Friday, November 30, 2012

ဆန္ဒပြမှုအပေါ် အကြမ်းဖက်ဖြေရှင်းမှု ကန့်ကွက်ဝေဖန်

လက်ပံတောင်းတောင် စီမံကိန်း ဆန္ဒပြမှုအပေါ် အကြမ်းဖက်ဖြေရှင်းမှု ကန့်ကွက်ဝေဖန်ကြတဲ့ အင်တာနက် သတင်းများကို စုစည်းဖော်ပြအပ်ပါတယ်။ 
 


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြတောင်းဆိုနေသူတွေနဲ့ တာဝန်ရှိသူတွေကြားမှာ ညှိုနှိုင်းလို့ ရနိုင်တဲ့ အခြေအနေရှိနေတဲ့ကြားက ဆန္ဒပြသဃာတွေကို လုံခြုံရေးက အင်အားသုံး နှိမ်နှင်းခဲ့တာဖြစ်တယ်လို့ ပြဿနာကို ကြားဝင်စေ့စပ် ဖို့ကြိုးစားနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောလိုက်ပါတယ်။ ကြေးနီ တူးဖော်ရေး စီမံကိန်း နယ်မြေတဝိုက် ဆန္ဒပြနေကြတဲ့ အဖွဲ့အစည်းတွေ အားလုံးကို ဖယ်ရှားဖို့ ပြည်ထဲရေးဌာနက အသိပေးပြီးနောက် အာဏာပိုင်တွေဘက်က အင်အားသုံး နှိမ်နှင်းခဲ့တဲ့ အပေါ်မှာ ဒေါ်ခင်စန်းလှိုင်က ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ အပေါ်မှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှု ခံနေရချိန်မှာ အခုလို အခြေအနေဖြစ်ရတာနဲ့ ပါတ်သက်လို့ ဘန်ကောက်ရုံး မစုမြတ်မွန်က တင်ပြပါမယ်။

လက်ပံတောင်းတောင် ကြေးနီသတ္တုတူးဖော်ရေးရပ်ဆိုင်းဖို့ သပိတ်မှောက် ဆန္ဒပြနေကြတဲ့ သံဃာတော်တွေကို ဗုဒ္ဓဟူးနေ့ညပိုင်းမှာ ရဲတပ်ဖွဲ့က အင်အားသုံး လူစုခွဲခဲ့တာနဲ့ ပါတ်သက်လို့ အာဏာပိုင်တွေဖက်က ညှိနှိုင်းလို့ ရနိုင်ရက်နဲ့ အင်အားသုံး ဖြေရှင်းတာဖြစ်တယ်လို့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က VOA မြန်မာပိုင်းကို ပြောလိုက်ပါတယ်။

“ ကျမရောက်တဲ့အချိန်ကတည်းက သပိတ်စခန်းနဲ့ ညှိနှိုင်းပြီးသားပါ။ ဦးပိုင်ကုမ္ပဏီဘက်က တာဝန်ရှိသူတွေနဲ့လည်း ကျမစကားပြောပြီးသားပါ။ အဲ့တော့ ညှိနှိုင်းလို့ရရင် ညှိနှိုင်းကြပါ။ လိုချင်တာတွေ တောင်းဆိုချင်တာတွေ နှစ်ဖက် မျက်နှာစုံညီ ညှိနှိုင်းကြပါ။ ညှိနှိုင်းလို့ ပြေလည်တယ်ဟေ့ ဆိုရင်၊ သူတို့ဘက်ကနေ ကျမတို့ပြောတဲ့စကားကိုလည်း နားထောင်မယ်။ သပိတ်စခန်းကိုလည်း သိမ်းပေးမယ် သူတို့ဘက်က ပြောပြီးသား။ ဒီသပိတ်စခန်း ဘက်က တုန့်ပြန်ထားပြီးသား။ အဲ့တာကို ကျမတို့ ဟိုဘက်ကို ပြောပြတယ်။ ညှိနှိုင်းမယ် လည်းပြောတယ်။ ပြေလည်မယ့်နည်းလမ်းက ဘယ်လိုနည်းလမ်းကို ကျင့်သုံးမှာလည်း ကျမ ဒါကိုပြောတယ်။ အဲ့တာကို တာဝန်ရှိတဲ့သူတွေ ဘယ်လိုလုပ်မလဲဆိုတာကို ကျမတို့ကို အကြောင်းပြန်ပါပြောတာကို ကျမတို့ကို အကြောင်းမပြန်ဘဲနဲ့ ဒါ သူတို့အကြောင်းပြန်လိုက်တဲ့ နည်းလမ်းကတော့ မနေ့ညက ဆောင်ရွက်တဲ့နည်းလမ်းပါပဲ။”

စစ်ကိုင်းတိုင်းထဲက ကြေးနီသတ္တုတူးဖော် ထုတ်လုပ်ရေးစီမံကိန်းတွေကြောင့် လူမှုဝန်းကျင်နဲ့ သဘာဝပါတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုတွေရှိနေတာကြောင့် ဒေသခံပြည်သူတွေက ကန့်ကွက် ဆန္ဒပြနေတဲ့ကိစ္စကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က လွှတ်တော်မှာ ဖြေရှင်းဖို့ ကြိုးစားနေသူဖြစ်သလို၊ ဆန္ဒပြသူတွေနဲ့ တာဝန်ရှိသူတွေကို ကိုယ်တိုင်တွေ့ဆုံ ညှိနှိုင်းပေးဖို့ ကြိုးစားနေသူဖြစ်ပါတယ်၊ အဲဒီလိုအခြေအနေမျိုးမှာ ခုလို အရုပ်ဆိုးစေတဲ့ အဖြစ် ဖြစ်ရတဲ့အပေါ် လွှတ်တော်မှာ ဆက်လက် တင်ပြဆောင်ရွက်သွားမယ်လို့ သူကပြောပါတယ်။

“တရားဥပဒေစိုးမိုးရေး လမ်းကြောင်းပေါ် သွားနေတဲ့အချိန်မှာ၊ တရားဥပဒေစိုးမိုးရေး ကော်မတီရဲ့ ဥက္ကဌ တစ်ယောက်လာတော့မယ့် ခရီးစဉ်မှာ ဒီနေ့လာတော့မယ့် ခရီးစဉ် ရဲ့ အချိန်မှာဘဲ ဒီလိုမျိုး တရားဥပဒေစိုးမိုးမှု မရှိဘဲနဲ့ ပြည်သူ့အခွင့်အရေး၊ နောက်ပြည်သူတွေရဲ့ လွတ်လပ်ခွင့်၊ နောက် လူ့အခွင့်အရေး ဒါတွေကို ချိုးဖောက်ပြီးကာမှ တရားဥပဒေအတိုင်း မလုပ်ဘဲနဲ့ ဒီလိုမျိုး ချိုးဖောက်ပြီးတော့ ဆောင်ရွက်သွားတဲ့ကိစ္စရပ်အပေါ်မှာ ကျမတို့က ဒါကို လုံးဝလက်မခံပါဘူး။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကျမတို့က ဆက်လက်ဆောင်ရွက်သွားမှာပါ။”

သံဃာတော် အများစုဖြစ်တဲ့ ထိခိုက်ဒဏ်ရာရ သွားကြသူတွေရဲ့ အရေပြားတွေ မီးလောင်ဒဏ်ရာတွေ ရရှိရလောက်အောင် ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့တာနဲ့ ပါတ်သက်လို့ အစိုးရက ဒီကနေ့ သတင်းထုတ်ပြန်ရာမှာတော့ ကြေးနီစီမံကိန်း အတွင်းမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ကြားက သပိတ်စခန်းတွေဖွင့်၊ စီမံကိန်းပျက်ပြားအောင် ဆောင်ရွက်၊ စီမံကိန်းထောက်ပံ့ရေးပစ္စည်းတွေကို ဖျက်ဆီး၊ ဝန်ထမ်းတွေကို အနှောင့်အယှက်ပေးပြီး ဆူပူဆန္ဒပြတဲ့အတွက်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နောက်ဆုံးသတ်မှတ်ချိန် မတိုင်ခင်ရော ကျော်သွားပြီးတဲ့နောက်မှာပါ အသံချဲ့စက်တွေနဲ့ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့တယ်လို့လဲ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အထိကရုဏ်းနှိမ်နှင်းရေး နည်းစနစ်အတိုင်း အဆင့်ဆင့် ရှင်းလင်းဆောင်ရွက်ခဲ့တယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဗုဒ္ဓဟူးနေ့ညက သပိတ်စခန်းကို ဖြိုခွင်းခဲ့တာနဲ့ ပါတ်သက်လို့ အဲ့ဒီ့သပိတ်စခန်းမှာ ရှိနေတဲ့ မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးတေဇက VOA မြန်မာပိုင်းကို မိန့်ခဲ့တာကတော့-

