Monday, February 11, 2013

ကိုဖြိုးဝေအောင်ရဲ့ ဖြစ်ရပ်မှန် သတင်းစာရှင်းလင်းပွဲ



X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှု အတွင်း မတရား စွပ်စွဲ ထောင်ချ ခံခဲ့ရတဲ့ ကိုဖြိုးဝေအောင်ရဲ့ ဖြစ်ရပ်မှန်နဲ့
ပတ်သက်လို့ ကျန်ရစ်သူ မိသားစုတွေက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့
ညနေ ၄ နာရီက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။







Saturday, January 26, 2013

စစ်ပွဲများကို ရပ်ဆိုင်းပါ


ပြည်သူလူထု ဆင်းရဲ ဒုက္ခမျိုးစုံ အဖုံဖုံကို ခံစားနေရတဲ့ မြင်ကွင်းတွေ ကြည့် ပြီး ကိုယ်ချင်းစာ တရားနဲ့ စစ်ပွဲတွေ ရပ်တန့် စေချင်လို့ တတ်နိုင်သလောက်လေး တောင်းဆိုပေးတာပါ ။

ဘယ်သူက အမှန် ၊ ဘယ်သူက အမှား ဆိုတာထက် လက်ရှိမှာ ဘယ်သူတွေ ဒုက္ခရောက်နေသလည်း ဆိုတာကို တည့် တည့် ကြည့် တတ်ပြီး ရိုးသားစွာ တွေးတတ်တဲ့ လူဆို စစ်ပွဲတွေ ကိစ္စ သိပ်အငြင်းပွားစရာ ရှိလှမယ် မထင်ပါဘူး ။

နောက်တချက်က အမှန်နဲ့ အမှား ထင်ရှားချင်လို့ အငြင်းပွားကြတဲ့ အခါ ထွက်ပေါ်လာတဲ့ အမှန်တရားဟာ ကိုယ့် အယူအဆနဲ့ မကိုက်ညီလည်း လက်ခံချင်တဲ့ ဆန္ဒရှိမှ ဖြစ်ပါလိမ့်မယ် ။

သင့် တို့ မိသားစုဝင်တွေ နေထိုင်တဲ့ အိမ်ကလေးမှာ မောင်နှမ အချင်းချင်း ရန်ဖြစ်ကြရင် အားပေးကြမလား ၊ ဖြန်ဖြေပေးကြမလား ။ အကယ်၍များ တစုံတစ်ယောက်က သင်တို့ မိသားစု ပိုင်ဆိုင်တဲ့ အဖိုးတန် ပစ္စည်းလေးတွေကို ရိုက်ခွဲ ဖျက်စီးပစ်ရင် အားပေးမှာလား ။

ကိုယ်မိသားစုဝင်တွေကို တကယ်ချစ်တဲ့ လူတွေဆိုရင် ကိုယ်နေထိုင်ရာ အိမ်ကလေး ပျက်စီးမယ့် ဘယ်သူမှ အားမပေးကြပါဘူးဗျာ ။

တကယ်တော့ ကျနော်တို့ တိုင်းပြည်ဟာ ကျနော်တို့ အတွက် နားခိုစရာ အိမ်ကလေးပါဘဲ ။ ဒီနယ်နမိတ်ထဲမှာ နေထိုင်သူ မြန်မာနိုင်ငံသားတိုင်းဟာ မောင်နှမတွေဘဲ မဟုတ်ဘူးလား ။

ဒီလိုမှ မဟုတ်ဘဲ ...... နိုင်ငံနဲ့ အိမ် မတူပါဘူး ၊ တိုင်းပြည် ဒုက္ခရောက်တာ ငါတို့ အိမ် ဒုက္ခရောက်တာ မဟုတ်ပါဘူး ၊ ဒုက္ခခံစားရတာ ပြည်သူလူထုဟာ ငါတို့ မိသားစုဝင် မဟုတ်ပါဘူး ဆိုပြီး ကျားကျား မီးယပ် ဆိုတဲ့ လူတွေနဲ့ ငြင်းနေရမယ် ဆိုရင်တော့ အချိန်ကုန်တာဘဲ အဖတ်တင်ပါတယ် ။

တကယ်တော့ တိုင်းပြည်ကို ဖျက်စီးနေတဲ့ ပြည်တွင်းစစ်ကို တိုင်းပြည်ကို မချစ်တဲ့ လူတွေသာ အားပေးကြတာပါလို့ ကျနော်ကတော့ အခိုင်အမာ ယုံကြည်ထားပါတယ် ။
 
သတ်ခြင်း ဖြတ်ခြင်း နဲ့ ယဉ်ပါးနေတဲ့ လူတွေ အတွက် စစ်ပွဲဆိုတာ မထူးခြားလှပေမယ့် သူတို့အတ္တကို အသွေးအသားနဲ့ ဖော်ကြူးခံရတဲ့ ပြည်သူလူထု ဘ၀များကတော့ စုတ်ပြတ်သတ်သွားကြတာ များပါတယ် ။

ညီအစ်ကို မောင်နှမ အချင်းချင်း ပြန်သတ်ကြဖို့ အတွက် ကိုယ့်အိမ်က စည်းစိမ် ဥစ္စာကို အဓမ္မနည်းလမ်း ကျင်သုံးပြီး ဖြုန်းတီးကာ ကစားနေကြတဲ့ လူတွေ သေဆုံးသွားတော့ တိုင်ပြည်တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားလို့ သူရဲကောင်း ဆိုပြီး ဂုဏ်ပြုကြကာ နှမြောတသ ဖြစ်ကြပြန်တယ် ။

ရီစရာ ကောင်းလိုက်တဲ့ အလေ့ အထ........

