝင်စားတဲ့လူတွေ အများအပြား ပါဝင်လက်မှတ် ထိုးပါတယ်။ နောက်ပြီးတော့ စာနယ်ဇင်းတို့၊ ရုပ်ရှင်တို့က ထင်ရှားတဲ့ပုဂ္ဂိုလ်တွေလည်း ပါဝင် လက်မှတ်ထိုးကြတာ ရှိပါတယ်ခင်ဗျ။ ကျနော်တို့က ရသလောက်ကိုတော့ ပထမအဆင့်တော့ အစိုးရရုံးတွေ ပြန်ဖွင့်ပြီးတဲ့အခါ ပေါ့နော်။ ၂၅ ရက်နေ့လောက်မှာ ကျနော်တို့ နိုင်ငံတော် သမ္မတရုံးကို လိပ်မူပြီးတော့ ပို့ပါမယ်။ ပြီးတဲ့အခါကျတော့ ဒီလက်မှတ်တွေကိုလည်း ကျနော်တို့ နောက်ပိုင်း ၀က်ဆိုက်တွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပေးသွားမှာပါ။”
မြန်မာနိုင်ငံထဲက အကျဉ်းထောင်တွေမှာ နှစ်ရှည် ထောင်ဒဏ်တွေနဲ့အတူ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော်ရှိပါတယ်။ မိသားစုတွေနဲ့ ဝေးလံလှတဲ့ နယ်ထောင်တွေကို ပို့ခံထားရတာမို့ မိသားစုတွေက ထောင်ဝင်စာ ပုံမှန် သွားမတွေ့နိုင်တဲ့ ပြဿနာတွေအပြင် လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရကြသလို ကျန်းမာရေးချိုယွင်းတဲ့ အခြေအနေတွေ တွေ့ကြုံနေရသူတွေလည်း အများကြီး ရှိနေပါတယ်။ ဒါ့ကြောင့်မို့ အခုတက်လာတဲ့ အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကိစ္စအပေါ် ကိုင်တွယ် ဖြေရှင်းပေး လာလိမ့်မယ်လို့ မိသားစုဝင်တွေက မျှော်လင့်နေကြတဲ့ အကြောင်း ဗန်းမော်ထောင်မှာ နှစ်ရှည် ထောင်ဒဏ်တွေနဲ့ ပြစ်ဒဏ်ပေးခံထားရတဲ့  ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်းရဲ့ မိခင် ဒေါ်ညွှန့်ညွှန့်ဦးက ပြောပါတယ်။
“လိုက်လျောရလိမ့်မယ်လို့ မျှော်လင့်ထားတဲ့အချက်ကတော့ မလိုက်လျောဘဲနေလို့ မသိချင်ယောင် ဆောင်နေမယ်၊ ရက်ရှည်လများ လုံးဝ မစဉ်းစားဘဲနေမယ် ဆိုရင်တော့ ဒီကိစ္စက အစိုးရသစ်အတွက် အရုပ်ဆိုး အကျည်းတန်တဲ့ကိစ္စတခု ဖြစ်လိမ့်မယ်လို့ အန်တီထင်တယ်။ အဲဒီ အရုပ်ဆိုးအကျည်းတန်တဲ့ ကိစ္စတခုကို ကြာကြာရင်ဆိုင်နေမယ် လို့တော့ အန်တီ မတွေးဘူးလေ။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတဲ့ကိစ္စရပ်ကြီးကို သူတို့ ဖြည်းဖြည်းချင်း ကိုင်တွယ်ဖြေရှင်းမလား။ ဒါမှမဟုတ် ဘယ်လိုနည်းနဲ့ နည်းလမ်းစဉ်းစားပြီးတော ဖြေရှင်းမလဲ ဆိုတာတော့ အန်တီတို့က မျှော်လင့်ချက်ထားပြီး စောင့်ကြည့်ရမယ့် အနေအထားတော့ ရှိပါတယ်။”
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပဏ္ဍိတ် ရဲ့ မိခင် ပြောပြခဲ့တာပါ။ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးနှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေး အဆိုပြုလွှာကို နိုင်ငံရေးပါတီ တချို့က လွှတ်တော်မှာ တင်သွင်းခဲ့ကြပေမဲ့  ဒီနေ့အထိ အကြောင်းပြန်တာ မရှိသေးပါဘူး။ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေးတွေ ပိုကောင်းလာဖို့ အမေရိကန်အပါအ၀င် အနောက်နိုင်ငံကြီးတွေရဲ့ ဒဏ်ခတ်အရေးယူမှုတွေ လျော့ကျလာဖို့အတွက် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးတဲ့ လမ်းကြောင်းနဲ့ ခြေလှမ်းတွေ စသင့်ပြီလို့ ပြည်တွင်းပြည်ပက ထောက်ပြ တောင်းဆိုနေကြတာဖြစ်ပါတယ်။

Unknown Heroes Award

Wednesday, April 13, 2011

ခြောက်ကြိုးငြိသင်္ကြန်

မြနန္ဒာ အပါအ၀င် သင်္ကြန်တေးသီချင်း သံတွေက ဟိုးအဝေးကနေ အုတ်နံရံတွေ၊ သံတိုင်တွေကြားက တဆင့် အကျဉ်းစံ ကျနော်တို့နားစည်ကို ရိုက်ခတ်လာခဲ့တယ်။ နံရံလေးဘက်ကြားက ကျနော်တို့ဟာ ဒီသီချင်းသံတွေကြောင့် နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ရောက်ပြီဆိုတဲ့ အသိရှိခဲ့ကြပေမယ့်လည်း ဘ၀တွေကတော့ အသစ်ဖြစ်မလာခဲ့ရပါဘူး။

thingyan-jail-artဒီလိုနဲ့ သင်္ကြန်တွေဟာ အကျဉ်းစံတွေကို အထီးကျန် ဆန်စေခဲ့တယ်။ သင်္ကြန်ပွဲတော်က ကွက်ချန်ထားခံရတဲ့ ကျနော်တို့တတွေဟာ ဖန်တီးအပျော်ကူးခံစားရင်း မြန်မာ့ဓလေ့ရိုးရာ သင်္ကြန်ကို အကျဉ်းထောင်ထဲမှာ အသက်သွင်းကြတယ်။

မြန်မာနိုင်ငံမှာမွေး၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတွယ်တာကြတဲ့ မြန်မာနိုင်ငံသားတိုင်းဟာ နှစ်သစ်ကူးချိန်အတွက် ရင်ခုန်ကြစမြဲပါ။ ဘယ်နိုင်ငံကို ရောက်ရောက် ရွှေမြန်မာတွေကတော့ သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပတတ်ကြပါတယ်၊ သင်္ကြန်ကို လွမ်းကြပါတယ်၊ သင်္ကြန်ကိုချစ်ကြပါတယ်၊ သင်္ကြန်ကို မြတ်နိုးကြပါတယ်။

ဒီအထဲမှာ မြန်မာပြည်တွင်း သီးခြားကမ္ဘာထဲက အကျဉ်းစံ နိုင်ငံရေး အကျဉ်းသားတွေလည်း ပါတာပါပဲ။

သင်္ကြန်ဟာ နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောပေးတယ်တဲ့၊ ကျနော်တို့ကို ဘယ်အတာရေ က လာဆေးကြောပေးမှာလဲ၊ ကျနော်တို့မှာရော အညစ်အကြေးတွေက တကယ်ပဲရှိနေခဲ့ကြတာလား။

ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်အသီးသီးမှာ သင်္ကြန်ရောက်တိုင်း လွမ်းလွမ်းဆွေးဆွေးခံစား ရတတ်ပါတယ်။ ပိတောက်ပန်းတွေက ထောင်အုတ်ရိုးတွေကို ကျော်ပြီး ပွင့်လန်းမလာခဲ့ကြဘူး။

မြန်မာနိုင်ငံသားဖြစ်တဲ့ ကျနော်တို့ဟာ အတာသင်္ကြန်ဆိုတာနဲ့ မပတ်သက်သလို ခံစားခဲ့ကြရတာပါ။ အခုလည်း ခံစားနေကြဆဲ … နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် အကျဉ်းထောင် အသီးသီးမှာ ရှိနေကြဆဲပါ။

ထောင်အုတ်ရိုး အပြင်က မြန်မာနိုင်ငံသားတွေက သင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း နေကြချိန်မှာ ကျနော်တို့ တွေကတော့ အိပ်မက်တခုလို ဖြတ်သန်းကြရတာပါ။ ဒါတွေကို ဘယ်သူသိနိုင်ပါ့မလဲ။

တကယ်တော့ သင်္ကြန်ဆိုတာ မြန်မာနိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တာပဲ။

ကျနော် အကျဉ်းထောင်ထဲ ၁၉ နှစ်နီးပါး နေခဲ့စဉ်တလျှောက် သင်္ကြန်နဲ့ ကျနော့်ကြားမှာ အုတ်နံရံတွေ၊ သံတိုင်တွေက စည်းခြားထားခဲ့တာပါ။ သင်္ကြန်ဆိုတာကို စိတ်ကူးထဲမှာပဲ အကြိမ်ကြိမ်ကျော်ဖြတ်ခဲ့ရတော့ သင်္ကြန်ဟာ ကျနော်တို့နဲ့ မဆိုင်သလို ဖြစ်လာခဲ့ရတယ်။

ကျနော်နေခဲ့ရတဲ့ ကြိုးတိုက်ကြီး (ရင်ခွဲတိုက်) ဟာ အခန်းပေါင်း ၆၀ နဲ့ ဖွဲ့စည်း တည်ဆောက်ထားတာပါ။ ကြိုးတိုက် ဆိုတာကလည်း နေနဲ့ လ ကိုတောင် မမြင်ရတဲ့ သေဒဏ်ကျ အကျဉ်းသားတွေထားရာ ညို့မှိုင်းမှိုင်း ရပ်ဝန်းတခုပါ။ အခန်း ၃၀ ကို မျက်နှာချင်းဆိုင် ထားပါတယ်။ သင်္ကြန်ရောက်တိုင်းမှာ ကြိုးတိုက်ထဲက ကြိုးသမားတွေနဲ့ တခြား အကျဉ်းသားတွေက သင်္ကြန်သီချင်းတွေ ရသမျှ မှတ်မိသမျှဆိုကြပြီး သင်္ကြန်ကို ရင်ခုန်ကြတယ်။ တချို့ သနပ်ခါးတွေ လိမ်းတာတို့၊ ထုံးနဲ့ မြေနီလိမ်းတာတို့ လုပ်ပြီး အမျိုးမျိုး “က” ပြ ကြတယ်။

သင်္ကြန်အကြိုနေ့အတွက် တချို့ကြိုးသမားတွေနဲ့ တခြားအကျဉ်းသားတွေဟာ ရေဘူးးပြတ် ကလေးတွေမှာ ရေချိုးဆင်းရင်း မြက်ပင်၊ ပန်းပင် လေးတွေကို ထောင်ဝါဒါတွေ အလစ်မှာ ခူးပြီး အတာအိုးလုပ်လို့ သကြားမင်းကို ကြိုတတ်ကြတယ်။

သင်္ကြန်အကျရက်၊ အကြတ်ရက်၊ အတက်ရက် ၊ နှစ်ဆန်း ၁ ရက် ဆိုတဲ့ သင်္ကြန်ရက်တွေမှာ အကျဉ်းထောင်က ပိုပြီး ခြောက်ကပ်ကပ် ဖြစ်နေတတ် ပါတယ်။ ဒါပေမယ့် အဲဒီလို မခြောက်ကပ်အောင် ကြိုတင်ပြင်ဆင်ထားတဲ့ သူတချို့လည်း ရှိကြတယ်။

သူတို့တွေက စပျစ်သီး၊ ငှက်ပျောသီး၊ ထန်းလျက် စတာတွေနဲ့ စိမ်ရည်လို့ခေါ်တဲ့ ၀ိုင်ဖောက်ပြီး ပလတ်စတစ်ပုံးတွေနဲ့ ထည့်၊ ထောင်ဝါဒါမသိအောင် မြေကြီးထဲမြှုပ်ထားကြတယ်။ သင်္ကြန်တွင်းကျမှ အဲဒီစိမ်ရည်ကို သောက်ပြီး ရီဝေေ၀ အနေအထားနဲ့ စကားလုံးတွေ ပွင့်အံလာရင်း သင်္ကြန်ကို အပြင်ကလူတွေလိုပဲ စိုပြေစေကြတယ်။

သင်္ကြန်ရောက်ခါနီးပြီဆိုရင် သင်္ကြန်ရက်မတိုင်ခင် ကတည်းက မိသားစုဝင်တွေ လာပေးထားတဲ့ စားသောက်စရာ တွေကို ချွေတာသိမ်းဆည်းထားကြပြီး သင်္ကြန်တွင်းမှာ ကိုယ့်အချင်းချင်း အလှူဒါနလုပ်ပြီး သင်္ကြန်ကို ဆင်နွှဲတတ်ကြ ပါတယ်။

သင်္ကြန်ယိမ်းတွေ မရှိပေမယ့်၊ ကျနော်တို့ လက်တွေခြေတွေက ယိမ်းမက နိုင်ပေမယ့် စိတ်နဲ့ ကြည့်ကြတယ်။ တချို့က ထောင်ပုံစံ ပုဆိုးတွေကို မိန်းကလေးလို ဆင်ယင်ဝတ်ပြီး ကပြတတ်ကြတယ်။

သင်္ကြန်အလှပြယာဉ်တွေ မရှိပေမယ့် သံတိုင်တွေကြားကနေ တယောက် ကျောပြင်ကို တယောက်က အလှပြ ကားတွေလို သဘောထား ကြည့်ရှု အားပေးကြတယ်။

သင်္ကြန်သံချပ် သီချင်းတွေ မကြားရပေမယ့် ကျနော်တို့ နှုတ်က သံချပ်တွေ ရေရွတ်နေတတ်တယ်။