“ ဦးဇင်းတို့က ဒီလောက်ကြီး အကြမ်းဖက်ပြီးတော့ နှိမ်နှင်းမယ်လို့ ဦးဇင်းတို့ မထင်ခဲ့ဘူးပေါ့။ သူတို့ တကယ်လို့မှ ဦးဇင်းတို့ကို ဖမ်းမယ်ဆိုရင် ဦးဇင်းတို့က လိုက်ဖို့အဆင်သင့်ပေါ့။ ဒီကိစ္စကို ဦးဇင်းတို့က အရေးတော်ပုံ အောင်မြင်စွာ ဆောင်ရွက်မယ်ဆိုတဲ့ သန္ဒိဌာန် နဲ့ ဦးဇင်းတို့က ဆက်နေတယ်။ သူတို့က သတ်မှတ်ထားတဲ့ ၁၂ အထိ သူတို့က ဘာတခုမှ မလုပ်ပါဘူး။ ၁၂ကျော်တော့ ဦးဇင်းတို့ သံဃာတော်တွေ ကျိမ်းကြတယ်။ ကျိမ်းတော့ ဦးဇင်းတို့ ဝမ်ပေါင်ကုမ္မဏီရှေ့က ပင်မသပိတ်စခန်းမှာ ဦးဇင်းတို့ သံဃာအပါး ၂၀၀ဝန်းကျင်ခန့်လောက် ကျိမ်းနေကြတယ်။

၂နာရီခွဲလောက်မှာ သူတို့က ဝမ်ပေါင်ကုမ္မဏီရှေ့က ပင်မတံခါးကြီးကို ဖွင့်လိုက်ပါတယ်။ ဖွင့်လိုက်တဲ့အချိန်မှာ သူတို့က ကုမ္မဏီရှေ့က တံခါးကြီးရဲ့ မီးသတ်ကားဘေးမှာ ဒိုင်းတွေနဲ့ နံပတ်တုတ်တွေ ကိုင်ထားတဲ့ ရဲအင်အားက တဖက်၊ တဖက်မှာ ပေါင်းလိုက်မယ်ဆိုရင် ၁၅၀ ဝန်းကျင်လောက်ရှိတယ်။ သူတို့ နံပတ်တုတ်တွေနဲ့ ရိုက်တဲ့အသံကြောင့် သံဃာတော်တွေက အနည်းအကျဉ်း နိုးလာတာပေါ့။ မုံရွာက ပါလာတဲ့၊ မန္တလေးက ပါလာတဲ့ သံဃာအသေးလေးတွေကတော့ အိပ်ပျော်နေကြတယ်။

အဲ့ဒီ့အချိန်မှာ ဦးဇင်းတို့ မန္တလေးက ခေါင်းဆောင် အကြီးအကဲငါးပါးက ဝမ်ပေါင်ကုမ္ပဏီရှေ့ အပေါက်ကို ပိတ်ပြီးတော့ ငြိမ်းချမ်းစွာ ထိုင်လိုက်တယ်။ အဲ့ဒီ့အချိန်မှာ သူတို့က အဲ့ဒီ့ငါးပါးကို မီးသတ်ပိုက်တွေနဲ့ ထိုးပက်ပါတယ်။ ဒါပေမဲ့ အဲ့ငါးပါးက ကြံ့ကြံ့ခိုင်ပြီး ဒီအတိုင်းနေတယ်။ အဲ့အချိန်မှာ အဲ့ဒီ့ငါးပါးကို ပက်ပြီးတဲ့အခါမှာ ဦးဇင်းတို့ဒီဝမ်ပေါင်ကုမ္မဏီရှေ့မှာ ကျိမ်းနေတဲ့ သံဃာတွေကို မီးသတ်ပိုက်နဲ့ ထိုးပက်တယ်။ ဒါပေမဲ့ သူတို့ မရဘူး။ အဲ့ဒီ့အချိန်မှာ ရဲတွေက ရှေ့က ငါးပါးကို ဝင်ရိုက်ပါတယ်။

ရှေ့ကငါးပါးကို ဝင်ရိုက်ပြီးတဲ့နောက်မှာတော့ ဦးဇင်းတို့ ပင်မသပိတ်စခန်းကြီးကို ဗုံးကျဲပါတယ်။ ဗုံးကျဲတယ်လို့ သုံးစွဲတဲ့နေရာမှာ သူတို့က ဦးဇင်းတို့ သပိတ်စွဲထားတဲ့ သံဃာတော်တွေကို လူစုလူဝေးကွဲသွားအောင် ခြိမ်းခြောက်တဲ့အနေနဲ့ မျက်ရည်ယိုဗုံးခွဲတာမဟုတ်ပါဘူး။
ဒီဗုံးကြီးဟာ ဦးဇင်းတို့ ရဟန်းတွေ၊ လူတွေ ထိခိုက်ရင် အဆောက်အဦးတခုလုံး မီးလောင်ပျက်စီးနိုင်တယ်၊ ဒီ့ထက်ဒဏ်ရာရရင် သေဆုံးစေနိုင်တယ်၊ ဒီလိုဒဏ်ရာတွေကြောင့်လည်း ဦးဇင်းတို့ မုံရွာဆေးရုံမှာ သံဃာအပါး ၂၀ကျော် ဆေးရုံတင်လိုက်ရပါပြီ။ မုံရွာဆေးရုံက မနိုင်လို့ ဦးဇင်းတို့ သူငယ်ချင်းတစ်ပါးကို မန္တလေးဆေးရုံမှာ ဆေးရုံတင်လိုက်ရပါတယ်။”

သံဃာတော်တွေရဲ့ သပိတ်မှောက် လှုပ်ရှားမှုကို ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးတေဇ မိန့်ခဲ့တာဖြစ်ပါတယ်။
အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတဲ့အတိုင်း စီမံကိန်း ထောက်ပံ့ရေး ပစ္စည်းတွေကို ဖျက်ဆီး၊ ဝန်ထမ်းတွေကို အနှောင့်အယှက်ပေးတယ်ဆိုတဲ့ ဖော်ပြချက်နဲ့ ပါတ်သက်လို့ ဒီကိစ္စတွေကို တောက်လျှောက် စောင့်ကြည့်နေတဲ့ ဒေသခံ သတင်းထောက် တစ်ယောက်ကိုလည်း မေးကြည့်ပါတယ်။

“ အစ်မ၊ မဟုတ်ဘူး။ မဟုတ်ဘူး။ ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေတွေပေါ်မှာ ပစ္စည်းတွေ လာပုံတာတွေရှိပါတယ်။ ဆောက်လုပ်ရေးပစ္စည်းတွေ လာပုံတာတွေ ရှိပါတယ်။ ရှိတော့ကျတော့ ဒီဒေသခံတောင်သူတွေက ခင်ဗျားတို့က ဒီပေါ်မှာတော့ လာမပုံပါနဲ့။ ကျနော်တို့က ထွန်ယက်စိုက်ပျိုး စားရဦးမှာဆိုပြီးတော့အခါကျတော့ သူတို့မြေလေးတွေကို သူတို့ကာကွယ်တဲ့ အစဉ်အလာတွေတော့ရှိပါတယ်။ ဒါသူတို့ကို အနှောင့်အယှက်ပေးတာမဟုတ်ပါဘူး။ ကိုယ့်မြေကိုယ် ကာကွယ်တဲ့အဆင့်ပဲဖြစ်ပါတယ်။ ”

နောက် ဥပဒေနဲ့ မညီ လူစု လူဝေးနဲ့ ဆူပူ ဆန္ဒပြလာတယ်လို့ ပြောပါတယ်၊ ဘယ်လို ဆူဆူပူပူလုပ်လာတာကို မြင်ရပါလဲရှင့်။

“ သူတို့သပိတ်စခန်းဖွင့်လာတာ ယခုလ ၁၇ရက်နေ့က စတင်ပြီးတော့ သူတို့အထွေထွေ သပိတ်စခန်းဖွင့်လာတယ်။ အဲ့သလိုရက်လေးတွေ အနည်းငယ်ရလာတာနဲ့အမျှ သူတို့သပိတ်စခန်းက တခုကနေ ခြောက်ခုအထိ တိုးချဲ့ပြီးတော့ ဖွင့်လာတာကို တွေ့ရပါတယ်။ သူတို့က ငြိမ်းချမ်းစွာနဲ့ပဲ ထိုင်နေကြပါတယ်။ သူတို့က အော်နေတာတို့၊ ရုတ်ရင်းဆန်ခတ်ဖြစ်စေနိုင်တဲ့ အပြုအမူ၊ အပြောအဆိုတွေ လုပ်နေတာတွေမရှိပါဘူး။ သူတို့ရဲ့သပိတ်စခန်း၊ မိုးကာတဲလေးတွေ အောက်မှာ သူတို့ဘာသာ ငြိမ်းချမ်းစွာနဲ့ ထိုင်နေတာကိုပဲ ကျနော်တို့မြင်တွေ့ရပါတယ်ခင်ဗျာ။ ”

စစ်ကိုင်းတိုင်းဒေသခံ သတင်းထောက် တယောက်က သူမြင်တွေ့ရတဲ့ အခြေအနေကို ပြောပြသွားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေအပေါ် ထောက်ခံအားပေးမှု ရရှိနေချိန်မှာ သပိတ်မှောက် သံင်္ဃာတွေကို အစိုးရက ဖြိုခွဲခဲ့တာဖြစ်ပါတယ်

  