ရိုးသား ဖြူစင်လှတဲ့ အပြစ်မဲ့တဲ့ ပြည်သူလူထု သေဆုံးမှုကြတော့ သက်ဆိုင်သူ မိသားစုမှ တပါး အခြားသူများက ဥပက္ခာ ပြုထားကြတာ များပါတယ် ။
စစ်ပွဲတွေကို ဖန်တီးရတာ ပျော်မြူးနေတဲ့ လူတွေ ၊ အဲဒီလို စစ်ပွဲကို အားပေးနေကြတဲ့ လူတွေ ရဲ့ မိသားစုဝင်တွေ အခုလို ဒုက္ခမျိုးကို ဘယ်တော့မှ မခံစားရဘူးလို့ မထင်ထားလိုက်ကြပါနဲ့အုံး ။

စစ်ပွဲဆိုတာ ငါတို့နဲ့ အဝေးကြီးပါဆိုပြီး တွေးပြီး မပျော်လိုက်ကြနဲ့အုံး…..အခုလို ဒုက္ခသည်တွေထက် ဆိုးဝါးတဲ့ ကံကြမ္မာ ခင်ဗျာတို့မှာ မကြရောက်လာနိုင်ဘူးလို့ သေချာပေါက် တွေးနိုင်လို့လား………။
ကံကြမ္မာ ဆိုတာ အ၀ိုင်းပြေးပြေးနေတာပါ …….. ၀ဋ်ဆိုတာ လည်စမြဲပါ .. ။ ကိုယ်လုပ်သမျှ အကုသိုလ်ကံတွေ တနေ့တော့ ကိုယ်တိုင် ခံစားရမှာပါ ဆိုတာ မမေ့ကြပါနဲ့……။
အပြစ်မဲ့ ပြည်သူလူထု မိသားစုများနဲ့ သေကွဲ ၊ ရှင်ကွဲ အမျိုးမျိုးကွဲအောင် နှိပ်စက်နေကြတဲ့ စစ်ပွဲကို အားပေးတဲ့ အယူဝါဒ ပိုင်ရှင်များ ကျဆုံးပါစေ……….။

Saturday, January 05, 2013

မတရားစွပ်စွဲ အကျဉ်းချနှိပ်စက်ခံရသော ကိုဖြိုးဝေအောင် ကွယ်လွန်

ကိုဖြိုးဝေအောင် ဇန်န၀ါရီ ၄ ရက်နေ့ မနက် (၃) နာရီခန့် အချိန်မှာ ကွယ်လွန်သွားကြောင်း သိရှိရတဲ့အတွက် အထူးစိတ်မကောင်း ဖြစ်ရပါတယ်။

ကိုဖြိုးဝေအောင် ကွယ်လွန်ရခြင်းရဲ့  အဓိကတရားခံဟာ ရဲချူပ်ဟောင်း ခင်ရီ (ယခု လ၀က ၀န်ကြီး) ဖြစ်တယ်လို့  ပြောလိုပါတယ်။

၂၀၁၀ ခုနှစ် X20 သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုမှုနဲ့  ပတ်သက်ပြီး အထောက်အထား ခိုင်လုံမှု မရှိဘဲ မတရားစွပ်စွဲကာ ကိုဖြိုးဝေအောင်ကို ရဲချုပ်ခင်ရီတို့ က ထောင်သွင်း အကျဉ်းချခဲ့ပါတယ်။ တစ်ဖက်သတ် စစ်ဆေးမှုတွေ ညဉ်းပမ်းနှိပ်စက်မှုတွေနဲ့  ကိုဖြိုးဝေအောင်ကို သေဒဏ်အမိန့် ချမှတ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၃) ရက်နေ့ မှာ ထောင်တွင်းကနေ ပြန်လည်လွှတ်မြောက်လာပေမယ့် ညဉ်းပမ်း၊နှိပ်စက်ခံရမှုဒဏ် အကျဉ်းထောင်အတွင်း နေထိုင်ရမှုဒုက္ခတွေရဲ့  ဒဏ်ကြောင့် ကိုဖြိုးဝေအောင် ပြန်လည်လွတ်မြောက်လာပေမယ့် ကိုယ်ခန္ဓာအောက်ပိုင်းသေပြီး အသည်းကင်ဆာရောဂါဝေဒနာကို ရရှိခံစားခဲ့ရပါတယ်။ အကျဉ်းထောင်က လွတ်လွတ်ခြင်းမှာဘဲ ဒီဝေဒနာဒုက္ခတွေကြောင့် ဆေးရုံတက်ရောက်ကုသနေခဲ့ရပါတယ်။




ကိုဖြိုးဝေအောင်ကို အကျဉ်းထောင်တွင်းကနေ ပြန်လွှတ်ပေးတာဟာ လူသားတစ်ယောက်အတွက် အသက်ရှင်သန်မှု အခြေအနေမကောင်းတော့မှ နောက်ဆုံးအခြေအနေမျိုးကြမှ လက်လွတ်စပယ် လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