သင်္ကြန်မဏ္ဍပ်တွေကို လည်ကြည့်လို့မရပေမယ့် မျက်နှာချင်းဆိုင် သံတိုင်တံခါးဝ တွေကိုပဲ မဏ္ဍပ်တွေလို သဘောထား ကြည့်ကြတယ်။ လည်ကြည့်လို့မရပေမယ့် လှမ်းကြည့်လို့တော့ ရတယ်။ အပြင်က မဏ္ဍပ်တွေကတော့ ပုံစံမျိုးစုံနဲ့ အလှဆင်ထားပေမယ့် အကျဉ်းထောင်ထဲက မဏ္ဍပ်တွေကတော့ သံတိုင်နဲ့ ထုံးဖြူနံရံတွေနဲ့ အမြဲမြင်နေကျ ပုံစံ တခုတည်း ဖြစ်နေတတ်ပါတယ်။

သင်္ကြန်ဒိုးပတ်ဝိုင်းတွေ မရှိပေမယ့် ပါးစပ်ဒိုးဝိုင်းတွေ လုပ်ကြတယ်။

စတုဒီသာ မဏ္ဍပ်တွေ မရှိပေမယ့် ချို့တဲ့တဲ့ မိသားစုတွေ ပေးပို့ထားတဲ့ စားစရာတွေကိုအချင်းချင်း အလှူဒါန ပြုကြတယ်။

ရေပက်ခံထွက်ဖို့အတွက် ကားတွေ၊ ယာဉ်တွေ မရှိပေမယ့် ကိုယ့်ခြေထောက်နဲ့ကိုယ် ရေချိုးဆင်းရင်း ရေကန်မှာ ကိုယ်ရမယ့် ကိုတာ (ဝေစု) ထဲက ရေကို ပန်းကန်ပြားနဲ့ အချင်းချင်း ပက်ကြတယ်။

ရေချိုးဆင်းရင်  ဒန်ပန်းကန် (ပုံစံပန်းကန်ပြား) ၁၂ ချပ်ပဲ ချိုးရတာပါ။ ပထမ ၆ ချပ်က ဆပ်ပြာမတိုက်ခင် ချိုးရပြီး နောက် ၆ ချပ်ကတော့ ဆပ်ပြာတိုက်ပြီး ချိုးရတယ်။ ခြေဆေးဖို့ သယ်လာတဲ့ ကိုယ်ပိုင်ကော်ခွက်လေးနဲ့ ရေတခွက်က ကျနော်တို့ရဲ့ အတာရေပါ။

သံတိုင်တံခါးရှေ့က သောက်ရေအိုးထဲက သောက်ရေတခွက်ဟာလည်း သင်္ကြန်ရေ ဖြစ်သွားရတာပါပဲ။

သံတံခါးနောက် ပြန်ရောက်လာပြန်တော့လည်း သင်္ကြန်သီချင်းလေး ညည်းရင်း အလွမ်းဖြေကြရတယ်။ တယောက်က သင်္ကြန်သီချင်း ဆိုပြရင် ကျန်တဲ့သူတွေက တိတ်တဆိတ် နားထောင်အားပေးရင်း စိတ်ခြေထောက်တွေနဲ့ သင်္ကြန်ကို လျှောက်လည်ကြတယ်။

သံတိုင်တံခါးတွေမှာ ၆ ကြိုးငြိ ဝေဒနာတွေ ပွေ့ပိုက်ပြီး သင်္ကြန်ရက်တွေကို ထောင်အုတ်ရိုးနဲ့ သံတိုင်တွေ ကြားမှာ နွမ်းလျစွာနဲ့ သင်္ကြန် ထမင်းနဲ့ သင်္ကြန်ဟင်းကို ငံ့လင့် တမ်းတတတ်ကြတယ်။ အပြင်လောကမှာတော့ ၆ ကြိုးငြိတယ်ဆိုတာ ဂစ်တာကို တွယ်ဖက်တာကို ဆိုလိုတာပါ။ အကျဉ်းထောင် လောကမှာတော့ သံတိုင် ၆ တိုင်ကို လက်နဲ့ ပွေ့ဖက်ပြီး အိမ်လွမ်းတာ၊ အပြင်ကမ္ဘာကို တမ်းတတာကို ၆ ကြိုးငြိတယ်လို့ တင်စားကြတယ်။

မုန့်လုံးရေပေါ်လို သင်္ကြန်မုန့်တွေကို တခါတလေ ထောင်တွင်းအဆောင်တွေမှာ စုပေါင်းလုပ်တဲ့ အလှူတွေက လာဝေငှတဲ့အခါ မျက်ရည်ဝဲမိတယ်။

တာလဘောဟင်း၊ ပဲဟင်းရည်ကြဲကြဲနဲ့ ထမင်း ပျော့တူးမနပ်ကိုပဲ သင်္ကြန်ထမင်းအဖြစ် စားကြရတယ်။

သင်္ကြန်တွင်း ထောင်ဝါဒါတွေက အလှည့်ကျနားခွင့်ရပြီး သင်္ကြန်လျှောက်လည်တဲ့ အကြောင်းတွေ ပြန်ပြောပြတာကို အခန်းငယ်လေးထဲက ကျနော်တို့တွေ ငေးမော နားထောင်ရင်း သင်္ကြန်ပျော်ရွှင်မှုကို တဆင့်ကူးယူ ခံစားကြတယ်။

ဘယ်နေရာမှာ ဘယ်မဏ္ဍပ်က ဘယ်လိုရှိကြောင်း၊ ဘယ်လိုပျော်စရာကောင်းကြောင်း ရွှန်းရွှန်းဝေအောင် ပြန်ပြောပြတတ်တဲ့ ထောင်ဝန်ထမ်းတွေရဲ့ နှုတ်ဖျားက သင်္ကြန်ရက်တွေ ကျနော်တို့ဆီ သယ်ဆောင် လာတတ်ကြတယ်။

အဲဒီအခါမျိုးမှာ သင်္ကြန်ဟာ ကိုယ်နဲ့ တသားတည်း ကျသွားသလိုခံစားလိုက်ရပြန်တယ်။ ဒါပေမယ့် စက္ကန့်ပိုင်းပဲ ခံစားလို့ရတယ်။ အချိန်တိုင်းထိတွေ့နေရတဲ့ သံတိုင်နဲ့ နံရံတွေက အေးစက်စက် သတိပေးရပ်တန့်စေတာပါပဲ။ ဒီလိုနဲ့ တဆင့်ခံစားရတဲ့ သင်္ကြန်ခံစားမှုဟာ ချက်ချင်းဆိုသလို မာကျောသွားခဲ့ပြန်တယ်။ ဒီလို နှစ်တွေ များစွာဖြစ်လာတော့ မာကျောလာတဲ့ ခံစားမှုကိုပဲ ပြန်လည်နုပျိုလာအောင် စိတ်ကိုပြန်မွေးယူရပါတယ်။

သင်္ကြန် အလည်ကျူးပြန်လာတဲ့ ထောင်ဝန်ထမ်းတွေက သောက်စားမူးယစ်ပြီး အကျဉ်းသားတွေအပေါ်မှာ သူတို့ ၀သီအတိုင်း ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဆက်ဆံပြပြန်တော့ လူယဉ်ကျေးတို့ရဲ့ သင်္ကြန်ဟာ တခါပြန်ပြီး အကျည်းတန် သွားတတ်တယ်။

နှစ်ဆန်း ၁ ရက်နေ့ ဆိုရင် သက်ကြီး နိုင်ငံရေးအကျဉ်းသားတွေကို ရေချိုးပေးဖို့ အခွင့်ကြုံရင် ခေါင်းလျှော် ရေချိုး ပေးကြတယ်။ လက်သည်းခြေသည်း ညှပ်ပေးတတ်ကြတယ်။ ဒါပေမယ့်ဒီလိုအခွင့်အရေးမျိုးက ရခဲပါတယ်။

နှစ်ဆန်း ၁ ရက်နေ့ ဘေးမဲ့ ငှက်၊ နွား၊ ငါး စသဖြင့် လူတွေက လွတ်မြောက်ခွင့်တွေပေးပြီး လွတ်ငြိမ်းချမ်းသာရသွား ခဲ့ကြတဲ့ တိရစ္ဆာန်တွေကမှ သနားကြင်နာတတ်တဲ့ လူတချို့ရဲ့ ကယ်တင်မှုကို ရနိုင်ကြပါသေးတယ်။ အကျဉ်းထောင် တွေထဲက ကောင်းကျိုးလုပ်၊ ကိုယ်ကျိုးစွန့်ခဲ့ကြတဲ့ လူသားစင်စစ်တွေကတော့ လွတ်မြောက်ဖို့အတွက် လမ်းစ က လွတ်ရက်စေ့တာတောင် မသေချာတဲ့ အနေအထားပါ။

အကျဉ်းစံနေ့ရက် သင်္ကြန်ကာလတွေကတော့ ပြောရရင် တကယ့်ကို မကုန်နိုင်စရာပါပဲ။


လင်းသန့် (ဧရာဝတီ)

Burma Exploited, in More Ways Than One

The recruitment of child soldiers in Burma is nothing new to those who know about the country's deplorable human rights record, but there is one facet of this issue that has yet to receive much attention: the abuse that child soldiers jailed for desertion face inside Burma's prisons.
Of the estimated 400,000 soldiers in Burma's army, not one is female, and so there have been no reported incidents of young girls being conscripted. But during my two decades in prison as a political prisoner until 2009, it was not unusual to hear someone talking about making someone into a “girl soldier.”
Late one evening while in prison, I heard the wailing cry of a young man, aged around 16, coming from a punishment cell adjacent to my own cell. The boy later told me that his name was Thaw Zin, and that he was a former child soldier from the Burmese army.
He was one of several child soldiers I had met during my time in jail, serving one- to three-year prison sentences for fleeing from the army. In tears, he said that he had been in jail for just five weeks when he was taken to the punishment cell for breaking a prison rule.
At first, he was reluctant to discuss his “crime,” but when I asked him what had happened to him, he continued crying for a while and then finally told me his heart-wrenching story.
Thaw Zin said that he had been sentenced to a year in prison for breaking Section 65 of the Criminal Code—army desertion. Having been out of contact with his parents since he was recruited as a solider when he was young, he could not hope to receive any visits from his family.
During his first week in prison, he was forced to wash the toilet bowls of prisoners with his bare hands. He said he detested every moment of that work and while he was trying to break free from that ordeal, a hardcore criminal prisoner named Kyaw Gyi approached him, calling him “son.”
“Kyaw Gyi gave me a bath like I was his son. I never had a good bath before I met him. He also bought me medicines for my skin diseases. I thought my own parents were not as kind as he was to me,” Thaw Zin said.
Within a matter of days, Kyaw Gyi, a notorious criminal, became a great benefactor to Thaw Zin and arranged for the latter to be able to come and live with him in the same prison ward. Also through Kyaw Gyi's prison network, Thaw Zin was liberated from his job of washing toilet bowls.
One night, Thaw Zin said Kyaw Gyi asked him for sex. He said that at first he tried to brush off Kyaw Gyi's sexual advances, thinking he had once been a soldier. But when he thought about his first weeks in prison before meeting Kyaw Gyi—doing toilet-bowl duty, and not having enough food or proper clothing or a chance to take a proper bath—he said he was finally compelled to submit to Kyaw Gyi's will.
For several nights, he appeased Kyaw Gyi's desires, but at around ten o' clock on the night before he was taken to the cell next to mine, some other prisoners became aware of what was going on. After that, he was beaten by both guards and prisoners, who started calling him a “girl soldier.”
He was then shackled and taken to the punishment cell. He said he was crying because he feared that his parents and other family members would somehow learn of his “affair” in prison.
In fact, Thaw Zin was just one of many child soldiers and young prisoners who were sexually molested by hardcore criminals who bribed prison authorities so that they could get away with their dirty acts.
According to Human Rights Watch, the vast majority of new recruits in Burma are forcibly conscripted, and there may be as many as 70,000 soldiers—including some from armed opposition groups—under  the age of 18, with some as young as just 11 years of age.
In Thaw Zin's case, he said he was deceived by a broker and conscripted into the army at the age of 14.  According to his account, he came from a village in Pyawbwe Township and was a student at a state high school at the time he was recruited. But because his parents were very poor peasants working on a plantation, he often missed classes so he could help them with their work.
One day, on his way back home from school, he was approached by a middle-aged man who gave him some snacks and some pocket money. A few days later, together with another boy from the village younger than him, he went along with the man to an army unit in the town.
He said that when he received his military training, he met many other boys as young as 10 and 11, and some boys were even shorter than the guns they were trained to shoot. Besides weapons training, Thaw Zin said he and other fellow child soldiers had to do various chores—ranging from doing laundry to firewood-cutting to fetching water—at the homes of military officers and others of senior rank.
Sometimes they also had to pave roads, grow trees, herd cattle owned by the army and do other hard labor.
After four months of military training, during which he received no pay except pocket money, Thaw Zin became an infantry soldier and had to go to border areas in Mon and Shan states. After a few months, he ran away from the army to escape the hardships he experienced, and but was later caught and jailed.
It is certain that there are many other child soldiers in the army who would like to get out but have not yet been able to. Among those who have escaped are many who are arrested and sexually abused in jail. But some of the child soldiers I spoke to in prison told me that they were sexually abused while they were still in the army.
This may need to be corroborated, but I think the sexual abuse of child soldiers in prison also stems from public hatred of the army. Prison inmates are sometimes used as army porters and human shields in the war zones. Those prisoners who attempted to flee away during fighting were severely flogged and punished. Such stories abound in prison, perhaps prompting some prisoners to exact revenge on child soldiers who became prisoners themselves.
As the number of deserters continues to grow, the Burmese army has launched a special recruitment campaign since 2008, according to army sources, who said that each recruitment unit now has to take in as many as 150 child soldiers every month to meet their quota requirement.
An activist in Shan State working on the issue said that child soldiers have even become victims of human trafficking. In the past, the army paid private brokers who specialized in recruiting child soldiers around 30,000 kyat (US $35) for each new recruit, but now pays around 45,000 to 50,000 kyat ($52-58), he said.
Many of these brokers are relatives of soldiers, reserve members of fire-fighting units and members of the state-sponsored Union Solidarity and Development Association, which last year was transformed into a political party that now dominates Burma's newly formed Parliament.
The recruitment targets include juveniles in poor neighborhoods, orphans and teenage beggars  wandering in the streets or hanging around parks, bus stops and train stations.
Army deserters like Thaw Zin told me that bullying is rampant in the army and that there is no system to provide proper education or welfare for soldiers, resulting in a dramatic increase in the numbers of deserters in recent years. Army observers said at least 30 to 35 soldiers desert from 500 army units across the country each month.