Thursday, November 29, 2012

အရင် အစိုးရလက်ထက်တုန်းက အယူအဆနဲ့ အပြုအမူနဲ့ ဘာမှ မကွာခြားဘူး

"ကျနော့်တယောက်တည်း သဘောထား အမြင်ကတော့ဗျာ ဒီကိစ္စက လုံးဝ မဖြစ်သင့်တဲ့ကိစ္စလို့ ကျနော့်စိတ်ထဲမှာ ထင်ပါတယ်။ အဲဒီလို လုပ်လိုက်တာဟာ အရင် အစိုးရလက်ထက်တုန်းက အယူအဆနဲ့ အပြုအမူနဲ့ ဘာမှ မကွာခြားဘူးလို့ ကျနော်အဲဒီလိုပဲ သုံးသပ်ပါတယ်။ ပြောချင်တာက လက်ပံတောင်းတောင်တင် မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံမှာရှိတဲ့ သဘာဝ အရင်းအမြစ် သယံဇာတဖြစ်တဲ့ ဧရာဝတီမြစ်တို့၊ လက်ပံတောင်းတောင်တို့၊ ပုပ္ပါးတောင်တို့ အဲဒါတွေ အကုန်လုံးကို ကျနော်တို့ပြည်သူတွေ ဆန္ဒကတော့ မပျောက်မပျက်လိုတဲ့ ဆန္ဒရှိပါတယ်။

လက်ပံတောင်းတောင် လူထုအား မတရားပစ်ခတ်တိုက်ခိုက်ခံရသည့်မြင်ကွင်း

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေ၊ပုဒ်မ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေမှာ စုဝေးနေကြတဲ့သံဃာတော်များနှင့် ဒေသခံတွေကို ဒီနေ့ မနက် ၃ နာရီက မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြုပြီး လူစုဖြိုခွဲခဲ့ပါတယ်။



သတင်းမီဒီယာများ၏ ကားနှင့် အများပြည်သူများ၏ ဆိုင်ကယ်များအား မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် ထိုသို့ မီးလောင်ပျက်စီးခဲ့သည့် အချိန်မှာ မျက်ရည်ယိုဗုံးများဖြင့် စတင် ဖြိုခွင်းခဲ့သည့် အချိန်ဖြစ်ကြောင်း သိရသည်။ ဖောင်းကားတောင်ရွာဘုန်တော်ကြီးကျောင်းမှ ဒဏ်ရာအပြင်းအထန်ရရှိသူသံဃာ ၆ ပါးနှင့် လူတစ်ဦးရှိနေပြီး ဖြိုခွင်းမှုကြောင့် ပိတ်မိနေသော အဖွဲ့များ   ဖောင်းကား ဘုန်းတော်ကြီးကျောင်းတွင် ပြန်လည်စုစည်းမိကြပြီဖြစ်ကြောင်းလည်းသိရသည်။ လယ်တီဆရာတော်ဘုရား၏ သိမ်နေရာမှ သပိတ်စခန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီအချိန်အထိ အဆက်အသွယ်မရသေးကြောင်း၊တောင်ကြားနှင့် ဆည်တည်းစခန်းမှ သပိတ်အဖွဲ့တို့အား ရဲတပ်ဖွဲ့မှ ခြိမ်းခြောက်ပြီးပြန်ခိုင်းခဲ့ကြောင်း EMG သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။







ဝမ်ပေါင်ရုံးရှေ့ရှိ သပိတ်စခန်းအား ရဲတပ်ဖွဲ့မှ မီးသတ်ကား တစ်စီးဖြင့် ပိုက်ထိုးကာ လူစုခွဲလိုက်ကြောင်း၊ ရေဖြင့်ထိုးနေချိန်မှာ အချိန် ငါးမိနစ်ခန့်ကြာကြောင်း၊ သို့သော်လည်း လူစုမကွဲသဖြင့် မျက်ရည်ယိုဗုံးများ ဖြင့် ပစ်ပေါက်ကာ အကြမ်းဖက် နှိမ်နင်းခဲ့ကြောင်း သတင်းရရှိပါသည်။
ယခုအခါ အဆိုပါဝမ်ပေါင်သပိတ်စခန်းမှ သံဃာတော်တစ်ပါးမှာ မျက်ရည်ယိုဗုံးမှန်၍ အပြင်းအထန် ဒဏ်ရာရရှိသွားပြီး မဖြူဖြူသင်းမှာလည်း ဒဏ်ရာရရှိသွားသည်။ မသွဲ့သွဲ့ဝင်းသည် သံဃာတော်များနှင့်အတူ ရှိနေပြီး မအေးနက်မှာမူ ပျောက်ဆုံးနေလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဝမ်ပေါင်သပိတ်စခန်းမှ သံဃာတော်များ၊ လူများသည် ယခုအခါ မုံရွာ၊ ပုသိမ် လမ်းမဘက်သို့ ထွက်ပြေးနေရကြောင်း သတင်းရရှိပါသည်။
သပိတ်စခန်းများ ဖြိုခွင်းရုံမက ရွာထဲကိုပါ ၀င်ရောက်စီးနင်း ဖမ်းဆီးမှုတွေ လုပ်နေပြီ လို့ သိရပါတယ်။

Eleven Media Group
ဆည်တဲရွာ သပိတ်စခန်းမှ ရွာသူရွာသားများသည် သပိတ်စခန်းမှ ထွက်ခွာလာပြီးနောက် ၎င်းတို့၏ ရွာသို့ မရောက်ရှိဘဲ သပိတ်စခန်းမှ ရွာသို့သွားရာလမ်းတွင် ပျောက်ဆုံးနေကြောင်း နိုဝင်ဘာလ ၂၉ ရက် နံနက် ၆နာရီတွင် EMG သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

မေသင်္ကြန်ဟိန်(မြစ်မခ)
နိုဝင်ဘာ ၂၉၊ ရန်ကုန်မြို့။
လက်ပန်းတောင်းတောင်ခြေက မြေစာပုံ သပိတ်စခန်းကိ နံနက် ၃နာ၇ီ ၁၅ မိနစ်မှာ ရဲတပ်ဖွဲ့ က လာပြီးတော့ နောက်ဆုံး အကြိမ် ဖယ်ရှားပေးဖို့ လာပြောကြောင်း၊ ၅ မိနစ် စဉ်းစားချိန်ပေးမည်ဟုဆိုကြောင်း၊ ငါးမိနစ် ၄ မိနစ် ၃ မိနစ် ၂ မိနစ် စဖြင့် ရေတွက်ပြီး နောက်ဆုံး စက္ကန့်မှာ မီးသတ်ပိုက်ဖြင့် စထိုးပြီး သပိတ်စခန်းကို ဖြိုခွဲကြောင်း သပိတ်စခန်းတွင် ပါဝင်ခဲ့သူ တဦးထံမှ သိရှိရသည်။
`မီးသတ်ပိုက်နဲ့ စပက်တော့ ရှေ့ဆုံးက သံင်္ယာတွေက ရေလုံးရဲ့ ဒဏ်ကို မခံနိုင်လို့ နောက်ကို လဲပြိုသွားတယ်။ အဲဒီအချိန်မှာ မျက်ရည်ယို ဗုံးနဲ့ ပစ်တယ်ံ။ပြီးတော့ မီးလောင်ဗုံးနဲ့ ပစ်တယ် သံင်္ယာနှစ်ပါး မီးလောင်ဒဏ်ရာ ရတယ်၊ သွဲ့သွဲ့ဝင်းရဲ့ ညီမ ဖြူဖြူဝင်း မှာ မျက်နှာ၊ ပေါင်မှာ မီးလောင်ဒဏ်ရာ ရထားတယ်၊ မီးလောင်ဒဏ်ရာ ရတဲ့ သူတွေရှိတယ်` ဟု သပိတ်တွင်ပါဝင်ခဲ့သူက ပြောသည်။
ထို မြေစာပုံ စခန်းကို ရဲတပ်ဖွဲ့မှ မီးရှို့လိုက်ကြောင်း သိရှိရပြီး၊ သပိတ်စခန်းမှ လူများမှာ ယခု ဖောင်းကားတောင် ကျေးရွာ၊ ဒက္ခိရာမ ကျောင်းတွင် သပိတ်စခန်းဖွင့်ထားကြောင်း သိရှိရသည်။


















https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRcj4byTWIHeAOjQ650mqBYpHfX3B07ZeGQKRlsXnt6XvplCLjL2c6fOd1vgv_IqPCH9x2jdJ68HdBXiBsQj_5iPr2nb3PonDC4-3VBV-q4kUKlIxlOrK4YIC9JSX-vL3pHVPtTnViXYU/s400/302719_495506800472493_224007562_n.jpg

Tuesday, November 27, 2012

လက်ပံတောင်းတောင် အခြေအနေ တင်းမာ



ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေမှာရှိတဲ့ သပိတ်စခန်းတွေကို ၂၇ရက် (ဒီနေ့)့ ည ၁၂ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန်၊ ဖယ်ရှားခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်ကို နိုင်ငံပိုင် ရုပ်သံ ည ၈ နာရီ သတင်းမှာ ကြေညာသွားခဲ့ပါတယ်။ သတင်းကြေညာပြီး အခုလက်ရှိအချိန်ထိ သပိတ်စခန်းတွေမှာ သံဃာတွေက လုံခြုံရေး ယူထားသလို စီမံကိန်း ဧရိယာမှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့အင်အားကိုလည်း တိုးမြှင့်ထားကြောင်း သတင်းရရှိပါတယ်။
(ဓါတ်ပုံ - ဒီနေ့ သပိတ်စခန်းကို ရောက်ရှိလာတဲ့ မုံရွာမြို့က သံဃာတော်များ)