ကိုယ်ခန္ဓာအောက်ပိုင်းသေသွားရပြီး အသည်းကင်ဆာဝေဒနာခံစားရလောက်အောင် ခံစားရမှုအပေါ် ကိုဖြိုးဝေအောင်ကိုဖမ်းဆီးနှိပ်စက်ညဉ်းပမ်းပြီး နောက်ဆုံးအခြေအနေကြမှ ပြန်လည်လွှတ်ပေးခဲ့တဲ့သူတွေအနေနဲ့  တကယ်ဆိုရင် ကိုဖြိုးဝေအောင်ရဲ့  နစ်နာခံစားမှုတွေအတွက် တာဝန်ယူပေးရမှာ ဖြစ်ပါတယ်။

အပြစ်မဲ့တဲ့ ကိုဖြိုးဝေအောင်ဟာ သင်္ကြန်မဏ္ဍပ်ဗုံးဖေါက်ခွဲမှုတွင် ပါဝင်တယ်ဆိုပြီး စွပ်စွဲခံရကာ ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာဖန်တီးလုပ်ကြံဇာတ် သတင်းစာရှင်းလင်းပွဲမှာ သားကောင်ဖြစ်ရရှာသူ ဖြစ်ခဲ့ပါတယ်။

ဒီ သင်္ကြန်မဏ္ဍပ်ဗုံပေါက်ကွဲမှုမှာ ရန်ကုန်တိုင်း အမှတ်(၄) စစ်ဒေသမှုးဗိုလ်မှုးကြီး အုန်းချိုအပါအ၀င်၊ မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဌဦးကျော်ငြိမ်း ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုး ဗိုလ်ကြီးသန့်ဇင်သိန်း ၊ ရဲမှုးများ ၊ ဒုရဲအုပ်များ ၊ ရယကများ ၊ ကြံ့ဖွတ်များနဲ့ နအဖခိုင်းဖတ် လက်ပါးစေအများအပြား သေဆုံးဒါဏ်ရာ ပြင်းစွာရခဲ့တဲ့ အဖြစ်အပျက်မှာ ရဲချူပ်ခင်ရီအနေနဲ့  အထက်က နအဖလူကြီးများ မျက်နှာတော်ညိုမှာ စိုးရိမ်ပြီး အလျင်အမြန် အမှုကိစ္စပြီးစီးအောင် ဆောင်ရွက်ဖို့ အတွက် တရားခံအတုရှာရာမှာ ဓားစားခံဖြစ်ရသူကတော့ အပြစ်မဲ့တဲ့ ကိုဖြိုးဝေအောင် ဖြစ်ခဲ့ရပါတယ်။

၂၀၁၀ ခုနှစ်၊ ဧပြီလ (၁၅)ရက် ၊ သကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကို သင်္ကြန်တွင်းဖြစ်တာကြောင့်ရော ၊ လူအများ အပြားထိခိုက်တာကြောင့်ရော ၊ စစ်ဘက်အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိ ရာထူးကြီးကြီးမားမားပုဂ္ဂိုလ်များနဲ့ အာဏာပိုင်အသိုင်းအ၀ိုင်းကြားထိခိုက်မှုများတာကြောင့်ရော ၊ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့မြေး နေရွှေသွေးအောင်လာလို့ စစ်အုပ်စုအချင်းချင်းလုပ်တာလို့ အမျိုးမျိုးပြောနေကြတာတွေကြောင့် ရဲချူပ်ခင်ရီရဲ့  ခေါင်းကို ဆင်နင်းတာထက် ပိုဆိုးနေတာကြောင့် ရဲချုပ်ခင်ရီဟာ ကောက်ကျစ်ယုတ်မာစွာနဲ့  အပြစ်မဲ့တဲ့ ပြည်သူတစ်ယောက်ကို တရားခံအဖြစ် ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီး သုံးပါတ်အကြာမှာတော့ အားလုံးသိပြီးတဲ့အတိုင်း ရဲချုပ်ခင်ရီက အလွဲလွဲအချော်ချော် သတင်းစာရှင်းပွဲလုပ်ပါတယ်၊ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင်ကျူးလွန်သူတယောက်ကို ဖမ်းမိထားတယ်ပြောပြီး VBSW , ABSDF , DAB , NCUB , KNU စတဲ့အဖွဲ့များစွာကိုလဲ စွပ်စွဲခဲ့ပါတယ်။ ရဲချုပ်ခင်ရီရဲ့ ရှေ့နောက်မညီ အလွဲလွဲအချော်ချော်သတင်းစာရှင်းပွဲကို သေချာလေ့လာကြည့်ရင် ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင်ကျူးလွန်သူလို့ စစ်အစိုးရဖေါ်ပြထားတဲ့ ကိုဖြိုးဝေအောင်ဟာ အမှန်တကယ်ကျူးလွန်သူ မဟုတ်ဖူးဆိုတာ ထင်ရှားပါတယ်။

ကိုဖြိုးဝေအောင်ဟာ လျှပ်စစ်အင်ဂျင်နီယာဖြစ်ပြီး ဆာကူရာမှာတုံးကထဲက အတူလုပ်ခဲ့တဲ့ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် ( B.E Civil ) က ရန်ကင်းစင်တာက သံပန်းလုပ်ငန်းနဲ့ ဆေးသုတ်လုပ်ငန်းကို သင်္ကြန်တွင်း အပြီးလုပ်ပေးမယ်လို့  လက်ခံခဲ့တာကြောင့် နှစ်ယောက်အတူတွဲပြီး နေ့/ည လုပ်နေကြောင်း ၊ သင်္ကြန် အကြတ်နေ့ (ပေါက်ကွဲမှုဖြစ်တဲ့နေ့) က တနေ့လုံး ရန်ကင်းစင်တာမှာပဲ ရှိနေတယ်ဆိုတာ ကိုမျိုးကြီး ၊ အလုပ်သမားများနှင့် ရန်ကင်းစင်တာမှ တာဝန်ကျဝန်ထမ်းများ ၊ လုံခြုံရေးများ သိရှိခဲ့ကြပါတယ်။