By LINN THANT 

Than Shwe Acquires State Properties

Snr-Gen Than Shwe and his family members at Uppatasanti Pogoda in Naypyidaw on March 8,2009 . 
 
 
 
Burma's State Peace and Development Council (SPDC), the military junta that ruled the country since September 1988 under different names, reportedly transferred ownership of over 1,000 acres of rubber plantations, jade mines and gold mines to junta chief Snr-Gen Than Shwe and his family, according to business sources in Rangoon.
The rubber plantations are located in the areas controlled by the Burmese army's Southeast Region Command and Coastal Region Command, and the jade and gold mining sites are in the country's northern Kachin State.
A businessman close to the regime told The Irrawaddy that the transfer had to be completed before the SPDC was dissolved on March 30 and the new government lead by former prime minister Thein Sein was sworn in. He said the rubber plantations were placed in Than Shwe's name and the jade and gold mines, which were under care of the regime's Ministry of Mines, were transferred to his daughters.
A source from the regime's Ministry of Finance and Revenue (MFR) said the ownership of certain premises in Rangoon, Naypyidaw and Maymyo, as well as over 30 vehicles, were put in the names of Than Shwe's children and grandchildren. The transfer of those premises and cars, which were provided to the junta leader by the SPDC, was done without paying any tax to the state, the source said.
The MFR source also said Nay Shwe Thway Aung, Than Shwe's most beloved grandson, has acquired many major properties in Rangoon. One of the properties he has taken over, located on Kabaraye Pagoda Road, used to belong to the Ministry of Industry 1. Others belonged to the Ministry of Science and Technology, the Department of Atomic Energy and the Ministry of Industry 2 located in Yankin Township. He has taken over the land of the duty-free market in Yankin as well, the source said.
Since late 2009, with a pretext of privatization, the SPDC transferred the ownership of state-owned ministry buildings and enterprises in Rangoon and Mandalay to private companies run by leading military figures or regime cronies. Most of the transferred businesses were reportedly acquired by private companies such as Asia World, Max Myanmar, Htoo and IGE.
In addition to the dissolution of the SPDC, Than Shwe handed over his position as the Commander-in-Chief of the Armed Forces to Gen Min Aung Hlaing.
Than Shwe's future role under the new government is not known, but military sources in Naypyidaw said he heads the soon-to-be officially formed State Supreme Council, the highest decision making body in the country that will directly control the armed forces.
 

Rangoon Residents Avoid Water Festival Due to Bomb Fear

Police officers watch over in front of the X2O water pavilion, where three bombs exploded on last year Thursday, during Thingyan, Burma's new year water festival, in central Yangon April 16, 2010. 
Fear of bombings will reduce the number of Rangoon residents taking part in this week's Buddhist New Year water festival, according to local people.
At least 10 bystanders were killed and 170 injured as three bombs exploded during last year's celebration. Many people will apparently stay away this April in case of a repeat attack, despite large numbers of security guards being deployed and safety equipment set up around water-throwing pavilions.
Instead of joining crowds on busy streets in the city, many young people have traveled out of Rangoon to relax or meditate elsewhere, said sources in the former capital.
Bo Bo Zaw, an organizer of the X20 water-throwing pavilion in Rangoon, said during a press conference at the city's Rich Coffee House on Saturday, “People are very afraid of coming to enjoy the water festival even though we have good security arrangements.”
Burmese authorities also ordered those who want to set up private water-throwing pavilions during this year's festival to expect bomb-searching equipment, and to create a small space nearby where vehicles could be checked for explosives.
Owners of pavilions are also required to install CCTV cameras, hire security guards and cooperate closely with the authorities, said a senior police official in Rangoon.
The deadly bomb blasts last April took place near the X20 water-throwing pavilion by Rangoon's Kandawgyi Lake. A senior military officer was amongst those killed, and some residents believe it was an unsuccessful attempt by militant dissidents to assassinate Nay Shwe Thwe Aung, the grandson of Snr-Gen Than Shwe.

Restrictions Dampen Thingyan Celebrations

Police officers patroling outside the X20 water pavilion last April after three bombs exploded in the vicinity killing 23 people.

When Burma’s President Thein Sein talked last week about decentralization under his leadership, many at home and aboard were hopeful for positive developments in the country.
However, the regime remains dominated by generals—despite being disguised by civilian clothing—and the handling of the new government's first New Year festival seems to demonstrate it still practises centralized authoritarian rule.

On Saturday, the Ministry of Culture—under ex-Brig-Gen Kyaw Hsan, who heads the Ministry of Information—issued warnings which banned the water festival’s tradition of Than Gyat. These satirical stage shows always formed a popular part of the celebrations along with traditional dances, but the junta believes these performances could “affect other people.”
However, the ministry's statement did not clarify how these performances were supposed to  affect people or who these sensitive souls are.
Since Than Gyat is famous for poking fun at political figures—and exposing the people’s suffering throughout the Burmese Socialist Programme Party period from 1962 to 1988—it is clearly understood among Burmese people that any satire would be aimed at the ruling elite rather than the downtrodden masses.
Burmese people witnessed the last Than Gyat performances in 1989, just a few months after the September 1988 military coup. Then the main opposition National League for Democracy party (NLD), led by pro-democracy leader Aung San Suu Kyi, set up a Than Gyat competition in front of their headquarters on University Avenue in Rangoon.
Following the Thingyan festival in 1989, many activists and artists who got involved in Than Gyat performances at the NLD stage were jailed. Since then Burmese authorities have banned these popular forms of dramatic expression.
“I saw last Than Gyat performances at the NLD in 1989. Even now authorities still forbid these traditional performances at the festival. It means our Thingyan is still the same as two decades ago,” said May Win, 40s, a clerk with a company in Rangoon.
Additionally, the regime’s controlling of civil rights during the festival has stretched to limiting the number of public water-throwing pavilions in Burma's biggest city of Rangoon.
Authorities in the former capital permitted barely 30 big pavilions for more than five million residents, citing ground security in the wake of last year's triple bomb blast which killed 23 people as the cause. And under new regulations, anyone who wants to run a water pavilion has to set up CCTV cameras and host bomb squad equipment.
Burmese singers and bands have also complained that the reduced scale of this year's Thingyan festival has hit their pocket, since fewer pavilions means less sponsorship for musicians. The performers earned thousands of US dollars from the festival alone in previous years.
“Actually in the past artists were more free in performing at the Thingyan festival. Before we singers could go wherever we wanted,” said Zaw Win Htut, a famous male musician.
“This is Thingyan festival. Lots of people move along roads and so it will always be difficult to control,” he added.

Military Plays a Civilian-Looking Game

Burma’s newly elected President Thein Sein (C), Vice Presidents Tin Aung Myint Oo (centre L) and Sai Mauk Kham (centre R) as well as members of the National Defence and Security Council pose for a group photo in parliament, in Naypyidaw on March 31, 2011. 
 
BANGKOK—A new quasi-civilian government has taken over in Burma, but diplomats, analysts and pro-democracy activists are dismissing it as nothing more than "old wine in a new bottle".
Burma analysts believe that strongman Than Shwe has only retreated to the backroom. Than Shwe recently stepped down as commander-in-chief of the Burmese army and relinquished day-to-day control of the country after nearly two decades as head of the military junta.
"He is likely to be pulling the strings from behind the curtain," said the Burmese academic Win Min, now based in the US. "He will use his influence behind the scenes, relying on personal patronage and connections."

"If anyone thinks this new government is a step towards democracy they are sadly mistaken," said Maung Zarni, researcher at the London School of Economics.

Yet there are those who see change coming to Burma, though not the sort that most Burmese people are yearning for.
A new system of government has been unveiled, in which parliament will play a subsidiary part, and the executive, headed by newly elected president Thein Sein, will play the leading role.

The new government was formed after elections last November, in which the pro-junta Union Solidarity and Development Party (USDP) won by a landslide. Most western countries, and the pro-democracy movement led by Nobel Peace Laureate Aung San Suu Kyi, have rejected the results as a sham.

But there has been a clear transfer of power to a new generation. Although mainly military men or former soldiers, most of Burma’s new leaders are under the age of 60 and have a technocratic background. Even the military officers turned politicians, who occupy part of the 25 percent of parliament seats reserved for serving soldiers, have a different outlook.

The new army chief, 55-year-old Gen Min Aung Hlaing, is reported to be a professional soldier keen on restoring the prestigious image of the army tainted by the repression after the uprising of 1988, and the 22 years of authoritarian rule that followed.

There are other signs of change. On his recent visit, senior Chinese leader Jia Qinglin, the fourth most important man in the Communist Party’s political bureau, did not meet Than Shwe. Jia was instead hosted by Thura Shwe Mann, speaker of the Lower House and vice-president of the ruling party USDP.

But there are other signs that those who have resigned or retired from the army no longer have their military stripes. Soldiers no longer guard the homes of former top military officers, including Than Shwe and the former No. 2 leader Maung Aye, either in the capital Naypyidaw or Rangoon, according to residents in these cities. The police have taken over that duty, as they do in most countries that are regarded as civilian democracies.

This is a sign that Burma is moving, albeit tentatively, towards becoming a civilian-governed society. Of course, what Burma is experiencing now is a transition; it is not yet democracy and it may not yet be significant change.  It is something akin to Indonesia under Suharto’s Golkar-led government.

This may not be the sort of democracy that most Burmese people want, but it could be a significant step towards an Asian-style democracy. Even in Thailand the military continues to play a significant political role behind the scenes, and in the recent past shown it was not averse to intervening with force as it did in September 2006, the last time the military staged a coup.

This is the critical hope for Burma - a transition similar to what has happened in Bangladesh, Indonesia and Thailand in the last 20 years.
Of course, worrying signs still remain that Burma’s form of "disciplined democracy" as the military prefer to call it, may not match the minimum standards of civilian-military regimes in the rest of Asia. Too many military men and former soldiers dominate the country’s emerging political scene. Change is impossible as the military mind remains entrenched even in the new political system which pretends to be a civilian administration, according to Maung Zarni.
Even if the top generals have retired to the back room, the new crops of officers are effectively clones. "The officer corps are a sub-class of society that has come to view themselves as the ruling class, feeling they are eternally entitled to rule," Zarni said in an interview with IPS.

"Whoever takes their places (Than Shwe and Maung Aye) will not be more enlightened or more progressive, simply because they have all been inculcated with thuggish, racist, sexist and neo-totalitarian leadership values, and only junior generals who are their mirror image have been promoted," said Zarni.
 

Than Shwe Continues to Control Burma's Military

In this photo taken on December 24, 2010, Snr-Gen Than Shwe walks to attend the graduation parade of the No. 12 Intake of the Defense Services Medical Academy in Rangoon.

Despite dissolving the State Peace and Development Council and officially transferring the commander-in-chief post, Snr-Gen Than Shwe has apparently retained his grip on Burma’s military, the country's most powerful institution, said sources at the Ministry of Defense (MoD) in Napyidaw.
The MoD sources said the most recent evidence that Than Shwe is still in charge of the military is that the War Office in Naypyidaw was still sending reports marked “secret” and “confidential” to Than Shwe during the week following the announcement that the commander-in-chief position had been transferred to Gen Min Aung Hlaing.
“Actually, the War Office does not need to send any reports to a retired general. But the War Office is still sending reports that are addressed to Snr-Gen Than Shwe,” said a military officer who spoke on condition of anonymity.
“Even though Snr-Gen Than Shwe does not have an office at the War Office in the Zayar Thiri area of Naypyidaw, we can read into the fact that we are still sending him reports that he is still controlling the military and still has power.”
The MoD sources added that Than Shwe remains in the senior general position and his general staff officers, Maj-Gen Nay Win, Brig-Gen Soe Shein and Col Myint Kyi, remain at their positions as assistants to Than Shwe.
Another military source said that although Min Aung Hlaing is authorized to handle a minor military reshuffle of regional military commands, light infantry divisions, regional operation commands and military operation commands, Than Shwe is still the one who will be in charge of any major military reshuffle.
Meanwhile, Lt-Gen Myint Hein, the commander-in-chief of the Air Force, and Vice Admiral Nyan Tun, the commander-in-chief of the Navy, have reportedly been promoted to general and admiral, respectively.
Following their promotion, there are now three four-star generals in Burma alongside Min Aung Hlaing. In making this move, Than Shwe apparently wanted to shift the power balance between the Amy, Navy and Air Force, said military sources.
According to government staff at ministries, Than Shwe’s portrait still remains on the walls of government offices as Burma’s top general.
“The senior general’s pictures are still at all government offices. No one told us to remove the picture,” said a staffer with the Ministry of Finances and Revenues in Naypyidaw.