( ည-၁း၂၀ )
---------------------------------------------

အခုလောလောဆယ်ုသူတို့ က ကျွန်တော်တိုရဲ့ အင်အားအနည်းဆုံးဖြစ်တဲ့ ကျော်ရွာ ဂိတ်ဘက်က နေပြီးတော့ ရဲတွေ က ဒိုင်းတွေကာပြိး ချိုးဖောက်ဝင်ရောက်လာတယ်။
ရဲအင်အား ၁၀၀လောက်ရှိတယ်။တုတ်တွေဓါးတွေနဲ့  ပေါ့နော်။  အဲဒီဂိတ်မှာက ဘုန်းကြီးတွေ ချည်းပဲရှိတယ်။သံဃာတွေချည်းပဲပေါ့နော်။ သံဃာတော် အားလုံးက ဒီမှာတန်းစီထိုင်လိုက်ကြပြီးတော့ သူတို့ မေတ္တာသုတ်တွေရွတ်တယ်။

ပရိတ်တွေ ဘာတွေရွတ်တယ်။ရွတ်ပြီးတော့ သူတို့ ကလုံးဝမဖယ်ပေးဘူး ။ သံဃာတွေကလဲ သူတို့  ဘေးနားက ကွေ့ ပြီးတော့ ပတ်ပြီးတော့သွား။ မသွားရင်သူတို့ ကိုရိုက်ပြီးတော့သွားရင်လည်းသွား ဆိုတဲ့ ပုံစံမျိုးလုပ်နေတယ်။ သူတို့ အဓိကလိုချင်နေတာက အခုကျနော်တို့  အထိုင်ချထားတဲ့  လယ်တီစိန်ကျောင်းပေါ့နော်။လယ်တီဆရာတော်ဘုရားကြီးသီတင်းသုံးသွားတဲ့ စိန်ကျောင်း ဒီစေတီတော်ကို သူတို့ ကအခု ကျတော်တို့ လက်ရှိထိုင်ထား တဲ့ အထိုင်ကိုသူတို့  လိုချင်တာ။ လိုချင်တဲ့ အခါကျတော့ သူတို့ ဘယ်လိုထိုးဖောက်မလဲတော့ကျွန်တော်တို့ မသိဘူး။လောလောဆယ်တော့ကျနောတို့ နာ့း..ဖြည်းဖြည်းချင်း
ဖြည်းဖြည်းချင်းကပ်ကပ်လာတယ်ခင်ဗျ။

ဒါပေမဲ့လည်း ရွာပေါင်း ၂၆ရွာက လူတွေကလည်း အဲဒီ နေရာကို ၀င်ရောက်အားဖြည့်ပေးဖို့ ညတွင်းချင်းလာနေကြပြီ ။ လက်ပန်းတောင်းကြေးနီ စီမံကိန်းရပ်ရေးအတွက် လုပ်ဆောင်သွားမှာဖြစ်လို့ ဘယ်တော့ မှ လက်လျော့မှာမဟုတ်ဘူးလို့ပြောကြတယ်။ သူတို့ တက်လာတာက အဓိက ကြေးနီစီမံကိန်းကို ရပ်တန့်အောင် ပိတ်ဆို့ထားတဲ့သပိတ်စခန်းဖြစ်နေလို့ပဲ ခင်ဗျ။

ရဲတွေကတော့ဘုန်းကြီးတွေကိုမကျော်သေးဘူး။ဘုန်းကြီးတွေနဲ့ မျက်နှာချင်းဆိုင်ပေါ့။မျက်နှာချင်းဆိုင်ကို တဖြည်းဖြည်းနဲ့ တိုးလာတာ။ ဘုန်းကြီးတွေကလည်း လုံးဝမဖယ်ပေးတော့ဘူး။ သူတို့ က အဲဒီ့ နေရာမှာပဲ ငုတ်တုတ်တွေထိုင်ကြ၊ ဘုန်းကြိးတွေကတော့ တင်ပလွေခွေထိုင်ကြပြီးတော့ အကုန်လုံးက   မေတ္တာသုတ်တွေ ရွတ်နေတယ်။ ၁နာရီလောက်တော့ရှိပြီပေါ့။ ဘုန်းကြီးတွေ တားထားတဲ့ စည်းတော့မကျော်သေးဘူးခင်ဗျ။

ကိုသော်ဇင်
(မြန်မာနိုင်ငံ ၀ိဇာသိပ္ပံတက္ကသိုလ်ကျောင်းသားများကွန်ယက်)


မှန် လုံ ကား ပုံစံ အချုပ် ကားများ ရောက် ရှိ လာပြီး မုံရွာ ခရိုင် ရဲ မှုး က
" ဘုန်းတော် ကြီး များ  အေးအေး ဆေး ကား ပေါ် ကြွကြ ပါ ဟု "ပြော နေသည် ဟု သိရသည်။
ဘုန်းတော် ကြီး များ က  ကိုယ်တော် တို့  မရှိ ရင် ခင်ဗျား တို့ ပြည်သူ တွေ ကို ပြစ် သတ် မှာ ဒီမှာ အေးဆေး ထိုင် နေမယ် ။ မရွေ ပေး နိုင် ဘူး ဟု ပြန် လည် မိန့် ကြား သည်။

Tuesday, November 20, 2012

ကြေးနီစီမံကိန်း ဆက်လက်တည်ဆောက်မှု ရွာသားများ ဆန္ဒပြ



စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ဒေသက ဆည်တည်၊ မိုးကြိုးပြင် ကျေးရွာ အနီးအနားက လယ်ယာမြေတွေမှာ မြန်မာ-၀မ်ပေါင်ကုမ္ပဏီက အဆောက်အဦးတွေ တည်ဆောက်ဖို့ လုပ်ဆောင်နေတာကို ဒေသခံ (၁၀၀၀) နီးပါးက ဒီကနေ့ သွားရောက် တားဆီး ဆန္ဒပြခဲ့ကြပါတယ်။

အဆောက်အဦးတွေ နေ့စဉ်ရက်ဆက် လာဆောက်နေတာကို ကာယကံရှင် တောင်သူတွေက အကြိမ်ကြိမ် တားနေပေမယ့် ကုမ္ပဏီဘက်က တည်ဆောက်မှုကို လုံးဝ မရပ်သွားပါဘူး။




လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ-၀မ်ပေါင် တရုတ်ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေတာ ဖြစ်ပြီး စီမံကိန်းတ၀ိုက်က ကျေးရွာ ၂၆ ရွာက လယ်မြေဧက (၇၈၀၀) ကျော်ကို ၂၀၁၀ ခုနှစ်က စပြီး သိမ်းယူခဲ့တာကြောင့် မြန်မာပြည်အ၀ှမ်း ဆက်တိုက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။





Sunday, November 04, 2012

ရခိုင်ပြည်နယ်အစိုးရသစ်ဖွဲ့ဖို့ လွယ်ပါ့မလား



 ရခိုင်ပြည်နယ် အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့မှာပါတဲ့ ဦးတင်မောင်သန်းက ရခိုင်ပြည်နယ် အစိုးရဟာ အကြမ်းဖက်သူများကို ထိမ်းမနိုင် သိမ်းမရဖြစ်နေတာကြောင့် ပြဿနာတွေ ဆက်လက်ဖြစ်ပေါ်လာရတယ်။

ဒါကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး ရခိုင်ပြည်နယ် အစိုးရအသစ် ဖွဲ့ စည်းဖို့လိုအပ်နေတယ်လို့  တင်ပြတယ်ဆိုတာ သိရတယ်။ 

ဒီတော့ ကျွန်တော်တို့မှာ ပြောစရာ ရှိလာပြန်ရောဘဲ။ ပထမအချက်က ရခိုင်ပြည်နယ် အစိုးရဆိုတာ ဘယ်ကနေပြီး ပေါက်ဖွါးလာသလဲဆိုတာ ကြည့်ဖို့လိုတယ်။ 

ဒုတိယအချက်အနေနဲ့ ရခိုင်ပြည်နယ် အစိုးရကို ပြည်ထောင်စု အစိုးရက ချုပ်ကိုင်ထားတယ်ဆိုတာ သိဖို့ လိုတယ် ။ 

တတိယအချက်က ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ပြသနာတွေကို ထိမ်းချုပ်တဲ့ ဥပဒေတွေ ကို ပြည်သူတွေ ဘယ်လောက်များ နားလည်သလဲ ဆိုတာ လေ့လာဖို့လိုတယ်။ 

ဒီတော့ ပထမအချက်ကို ပြောပြပါ့မယ်။ ရခိုင်ပြည်နယ် အစိုးရဟာ ရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရ ပါတီ ပြည်ခိုင်ဖြိုးက လွှတ်တော် ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့ စည်းထားတာဖြစ်တယ်။

ရခိုင်တိုင်းရင်းသားတိုးတက်ရေး ပါတီက ၀န်ကြီးသုံးဦးသာပါတယ် ။ သူတို့ဟာ ဒီမိုကရေစီ စနစ်တခုကို ဖန်တီးပေးနေရတဲ့ ပြည်နယ် အစိုးရမျှသာဖြစ်တယ်။ 