ဒီလိုနဲ့  မတရားစွပ်စွဲ ဖမ်းဆီးခံခဲ့ရတဲ့ ကိုဖြိုးဝေအောင်ဟာ အင်းစိန်ထောင် စစ်ခွေးတိုက်မှာ ချုပ်နှောင်ခံထားရပြီး၊ စိတ်ပိုင်းဆိုင်ရာရော ခန္ဓာကိုယ်ရော ညှင်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရပါတယ်။ ရှေ့နေလိုက်ခွင့် မပေး ၊ သက်သေပြခွင့် မပေး ၊ အများပြည်သူရှေ့မှာ စစ်ဆေးမှုမပြုပဲ ဥပဒေမဲ့ တဘက်သတ် မတရားထောင်ချခဲ့ပါတယ် ။

အာဏာရှင်ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို ဖြေရှင်းချက်ပေးဘို့နဲ့ ထုံးစံအတိုင်း ပြည်သူတွေကို လိမ်ညာလှည့် ဖြားဘို့ ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇတ်မှာ သားကောင်ဖြစ်ခဲ့ရသူ ကိုဖြိုးဝေအောင် ယခုတော့ ရဲချူပ်ခင်ရီတို့ ရဲ့  လုပ်ကြံမှု ညဉ်းပမ်းနှိပ်စက်မှုကြောင့် နောက်ဆုံးမှာ ဒီဒဏ်ရာဒဏ်ချက် ရောဂါဝေဒနာနဲ့  ဘ၀တစ်ပါးသို့  ကုးပြောင်းသွားရပါပြီ။



ကိုဖြိုးဝေအောင်ရဲ့  နောင်ဘ၀ဆက်တိုင်းမှာ ဒီလို မတရားစွပ်စွဲခံရသော ညဉ်းပမ်းနှိပ်စက်ခံရသော အကျဉ်းချခံရသော အဖြစ်ဆိုးများမှ ကင်းဝေးပါစေလို့  ဆုတောင်းလိုက်ရပါတယ်၊ ကိုဖြိုးဝေအောင် ကောင်းရာသုံဂတိလားပါစေ။


ကိုဖြိုးဝေအောင်၏ ဇနီးဖြစ်သူ မဌေးဌေးက ''သူပြန်လွတ်လာကတည်းက  ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူ့မှာ အပြစ်မရှိဘူးဆိုတာ သတင်းစာရှင်းလင်း ပွဲလုပ်ပြီး ရှင်းပြဖို့ စီစဉ်ထားပေမယ့် သူအရှုံးပေးသွားခဲ့ရတယ်။သူသေဆုံးသွားပေမယ့် သူ့ကိုယ်စား ကျွန်မတို့အနေနဲ့ သူ့မှာ အပြစ်မရှိကြောင်း ပြန်ရှင်းပြမှာပါ။အဲဒီလို ရှင်းပြတဲ့အခါမှာလည်း သူ့ကိုစွပ်စွဲထားတဲ့ ထွက်ချက်တွေ တင်ပြထားတဲ့ စာရွက်စာတမ်းတွေကို အသုံးပြုပြီး ရှင်းမှာပါ။ကျွန်မအမျိုးသားက မတရားအပြစ်ဒဏ်ချမှတ် ခံခဲ့ရတာပါ''ဟု ပြောပြခဲ့ပါသည်။  ကိုဖြိုးဝေအောင်၏ ရုပ်အလောင်းအား ယနေ့(ဇန်န၀ါရီလ ၄ရက်နေ့) မွန်းလွဲပိုင်းက မြောက်ဥက္ကလာပ မြို့နယ်ရှိ ရေဝေးသုဿန် အစ္စလာမ်ဘာသာဝင်များ၏ သင်္ချိုင်းတွင် သင်္ဂြိုလ်ခဲ့ကြောင်းနှင့် ၎င်းတွင်  အသက်ရှစ်နှစ်အရွယ် သမီးတစ်ဦးနှင့် အသက် လေးနှစ်အရွယ် သားတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

ကွယ်လွန်သူ ကိုဖြိုးဝေအောင် ကိုယ်စား ပြောချင်တာကတော့ “ကိုဖြိုးဝေအောင် ကွယ်လွန်ရခြင်းရဲ့  အဓိကတရားခံဟာ ရဲချူပ်ဟောင်း ခင်ရီ (ယခု လ၀က ၀န်ကြီး) ဖြစ်ပါတယ်”။







Friday, January 04, 2013

၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့

လွန်ခဲ့သော ၁၂ရနှစ်၊ ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက် မှစတင်ကာ တစ်တိုင်းပြည်လုံး ကိုလိုနီ ဘ၀ ကျရောက်ခဲ့သည့် အချိန်အတွင်း ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် လွတ်လပ်ရေး အတွက် မနေမနား ကြိုးစားပမ်းစား အသက် သွေးချွေး ရင်းကာ ဆောင်ရွက် ခဲ့ကြသော နယ်ပယ်အသီးသီးမှ ဗမာ နှင့် တိုင်းရင်းသား လူမျိုးများ ခေါင်းဆောင်များ အား ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ တွင် လေးစား ဂုဏ်ယူ သတိရ ဂါရ၀ ပြုပါသည်။
 