Saturday, March 12, 2011

နိုင်ငံ့ဥသျှောင်ဥက္ကဋ္ဌ စစ်တပ်ကို တိုက်ရိုက်အုပ်ချုပ်မည်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံ့ဥသျှောင်အဖွဲ့၏ ဥက္ကဋ္ဌရာထူးဖြင့် တပ်မတော်ကို တိုက်ရိုက်ကွပ်ကဲ အုပ်ချုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပြောင်းပေးမည် ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးစီးသော နိုင်ငံ့ဥသျှောင် အဖွဲ့၏ ညွှန်ကြားမှု အောက်တွင်သာ စစ်တပ်ကို ကြီးကြပ်ကွပ်ကဲ ရမည်ဖြစ်ကြောင်း၊ အရေးပါပြီး အဓိကကျသော ဆုံးဖြတ်ချက်၊ အမိန့်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကသာ ချမှတ်မည်ဖြစ်ကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်းက ပြောဆိုကြသည်။

mm-leaders-ap
နိုင်ငံ့ဥသျှောင် အဖွဲ့ ခေါင်းဆောင်များ (ဓာတ်ပုံ - အေပီ)
“အဓိကကျတဲ့ တပ်တွင်းရာထူး တိုးပေးတာ၊ လက်နက်ဝယ်တာ၊ နျူကလီးယားစီမံကိန်းနဲ့ တခြားအရေးကြီးတဲ့ ကာကွယ်ရေး ဆိုင်ရာကိစ္စ တော်တော်များများကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တိုက်ရိုက်ကိုင်တွယ်မယ်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကတော့ ကာကွယ်ရေး ဦးစီးချုပ်ရာထူးနဲ့ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ၊ စစ်ရေးပြပွဲတွေလောက်မှာပဲ မိန့်ခွန်း ပြောတာမျိုး လုပ်ရမယ်။ ဘယ်ကိစ္စမဆို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုက်ရိုက်ညွှန်ကြားမှုကိုပဲ ခံယူရမယ်” ဟု နေပြည်တော်မှ စစ်တပ် အရာရှိကြီး တဦးက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို လွှဲပြောင်းပေးမည် ဖြစ်သော်လည်း စစ်တပ်မှ အငြိမ်းစားယူခြင်း မဟုတ်ဘဲ နိုင်ငံ့ဥသျှောင်အဖွဲ့ အကြီးအကဲနေရာတွင် ဗိုလ်ချုပ်မှူးကြီး ရာထူးဖြင့် ဆက်လက် ချုပ်ကိုင် ထားမည်ဖြစ်ကြောင်း၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည်လည်း လက်ရှိရာထူး တာဝန်ဖြင့်ပင် ဥသျှောင် အဖွဲ့၌ ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရပ်ကွက်က ပြောသည်။

လက်ရှိအချိန်တွင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ် ရာထူးတာဝန်တချို့ကို လွှဲပြောင်း ရယူ လုပ်ကိုင်နေပြီဖြစ်ပြီး နိုင်ငံ့ဥသျှောင်အဖွဲ့ဝင် အဖြစ်လည်း ပါဝင် လုပ်ကိုင်နေရကြောင်း သိရသည်။

နိုင်ငံတော်သမ္မတအဖြစ် အရွေးချယ် ခံထားရသော ဦးသိန်းစိန်သည်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ၎င်းဦးဆောင်သော အစိုးရသစ်သို့ အာဏာလွှဲပြောင်း ပေးပြီးပါက နိုင်ငံတော် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ လစဉ်အစီရင်ခံ တင်ပြရမည်ဟု သတင်းရရှိသည်။

“ဗိုလ်ချုပ်မှူးကြီးက သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကို လူတွေအများကြီးခွဲပြီး အုပ်ချုပ်ခိုင်းထားပေမယ့် သူကပဲ ထိပ်ဆုံးကနေ ချုပ်ကိုင် ထားတယ်။ သမ္မတကလည်း ငါသမ္မတပဲဆိုပြီး လုပ်ချင်ရာလုပ်လို့ မရဘူး။ ကာကွယ်ရေး ဦးစီးချုပ်ကလည်း ငါ ကာကွယ်ရေး ဦးစီးချုပ်ဆိုပြီး လုပ်လို့မရဘူး။ အကုန်လုံးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေတယ်” ဟု နေပြည်တော် စစ်ဘက်ဝန်ထမ်းက ဆိုသည်။

နိုင်ငံ့ဥသျှောင်အဖွဲ့သည် စစ်အစိုးရ ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်ခြင်းမရှိသော အဖွဲ့အစည်း တခုဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အမျိုးသားထောက်လှမ်းရေး အဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းပြီး အမျိုးသား ထောက်လှမ်းရေး အဖွဲ့ အကြီးအကဲတဦး ခန့်အပ်ကာ နိုင်ငံ့ဥသျှောင်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ထားရှိမည်ဟု သိရှိရသည်။

နေပြည်တော်အခြေစိုက် စစ်ဘက်ဆိုင်ရာ သတင်းများအရ တပ်မတော်တွင် အမြင့်ဆုံးရာထူးအဖြစ် ဗိုလ်ချုပ်ကြီး ရာထူးကိုသာ ထားရှိတော့မည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးမှလွဲ၍ ဗိုလ်ချုပ်မှူးကြီးရာထူးကို မည်သည့် စစ်အရာရှိကိုမှ ပေးအပ်မည်မဟုတ်ကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာ အသိုင်းအဝန်းက ပြောသည်။

Wednesday, March 09, 2011

မြန်မာလူငယ်တွေ ပညာရေး ၀ိုင်းဝန်းပံ့ပိုးဖို့ ဒေါ်စုတိုက်တွန်း

ဒီမိုကရေစနစ် ဆိုတာဟာ ပြည်သူလူထုအပေါ် ယုံကြည်မှုထားခြင်း ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ အခြား ကမ္ဘာ့နိုင်ငံ အချို့က ကျောင်းသားလူငယ် ၄၀၀ ကျော်ကို အင်တာနက် ဗွီဒီယိုကဆင့် တိုက်ရိုက် အမေးအဖြေ လုပ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားတာပါ။ အမေရိကန် ပြည်ထောင်စုအတွင်း စာသင်ကြားခွင့်ရတဲ့ မြန်မာကျောင်းသားတွေ အနေနဲ့လည်း မြန်မာနိုင်ငံထဲက လူငယ်တွေရဲ့ ပညာရေးအတွက် ပြန်ပြီး လှည့်ကြည့်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဘာကလေ တက္ကသိုလ် ကျောင်းသားတွေက ဦးဆောင်ပြီးတော့ လုပ်တဲ့ အဲဒီ ဆွေးနွေးပွဲကို ဘာကလေ တက္ကသိုလ် ကျောင်းဆောင်ထဲမှာပဲ မတ်လ ၇ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့တာပါ။ တနာရီနီးပါးကြာတဲ့ အဲဒီဆွေးနွေးပွဲအတွင်းမှာ ကျောင်းသူ ကျောင်းသားတွေရဲ့ မေးမြန်းချက်တွေကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စိတ်ရှည်လက်ရှည် ရှင်းလင်းခဲ့သလို မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုကို သိရှိ နားလည်အောင် ကြိုးစားပေးကြဖို့လည်း ကျောင်းသားလူငယ်တွေကို တိုက်တွန်းသွားပါတယ်။
“ပထမဆုံးက မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို သတိပြု သတိထား စောင့်ကြည့်ကြဖို့ပါ။ ဒုတိယအနေနဲ့တော့ မြန်မာနိုင်ငံမှာ ဘာကြောင့် ဒီမိုကရေစီ ရချင်သလဲ ဆိုတာကို သိအောင်လုပ်ဖို့ပါ။ ဒီမိုကရေစီဆိုတာ လောကနိဗ္ဗာန် မဟုတ်ပါဘူး။ ဒါကို အမေရိကန်က လူတွေကတော့ သိပြီးဖြစ်မှာပါ။ ဒီမိုကရေစီဆိုတာ ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာ၊ ကိုယ်ရင်ဆိုင်နေရတဲ့ ကိစ္စမျိုးတွေကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အခွင့်အရေးတွေ ဖြစ်ပါတယ်။
“ဘယ်လိုစိန်ခေါ်ချက်တွေကို မဆို ရင်ဆိုင်နိုင်ဖို့နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရဖို့အတွက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို လိုလားကြတာ ဖြစ်ပါတယ်။ လွတ်လပ်မှု အတိုင်းအတာ တစုံတရာနဲ့ အသိဉာဏ် ပိုင်ဆိုင်မှု ရှိထားမှ ဒီစိန်ခေါ်ချက်တွေကို ကိုယ်တိုင် ဖြေရှင်း ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ မြန်မာလူထုက သူတို့အနေနဲ့ ဘယ်လိုအုပ်ချုပ်ရေးမျိုးကို လိုချင်တယ်၊ ဘယ်လို တိုင်းပြည်မျိုး လိုချင်တယ် ဆိုတာမျိုးတွေနဲ့ အဲဒီအတွက် သူတို့ ဘာတွေလုပ်နေကြတယ် ဆိုတာမျိုးကို အမေရိကန် ပြည်ထောင်စုနဲ့ အခြား ကမ္ဘာ့နိုင်ငံတွေက လူငယ်တွေ သိစေချင်ပါတယ်။”
မြန်မာနိုင်ငံတွင်းမှာ လူငယ်တွေကို အဓိက အားထားပြီး ပြည်သူ့ကွန်ရက် တည်ဆောက်နေတဲ့ ရည်ရွယ်ချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အသေအချာ ရှင်းပြသွားပါတယ်။ မိမိရဲ့ လူ့အသိုင်းအ၀ိုင်းကို ပြောင်းလဲချင်စိတ်ဖြစ်အောင် အရင်ဆုံး စလုပ်ရမှာဖြစ်ပြီး ဒီ့အတွက် အခွင့်အလမ်း လိုအပ်ချက်ဟာ ဒီမိုကရေစီပဲ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
“ဒီမိုကရေစီ ဆိုတာဟာ ပြည်သူလူထုကို ယုံကြည်ခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်သူလူထု ကိစ္စက အရင်ကျပါတယ်။ ဒုတိယကျမှ ဒီမိုကရေစီပါ။ ဒါကြောင့်လည်း ဒီမိုကရေစီအတွက် ပြည်သူ့ကွန်ရက်တရပ် ထူထောင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ ဘာလဲ၊ ဘာကြောင့် ဒီမိုကရေစီ လိုချင်တာလဲ၊ ဒါကို ပြည်သူတွေ နားလည်အောင် လုပ်နိုင်ဖို့ပါ။
“ဒီတော့ ပြည်သူလူထု အနေနဲ့ ကနဦးအဆင့် သူ့ လူ့အသိုင်းအ၀ိုင်း အတွင်းမှာ ပြောင်းလဲမှုတွေ ဖြစ်လာအောင် စတင်လုပ်ကြရပါမယ်။ အဲဒီကနေ နောက်တဆင့် လွတ်လပ်မှုတွေ ရှိလာဖို့နဲ့ အပြောင်းအလဲအတွက် အခွင့်အလမ်း ကိစ္စတွေကို ရှာဖွေရပါမယ်။”
အခုဆွေးနွေးပွဲမှာ ကယ်လီဖိုးနီးယားပြည်နယ် အတွင်းမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အချို့နဲ့ ဘာကလေ တက္ကသိုလ်မှာ စာသင်ကြားနေတဲ့ မြန်မာလူငယ် အချို့လည်း တက်ရောက်သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မေးခွန်းတွေ ကိုယ်တိုင် ထုတ်ခဲ့ကြပါတယ်။ ပြည်ပရောက် မြန်မာလူငယ်တွေ အနေနဲ့ မြန်မာနိုင်ငံတွင်းက လူငယ်တွေရဲ့ အခြေအနေကို မမေ့ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။
“ဒီလိုတိုင်းပြည်မျိုးမှာ ကြီးပြင်းခွင့်ရတာ ဒီအတွေ့အကြုံတွေနဲ့ ကိုယ့်ဘ၀ကို ရင့်ကျက်စေပါတယ်။ ဒီလိုတိုင်းပြည်တွေမှာ ကြီးပြင်းနေထိုင်ခွင့် ရတဲ့အတွက် အဲဒီတိုင်းပြည်တွေကိုလည်း သစ္စာရှိရပါမယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံကိုလည်း မမေ့စေချင်ပါဘူး။ မြန်မာပြည်သူတွေရဲ့ ပညာရေးနဲ့ လူမှုဘ၀ တိုးတက်ရေး ကူညီနိုင်ဖို့ အတွက်လည်း ဒီလူတွေ လိုအပ်ပါတယ်။ မြန်မာပြည်က လူငယ်တွေ အနေနဲ့ နိုင်ငံခြားမှာ ရောက်နေတဲ့ လူငယ်တွေလောက် အခွင့်အလမ်းတွေ မရကြပါဘူး။
“ဒါကြောင့် မြန်မာလူငယ်တွေ ပညာရေး တိုးတက်လာဖို့အတွက် အာရုံထားပြီး အမေရိကန် ပြည်ထောင်စုရောက် မြန်မာလူငယ်တွေ လုပ်ပေးနိုင်ကြမယ်ဆိုရင် ကျမ အင်မတန် ကျေးဇူးတင်ပါတယ်။ ဥပမာ ပညာရေး ရန်ပုံငွေတရပ် ထူထောင်တာမျိုး ဖြစ်ဖြစ်ပေါ့။”
အခုဆွေးနွေးပွဲ အတွင်းမှာတော့ ကိုယ်တိုင် တက်ရောက်လာသူ ကျောင်းသားလူငယ်
၃၀၀ လောက်ရှိပြီး ဂျပန်၊ သြစတြေးလျနဲ့ ထိုင်းနိုင်ငံက ကျောင်းသား ၁၅၀ ကျော်ဟာလည်း အင်တာနက်ကတဆင့် ပါဝင်နားထောင် ဆွေးနွေးခဲ့ကြပါတယ်။ ကျောင်းသားလူငယ်တွေ ဘက်ကတော့ သူတို့အနေနဲ့ မြန်မာပြည် လွတ်မြောက်ရေးနဲ့ သူတို့ ဘယ်လို အကူအညီ ပေးနိုင်မလဲဆိုတဲ့ မေးမြန်းချက်တွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးဘ၀ အချို့ကိုလည်း မေးမြန်းခဲ့ကြပါတယ်။
အခုဆွေးနွေးပွဲဟာ နိုင်ငံတကာရှိ ကျောင်းသားလူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား အင်တာနက်ကတဆင့် တိုက်ရိုက် ဆွေးနွေးခွင့်ရတဲ့ ရှားရှားပါးပါး အခြေအနေတခု ဖြစ်သလို ဒီဆွေးနွေးပွဲကို ဘာကလေ တက္ကသိုလ် ကျောင်းသားတွေဘက်က ဦးဆောင် ကမကထ လုပ်ခဲ့တာလို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲ ဘာကလေတက္ကသိုလ်မှာ လူ ၉၀၀ တက်မည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်က နာမည်ကျော် ဘာကလေ တက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေကို တယ်လီဖုန်းနဲ့ စကားပြောဖို့ ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ စံတော်ချိန် ဒီကနေ့ မတ်လ ၈ ရက် မနက်ပိုင်းမှာ ပြုလုပ်မဲ့ ဒီဟောပြောပွဲအတွက် တက်ရောက်နိုင်ဖို့ စာရင်းပေးထားသူ ကျောင်းသားကျောင်းသူ စုစုပေါင်း ၉၀၀ ကျော် ရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဘာကလေတက္ကသိုလ် မြန်မာယဉ်ကျေးမှု၊ လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာသင်တန်း အစီအစဉ်တရပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က နာရီဝက်လောက် ဟောပြောမှာ ဖြစ်ပြီး၊ ကျောင်းသူ ကျောင်းသားတွေရဲ့ မေးမြန်းမှုတွေကိုလည်း ဖြေကြားမှာ ဖြစ်တယ်လို့ ဘာကလေတက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ ဆည်းပူးနေသူ ကိုမင်းဇင်က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အခုလို ပါဝင်မယ်ဆိုတာ သိတဲ့အခါကျတော့ သူတို့က ဒီ သင်တန်းကိုပေါ့နော်၊ စာသင်ခန်းကို အားလုံး တက်ရောက်နိုင်တယ် ဆိုပြီးတော့ ဖွင့်ပေးလိုက်တယ်။ အဲလို ဖွင့်လိုက်တဲ့အခါမှာ ကျွန်တော် သိသလောက်ဆိုရင် လူပေါင်း ၉၀၀ ကျော်လောက် တက်ပြီးတော့  နားထောင်မယ်လို့ ဖြစ်လာတဲ့အခါကျတော့ နဂိုတုန်းက ရှိတဲ့ စာသင်ခန်းနဲ့တောင်မှ မဆန့်တော့လို့ တကယ်ကို အင်မတန်မှ ကြီးတဲ့ စာသင်ခန်းတခုကို ငှားထားရတယ်။ လူပေါင်း ၉၀၀ ကျော် တက်မယ်လို့ စာရင်းပေးထားတဲ့ အပြင် အွန်လိုင်းကနေပြီးတော့ပေါ့နော်၊ အင်တာနက်ကတဆင့် တိုက်ရိုက်ကြည့်မဲ့ လူတွေလည်း ရှိပါတယ်။ ”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်ကို တက္ကသိုလ်မှာရှိတဲ့ ဌာနအသီးသီးက မြန်မာနိုင်ငံအရေး၊ အာရှအရေး စိတ်ဝင်စားတဲ့ ပါမောက္ခတွေ၊ ကျွမ်းကျင်သူတွေ၊ သုတေသီတွေလည်း တက်ရောက်ကြမယ်လို့ သိရပါတယ်။ ဘာကလေမြို့ ကာလီဖိုးနီးယား တက္ကသိုလ်ဟာ ကမ္ဘာကျော် ထိပ်တန်း တက္ကသိုလ်တွေထဲမှာ တခု အပါအဝင် ဖြစ်ပါတယ်။