ဒုတိယအချက်က ပြည်ထောင်စုအစိုးရက ရခိုင်ပြည်နယ် အစိုးရကို ချုပ်ကိုင် လွှမ်းမိုးထားတာဖြစ်တယ်။ ၀န်ကြီးချုပ်ကိုတောင်မှ နေပြည်တော်က ခန့်အပ်ထားတာဘဲဖြစ်တယ်။ ချုပ်ကိုင်ထားတယ် ဆိုတော့မှဘဲ သူတို့မှာ ဘာအာဏာမှ လက်ဆပ်လက်ကိုင် ပြစရာ မရှိဘူးဆိုတာ ထင်ရှားနေတယ်။

တတိယအချက်က ပြည်သူတွေဟာ ပဋိပက္ခတွေဖြစ်လာပြီဆိုရင် ပုဒ်မ ( ၁၄၄ ) ကို ထုတ်ပြန်ပေမယ့် အဲဒီ ဥပဒေဟာ ညမထွက်ရအမိန့်လို့ သိထားတာဘဲ ရှိတယ်။ တကယ့်အနှစ်သာရကို မသိကြဘူး။ ဒီတော့ ဒီ ဥပဒေအမိန့်ကို ထုတ်ပြန်တော့လဲ အကြမ်းဖက်ခြင်း လုပ်ချင်ရာ လုပ်ဖြစ်ကြတယ်။ ဥပဒေကို နားမလည် 
တော့ လုပ်ချင်ရာ လုပ်ကြတာ ဆိုသလိုဘဲဖြစ်သွားတယ်။ 

ချုပ်ပြောရရင် ရခိုင်ပြည်နယ်အစိုးရဟာ ဒီဥပဒေကို ပြည်သူတွေကို တိတိကျကျ ချပြထားသော်ငြားလဲဘဲ သူ့မှာ လုပ်ပိုင်ခွင့်အာဏာ မရှိဘူးဆိုတာ ပြဿနာဖြစ်နေတယ်။ 

၂၀၀၈- ခုနှစ် ဖွဲ့စည်းပုံအုပ်ချုပ်ပုံ ဥပဒေမှာ အရေးပေါ်ကြေညာချက်များနဲ့ ပါတ်သက်လို့ ပြဋ္ဌန်းထားရာမှာ တပ်မတော်ဟာ နိုင်ငံမတည်မငြိမ်သက်ဖြစ်နေရင် အရေးပေါ် အခြေအနေဖြစ်နေရင် တာဝန်ထမ်းဆောင် ခွင့် ရှိတယ်လို့ ပြဋ္ဌန်းထားတယ်။ 

ဒီတော့ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်လာချိန်မှာ အာဏာမရှိတဲ့  အရပ်သားအစိုးရဟာ ပဋိပက္ခကို ထိမ်းသိမ်း ဖို့ ဘယ်ကလက်နက်နဲ့  ဘယ်က ဥပဒေနဲ့ ကိုင်တွယ်နိုင်မှာလဲ။ သူ့ မှာက ၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ တပ်မတော်က တာဝန်ရှိတယ်လို့  ဖေါ်ပြထားတယ် ဆိုတော့ တပ်မတော်ကိုဘဲ ကြည့်နေရမှာပေါ့။ 

ပုဒ်မ ( ၁၄၄ ) ထုတ်ပြန်ရင်လဲ ပြည်သူတွေက သိသိ မသိသိ ဒီဥပဒေကို ကိုင်တွယ်မှာက တပ်မတော် အခန်းကဏ္ဍသာဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ အရေးပေါ် အခြေအနေဖြစ်နေပြီကိုး။ 

ပုဒ်မ ( ၁၄၄ ) ထုတ်ခြင်း ရှိရှိ မရှိရှိ ရုန်းရင်းဆန်ခတ်ဖြစ်လာပြီဆိုရင် လက်နက်ကိုင် အဖွဲ့ အစည်းများဖြစ် တဲ့  ပြည်သူ့ ရဲနဲ့ တပ်မတော်သာ ရှိတယ်။ သူတို့က တာဝန်ယူဖြေရှင်းကြတာဖြစ်တယ် ။ မိုးပေါ်ထောင် ပစ်တာဘဲဖြစ်ဖြစ် လူကိုတည့်တည့်ဘဲ ပစ်ပစ် ပြည်သူ့ ရဲနဲ့  တပ်မတော်ကဘဲ ပစ်မှာပါဘဲ။ 

လူတွေထိခိုက် ဒဏ်ရာရလို့  သေဆုံးတာဘဲဖြစ်ဖြစ် ဒဏ်ရာရတာဘဲဖြစ်ဖြစ် လက်နက်ကိုင် အဖွဲ့ အစည်းရဲ့ တာဝန်ဘဲဖြစ်တယ်။ ဒီလိုပစ်ခတ်ခြင်းကြောင့် ပဋိပက္ခတွေဟာ ရပ်တန့်သွားခြင်းမျိုးလည်း ရှိသလို အစိုးရ 
ပြုတ်ကျသွားခြင်းလည်း ဖြစ်သွားတတ်တယ်။

မြန်မာနိုင်ငံမှာတော့ ဒီလို လက်နက်နဲ့ ထိမ်းသိမ်းရပြီဆိုရင် ပဋိပက္ခပြဿနာတွေဟာ ချုပ်ငြိမ်းသွားတတ်ပါ တယ်။ 

ဒီနေရာမှာ ပုဒ်မ ( ၁၄၄ ) ဥပဒေကို ပြည်သူတွေကို သိရှိနားလည်အောင် ပညာပေးသင်တန်းတွေ ဖွင့်ပေးဖို့ လိုတယ် ။ ဒါမှသာ ဒီဥပဒေရဲ့ အနှစ်သာရကို သိနားလည်ကြလိမ့်မမယ် ။ နားလည်လာတဲ့ အခါ လူတွေ ဟာ အကြိမ်းဖက်ခြင်းကို ရှောင်ရှားလာကြမှာဖြစ်တယ်။ 

ဒီလိုဘဲ ဒီမိုကရေစီနိုင်ငံတွေမှာ ဥပဒေတွေကို သင်ကြားပေးနေကြပါတယ်။ ကျွန်တော်ပြောချင်တာက ရခိုင်ပြည်နယ်အစိုးရဟာ လက်ထဲမှာ သေနတ်တလက်မျှမရှိဘဲနဲ့  အရုပ်ပမာလို အာဏာမရှိဘဲ အုပ်ချုပ်နေရတဲ့ အဖွဲ့ အစည်းသာဖြစ်တယ်။ 

ဒီမိုကရေစီ စနစ်ဆီသို့  တက်လှမ်းခါစ ပြုနေသေးတဲ့ အချိန်မှာ ပြည်နယ်အစိုးရဟာ ဒီလိုဘဲ ရှိနေအုံးမှာဖြစ် တယ်။ ခုအချိန်ထိ တပ်မတော်က အုပ်ချုပ်ရေးအာဏာမှာ ယူထားသလို ကာကွယ်ရေးအာဏာကိုလဲ ယူ ထားနေတုံးဘဲ ရှိနေသေးတယ်ဆိုတာ သတိထားဖို့လိုတယ်။ 

ဒီတော့ ပြည်ထောင်စုအစိုးရကနေပြီး ၀န်ကြီးချုပ်ကအစ ရွေးချယ်ခန့် အပ်ထားတဲ့  ရခိုင်ပြည်နယ်အစိုးရကို ရခိုင်လူမျိုးတွေက လက်ခံထားတာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး ရခိုင်ပြည်နယ် အစိုးရ သစ်ကို ဖွဲ့စည်းဖို့ဆိုတာဟာ -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စောက်ထိုး မိုးမျှော်လုပ်သလိုဖြစ်သွားလိမ့်မယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ သာမန် လွှတ်တော်ကိုယ်စားလှယ် တဦးဆိုတာကို လူတိုင်း နားလည်ထားကြ ပါတယ် ။ သူ့မှာ ဘာအာဏာမှ မရှိပါဘဲနဲ့ ဘယ်လိုလုပ်ပြီး သူက ရွေးချယ်ခန့်အပ်နိုင်မှာပါလဲ။ ဘာဖြစ်လို့ ဆိုတော့ ပြည်နယ်အစိုးရဖြစ်ဖြစ် ၀န်ကြီးဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖြစ် အယုံအကြည် မရှိဘူး ဆိုရင် အယုံအကြည် မရှိကြောင်း လွှတ်တော်မှာ တင်ပြရတယ်လို့ ဖေါ်ပြထားပါလားဗျာ။ 

ဒီတော့ ရခိုင်ပြည်နယ် အထူး စုံစမ်းစစ်ဆေးရေး ကိုယ်စားလှယ်အဖွဲ့ဝင်- ဦးတင်မောင်သန်းဟာ -၂၀၀၈- ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရှေးဦးစွာ လေ့လာဖို့ လိုသေးတယ်လို့ ပြောချင်ပါတယ်။ 

ခိုင်အောင်ကျော် ( နယူးယောက် )

Saturday, November 03, 2012

တော်ဝင်မိသားစုကုမ္ပဏီကို အလုပ်သမားတွေ အစာငတ်ခံ ဆန္ဒပြ

 

ချောင်းသာလယ်သမား ၁၆၀ ကျော် ဆန္ဒပြတာ ဘာကြောင့်လဲ

 ချောင်းသာလယ်သမားများ မြေယာသိမ်းမှု ရပ်ဆိုင်းရေး ဆန္ဒပြနေပုံ၊ ဓာတ်ပုံ- သန့်စင်ငြိမ်းချမ်း/ဧရာဝတီ
~ သန့်စင်ငြိမ်းချမ်း ~