အခြားဘာမှ မလိုချင်ပါဘူး လွတ်လပ်ရေး ဆိုတာ ပီပီပြင်ပြင်ရဖို့ နိုင်ငံတော်သီချင်း ထဲက စာသားအတိုင်း သာ ခံစားခွင့်ရချင်ပါတယ်။

တ ရား မျှ တ လွ တ် လ ပ် ခြ င်း နှ င့် မ သွေ ...
ဒို့ ပြ ည် ... ဒို့ မြေ ..
များ လူ ခ ပ် သိ မ်း ငြိ မ်း ချ မ်းေ စ ဖို့  ........
ခွ င့် တူ ညီ မျှ ဝါ ဒ ဖြု စ င် တဲ့ ပြ ည် ................
ဒို့ ပြ ည် ... ဒို့ မြေ ...
ပြ ည်ေ ထာ င် စု အေ မွ အ မြဲ တ ည် တံ့ စေ...
အ ဓိ ဌာ န် ပြု မေ လ ... .... .... .... .... ....
ထိ န်း သိ မ်း စို့ေ လ ... ... ... ... ... ...။
 
 



 

Sunday, December 30, 2012

နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွှတ်ရန် သရုပ်ပြ


ဒီဇင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့တို့တွင် ပြည်သူ့ဥယျာဉ် ရင်ပြင်တွင် ကျင်းပပြုလုပ်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက် ၂ နှစ်ပြည့် ရန်ပုံငွေ ဈေးရောင်းပွဲအတွင်း ခင်းကျင်းပြသထားသော ၈ ပေ x ၁၀ ပေ အကျယ်အ၀န်းရှိ အကျဉ်းထောင်တိုက်ခန်းငယ်အတွင်း နိုင်ငံရေးအကျဉ်းသားဟောင်းများမှ အကျဉ်းထောင်အတွင်း နေထိုင်ပုံများကို သရုပ်ပြခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ကြပါသည်။













လက်ရှိအဖြစ်အပျက်များကို မြင်ကြည့်ခြင်း

တိုင်းရင်းသားလက်နက်ကိုင်များအပေါ် မြန်မာအစိုးရ၏ အမြင်

ပြည်တွင်းစစ်ကြားတွင် ကြီးပြင်းခဲ့သည့် တိုင်းရင်းသားလူမျိုးများကို တော်လှန်ရေးအကြောင်းမပြောရန် တားမြစ်သည်ထက် သဘာဝမကျတာ မရှိပါ။ စစ်ဘေးစစ်ဒဏ်ခံစားနေကြရသည့် တိုင်းရင်းသားလူမျိုးများကို ရန်ကုန်သား၊ မန္တလေးသား၊ နေပြည်တော်သားတွေလို တွေးခိုင်း၍ မရပါ။ ယခုအချိန်တွင် လိုင်ဇာကို လေတပ်အကူဖြင့် ကြည်းတပ်က ထိုးစစ်ဆင်နေချိန်ဖြစ်၍ ငြိမ်းချမ်းရေးအကြောင်းပြောရန် မသင့်လျှော်ချေ။

အစိုးရမီဒီယာများ၊ သူတို့ကျောထောက်နောက်ခံရှိသူများက ယခင်စစ်အစိုးရကဲ့သို့ပင် ကချင်ဆန့်ကျင်ရေးကို ဖိရေးနေကြသည်။ ကချင်စစ်သည် မြန်မာအစိုးရက တိုင်းရင်းသားလူမျိုးများအင်အားကြီးလာသည်ကို မနာလိုမရှုစိမ့်ကြောင်း သက်သေဖြစ်သည်။ အခြားတိုင်းရင်းသားလူမျိုးးများလည်း အစိုးရစကားကို အာခံလျှင် ကချင်လိုပဲ ဆုံးမခံရမည်ဟု အသိပေးရာ ရောက်သည်။ သည်ထက်အရေးကြီးသည်မှာ တိုင်းရင်းသားလူမျိုးများကို ခေါင်းမဖော်နိုင်အောင် ချိုးနှိမ်ထားရမည်ဆိုသည့်အမြင် ဖြစ်သည်။


မထုံတတ်သေ မြန်မာ့နိုင်ငံရေး

လက်ရှိမြန်မာ့နိုင်ငံရေးမှာ အာဟာရဓာတ်မရှိဘဲ စပိုက်ဆီများပြီး ရိုးအီနေသည့် ဟင်းတစ်ခွက်နှယ်ဖြစ်သည်။ အာဏာရှင်စနစ်တစ်ခုကို ကူးပြောင်းတိုင်း ရခိုင်အရေး၊ ဘုန်းကြီးအရေးတွေ ဖြစ်လေ့ရှိကြသည်။ ပြီးလျှင် နယ်စပ်မှာ တိုက်ပွဲ ဖြစ်သည်။ ကုလားအရေးအခင်း တရုတ်အရေးအခင်းဖြစ်သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ်အောက်တွင် သတ်ဖြတ်မှုများ၊ မုဒိမ်းမှုများ၊ ဘဝတူရဲဘော်များကို လျစ်လျူရှုမှုများ၊ မထုံတက်သေအပြုအမူများကို တွေ့ရတတ်သည်။ လက်ရှိမှာလည်း အဖိနှိပ်ခံတိုင်းရင်းသားလူမျိုးများဘက်မှ ရပ်တည်ပေးရန် အတိုက်အခံခေါင်းဆောင်များက ဝန်လေးနေကြသည်။ ရှိသမျှခေါင်းဆောင်များသည် လက်ရှိအနေအထားမှာ သာယာနေကြပြီး အာဏာအစစ်အမှန်က တပ်မတော်မှာသာ ရှိသည်ဟု သိကြ၍ တပ်မတော်နှင့် ပေါင်းကူးတံတားထိုးဖို့သာ စဉ်းစားနေကြသည်။ တပ်မတော်က ထင်တိုင်းကြဲနေသည်ကို တားမြစ်ရန် မသင့်တော်သေးဟု မြင်နေကြသည်။