သမ္မတသစ်ကျမ်းကျိန်ပွဲလုပ်ဖို့ ဗိုလ်ချုပ်ကြီးသန်းရွှေ ညွန်ကြား

ရွေးချယ်ခံထားရတဲ့ သမ္မတသစ် ဦးသိန်းစိန်နဲ့ ဒုတိယသမတတွေ၊ ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို အခု မတ်လ တတိယပတ်အတွင်း နေပြည်တော်မှာ ပြုလုပ်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ညွှန်ကြားထားတယ်လို့ နေပြည်တော် ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။


မတ်လ ၂၇ ရက် တပ်မတော်နေ့ မတိုင်ခင် သမတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပပြီးနောက် အစိုးရသစ်ကို အာဏာ လွှဲပြောင်းမှုတွေပါ တပါတည်း လုပ်ဆောင်မယ်လို့ သိရပါတယ်။ လွှတ်တော်တက်ရောက်နေတဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ အမတ် ဦးစိုးဝင်းကတော့ ကျမ်းသစ္စာကျိန်ဆိုပွဲကို မတ်လ ၂၀ ရက်နဲ့ ၂၇ ရက်ကြား သီတင်းပတ်အတွင်း ပြုလုပ်ဖွယ် ရှိတယ်လို့ ခန့်မှန်းပြောဆိုပါတယ်။

“ဒီလထဲမှာပဲ ဖြစ်မယ်လို့ ကျွန်တော် ပြောတာ၊ သူတို့ကတော့ ပွဲ ၂၀ ကျော်မှပဲ ဖြစ်မယ်လို့ ကြားတယ်ဗျ။ ဒါပေမဲ့ ပထမက ကြားတာကကျတော့ ကျွန်တော်တို့က တပ်မတော်နေ့မှာ ကျွန်တော်တို့ကို တက်ရဦးမယ် ဘာညာ ဆိုတာတွေလည်း ကြားသေးတယ်ဗျ။ အဲလိုရှိတာ။ အဲ တပ်မတော်နေ့ တက်ရမယ် ဆိုရင်တော့ တက်ရတာ တက်ရတာပဲလေ။ အဲဒီနေ့ မတိုင်မီတော့ ဖြစ်လိမ့်မယ် ထင်တယ်လေ။ တခါတည်း ကြေညာပြီး ဟိုဟာ ဖြစ်လိမ့်မယ် အကုန်လုံး။”
အခုနှစ် တပ်မတော်နေ့ အခမ်အနားကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တက်ရောက်မှာ မဟုတ်ပဲ သူ့ရဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ဆက်ခံမဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားမှာ ဖြစ်ကြောင်း၊ တပ်မတော်နေ့ကို အရင်နှစ်တွေကလောက် ကြီးကြီးကျယ်ကျယ် ပြုလုပ်မှာ မဟုတ်ကြောင်း ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မကြာခင်ပေါ်ပေါက်လာမဲ့ အစိုးရအဖွဲ့သစ်အတွက် ဝန်ကြီးဌာန ၃၃ နေရာ သတ်မှတ်ထားပြီး၊ ဝန်ကြီးလောင်းတွေကို ရွေးချယ်ထားပြီး ဖြစ်ပေမဲ့ ဘယ်သူက ဘယ်ဌာနကိုတာဝန်ယူရမယ်ဆိုတာ လောလောဆယ် မသတ်မှတ်ရသေးပါဘူး။

သမ္မတ တာဝန်မယူမီ ဝန်ကြီးခန့်အပ်ခြင်းမှာ ဥပဒေနှင့်မညီ

သမ္မတသစ်အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက ကျန်းသစ္စာ ကျိန်ဆိုပြီး သမတတာဝန် မယူရသေးခင်မှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဌာနဆိုင်ရာ အရာရှိကြီးတွေ နေရာအတွက် အမည်စာရင်း တင်သွင်းပြီး ရွေးချယ် ခန့်အပ်နေတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြီး ဝေဖန်လိုက်ပါတယ်။
 
 

ဒီလုပ်ဆောင်ချက်ဟာ စစ်အစိုးရက သူတို့ ကိုယ်တိုင် ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မျက်ကွယ်ပြုပြီး ဆောင်ရွက်နေတာ ဖြစ်သလို၊ ဖွဲ့စည်းပုံ ဥပဒေကို ကာကွယ် စောင့်ရှောက် ပ့ါမယ်လို့ ကတိပြုထားတဲ့ နိုင်ငံရေးပါတီတွေကလည်း တာဝန် ပျက်ကွက်နေတာ တွေ့ရတယ်လို့ NLD က ထောက်ပြထားပါတယ်။
 
ဒီကိစ္စနဲ့ ပတ်သက်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။
“ကျွန်တော်တို့က ဒီနေ့ ထုတ်တဲ့ ကြေညာချက်မှာ အဲဒီလို ဆောင်ရွက်နေခြင်းနဲ့ ပတ်သက်ပြီးတော့ သမတအဖြစ် ရွေးချယ်ခံထားရသူက ဆောင်ရွက်ခွင့် ဥပဒေအရ အပ်နှင်းထားတာ ကျွန်တော်တို့ မတွေ့ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း မပါဘူး။ ဒါကြောင့် ဒီဆောင်ရွက်ချက်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ကျွန်တော်တို့ ထောက်ပြထားပါတယ်။ ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါ့မယ် ဆိုပြီးတော့ လက်မှတ်ရေးထိုး မှတ်ပုံတင်ထားတဲ့ ပါတီတွေ အနေနဲ့ကလည်း ဒါ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း ထောက်ပြသင့်တယ်လို့ ကျွန်တော်တို့ ဖော်ပြတယ်။”
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အခုလို ထောက်ပြ ဝေဖန်တာဟာ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး ရှိရမယ်ဆိုတဲ့ အမြင်အရ ဥပဒေအရ မကိုက်ညီတာကို ပြည်သူလူထု သိအောင် ထုတ်ပြန် ကြေညာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း မြန်မာ ပြည်ဝင်ခွင့်ဗီဇာ အငြင်းခံရ



ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်းကို မြန်မာ ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ဒုတိယအကြိမ် အငြင်းခံရတယ်လို့ DVB သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။ ဂေါ်ဒွန် ဘရောင်းက “ကျနော်တို့ မျိုးဆက်ရဲ့ ဒီမိုကရေစီအရေး မဟာ ဖိုက်တာကြီး” ကို သွားတွေ့ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

၂၀၁၀ မေလမှာ ရာထူး ၃ နှစ်သက်တမ်းပြည့်လို့ အနားယူခဲ့တဲ့ မစ္စတာ ဂေါ်ဒွန် ဘရောင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို အစဉ်တစိုက် ထောက်ခံအားပေးခဲ့သူ ဖြစ်ပါတယ်။ အရင်တကြိမ်းကလည်း မစ္စတာ ဂေါ်ဒွန် ဘရောင်း ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့ဖို့ ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အာဏာရှင် ဦးနေ၀င်း ၏ မြေး တစ်ဦး အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်

ယခင်မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး ၊ ရဲဘော်သုံးကျိပ်ဝင် နှင့်အာဏာရှင် ဟောင်း ဗိုလ်ချုပ်ကြီး နေ၀င်း ၏ မြေးဖြစ်သူ ဇွဲနေ၀င်း အသက် ၂၉ နှစ် သည်ယမန်နေ့ က အင်းစိန် အကျဉ်းထောင် မှ နေ၍ ပြန်လည် လွတ်မြောက် လာသည် ဟု Freedom News Group မှ သတင်း ရရှိသည်။

မြန်မာ စစ်အစိုးရက ၂၆ နှစ် နိုင်ငံတော် အာဏာကို ထိန်းချုပ်ခဲ့သည့် ဦးနေ၀င်း ကို ၂၀၀၂ခုနှစ် တွင် သူမ၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်း နှင့် အတူ နေအိမ်အကျယ် ပြစ်ဒဏ်ချမှတ် ခဲ့ပြီးသားမက် ဖြစ်သူ အေးဇော်ဝင်း နှင့် သားများဖြစ်သူ အေးနေ၀င်း ကျော်နေ၀င်း ဇွဲနေ၀င်း တို့ ကို နိုင်ငံတော် သစ္စာဖောက်မှု များဖြင့် ဖမ်းဆီး ထောင်ချခဲ့သည် ။ ဒေါ် စန္ဒာဝင်းသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် နေအိမ် အကျယ်ချုပ်မှ ပြန်
လည် လွတ်မြောက်လာခဲ့သည်။

သမ္မတဟောင်း ဦးနေ၀င်း၏ မိသားစု နှင့် နီးစပ်သူများက “ဟုတ်တယ်..ပြန်လွတ်လာပြီလို့  ကြားတယ်။ အေဒီ လမ်း အိမ် ကို ပြန်ရောက်လာပြီ။ အဖွားကြီး လည်း နေမကောင်းလို့ ပြန်လွှတ်ပေးလိုက်တာထင်တယ်။သူက ခင်ပွန်း နဲ့ သားတွေ လွှတ်ဖို့ ဗိုလ်ချုပ်မှုးကြီးကို အသနား ခံစာ တင်ထားတာ သုံးကြိမ် ရှိပြီ “ဟု Freedom News Group သို့  ပြောသည်။

ဒေါ်စန္ဒာဝင်း အား စစ်အစိုး ရက ပြန်လည် လွှတ်ပေး ခဲ့သော်လည်း အင်တာနက်၊မိုဘိုင်းဖုန်း စသည့် အဆင့်မြင့် ဆက်သွယ်ရေး ပစ္စည်း များ သုံးစွဲမှု ကို ကန့် သတ်ထားသည်။အာဏာရှင် ဟောင်း ဦးနေ၀င်း သည် ၂၀၀၂ ခုနှစ် ဒီဇင်ဘာ လ တွင် ကွယ်လွန် ခဲ့သည်။

မာဂဓ (ဒေါ်အောင်ဆန်းစုကြည် ရေးသားသည်)

ထောင်တွင်းရောက်ရှိနေကြသော လုပ်ဖော်ကိုင်ဘက် အပေါင်းအသင်းများသည် အလွန်ညံ့ဖျင်းသည့် မနေအပ်သော ထောင်အကျဉ်းခန်းများတွင် ကာလရှည်စွာထောင်အချခံရစဉ် မိသားစုသဖွယ်ဖြစ်ခဲ့ကြရ သော သတ္တဝါငယ်လေးများ၊ ငှက်များ၊ ပိုးမွှားလေးများအကြောင်းများကို တခါတရံ စာမြုံ့ပြန်တတ်ကြပါ သည်။

တွေ့ဆုံပြောဆိုခန်း၏နံရံများနှင့် ဘားတန်းများတွင်တွေ့ရတတ်သည့် ကြောင်များသည် အထီးကျန်ဖြစ် နေကြသည့် အကျဉ်းကျများ၏ မေတ္တာကိုရယူရန် ချဉ်းကပ်တိုးဝင်တတ်ပါသည်။ ယင်းအကျဉ်းသားများ ကလည်း သက်ရှိသတ္တဝါများကို အဖော်ပြုနိုင်အတွက် မိမိတို့၏စားကြွင်းစားကျန်လေးများဖြင့် အလဲ အလှယ် လုပ်တတ်ပါသည်။

အင်းစိန်ထောင်၏ပရဝဏ်တွင် အချိန်တို နှစ်ကြိမ်ကာလ နေခဲ့ရစဉ်အတွင်း ကျွန်မသည် ကြောင်တကောင် မျှမတွေ့ခဲ့ရပါ။ သို့သော် နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံနေရစဉ်တလျှောက်လုံး ကျွန်မသည် ကြောင်များ ကို အမြဲတွေ့နေရပါသည်။