ဧရာဝတီတိုင်း ချောင်းသာ ကမ်းခြေအနီးရှိ ချောင်းသာကျေးရွာမှ လယ်သမား ၁၆၄ ဦးက ၎င်းတို့၏ သိမ်းဆည်းခံ လယ်ယာမြေများနှင့်ပတ်သတ်၍ မကျေနပ်ကြသည့်အတွက် ယမန်နေ့ နေ့လည်ပိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ 

ကျေးရွာဘောလုံးကွင်းမှ အုပ်ချုပ်မှူးရုံးရှေ့အထိ လမ်းလျှောက်ကာ ဆန္ဒဖော်ထုတ် ခဲ့ကြခြင်းဖြစ် ပြီး မြေယာသိမ်းမှုရပ်၊ အသိမ်းခံမြေပြန်ပေး၊ နစ်နာကြေးရရှိရေး ဆောင်ရွက်ပေးစသည့် ပိုစတာများ ကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြသည်။ 

“ဒီနေ့ကျနော်တို့ ဆန္ဒဖော်ထုတ်ရတဲ့အကြောင်းရင်းကတော့ ကျနော်တို့တောင်သူတွေ ပိုင်ဆိုင်တဲ့မြေတွေ ကို ကျနော်တို့သဘောမတူဘဲနဲ့ အတင်းအဓမ္မ ခြိမ်းခြောက် ၀ယ်ယူခဲ့တဲ့ကိစ္စတွေကို မကျေနပ်ကြတဲ့ အတွက် ဖြစ်ပါတယ်”ဟု ပါဝင်ဆန္ဒပြခဲ့သူ တောင်သူ ဦးကံရွှေက ဧရာဝတီကို ပြောသည်။

၎င်းတို့၏လယ်ယာ ဥယျာဉ်ခြံမြေများကို ယခင်အစိုးရလက်ထက် ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေး ဗိုလ်မှူးရင်စိန်က ၁၉၉၉ ခုနှစ်တွင် သိမ်းယူခဲ့ခြင်းဖြစ်ပြီး လျော်ကြေးငွေ အနည်းအကျဉ်းသာ ပေးအပ်ခဲ့သည်ဟု တောင်သူလယ်သမားများက ပြောသည်။ 

“အခုကျတော့ တောင်သူတွေက မြေယာလက်မဲ့ဖြစ်ကုန်တော့ ကမ်းခြေမှာ ငါးကင်၊ ဖားကင် ရောင်းရ တယ်။ တချို့အဖိုးကြီး အမယ်ကြီးတွေဆို ကောက်ညှင်းထုပ်လေးတွေ ရောင်းရတယ်။ သူတို့က ဘိုးဘွား စဉ်ဆက် ဒီလယ်ယာမြေကို ခုတ်ထွင်ရှင်းလင်း လုပ်ကိုင်လာခဲ့တာ။ တကယ်ခံစားရတာက အစိုးရနဲ့နီးစပ် တဲ့ ခရိုနီတွေပဲ ဖြစ်နေတယ်”ဟု နစ်နာသူများအား လိုက်ပါကူညီပေးနေသည့် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်မြှင့်တင်ရေးကွန်ယက်မှ ကိုမြင့်နိုင်က ပြောသည်။ 

သိမ်းခံရသည့်မြေစုစုပေါင်း ၆၁၇ ဧကရှိပြီး ဟိုတယ်များဆောက်လုပ်ရန်ဟု ပြောဆို သိမ်းယူခဲ့သော်လည်း ယခုထက်တိုင် ၎င်းမြေယာများတွင် မည်သည့်အဆောက်အဦးမျှ တည်ဆောက်ခြင်းမရှိ ဟု မြေသိမ်းခံ ရသူများ က ဆိုသည်။ 

“ကျနော်တို့မြေတွေကို ဘာမှမဆောက်ဘဲသိမ်းထားတဲ့ အတွက် မြေတွေပြန်လိုချင် တယ်။ မြေပြန်မပေးနိုင် ရင် ထိုက်တန်တဲ့လျော်ကြေးငွေ ရချင်ပါတယ်။ ဘာလို့ဆိုတော့ အဲဒီတုန်းက ကျနော်တို့မြေကို မရောင်းချင် လည်းရောင်းရမယ်ဆိုပြီး အတင်းဖိအားပေး လက်မှတ်ထိုးခိုင်း၊ လျှော်ကြေး ၁ ဧက မှ သောင်း ဂဏန်း 
လောက်ငွေနဲ့ ပေးခဲ့ရတာပါ”ဟု ဦးကံရွှေက ပြောသည်။ 

မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းသည် မြေယာသိမ်းခံရမှု အများဆုံးဖြစ်ကြောင်း မြေယာ စုံစမ်းရေးကော်မရှင်က ထုတ်ဖော်ပြောဆိုထားသည်။ 

မြေသိမ်း ဥပဒေဆိုင်ရာကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့စွဲဖြင့် သမ္မတ လက်မှတ်ထိုးကာ ရုပ်သိမ်းဥပဒေ ထုတ်ပြန်ကြေညာခဲ့သည်။

Friday, November 02, 2012

မြေသိမ်း ဥပဒေ အပါအ၀င် ဥပဒေတချို့ ရုပ်သိမ်း


ဥပဒေများ ရုပ်သိမ်းတဲ့ ဥပဒေတွေပြဌာန်းနေပါတယ်။ ယနေ့ထုတ် သတင်းစာတွေမှာ သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ထားပါတယ်။ 

မြေသိမ်း ( သတ္တုတွင်းများ) အက်ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေ၊ ပြည်သူ့အကျိုးပြု ၀န်ဆောင်မှုလုပ်ငန်းများ ကာကွယ်ရေး အက်ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေ၊ ၁၉၆၄ ခုနှစ် မြန်မာနိုင်ငံ ကြယ် ငါးပွင့်  သင်္ဘောလုပ် ငန်း ကော်ပိုရေးရှင်း ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေ ၃ ခုကို သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ထုတ် 
ပြန်ကြေညာထားတာပါ။