လျှော့တွက်မိလျှင် မှားမည်

မြန်မာ့အတိုက်အခံများနှင့်တိုင်းရင်းသားလူမျိုးများသည် လက်ရှိအစိုးရကို လျှော့တွက်မိလျှင် ခံရဖို့ များသည်။ သမ္မတဦးသိန်းစိန်၊ ဝန်ကြီးဦးအောင်မင်း၊ ဝန်ကြီးဦးစိုးသိန်းတို့သည် ကာလုံ၏ အရိပ်မျှသာ ဖြစ်သည်။ သူတို့(၃)ဦးနှင့် ပြောဆိုဆွေးနွေးနေသူများသည် အရိပ်နှင့် စကားပြောနေသူများသာ ဖြစ်သည်။ သူတို့(၃)ဦး ခင်းကျင်းသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးသည် ဒဏ္ဍာရီဆန်လှသည်။ ဦးအောင်မင်းတို့ အဆိုပြုသော ငြိမ်းချမ်းရေးကို မျှော်လင့်ပြီး ဘာမှမလုပ်ဘဲ အခြေအနေကို စောင့်မျှော်နေခြင်းသည် အမည်မသိတိုင်းပြည်မှာ နေသည့် အမည်မသိ သမီးကညာကို စိတ်ကူးယဉ်သလို ဖြစ်သည်။ သည်သမီးကညာဖြင့် ကြိုးရှည်ရှည်ဖြင့် လှန်ထားသည်ကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်ထုတ်နေသည်။ တန်းတူရေးစနစ်ကို မကျင့်သုံးဘဲ ဆုပေးဒဏ်ပေးစနစ်ဖြင့် မြှုဆွယ်ခြိမ်းခြောက်လျက်ရှိသည်ကိုလည်း အထင်အရှား တွေ့ရမည်ဖြစ်သည်။


ဆေးနှင့်ယဉ်ပါးနေသည့် ရောဂါများ

လူတို့က လူမှုဒုက္ခကြားတွင် ကြီးပြင်းလာကြ၍ အစိုးရက မည်မျှပင် နှိပ်စက်နေစေကာမူ ယဉ်းပါးနေကြသည်။ ကြက်ဝက်တွေက မိမိသခင်သတ်ဖြတ်စားသောက်မည်ကို မသိ၍ သခင်နားကပ်နေကြခြင်းဖြစ်သည်။ လူတွေက အစိုးရက ဒုက္ခပေးမည့်မှန်းသိလျက် ရေသာချောင်ဆိုလိုစိတ်ဖြင့် အစိုးရနား ကပ်နေကြခြင်းဖြစ်သည်။ ကချင်စစ်ကို ကြည့်လျှင် အစိုးရက စခဲ့၍ အစိုးရက မှားသည်ကို လူတိုင်းအသိ ဖြစ်သည်။ သို့သော် လူသတ်ပွဲကို ဂိမ်းဆော့သလို သဘောထားနေကြသည်။ ရခိုင်အရေးနှင့်ပတ်သက်လျှင်လည်း နိုင်ငံတော်လုံခြုံရေးကို ပဓာနမပြုဘဲ အစိုးရရပ်တည်နိုင်ဖို့သာ ဦးစားပေးသည်။ ကြေးနီစီမံကိန်းကို ဆန့်ကျင်မိသဖြင့် မီးလောင်းဗုံးဖြင့် အပစ်ခံရသည့် သံဃာတော်များကို မတတ်သာ၍ တောင်းပန်မှုများ၊ ထောက်ပံ့မှုများကို ပြုလုပ်ခဲ့သော်လည်း တန်ပြန်သံဃာအဖွဲ့အစည်းများကို ထူထောင်ခြင်းဖြင့် သံဃာကို သင်းခွဲပြန်သည်။ လယ်အသိမ်းခံ၊ မြေအသိမ်းခံ၊ အခွင့်အရေးဆုံးရှုံးခံနေရသော မိဘပြည်သူများက ဆန္ဒပြသောအခါ မြေသိမ်းသူများ၊ လူ့အခွင့်အရေးချိုးဖောက်သူများကို တရားစွဲရမည့်အစား ၂၀၀၈ ဥပဒေဖြင့် ကိုင်၍ တန်ပြန်တရားစွဲခဲ့ကြသည်။ မြန်မာနိုင်ငံမှာ ကြီးမားသည့်ပြဿနာများ ဤ၍ဤမျှ ဖြစ်နေသော်လည်း မည်သည့်အတွက်ကြောင့် လက်ရှိအစိုးရက ကမ္ဘာ့အသိုင်းအဝိုင်းတွင် ရပ်တည်နေနိုင်သလဲ။ အဖြေကို လူတိုင်းသိပါသည်။

ကြေးနီစီမံကိန်းရပ်တန့်ရေး စတုတ္ထအကြိမ် ဆန္ဒပြ

တရားနည်းလမ်းတကျ မဖြေရှင်းပေးသရွေ့. . .
မြန်မာပြည်သူတွေဆိုတာ
မနိုင်လို့သာ သည်းခံနေရမယ်. .
တငွေ့ငွေ့နဲ့. . .သာ. .
ဒါ. .
မြန်မာပြည်
ကမ္ဘာမကြေ.. .. ..
ဒို့ပြေ...ဒို့မြေ...





လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ကန့်ကွက် ဆန္ဒထုတ်ဖော် ခဲ့သည့် သပိတ်စခန်း များအား အကြမ်းဖက် ဖြိုခွင်း ခံရမှုမှာ ယနေ့ ဒီဇင်ဘာလ ၂၉ရက်နေ့တွင် တစ်လပြည့်မြောက် ခဲ့သော်လည်း ဖြိုခွဲသူ များအား ယခုထိ အရေးယူ နိုင်ခြင်း မရှိသေးသည့် အပေါ်၊ ကြေးနီစီမံကိန်း ဒေသခံ တောင်သူ ၂၀၀ခန့်နှင့် သံဃာ တော် အချို့ မှ ယနေ့ ညနေ ၃နာရီ အချိန်မှ စတင်ပြီး မုံရွာမြို့ အနောက်ဘက်ကမ်း ဆားလင်းကြီး မြို့နယ်၊ ညောင်ပင်ကြီး ဆိပ်ကမ်းတွင် ဆန္ဒ ထုတ်ဖော် ခဲ့ကြသည်။

ဗမာစစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံး

ကြီးနိုင်ငယ်ညှင်း အဓမ္မစစ်ဝါဒ ကျဆုံးပါစေ
အဓမ္မစစ်ဝါဒီတွေ ကျဆုံးပါစေ
အဓမ္မစစ်ဝါဒီ အားပေးသူတွေ ကျဆုံးပါစေ
အဓမ္မစစ်ဝါဒီ ပင်းကြ ပေါင်းကြသူတွေ ကျဆုံးပါစေ
ဗမာစစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံး
========================================
ဒီဇင်ဘာ (၂၉) စနေ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အုပ်ချုပ်နယ်မြေဖြစ်သော 
ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) လက်အောက်၊ 
တပ်ရင်း (၈) နယ်မြေ Nam Hkyem ကျေးရွာရှိ ဘုရားရှိခိုးကျောင်း
အတွင်းသို့ ဒီဇင်ဘာ (၂၇) ရက်နေ့တွင် ဗမာအစိုးရ စစ်တပ်မှ 
လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပစ်မဲ့ ကလေး တစ်ဦး
 သေဆုံးပြီး၊ (၇) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ 
ဗမာအစိုးရ၏ ထိုးစစ်ဆင်မှုကြောင့် Nam Hkyem ဘုရားကျောင်း
ဝင်းတွင် စစ်ပြေးဒုက္ခသည် (၅၀၀) ကျော်ထွက်ပြေးရောက်ရှိ 
လာပြီး၊ (၃၀၀) ခန့်မှာ ကွတ်ခိုင်မြို့သို့ ရောက်ရှိလာပြီးဖြစ်ကြောင်းနှင့် 
(၂၀၀) ကျော်မှာ Nam Hkyem ဘုရားကျောင်းတွင်ပင် ရှိနေသေးကြောင်း ဆက်လက်သိရှိရပါသည်။
ဗမာစစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံး
========================================
ဒီဇင်ဘာ (၂၉) စနေ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အုပ်ချုပ်နယ်မြေဖြစ်သော
ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) လက်အောက်၊
တပ်ရင်း (၈) နယ်မြေ Nam Hkyem ကျေးရွာရှိ ဘုရားရှိခိုးကျောင်း
အတွင်းသို့ ဒီဇင်ဘာ (၂၇) ရက်နေ့တွင် ဗမာအစိုးရ စစ်တပ်မှ
လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပစ်မဲ့ ကလေး တစ်ဦး
သေဆုံးပြီး၊ (၇) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
ဗမာအစိုးရ၏ ထိုးစစ်ဆင်မှုကြောင့် Nam Hkyem ဘုရားကျောင်း
ဝင်းတွင် စစ်ပြေးဒုက္ခသည် (၅၀၀) ကျော်ထွက်ပြေးရောက်ရှိ
လာပြီး၊ (၃၀၀) ခန့်မှာ ကွတ်ခိုင်မြို့သို့ ရောက်ရှိလာပြီးဖြစ်ကြောင်းနှင့်
(၂၀၀) ကျော်မှာ Nam Hkyem ဘုရားကျောင်းတွင်ပင် ရှိနေသေးကြောင်း ဆက်လက်သိရှိရပါသည်။

"ဦးပိုင်" "၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ" နှင့် ခေါင်းတလား

လက်ပံတောင်းတောင် အရေး တစ်လပြည့်အထိမ်းအမှတ်အဖြစ် ယနေ့ ညနေပိုင်းက ဆန္ဒဖော်ထုတ်မှုတစ်ခုပေါ်ပေါက်ခဲ့ပြီး၊ ယင်းဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူအချို့က "ဦးပိုင်" နှင့် "၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ"ဟု စာရေးကပ်ထားသည့် ခေါင်းတလား ၂ ခုအား မြေချကာ၊ ယမမင်းကြီး၏ အမိန့်ကြေညာချက်ကို ရွတ်ဖတ်ဟန် performance ဖြင့် လမ်း ၅၀ ထိပ်ရှိ၊ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ —

ဆိုက်ကယ်ဖြင့် ဝင်တိုက်မိသူ လူငယ်ကို တပ်မတော်သား သုံးဦး ထိုးကြိတ်သဖြင့် သေဆုံး


ဟင်္သာတမြို့နယ် ကျုံတွမ် ကျေးရွာတွင် ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသူ အသက် ၁၆ နှစ် အရွယ် လူငယ်တစ်ဦးကို တပ်မတော်သား သုံးဦးက ထိုးကြိတ် ရိုက်နှက်သောကြောင့် ဒီဇင်ဘာလ ၂၇ ရက် ညနေ ၄နာရီတွင် သေဆုံးသွားကြောင်း သေဆုံးသူ မိသားစုဝင် ထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ သေဆုံးမှုတွင် ကျုံတွမ် ကျေးရွာ နေထိုင်သူ အသက် ၁၆ နှစ်အရွယ် မောင်သန်းထိုက်အောင်ဖြစ်ပြီး ယင်းလူငယ်မှာ ဒီဇင်ဘာလ ၁၄ ရက် ည ၈ နာရီတွင် အမှတ် (၁၈)ခြေလျင်တပ်ရင်း ရှေ့၌ လမ်းဖြတ်ကူးသူ တပ်မတော်သား တစ်ဦးကို ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသောကြောင့် အခြားတပ်မတော်သား သုံးဦးက ဝိုင်းဝန်း ထိုးကြိတ် ရိုက်နှက်ကြသဖြင့် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွင် ဆေးကုရာမှ မသက်သာသဖြင့် ဒီဇင်ဘာလ ၂၆ ရက်တွင် ဟင်္သာတ ဆေးရုံမှ ရန်ကုန် ပြည်သူ့ဆေးရုံသို့ တင်ပို့ ကုသနေစဉ် တစ်ရက်အကြာတွင် သေဆုံးခဲ့ကြောင်း အုပ်ထိန်းသူ ဦးအောင်မင်းနိုင်က ပြောကြားသည်။

အဆိုပါ ထိုးကြိတ်သူများမှာ အမှတ်(၁၈) ခြေလျင် တပ်ရင်းတွင် တာဝန် ထမ်းဆောင်နေသည့် တပ်ကြပ်ကျော်ကျော်၊ တပ်ကြပ် လွှမ်းမိုးအောင်၊ တပ်ကြပ်ပြည့်စုံတို့ ဖြစ်ကြောင်း ဟင်္သာတမြို့ အမှတ် (၁) ရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်းသိရသည်။

ဒဏ်ရာရသူ လူငယ်၏ ဦးခေါင်းခွံနှင့် ဦးနှောက် အမြှေးကြားတွင် သွေးယိုစိမ့်မှုများ တွေ့ရှိရသဖြင့် အချိန်မီ ကုသနိုင်ရန် ရန်ကုန် ပြည်သူ့ဆေးရုံသို့ စေလွှတ်ရခြင်းဖြစ်ကြောင်း ဟင်္သာတမြို့နယ် ဆေးရုံ ဆေးရုံအုပ် ဒေါက်တာ ဦးကြည်စိုး က ပြောကြားသည်။

အဆိုပါအမှုသည် ဒီဇင်ဘာ ၁၄ ရက်နေ့ညက ဖြစ်ပွားပြီး ဒီဇင်ဘာ၂၆ ရက်နေ့တွင် လာရောက် အမှုဖွင့်ထား ကြောင်း၊ ဝိုင်းဝန်းထိုးကြိတ်သည်ဟု အစွပ်စွဲခံရသူ တပ်မတော်သား သုံးဦးကို အမှတ် (၁၈) ခြေလျင်တပ်ရင်းသို့ တရား ဝင် အကြောင်းကြားထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

အဆိုပါ တပ်မတော်သားသုံးဦး၏ ရိုက်နှက်မှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၂၆ ရက်တွင် ရဲတပ်ဖွဲ့၏ ကြေးနန်းစာ ရောက်ရှိလာပြီး တပ်ရင်းမှူးထံ တင်ပြနေသောကြောင့် ပြစ်မှု ကျူးလွန်သည်ဟု ဆိုသော တပ်မတော်သား သုံးဦးကို အရေးယူမည့် အခြေအနေကို လတ်တလောတွင် မပြောနိုင်ကြောင်း အမှတ် (၁၈)ခြေလျင် တပ်ရင်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

"အစ်ကိုတို့ ရှေ့မှာ မောင်သန်းထိုက်အောင် ကို ပြည့်စုံဆိုတဲ့ ရဲဘော်က စထိုးတာပါ။ ပြီးမှ တပ်ကြပ်ကျော်ကျော် က ဝင်ထိုး ပါတယ်။

မျက်နှာကို ခြေထောက်နဲ့ ကန်တာလည်း တွေ့တယ်" ဟု မျက်မြင်တွေ့ရှိသူ ကျေးရွာဒေသခံ ဦးအေးလွင်က ပြောကြားသည်။
သေဆုံးသူ မောင်သန်းထိုက်အောင်ကို အသက်လေးနှစ်သား အရွယ်ကတည်းက မွေးစားထားခြင်း ဖြစ်ကြောင်း ၄င်း၏ အုပ်ထိန်းသူထံမှ သိရသည်။

နေမင်းထက်