အဖိုးဖြစ်သူက “ပူစီ ပူစီ ပူစီ”လို့ခေါ်သံကို ပြန်ထူးသည့်ကြောင်ကြီး (ကျွန်မ၏ကလေးမျက်စိမှာတော့ အတော်ကို ကြီးပါသည်။)ကို အိမ်မွေးတိရစ္ဆာန်အဖြစ် ပထမဦးဆုံးသိမြင်ခဲ့ရသော်လည်း ကျွန်မသည် ကြောင်ထက် ခွေးကို ပိုချစ်ပါသည်။ ကျန်မိသားစုများကလည်း အဖိုး၏ကြောင်ဖြစ်၍ အဖိုးကိုလေးစားစွာဖြင့် “ပူစီ ပူစီ ပူစီ”လို့ ခေါ်ကြပါသည်။

ခွေးများကို လမ်းများပေါ်တွင် ဝဲစွဲလေလွင့် ခွေးဗန္ဓတ်များ သို့မဟုတ် လူကြီးများက အိမ်နောက်ဖေး မီးဖို ဆောင်များမှမောင်းထုတ်လေ့ရှိသည့် မလိုလားသောကျူးကျော်သူများအဖြစ်သာ ကျွန်မသိထားခဲ့ပါသည်။

ခေါင်းမာသောခွေးမတကောင်ကတော့ မီးဖိုဆောင်မှ ဆွဲထုတ်အမောင်းခံရခြင်းကိုအာခံလျက် အမှိုက်များ ဖွသွားခဲ့ပါသည်။

လွန့်လွန့်လူးလူးသွားလာနေသော ခွေးငယ်အုပ်ကို ကျွန်မ စိတ်ကူးအလွန်ယဉ်ခဲ့ပါသည်။ ကျွန်မ၏ ပထမ အိပ်မက်ကတော့ ခွေးအုပ်ငယ်တွေပဲဖြစ်ပါသည်။ အဲဒီအချိန်တုန်းကတော့ ဒါကို အိပ်မက်လို့ မထင်ခဲ့ပါ။ ခွေးငယ်တအုပ်ဟာ တကယ်ပဲ ကျွန်မခြေထောက်တွေကို ကျော်လွှားပြေးလွှားနေတယ်လို့ ထင်မိခဲ့ပါသည်။ အိပ်ရာမှနိုးတော့ သူတို့ကိုမတွေ့ရတော့ပါ။ ဘာတွေဖြစ်ပျက်တယ်ဆိုတာ ကျွန်မနားမလည်နိုင်ခဲ့ပါ။ စိတ်အတွေးတွေ အားလုံးရှုပ်ထွေးနေပါတော့သည်။

၁၉၅၀ ခုနှစ်၏ အစောပိုင်းလများတွင် ရန်ကုန်၏လမ်းများပေါ်၌ စိတ်ဝင်စားဘွယ် ပို့ဆောင်ရေးယာဉ်များနှင့် ပြည့်နှက်လျက်ရှိနေခဲ့ပါသည်။

ထောင့်ကျကျဘတ်စ်ကားများ၊ ဒုတိယကမ္ဘာစစ်ဒဏ်ခံခဲ့ရသော ဂျစ်ကားများ၊ စစ်ကြိုဆလွန်းကားများ၊ ဆိုက်ကားများ(စက်ဘီးဘေးတွင် ကျောချင်းကပ်ခရီးသည် ၂ ဦးထိုင်ခုံကိုဘေးတွင်ကပ်ပြုလုပ်ထားသည့် ယာဉ်) နှင့် လံခြားများဖြစ်ကြပါသည်။

နွမ်းနယ်ဟန်ပေါ်ကာ ပိန်လှီပြီး ခြေထောက်များကြောက်စရာအနာများရှိနေတတ်သော မြင်းများတပ်ဆွဲ သည့် ပေါင်းမိုးပါမြင်းလှည်းများလည်းရှိပါသည်။ သူတို့ကိုမြင်တွေ့ရသည်မှာ နှလုံးမချမ်းမြေ့ဘွယ် မြင်ကွင်း ဖြစ်ရပါသည်။ ယင်းနှင့်ဆက်စပ်ကာ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုမှကာကွယ်သည့်အသင်း (SPCA - Society for the Prevention of Cruelty to Animals)ကို ကျွန်မ စတင်လေ့လာမိတော့ပါသည်။

အခြားသောမြင်းအမျိုးအစားကို ကျွန်မ မကြာခဏ တွေ့မိခဲ့ပါသည်။ အမေရိကန်အနောက်တိုင်း ဇာတ် ကြမ်းရုပ်ရှင်များတွင် ဖြစ်ပါသည်။ သန်စွမ်း၊ မြူးကြွ၊ တဟုန်ထိုးခုန်ပေါက်၊ ခွါဆုံပေါက် ထွားကြိုင်းသော ထိုမြင်းများသည် ရန်ကုန်မှ ညီကိုတော်မြင်းများနှင့် အမျိုးတူများဖြစ်နေသည်ကို ယုံနိုင်စရာ ခက်ခဲနေရ ပါသည်။

သို့သော် မြင်းစီးသူ၏ဘိနပ်တွင်တပ်ဆင်ထားသော မြင်းကိုဆောင့်သည့်အချွန်များကိုမြင်လိုက်ရသောအခါ SPCA သည်လည်း အနောက်နိုင်ငံများတွင် ကျွန်မနိုင်ငံကလမ်းများပေါ်တွင်မှာလို အသုံးမဝင်ပါကလားလို့ အံ့သြမိခဲ့ရပါသည်။

ကျွန်မမိခင် မြန်မာသံအမတ်အဖြစ်တာဝန်ထမ်းဆောင်ရသော အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် မြင်းများနှင့် ကျွန်မအကျွမ်းဝင်ခဲ့ရပါသည်။ ကျွန်မ၏ပထမမြင်းစီးသင်ခန်းစာများမှာ အဖြူနှင့်အုန်းခွံရောင်အကွက်အ ကျားအရောင်ရှိ လုံးပတ်ထွားပြီး သဘောထားမသေချာသည့် “ပရေရီ အွိုက်စတာ”အမည်ရှိ မြင်းငယ် ကလေးပေါ်တွင်ဖြစ်ပါသည်။

နောက်ပိုင်းတွင် မြင်းစီးကလပ်ကိုဝင်ရောက်ခဲ့ကာ ရဲစွမ်းသတ္တိအမည်များဖြစ်သော “ဘလက်ပရင့်စ်”၊ “ပရင့်သ်ဗီရာ့ဂ်ျ”နှင့် “သျှီဗဂျိ” တို့၏ကျောပေါ်ရှိကုန်းနှီးပေါ်တွင်တက်စီးခဲ့ပါသည်။ “ဘလက်ပရင့်စ်” သည် ကျွန်မ၏အချစ်တော်မြင်းဖြစ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ချောချောမွေ့မွေ့ ပြေးသားကျကာ သက်တောင့်သက်သာကုန်းနှီး ‘က’လျက်ရှိနေသောကြောင့်ဖြစ်ပါသည်။ ကျွန်မသည် မြင်းစီးထူးချွန်သူ အဖြစ်တော့ မတော်ခဲ့ပါ။

အင်္ဂလန်တွင် တက္ကသိုလ်ကျောင်းသူဘဝတွင် ခွေးချစ်သူများလောကသို့ ကျွန်မဝင်ရောက်ခဲ့ပါသည်။

ကျွန်မ၏ကျောင်းအားလပ်ရက်များတွင် အင်္ဂလိပ်သူငယ်ချင်းများ၏အိမ်များတွင် အချိန်ဖြုန်းလေ့ရှိရာ မိသား စုအလယ်တွင် ခွေးချစ်သူတဦးကို အံ့သြဘွယ်မရှိ မကြာခဏတွေ့ရပါသည်။

အဝလွန်ကာ လိမ့်လိမ့် လိမ့်လိမ့်ဖြင့်သွားတတ်သော မျက်စိတဘက်တွင် အနက်ကွက်ရှိ “ဆေလာ”ခေါ် စတက်ဖို့ဒ်ရှိုင်းယား တယ်ရီယားမျိုး ခွေးလေးတကောင်ကိုလည်းတွေ့ခဲ့ဘူးပါသည်။ သူသည်အဝေးမှနေ၍ ဂျင်အရက်နံ့ကိုခံတတ်ပါသည်။ ညင်သာလျက် သဘောကောင်းသည့် အိမ်ရှင်ကောင်းလည်းဖြစ်ပါသည်။

နောက်တကောင်ကတော့ “ဟဲန်ဒ် ဆမ်း”အမည်ရှိ ရွှေရောင် လာဘရာဒါ ခွေးလေးပါ။ ထွားပြီး ချစ်စရာ ကောင်းပါသည်။ သူ့သခင် အငြိမ်းစားဗိုလ်မှူးကြီးထံမှ အထင်အရှားအမွေခံထားသကဲ့သို့ သက်ကြီးလောက ၏ လောကွတ်ပျူငှာသော အသံဖြင့်ဆီးကြိုဆက်ဆံပါသည်။ သူ့သခင်မှာလည်း လူကြီးလူကောင်း နှင့်အရာရှိတဦး၏ပင်ကိုယ်အရည်အချင်းဉာဉ်ဖြင့် အများ၏ “ဦးလေးကြီး”အဖြစ် လူတိုင်း၏အချစ်တော် ဖြစ်နေခဲ့သူပါ။

“ဆေလာ”နှင့် “ဟဲန်ဒ် ဆမ်း”တို့ကို ကျွန်မ၏သူငယ်ချင်းများအဖြစ်အသိအမှတ်ပြုခဲ့သော်လည်း၊ ကျွန်မ၏ အရေးပေါ်အဒေါ်၏ အယ်ဇေးရှင်း “အင်မ်ပလီ”ကတော့ မိသားစုပါ။ ကျွန်မ ကုလသမဂ္ဂမှာ အလုပ်လုပ်စဉ် ကျွန်မတို့ ၃ ယောက် မဲန်ဟတ်တန်မှာ အတူနေခဲ့ကြပါသည်။

ခွေးများသည် သခင်များကိုအတုယူသည်ဟူသော ဆိုရိုးအတိုင်းအမှန်ပင် “အင်မ်ပလီ”၏သဘောထား သည် ကျွန်မအပေါ် အမိသဖွယ်ကာကွယ်စောင့်ရှောက်ပါသည်။ ကျွန်မအပြင်ထွက်၍ နောက်ကျနေလျှင် အပြစ်တင်မှုအနည်းဆုံးဖြင့် စိတ်ရှည်စွာစောင့်မျှော်နေတတ်ပါသည်။ သူ မသိသောလူများလာလျှင်လည်း ထိုသူများ ဆိုဖာခုံပေါ် ကျွန်မဘေးတွင် ဝင်မထိုင်မိစေရန် အသေအချာဂရုစိုက်တတ်ပါသည်။

၁၉၇၂ ခုနှစ် လက်ထပ်ပြီးပြီးခြင်း မိုက်ကယ်နှင့်ကျွန်မတို့ ဘူတန်တွင်နေထိုင်ရန် ရောက်ရှိချိန်တွင် ကျွန်မတို့၌ ကိုယ်ပိုင်ခွေးတကောင် ရရှိခဲ့ပါသည်။ သူသည် အဖြူနှင့်အညိုအရောင်စုပေါင်းထားသည့် ခွေးငယ်လေးအနေနှင့်ရောက်ရှိလာခဲ့ပါသည်။ သူကို သင့်တော်သောနာမည်ပေးရန် စဉ်းစားရအလွန်ခက် ခဲ့ပါသည်။ နောင်လပေါင်းများစွာ အလေးအနက်စဉ်းစားပြီး နောက်ဆုံးမတော့ ရောက်ခါစက သူ့ကို ခေါ်ခဲ့သည့် “ပါပီ”ဟူသောအမည်ဟာ အသင့်တော်ဆုံးပဲလို့ ဆုံးဖြတ်ခဲ့ကြပါသည်။

သူငယ်လွန်းချိန်မှာတော့ ကျွန်မ၏လည်ပင်းကိုဖက်လျက်အိပ်ခဲ့ပါသည်။ မိုက်ကယ်၏ အိပ်ရာထဲစီး ဖိနပ်၏ အမွေးပွ သည်းကြိုးများနှင့်လည်း မှန်မှန်နပန်းသတ်ခဲ့ပါသည်။

အရွယ်ရောက်လာတော့ ရာသီအလိုက် ခရီးသွားတကောင်ဖြစ်လာခဲ့ပါသည်။ ကမ္ဘာတခြမ်းခရီးထွက်ရာတွင် ကျွန်မတို့နှင့်အတူတကွ မြဲမြံခိုင်မာစွာအဖော်ပြုလိုက်ပါခဲ့ပါသည်။ ကျွန်မတို့၏ သားများ လူ့လောက ရောက်လာတော့လည်း သူက အကျိုးပြုဆောင်ရွက်လျက် ပါးရေတွန့်မျက်လုံးများနှင့် စောင့်ကြည့်ထိန်း ကျောင်းပေးခဲ့ပါသည်။

ဂုဏ်သရေရှိ ခွေးအိုကြီးအနေနှင့် ကျွန်မတို့အောက်စဖို့ဒ်အိမ်ထောင်၏အမှတ်အသားအဖြစ် မိတ်ဆွေများ နှင့်မိသားစုမှ ကောင်းစွာအကျွမ်းဝင်သိရှိကြခဲ့ပါသည် (လေးစားခံရသည်ဟု ကျွန်မထင်မြင်ပါသည်)။ “ပါပီ” သည် အသက်မှည့်ရွဲသော ၁၉ နှစ်သားတွင် သေဆုံးသွားခဲ့ပါသည်။ ထိုအချိန်တွင် ကျွန်မလည်း မြန်မာ နိုင်ငံမှာ အကျယ်ချုပ်အချခံနေရပါသည်။



ဒေါ်အောင်ဆန်းစုကြည်
၂၀၁၁ ခု မတ်လ ၇ ရက်နေ့ထုတ် မိုင်အိနိချိ ဂျပန်

၂၀၁၁ ခု မတ်လ ၇ ရက်နေ့ထုတ် မိုင်အိနိချိ ဂျပန်သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်၏ ANIMAL TALK ကို မောင်မောင်လှကြိုင် ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်ကို တင်ဆက်ပေးလိုက်ခြင်း ဖြစ်ပါသည်။