ဦးခင်ညွန့် အမျိုးသားနိုင်ငံရေး လုပ်မည်ဟု ဆို

ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲတွင် ဦးခင်ညွန့် ဆန္ဒမဲ လာရောက်ပေးစဉ် (ဓာတ်ပုံ – Reuters)
စစ်ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဦးခင်ညွန့်က လာမည့် အနာဂတ်တွင် ပါတီနိုင်ငံရေး လုပ်ဆောင်ရန် မရှိသော်လည်း တိုင်းပြည် တိုးတက်ရေးနှင့် ပြည်သူများ စားဝတ်နေရေး ချောင်လည်စေရန် အမျိုးသား နိုင်ငံရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
ယနေ့ထုတ် မော်ဒန် ဂျာနယ်နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က အထက်ပါ အတိုင်း ပြောဆို လိုက်ခြင်း ဖြစ်သည်။
၎င်း တွေ့ဆုံမေးမြန်းတွင် ဦးခင်ညွန့်က ပြည်တွင်း ငြိမ်းချမ်းရေးရှိရန် အစိုးရနှင့် တိုင်းရင်းသားများအကြား ရိုးသားမှုရှိမှ အောင်မြင်နိုင်ပြီး လက်ရှိအခြေအနေတွင် ငြိမ်းချမ်းရေး ပန်းတိုင်ရောက်ရန် လိုအပ်နေသေးကြောင်း၊ အစိုးရ၀န်ကြီးများ၊ ဒုဝန်ကြီးများ အနေဖြင့် အောက်ခြေအထိ ဆင်းပြီး ပြည်သူများနှင့် ထိတွေ့ရန် လိုအပ်ကြောင်း၊ ပြည်သူနှင့် ထိတွေ့ နားထောင်မှသာလျှင် ပြဿနာများ အဖြေထွက်မည် ဖြစ်ကြောင်း ပြောထားသည်။
“ဦးခင်ညွန့်က ပါတီ နိုင်ငံရေးတော့ မလုပ်ဘူး၊ အမျိုးသား နိုင်ငံရေးတော့ လုပ်မယ် ဆိုတော့ သူ့နည်း သူ့ဟန်နဲ့ နိုင်ငံရေး လုပ်မယ် ဆိုတဲ့ သဘော သက်ရောက်တယ်။ နောက်ပြီး အဲဒီ အင်တာဗျူးထဲမှာ ဝန်ကြီးတွေ အနေနဲ့ အောက်ခြေ အထိ ဆင်းပြီး ပြည်သူတွေ ကြားမှာ လေ့လာသင့်တယ် ဆိုတာမျိုး ဝေဖန်ထားတာ တွေ့ရတယ်။ ဒါက မြန်မာပြည် နိုင်ငံရေးထဲမှာ ပါတီတခု မဖွဲ့ရင်တောင် သူ့အနေနဲ့ တနည်းတဖုံ ပါချင်သေးတယ်ဆိုတဲ့ သဘောမျိုးလို့ ယူဆရပါတယ်” ဟု ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာ ဖေမြင့်က ပြောသည်။
Open News ဂျာနယ် အယ်ဒီတာချုပ် ဦးသီဟစောကလည်း အမျိုးသားနိုင်ငံရေး ဆိုသော ဝေါဟာရသည် အာဏာရှင်ခေတ်မှ နိုင်ငံရေး အသုံးအနှုန်းသာဖြစ်ပြီး လက်ရှိ ပြောဆိုချက်များအရ ဦးခင်ညွန့်သည် နိုင်ငံရေးလောက ပြန်လည် ၀င်လာမည် ဆိုသည်ကို သိသာစေသည်ဟု သုံးသပ်သည်။
“တကယ်တမ်း ပြောရရင်တော့ အမျိုးသားနိုင်ငံရေး၊ ပါတီနိုင်ငံရေးဆိုတာ အရင်ခေတ်တုန်းက အသုံးအနှုန်းဟောင်းပါ။ နိုင်ငံရေးက တူတူပဲ။ နိုင်ငံရေး လုပ်တယ်ဆိုတာက နိုင်ငံ့အရေးကို လုပ်တာပဲ။ ရွေးကောက်ပွဲ ၀င်ချင်လည်း ၀င်မယ်၊ မ၀င်ချင်လည်း မ၀င်ဘူး။ ပါတီဖွဲ့ချင်လည်းဖွဲ့မယ်၊ မဖွဲ့ချင်လည်း မဖွဲ့ဘူး။ အမျိုးသားနိုင်ငံရေးက သန့်ရှင်း မြင့်မြတ်တယ်။ ပါတီနိုင်ငံရေးက ညစ်ပတ်တယ် ဆိုတဲ့ အယူအဆကတော့ လက်မခံဘူး။ နိုင်ငံရေး လုပ်ရင်လုပ်တယ်၊ မလုပ်ရင် မလုပ်ဘူး၊ နှစ်မျိုးပဲရှိတယ်။ အမျိုးသားနိုင်ငံရေး လုပ်မယ်၊ ပါတီနိုင်ငံရေး မလုပ်ဘူးဆိုတာတွေက အရင်တုန်းက အတွေးအခေါ်ဟောင်းပဲ” ဟု ဦးသီဟစောက ဆိုသည်။
ဦးခင်ညွန့် အမျိုးသား နိုင်ငံရေး လုပ်မည်ဆိုသော ပြောဆိုချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအ၀င် ပြည်တွင်းနိုင်ငံရေး အင်အားစုက သတိဖြင့် စောင့်ကြည့်သွားမည်ဟု ဆိုကြသည်။
NLD ၏ နာယက ဦးဝင်းတင်က ဦးခင်ညွန့်အနေဖြင့် အမျိုးသား နိုင်ငံရေးဆိုသော အသုံးအနှုန်းနှင့် နိုင်ငံရေး မလုပ်ဆောင် သင့်ကြောင်း၊ အမျိုးသား နိုင်ငံရေးကြောင့် နှစ်ပေါင်းများစွာ ပြည်သူ့ အသက်များ ဆုံးရှုံး၊ နစ်နာခဲ့ရကြောင်း ရှင်းပြသည်။
“အမျိုးသား နိုင်ငံရေးဆိုတာ သူတို့ပြောနေတာ တလျှောက်လုံးပဲ။ ကျနော်ပြောချင်တာက ဦးခင်ညွန့် ဘာတွေလုပ်ခဲ့သလဲ၊ ဦးခင်ညွန့် ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ထောက်လှမ်းရေးက ဘာတွေ လုပ်ခဲ့သလဲ။ နောက်တခါ ဦးခင်ညွန့် ကိုယ်တိုင် ပါဝင်ခဲ့တဲ့ န၀တ၊ နအဖ အစိုးရတွေက ဘာတွေ လုပ်ခဲ့သလဲ။ အဲဒီအတွက် ပြည်သူတွေ ဘာတွေ ခံစားရလဲ၊ ဘယ်လောက် နစ်နာခဲ့လဲ။ ဘယ်လောက် အကျိုးမဲ့ခဲ့လဲ၊ ဘယ်လောက်ဆုံးရှုံးခဲ့လဲ၊ ဘယ်လောက်အထိ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ ကျခဲ့ရလဲ။ သူ လုပ်ခဲ့တာတွေနဲ့ ယှဉ်ပြောရမှာပဲ။ ပုဂ္ဂိုလ်ရေးအရ ပြောတာ မဟုတ်ဘူး။ အဲဒါ သူလုပ်ခဲ့တဲ့ နိုင်ငံရေးပဲ” ဟု ဦးဝင်းတင်က ပြောသည်။
အမျိုးသား နိုင်ငံရေး ဆိုသည်ကို ဦးခင်ညွန့်အနေဖြင့် ယခု ထပ်မံ ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း၊ အတိတ်ကလည်း အမျိုးသား နိုင်ငံရေးများ တွေ့ခဲ့ပေါင်း များပြီဖြစ်ကြောင်း သူက ဆိုသည်။
“အမျိုးသားနိုင်ငံရေးလည်း လုပ်မနေနဲ့၊ ခင်ဗျားတို့ ဆိုလိုတဲ့ အမျိုးသားနိုင်ငံရေး ဆိုတာကို နားလည်တယ်။ ဒီအမျိုးသား နိုင်ငံရေးဆိုတာကို ကြွေးကြော်လာတာ နှစ်ပေါင်း များစွာ ကြာနေပြီ။ ဦးခင်ညွန့်လုပ်မယ့် အမျိုးသား နိုင်ငံရေးက နောင်နှစ်ပေါင်း ၂၀ ကြာရင် ဘယ်လိုဖြစ်မယ်ဆိုတာ ကျနော်တို့ စိတ်ထဲမှာ ပုံစံပေါ်ပြီးသား ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ နိုင်ငံရေး လုပ်ချင်ရင်လည်း ပါတီတခုမှာ နိုင်ငံရေး ၀င်လုပ်ပါ။ ဦးသန်းရွှေတို့၊ ဦးခင်ညွန့်တို့ ပြောခဲ့တဲ့ အမျိုးသား နိုင်ငံရေး ဆိုတာကြီးကတော့ တော်ပါပြီ” ဟု ဦးဝင်းတင်က ဆိုသည်။
ချင်းအမျိုးသား ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်ကလည်း ဗိုလ်ချုပ်ခင်ညွန့်၏ နိုင်ငံရေး လုပ်ဆောင်မည်ဟု ပြောဆိုမှုအပေါ် ၀မ်းမသာကြောင်း ပြောသည်။
“ဦးခင်ညွန့်က အစတုန်းက ဘာသာရေးနဲ့ လူမှုရေးပဲ လုပ်မယ်ဆိုတော့ ၀မ်းသာတာပေါ့ဗျာ။ အခု နိုင်ငံရေး ဝင်လုပ်မယ် ဆိုတော့ ကျနော် စောင့်ကြည့်ရမှာပေါ့။ အရင်တုန်းက နိုင်ငံရေးပုံစံ၊ ခြေလှမ်းပုံစံမျိုးနဲ့ အခုခေတ်သစ်မှာ ခြေလှမ်းသစ်တွေ လာလှမ်းမယ်ဆိုရင်တော့ မကြိုဆိုဘူး။ ခြေလှမ်းပြင်တယ်ဆိုရင်၊ တနည်းတဖုံနဲ့ သူက သူ့ခြေလှမ်းသစ်၊ အိုင်ဒီယာသစ် စမယ် ဆိုရင်တော့ စောင့်ကြည့်သွားမယ်” ဟု ဦးဇိုဇမ်က ဆိုသည်။
ဦးခင်ညွန့်အနေဖြင့် အာဏာရှင်ပုံစံ၊ ထောက်လှမ်းရေးကို အသက်သွင်းသော နိုင်ငံရေးမျိုး လုပ်မည်ဆိုပါက လက်ခံမည် မဟုတ်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
“လူတယောက်က အမြဲတမ်းဆိုးမနေဘူး၊ အမြဲတမ်းလည်း ကောင်းမနေနိုင်ဘူး။ အပြောင်းအလဲ ရှိနိုင်တာပေါ့။ ကောင်းတဲ့ ဘက်ကို ပြောင်းလာရင်တော့ ကြိုဆိုမယ်။ သူ့ရဲ့ လုပ်ရပ်ကို ကြည့်ရမယ်။ လက်ရှိ အစိုးရလည်း ထိုနည်း လည်းကောင်းပါပဲ။ ဟိုတုန်းကတော့ တပ်မတော်အနေနဲ့ အာဏာရှင်အနေနဲ့ လုပ်ခဲ့တာပဲလေ။ အခုတော့ စနစ်ကို ပြောင်းပြီးတော့ လုပ်တော့ ကျနော်တို့က ကြိုဆိုတာပဲ။ လက်တွေ့လုပ်တဲ့ အပေါ်မှာ ကောင်းတာဆိုရင်တော့ ၀မ်းသာမယ်။ ဟိုတုန်းကလို အာဏာရှင် ပြန်လုပ်မယ်ဆိုရင်တော့ ဘယ်လက်ခံမလဲ” ဟု ဦးသုဝေက ဆက်ပြောသည်။
၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ရာထူးမှ အတင်းအကျပ် အနားပေးလိုက်ပြီးနောက် ထောင်ဒဏ် ၄၄ နှစ် ချမှတ်ထားခဲ့ရာမှ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် မူလက နိုင်ငံရေးမလုပ်ဘဲ လူမှုရေးနှင့် ဘာသာရေး လုပ်ငန်းများသာ လုပ်ကိုင်မည်ဟု မီဒီယာများသို့ မကြာခဏဆိုသလို ပြောဆိုခဲ့ရာမှ မော်ဒန်ဂျာနယ်နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသား နိုင်ငံရေး လုပ်ဆောင်မည်ဟု ထုတ်ဖော် ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဦးခင်ညွန့်သည် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး ပူးပေါင်းမှုကို ထောက်ခံလိုက်ပြီး တပ်မတော် ခေါင်းဆောင်တဦး ဖြစ်ခဲ့သော်လည်း တပ်မတော်သာလျှင် ဆိုသော ဆန္ဒစွဲမျိုး စိတ်တွင်မရှိဟု ဆိုခဲ့ဖူးသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ပူးပေါင်းပြီး တိုင်းပြည်ကောင်းစားရေး တိုင်ပင် လုပ်ဆောင်နေတာလည်း အင်မတန် ကောင်းတဲ့ လုပ်ရပ်ပါ။ ဒါကို အားပေး ထောက်ခံတယ်။ ကောင်းအောင် လုပ်တဲ့သူက တိုင်းပြည်ရဲ့ ခေါင်းဆောင်ပဲ။ အဘက အရင်တုန်းက တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့လို့ တပ်မတော်မှ တပ်မတော်ပဲဆိုတဲ့ ဆန္ဒစွဲမျိုး စိတ်ထဲမှာမရှိဘူး” ဟု ဦးခင်ညွန့်က ပြောခဲ့သည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ၁၉၈၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ န၀တ၊ နအဖ စစ်အစိုးရ အဆက်ဆက်တွင် အတွင်းရေးမှူး ၁၊ နိုင်ငံတော် ၀န်ကြီးချုပ်၊ တပ်မတော် စစ်ဘက်ဆိုင်ရာအကြံပေး၊ တပ်မတော် ထောက်လှမ်းရေး ခေါင်းဆောင် အစရှိသည့် အရေးပါသော ထိပ်တန်းရာထူး ခေါင်းဆောင်တာဝန်များ ထမ်းဆောင်ခဲ့သူဖြစ်သည်။