ထိပ်ဆုံးက အမျိုးသမီး ၁၀၀





လန်ဒန်အခြေစိုက် ဂါးဒီးယန်း သတင်းစာက ထိပ်ဆုံးက အမျိုးသမီး ၁၀၀ စာရင်းကို စာရင်းပြုစုလိုက်ပါတယ်။ သူတို့ တွေကတော့ နိုင်ငံရေးနယ်ပယ်မှာ လွှမ်းမိုးမှု အရှိဆုံး၊ သြဇာအရှိဆုံး အမျိုးသမီးတွေ ဖြစ်ပါတယ်။ အမှတ်စဉ် ၁ ကတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ။ ၂ က ချီလီ သမ္မတဟောင်းနဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း မီရှဲလ် ဘက်ခ်ျလက်ပါ။ သူကတော့ အခု ကုလသမဂ္ဂ အကြီးအကဲပေါ့။ ၃ ယောက်မြောက်က ဂရို ဟာလန် ဘရန်ဒလန် ဖြစ်ပါတယ်။ သူက နော်ဝေ နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်ပါတယ်။ ဆရာဝန်အဖြစ် အသက် မွေးခဲ့တဲ့ သူဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ရဲ့ ဒါရိုက်တာလည်း ဖြစ်ပါတယ်။ နံပါတ် ၄ ကတော့ အားလုံးသိကြတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ပါ။

ပြည်ထဲရေးဌာနက ပေါက်ကွဲသံများ

ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်က တပ်ဖွဲ့တွေ ဌာနတွေရဲ့ ရာထူး တိုးမြှင့်ရေး၊ ပြောင်းရွှေ့ရေး ကိစ္စတွေမှာ လူကြီးတွေရဲ့ ထင်ရာလုပ်မှု၊ လာဘ်စားမှု၊ မသမာမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ နေပြည်တော် ပြည်ထဲရေး ၀န်ထမ်းတွေက ပြောဆိုနေကြပါတယ်။
အထူးသဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ ပိုပြီးဆိုးရွားတာ တွေ့ရှိရပါတယ်။ ထွေ/အုပ် မှာဆိုရင် အရင်ညွှန်ချုပ် ဦးမြတ်ကို ရှိစဉ်ကတည်းက ပြယုဂ် သက်သက်ပါဘဲ၊ ဘာလုပ်ပိုင်ခွင့်မှ မပေးတော့ပါဘူး။ ၀န်ကြီးရုံးကပဲ တိုက်ရိုက်လုပ်ပါတယ်။ ရာထူးတိုး၊ ပြောင်းရွှေ့အားလုံး ရုံးအဖွဲ့မှူး ဦးနေမျိုးက ထင်တိုင်းစီမံနေပြီး မယက ဥက္ကဋ္ဌတယောက် နေရာကောင်း ပြောင်းပေးရင်ပဲ ကျပ် သိန်း ၅၀ လောက် ပေးရပါတယ်။
အရင် ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းရဲ့ တပည့်ရင်းဖြစ်နေတာကြောင့်လည်း ၀န်ကြီးက အစ မပြောသာဘဲ ဒီအတိုင်း ကြည့်နေရတဲ့သဘောရှိတယ်။
အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ ရာထူးတိုးမြှင့်ရေးကို အသက် အပိုင်းအခြားနဲ့ ကန့်သတ်ထားတဲ့အတွက် လုပ်သက် ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒု ဦးစီးတွေ ရာထူးတိုးမြှင့်ဖို့ မလွယ်ကူတော့ပါဘူး။ အသက် ၃၀ ကျော်သူတွေကို ဦးစီးအရာရှိ မပေးတော့ဘူး ဆိုတော့ ယခု လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ ဒု ဦးစီး အားလုံးကို ရာထူးတိုးမပေး တော့ဘူးဆိုတဲ့ သဘောသက်ရောက် ပါတယ်။ လက်ရှိ ၂၅ နှစ်အောက် သင်တန်း ဆင်းပြီးစ ဒုဦးစီးတွေတောင် မျှော်လင့်ချက် မရှိတော့သလို ဖြစ်ပါတယ်။ လုပ်သက် နှစ်ကျော်မှ ရာထူး တိုးမြှင့်ရေးကို စဉ်းစားမယ်ဆိုတော့ လုပ်သက် နှစ်ပြည့်ရင် အသက် ၃၀ ကျော် သွားပါပြီ။ ဒီတော့ အသက် ၂၅ နှစ်မှာ သင်တန်းဆင်းပြီး ဒုဦးစီး ဖြစ်နေတဲ့သူတွေ ဦးစီးအရာရှိ မဖြစ်နိုင်ဘူးလို့ ပြောရတာပါ။
ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးက စိတ်ကူးရမှ ခေါ်လေ့ရှိတဲ့ (ကာလ သတ်မှတ်ချက်မရှိတဲ့) စာမေးပွဲမှာ ကြုံကြိုက်တုန်း အပုံလိုက် ပေးတော့မှ ရာထူးတိုးနိုင်တော့မှာ ဖြစ်ပါတယ်။၊ တနည်းအားဖြင့် အရပ်ဘက်မှ ၀င်ရောက်တဲ့ ၀န်ထမ်းတွေကို မပေးဘဲ၊ စစ်တပ်က အသွင်ပြောင်း လာတဲ့ ဆေးကျလူမမာ စစ်ဗိုလ်တွေကိုပဲ ဦးစီးအရာရှိ ရာထူးပေးနေတာပါ။ ပြည်ထဲရေး ဝန်ကြီးဌာနကိုလည်း တပ်မတော်က အသွင်ပြောင်းအရာရှိ တွေက အထက်ပိုင်း အဆင့်ဆင့်ကနေ အုပ်ချုပ်သွားမှာပါ။
အဲဒါမှပဲ နယ်ဘက် အုပ်ချုပ်ရေးကို လွှဲသယောင်ယောင်နဲ့ စစ်တပ်က လိုသလိုချုပ်ကိုင် သွားနိုင်တော့မှာပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ကြည့်နိုင်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ယူသူတွေ ဖြစ်တဲ့ ထွေအုပ်၊ ရဲ၊ ဌာနဆိုင်ရာ၊ ရပ်မိရပ်ဖ အားလုံးဟာ တပ်မတော်က အသွင်ပြောင်းနဲ့ အငြိမ်းစားတွေပဲ ဖြစ်ပါတယ်။ နယ်ဘက်က ဌာနတွင်း လုပ်သက်ရင့် အတွေ့အကြုံရှိတဲ့ ၀န်ထမ်းတွေကို ရာထူးတိုးပေးရေး အတွက် အသက်၊ ပညာအရည်အချင်း၊ အရပ်အမြင့်ပေ၊ ရုပ်ရည်၊ စွမ်းဆောင်မှု ဆိုပြီး အကြောင်းအမျိုးမျိုးပြ ကန့်သတ်ထား ပေမယ့်လည်း စစ်တပ်က အို၊ နာ၊ ကျိုး၊ ကန်း တွေကိုတော့ ဘာလာလာ ရာထူးအလိုက် နေရာပေးထား တာပါ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာလည်း တာဝန်ရှိပုဂ္ဂိုလ်တွေက မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရာထူး တိုးမြှင့်ရေး ကိစ္စတွေကို ထင်ရာ လုပ်နေကြပါတယ်။ ဒုရဲအုပ်အပါတ်စဉ် ၁၅ ဆင်းတဦးရဲ့အဆိုအရ၊ သူ ဒုရဲအုပ်ဖြစ်စဉ်အခါက တန်း၊ တန်း ကျောင်းတက်နေတဲ့ ကလေးတွေက အခုရဲအုပ် အဆင့်တွေဖြစ်နေကြတဲ့အတွက် ကိုယ့်သားလောက်ကို ဆရာခေါ်၊ အဘခေါ် နေရပြီး အလေးပြုနေရတယ်လို့ သိရပါတယ်။
သူတို့ အပါတ်စဉ်တွေက ဒုရဲအုပ် လုပ်သက်တမ်းတင် ၁၅ နှစ်ကျော်နေပါပြီ။ ဘယ်လိုနည်းနဲ့မဆို အနည်းဆုံး ရဲအုပ်တော့ ဖြစ်သင့်နေပါပြီ။ ဒုရဲအုပ်လောင်း အပါတ်စဉ် ၄၀ ကနေ ၅၅၅၆ တွေမှာတောင် ရဲအုပ်တွေ ဖြစ်နေကြပါပြီ။ အမှတ်စဉ် ၁၅ ကနေ ၃၀/၉၇ အထိ ဒုရဲအုပ်တွေကို ဘာကြောင့် ရာထူးတိုးမပေးဘဲ ချန်ထားတာလဲ၊ ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး။ အသက်အရွယ်အရ နောက်ထပ်လည်း ဖြေလိုစိတ်မရှိတော့ပါဘူး။ အရင်က ၅၅၅၆ တွေကို ငွေပေးတဲ့ အပေါ်ကြည့်ပြီး ရဲအုပ်ရားထူးပေးဖို့ တင်ထားတာ သတင်း ပေါက်ကြားလို့ ပျက်ပြယ် သွားပြီးသားပါ။ အခုပြန်ပြီး ပေးဖို့လုပ်နေကြပြန်ပါပြီ။ ရဲချုပ်၊ ၀န်ကြီးအပြောင်းအလဲမှာ အခွင့်ကောင်း ယူပြီး လုပ်ကြဦးမယ် ထင်ပါ တယ်။ တပ်ဖွဲ့တွင်းမှာတော့ တကယ့်ကို တပည့်မွေး၊ ဆရာကျွေး စနစ်ကို ကျင့်သုံးနေကြတာပါ။

Tuesday, March 08, 2011

နိုင်ငံရေးအကျဉ်းသားအချို့...

ကိုညီညီဦး
၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ပါဝင် လှုပ်ရှားခဲ့ပြီး၊ NLD ဖွဲ့စည်းစမှာ သံလျင်မြို့နယ် လူငယ် အဖွဲ့ဝင်တယောက် ဖြစ်ခဲ့ပါတယ်။
          အဲဒီတုန်းက သံလျင်ရေနံချက်စက်ရုံ ဗုံးကွဲတယ်။ န၀တ စစ်ထောက်လှမ်းရေးတွေက NLD ကို ပုံစံ အမျိုးမျိုးနဲ့ အပြစ်ရှာနေချိန်မို့ ဗုံးဖောက်ခွဲသူတွေဟာ ကိုညီညီဦး တို့ ဖြစ်တယ် ဆိုပြီး ဖမ်းတယ်။
          နောက်ပိုင်းမှာ ကိုကိုနိုင် (၁၉၈၈ မြို့တော်ခန်းမ ဗုံးကွဲမှုကြောင့် အဖမ်းခံရသူ) က ရေနံချက်စက်ရုံ ဖောက်ခွဲမှုဟာ သူ့လက်ချက်လို့ ထွက်ဆိုပေမယ့် လူမှားဖမ်းမိတာကို ၀န်ခံရမှာ စိုးတဲ့အတွက် ကိုညီညီဦးတို့ကို ဆက်ပြီး ဖမ်းထားခဲ့တယ်။ ပြီးတော့ စစ်ခုံရုံးကနေ သေဒဏ် အပြစ်ပေးခဲ့တယ်။
          အယူခံ ပြင်ဆင်ချက်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပယ်ချခဲ့ပြီး ၁/၉၃ ကြေညာချက်နဲ့ သေဒဏ်ကနေ ထောင် တသက်တကျွန်း   ပြောင်းလဲလိုက်တယ်။  မိသားစုနဲ့ဝေးရာ တောင်ငူထောင်ကို ရွှေ့လိုက်တယ်။
          စစ်ထောက်လှမ်းရေးတွေကြောင့် မတရား ပြစ်ဒဏ်ချမှတ်ခံခဲ့ ရသူတွေကို ပြန်လွတ်ပေးတယ် ဆိုတဲ့ ၂၀၀၄ ခုနှစ်တုန်းကလည်း ကိုညီညီဦး တို့ မလွတ်မြောက်ခဲ့ပါဘူး။
          ၁၉၉၇ လွတ်ငြိမ်းချမ်းသာအမိန့်ကို ထုတ်ပြန်တဲ့အခါ သူတို့ ပြစ်ဒဏ်ဟာ အကျဉ်းသား ရပိုင်ခွင့် ဖြစ်တဲ့ လျှော့ရက် ခံစားခွင့်တွေကြောင့် လွတ်ရက်စေ့သွားတယ်။ ဒါပေမယ့် နိုင်ငံတော် အကြီးအကဲ ဆိုသူရဲ့ အမိန့်ကို ရှေ့နေချုပ်ရုံးက ကန့်ကွက်တဲ့ အတွက် ကိုညီညီဦးတို့ တသက်တကျွန်း ပြစ်ဒဏ်ကို ဆက်လက် ခံစားနေရပါတယ်။
          ဒီနေ့ထိဆို ၂၃ နှစ်တာ ကာလထဲ ရောက်ခဲ့ပါပြီ။ ကိုညီညီဦးတို့ဟာ လူငယ်ဘ၀ ဆုံးရှုံးခံပြီး  ၂၃ နှစ် လုံးလုံး ထောင်ကျခံနေရဆဲပါ။
          မတရားဖမ်းဆီး၊ အပြစ်ပေးခံရတဲ့ ကိုညီညီဦး၊ ကိုသန်းဇော်တို့ အမြန်ဆုံး လွတ်မြောက်ပါစေ။


အောင်သူ
နာမည် အပြည့်အစုံ ခေါ်မယ်ဆို “တံတားနီအောင်သူ”
၈၈ မတ်လ ရန်ကုန်တက္ကသိုလ်တွင်း ကျောင်းသားဆန္ဒပြပွဲ၊ မတ်လ ၁၆ တံတားနီ ဆန္ဒပြပွဲကို ဦးဆောင်လာသူ။ တံတားနီဖြစ်ရပ်မှန်ကို စာတမ်းရေး ဖြန့်ဝေခဲ့သူ။
၈၉ မှာ ထောက်လှမ်းရေးက ခဏခဏ ဖမ်းစစ်ဆေး။ နောက်ဆုံးတော့ အင်းစိန်ပို့ကာ ၂ နှစ်လောက် အချုပ်ဘ၀ ထားခဲ့ပြီး ၉၁ မှာ ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရသူ။
အင်းစိန်ထောင်မှာ အဖေ ဦးဘိုးအောင် နဲ့ သား အောင်သူ။ သားအဖ၂ယောက်ရဲ့ အမှတ်တယများက ဘယ်လိုမှ မေ့မရ။ အစဉ်အလာနဲ့ ယုံကြည်ရာ ကြားက ပဋိပက္ခ ပြေငြိမ်းရာ-
မိခင်ဖြစ်သူက ခင်ပွန်းနဲ့သားအတွက် တပတ်တခါ ထောင်ဝင်စာလာ၊ ဖွယ်ဖွယ်ရာရာနဲ့။ အခုတော့ ဖခင်ဖြစ်သူက မရှိတော့။ မိခင်ကြီးကလဲ တသက်တာ ထောင်ဝင်စာ ခရီးကြောင့် ကျန်းမာရေး မကောင်း။
အောင်သူက သူငယ်ချင်းတွေကို ခင်သလို ယုံကြည်ချက်ကိုလည်း ဘယ်တော့မှ မပြင်တတ်။ စကားလုံးကောင်းကောင်းနဲ့ သီချင်းတွေ ရေးတတ်သလို အတွေး ကောင်းကောင်းနဲ့လဲ နောက်တတ် ပြောင်တတ်။
ထောင်ကလွတ်လာပြီး မိသားစုဘ၀လေး တည်ဆောက်နေရင်း ၉၆ ဒီဇင်ဘာ ကျောင်းသား လှုပ်ရှားမှုမှာလည်း ပါဝင်ခဲ့၊ အဖမ်းအဆီးတွေကို ရှောင်တိမ်းခဲ့ရသေး။
နောက်ဆုံးတော့ ၈၈ မျိုးဆက် ကျောင်းသားများ၊ သူငယ်ချင်းဟောင်းများနဲ့ ပြန်လက်တွဲ၊ နိုင်ငံမှာ အဓိက အကျဆုံး “အမျိုးသား ပြန်လည်သင့်မြတ်ရေး” ကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း ထောင် ၆၅ နှစ် ချခံရပြီး မြန်မာပြည်မြောက်ဖျား ပူတာအိုထောင်ထိ ပို့ခံထားရသူ။
တခါတခါ အကြော ဆိုင်းသွားတတ်တဲ့ ရောဂါနဲ့ အလွန် အေးပါတယ် ဆိုတဲ့ ရာသီဥတုကြား ယုံကြည်ချက်နဲ့ အသက်ရှင်နေသူ။
သူငယ်ချင်းတွေကို ချစ်တဲ့သူ။ မြန်မာပြည်ကို ချစ်တဲ့သူ။ မိခင်နဲ့ဝေး အိမ်နဲ့ ဝေးနေတဲ့သူ။ ကျွန်တော်တို့ ဘယ်လိုမှ မေ့မရတဲ့သူ။
အောင်သူ။
နံမည်အပြည့်အစုံ ခေါ်မယ်ဆို “တံတားနီအောင်သူ”



မဲန်ဒဲလား ထောင်သက် ၂၇နှစ်ကျော်၊ လွတ်။
ကရင်ရဲဘော်လေး တူးကီ ထောင်သက် ၂၈ နှစ်ကျော်၊ နေဆဲ။
နယ်လ်ဆင်မဲန်ဒဲလားက ထောင်ထဲမှာ ၂၇နှစ်ကျော် နေခဲ့ရတယ်။ ထောင်ထဲ နှစ်ရှည်နေရတာကြောင့်ရော၊ သူ့ရဲ့ လေးစားဖွယ်လုပ်ရပ်တွေကြောင့်ရော ကမ္ဘာကျော်ခဲ့တယ်။
 
ကရင်တော်လှန်ရေး ရဲဘော်လေး တူးကီ ခေါ် ခင်မောင်လင်း ထောင်ထဲ ရောက်နေတာ ၂၈ နှစ် ကျော်လာပြီ ဖြစ်ပေမဲ့ ဒါကို အလွန် လူသိနည်းလှပါတယ်။ သူ့သက် ၂၀ မပြည့်သေးချိန် ၁၉၈၂ ခုနှစ်မှာ စတင် အကျဉ်းချခံရတာပါ။
 
နိုင်ငံတကာက တောင်းဆိုနေသလို ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်တို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် လွတ်မြောက်လာရင်တော့ တူးကီလည်း လွတ်နိုင်ကောင်းပါရဲ့။
 
နိုင်ငံရေးအကျဉ်းသားတွေ ဝင်လိုက်ကြ ထွက်လိုက်ကြနဲ့ ရှိနေပေမယ့် မန်းငွေအောင် အမှုတွဲ တူးကီကတော့ အိမ်ရှင် အကျဉ်းသားကြီးဖြစ်လို့ ဧည့်သည်တော်များကို တယောက်ပြီးတယောက် ဧည့်ခံနေရသူပါ။
 
အာဟာရမဲ့ ခြုံပုတ်ပြုတ်ရည်၊ ဒေါက်၊ ခြေကျင်းနဲ့ ကျားတွေ ခြသေ့င်္တွေလို နှစ်ရှည်လများ တိုက်ပိတ်၊ တနေ့ကို ၁၀ မိနစ်လောက် မြေကြီးနဲ့ ထိတွေ့ခွင့်ရ ဆိုတာတွေဟာ တူးကီရဲ့ ထောင်သက်၂၈နှစ်ကျော် မှတ်တမ်းတွေပါပဲ။
 
ရက်စက်ကြမ်းကြုတ် အင်းစိန်ထောင်ကနေ ရက်စက်ပူပြင်း သရက်ထောင်ကို ပြောင်းရွှေ့ခဲ့ရပြီး လွတ်ရက်လည်း မသိ၊ တူးကီ လွတ်မြောက်ရေး ဆိုပြီး သီးခြား တောင်းဆိုတာလည်း မရှိသေးလို့-
 
ကရင့်တော်လှန်ရေး နိုင်ငံရေးအကျဉ်းသား တူးကီကို အမြန်ဆုံး လွှတ်ပေးပါလို့ ဒီကနေ တောင်းဆိုလိုက်ပါတယ်။

မင်းကိုနိုင်
ထောင်ထဲမှာ နေသည်။
ဒီမှာနေ၊ ဒီမှာအိပ်၊ ဒီမှာထိုင်၊ ဒီမှာလမ်းလျှောက်၊
ဒီမှာသောက်၊ ဒီမှာစား၊ ဒီမှာ ပါ၊ ဒီမှာ ပေါက်။
တိုက်ပြောင်း ထောင်ပြောင်းလာခေါ်လျှင် လိုက်သွားရပြန်သည်။
လူဆိုတာ ကိုယ့်ခနာကိုယ်နှင့် သူများစိတ်နှင့် နေရတာလောက် ဆင်းရဲတာ မရှိ။
သူများစိတ်ဆိုသည်မှာလည်း သူတော်ကောင်းတို့၏ စိတ်နှင့်နေရသည်မဟုတ်၊
ကိုယ့်ကို နည်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်လိုသူတို့၏ စိတ်နှင့် နေရခြင်းဖြစ်သည်။

ကိုမင်းကိုနိုင်အကြောင်းကို အထူးပြောပြနေစရာ မလိုပါ။
ပြောပြချင်နေသည်က ရုပ်သဏ္ဌာန်အရသာ လူလို့ ခေါ်ပြီး၊
လူတယောက်၏ အဆင့်အတန်းမျိုးနှင့် လုံးဝ မနေရသည့် နေရာမျိုးတွင်
မကြောက်မရွံ့ နေရဲသည့်အကြောင်း ဖြစ်သည်။

ကိုမင်းကိုနိုင်သည် ၁၉၈၉ ခုနှစ် မတ်လ(၂၃)ရက်နေ့မှ
၂၀၀၄ ခုနှစ် နိုဝင်ဘာလ(၁၉)ရက်နေ့အထိ ပထမအကြိမ် ထောင်ထဲမှာ (၁၆)နှစ်နီးပါး၊
၂၀၀၆ ခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့မှ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ(၁၁)ရက်နေ့အထိ (၄)လနီးပါး၊
၂၀၀၇ သြဂုတ်လ(၁၉)ရက်နေ့ကနေ ဒီနေ့အထိ ထောင်ဒဏ်(၆၅)နှစ်ခွဲ ကျခံပြီး ထောင်ထဲမှာ နေ နေသည်။

ကိုမင်းကိုနိုင်သည် ကျင့်ထုံး ၄၀၁ ကို လက်မှတ်ထိုးပြီး ထွက်ချင်လျှင် ထောင်ကနေ ထွက်လို့ရသည်။
အမှန်တော့ ၄၀၁ ထိုးထွက်ရသည်က နိုင်ငံရေးပါရာဇိက ကျသလိုပင်။
လူမဆန်သည့်နေရာတခုကနေ အညံ့ခံပြီး ထွက်မလာဘဲ  မင်းကိုနိုင် ဘာ့ကြောင့် အကြိမ်ကြိမ် အကြာကြီး နေ နေသလဲ။
နိုင်ငံရေးသမားတို့၏ ဂုဏ်သိက္ခာနှင့်အညီ ကိုယ်ကျိုးစွန့်ပြီး စစ်အာဏာရှင်စနစ်ကို တစမကျန် ဆန့်ကျင်ပြနေခြင်းပင်။


အနစ်နာခံသူတွေအတွက် အကျဉ်းထောင်

နာမည်လေးက လှပါတယ်၊
မနှင်းမေအောင် (ခေါ်) မနိုဘယ်လ်အေး … တဲ့၊ ဒဂုံတက္ကသိုလ် ကျောင်းသူလေး။

ဘ၀က မလှပါ။
ဒီနှစ် အောက်တိုဘာ (၁၀) ရက်နေ့မှာ လူ့သက်တမ်း (၃၇) နှစ်၊ ထောင်သက်တမ်း (၂) ကြိမ်ပေါင်း (၁၀) နှစ်။
မုံရွာထောင်ထဲမှာ မလှပတဲ့ပြက္ခဒိန်တွေ အကြာကြီး ရွေ့နေဦးတော့မယ်။

မနိုဘယ်လ်အေးလေးရဲ့ အဇ္ဈတ္တကို အနီးဆုံး သိခဲ့ရတယ်၊ ထင်သာ မြင်သာ အဖြစ်ဆုံးက
ဆင်းရဲဒုက္ခတွေကြားမှာ သူများအတွက် အနစ်နာခံချင်သည့် စိတ်ဓါတ်ပင်။

သူ့အမေအတွက် အနစ်နာခံတယ်၊ သူ့မိသားစုအတွက် အနစ်နာခံတယ်၊ သူ့ မိတ်ဆွေတွေအတွက် အနစ်နာခံတယ်၊
ပြီးတော့ … ဆင်းရဲဒုက္ခရောက်နေသူအတွက် အနစ်နာခံတယ်။

အခု၊ သူ ချစ်တဲ့ ပြည်သူတွေအတွက် ပင်ပန်းဆင်းရဲခြင်းကြီးစွာနဲ့
၁၂ ပေ ၈ ပေ အခန်းကျဉ်းလေးထဲမှာ နှစ်ပေါင်း ဘယ်လောက်များ အနစ်နာခံနေရဦးမလဲ။

အဲဒီ့အခန်းကျဉ်းကျဉ်းလေးတွေ အများကြီး တိုးတိုးလာနေပြီ၊
မနိုဘယ်လ်အေးတွေလည်း အများကြီး တိုးတိုးရောက်နေပြီ။

သူတို့ရဲ့ ကမ္ဘာမြေဆီ လွတ်လပ်စွာ လမ်းလျှောက်ခွင့်အတွက် ဘာမှ မတတ်နိုင်သေးပါလား …
ကျနော်
ရှက်တယ်။



နာဂစ်ဒေသကို ကူညီသူ သရက်ထောင်ထဲက နီမိုလှိုင်
ကျနော်တို့တွေ အင်တာနက်သုံး၊ ရုပ်ရှင်ကြည့်၊ မိတ်ဆွေများနဲ့ စကားပြောနေချိန်မှာ သရက်မြို့ အကျဉ်းထောင်ထဲက မနီမိုလှိုင် တယောက် ဒီအချိန် ဘာတွေ လုပ်နေမလဲ။
အုတ်နံရံ၊ သံတိုင်တွေကြားထဲ ရောက်နေတဲ့ သူ့အတွက်တော့ လုပ်စရာ အများကြီးရှိမယ် မဟုတ်ပါဘူး။

နီမိုလှိုင် ဆိုတာ နာဂစ်မုန်တိုင်း ဒုက္ခသည်တွေကို ကူညီနေတုန်း ထောင် ၅ နှစ် ချခံရတဲ့ သင်္ကန်းကျွန်းမြို့နယ်က လူငယ် တယောက်ပါ။
၂၀၀၇ ခုနှစ် လောင်စာဆီဈေး ကျဆင်းရေး လမ်းလျှောက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူပါ။

“… … ကျနော်တို့ ဘယ်လိုပဲ ခံစားနေရပါစေ၊ နောက်နောင် ကျနော်တို့လို အခြားအခြားသော ပုဂ္ဂိုလ်များ ထပ်မခံစားရအောင်ကတော့ ဒီနိုင်ငံနဲ့ အစိုးရနဲ့ ဒီ နိုင်ငံရဲ့  အုပ်ချုပ်ပုံ နည်းစနစ်ကြီး ပြောင်းသွားမှ ဖြစ်လိမ့်မယ်” လို့ ပြောခဲ့တဲ့ NLD အဖွဲ့ဝင်ပါ။
ဖမ်းဆီး ထိန်းသိမ်းခံနေရသူ ဒီမိုကရေစီ ဘက်တော်သား၂၀၀၀ ကျော်ထဲက တယောက်ပါ။

သူတို့အတွက် ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲ။

သူတို့ဆီကို တခါတရံ သွားတွေ့တဲ့ မိသားစုကို တိုက်ရိုက် သွားတွေ့ပြီး အားပေးစကားပြော၊ ထောက်ပံ့ ကူညီမလား။
အကျဉ်းသားများအရေး လုပ်ဆောင်နေသူတွေကတဆင့် ကူညီမလား။
သူတို့ လွတ်မြောက်ရေးအတွက် ကိုယ် ရောက်တဲ့နေရာမှာ လှုံ့ဆော်မလား။

သူတို့အတွက် ကျနော်တို့ ဘာလုပ်ကြမလဲ။