Thursday, November 01, 2012

ရခိုင်ဒေသအကြောင်း သမ္မတရုံး နဲ့ သတင်းစာဖော်ပြချက် အနည်းငယ်ကွဲပြား

ရခိုင်ဒေသ တကျော့ပြန်ပဋိပက္ခဆိုင်ရာ သတင်းထုတ်ပြန်ချက်ကို မနေ့က သမ္မတရုံး အွန်လိုင်းမှာ  ဖော်ပြထားပါတယ်။
ဒီနေ့ အစိုးရသတင်းစာများမှာလည်း ဒီထုတ်ပြန်ချက်ကို ဖတ်နိုင်ပါပြီ။

သမ္မတရုံး အွန်လိုင်း နဲ့ သတင်းစာ ဖော်ပြချက်မှာ စကားလုံး အနည်းငယ် ကွဲပြားမှု ၂ ခု တွေ့ရမှာပါ။

သမ္မတရုံး - လက်နက်ငယ် ၁၈၀
အစိုးရသတင်းစာ - တူမီးသေနတ် ၁၈၀

သမ္မတရုံး - ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
အစိုးရသတင်းစာ - စစ်ဆေးအရေးယူလျက်ရှိကြောင်း အသိပေး ကြေညာအပ်ပါသည်။

အဲဒီလို ကွဲပြားနေတာပါ။
ဒီထုတ်ပြန်ချက်ကို စကားလုံးပြင်ဆင်လိုက်ခြင်းရဲ့နောက်ကွယ်မှာ ဘယ်လိုဖြစ်ရပ်တွေ ရှိမလဲ ဆိုတာတော့ မခန့်မှန်းနိုင်ပါဘူး။

ဒီထုတ်ပြန်ချက်ရဲ့ အားသာချက်က ဂဏန်းအရေအတွက်တွေ တိတိကျကျ ဖော်ပြထားတာပါပဲ။
အားနည်းချက်ကတော့ သံတမန်ဆန်လွန်းနေတာပါပဲ။ အထူးသဖြင့် အပိုဒ် ၄  ဖြစ်ပါတယ်။

အပိုဒ် ၅ မှာတော့ ငြိမ်းချမ်းရေးပေါ်ထွန်းဖို့ ပူးပေါင်းကူညီကြပါလို့ ပြည်သူအများကို တိုက်တွန်းထားပါတယ်။

သမ္မတရုံး အွန်လိုင်း နဲ့ သတင်းစာ ဖော်ပြချက် ယှဉ်ပြထားတာကို https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgOztqDIxwdcLSe3ko85MsTqJ-MIp3bmMwU-zJRJWX1ezPepl-_slSGRjfdiQ4yZ5YbGeYDZi-GW1vrJYpgkjD-4qSjHdg5aFvejAXL9TRzZ8tZRLIgbQqJ6FBlyYCJRiCfmwc8b9f5qU/s1600/0000+kyay+mon+2+-+899.jpg မှာ ကြည့်လို့ ရပါတယ်။

တော်ဝင် အလုပ်သမားတွေရဲ့ ထပ်ဆင့်တိုး တိုက်ပွဲ


၇ ရက် ဆက်တိုက် နေ့ရောညပါ စက်ရုံရှေ့ စခန်းချဆန္ဒပြနေတဲ့ ရန်ကုန်မြို့ တော်ဝင်မိသားစုကုမ္ပဏီက အလုပ်သမားတွေဟာ ဒီနေ့မှာတော့ တဆင့် ထပ်တိုးပြီး အစာငတ်ခံ ဆန္ဒပြနေပြီ လို့ သိရပါတယ်။

အလုပ်ရှင်တွေဘက်ကလည်း ဆန္ဒပြသူတွေကို ခုံသမာဓိရုံးကို တင်လိုက်ပြီလို့ သိရပါတယ်။

သစ်အချောထည်နဲ့ ပရိဘောဂ ထုတ်လုပ်တဲ့ တော်ဝင် သစ်စက်ရုံမှာ အလုပ်သမား ၁,၀၀၀ ကျော် ရှိပြီး အဲဒီထဲက အလုပ်သမား ၆၀၀ကို ဆောက်လုပ်ရေးဆိုက်ထဲကို ပို့လိုက်တာနဲ့ ပတ်သက်ပြီး အခုလို ဆန္ဒပြတာဖြစ်ပါတယ်။
 


ဆောက်လုပ်ရေးထဲ ရောက်ထဲသွားတဲ့ အလုပ်သမားတွေလို စက်ရုံအလုပ်သမားတွေလို မသတ်မှတ်ဘဲ အပြင်အလုပ်သမားတွေလို သတ်မှတ်ထားပါတယ် တဲ့။

လုပ်အားခကိုတော့ အပြင်အလုပ်သမားတွေကို နေ့စားခ ၄,၀၀၀၊ ၄,၅၀၀ ပေးပြီး သူတို့ကိုတော့ ၂,၅၀၀ဘဲ ပေးတယ်လို့ ပြောပြပါတယ်။

အရင်က ဆောက်လုပ်ရေးဘက်ကို ပို့ခံရတိုင်း စက်ရုံက ထုတ်ပေးတဲ့ အလုပ်သမား ပါမစ်ကဒ်တွေနဲ့ သွားရတာပါ။


လုပ်အားခကိုတော့ အပြင်လူတွေလောက် မရခဲ့ပေမယ့် ဆောက်လုပ်ရေး ပြီးသွားတာနဲ့ တော်ဝင် စက်ရုံကို ပြန်လာရတယ်။

အလုပ်လက်မဲ့ မဖြစ်ဘူးလို့ ဆန္ဒပြအဖွဲ့တွေက ရှင်းပြပါတယ်။

ဒါကြောင့်အလုပ်ရှင်နဲ့ ပြန်ဆွေးနွေးဖို့ ကြိုးစားရင်း အခုလို နေ့ရောညပါဆက်တိုက် ဆန္ဒပြတောင်းဆိုရာကနေ အစာငတ်ခံတဲ့အဆင့်ထိ ရောက်သွားတာပါ။
 


တော်ဝင် ကုမ္ပဏီပိုင်ရှင် ဦးကိုကိုထွေးကတော့ အလုပ်သမားတွေနဲ့ ထပ်ပြီး ညှိစရာမလိုတော့ဘူးလို့ ပြောပါတယ်။

နဂိုကတည်းက ဆောက်လုပ်ရေးအတွက်  သူတို့ကိုသုံးတာဖြစ်လို့ ဆောက်လုပ်ရေးထဲ ပြန်ပို့လိုက်တာဒါကို သူတို့က လက်မခံလို့ မလုပ်ကြတာလို့  ဦးကိုကိုထွေးက ပြောဆိုပါတယ်။

ရခိုင်ဒေသပဋိပက္ခကို အစိုးရ ဘယ်လိုရှင်းနေသလဲ

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့  ရခိုင်ဒေသပဋိပက္ခနဲ့ပတ်သက်ပြီး အစိုးရက ဘယ်လိုကိုင်တွယ်ဖြေရှင်းနေသလဲ၊ ပဋိပက္ခဒေသမှာ အခြေအနေ ဘယ်လိုရှိသလဲ ဆိုတာကို ဆွေးနွေးထားပါတယ်။ 

ဒိတ်လိုင်း ဧရာဝတီမှာ ကြည့်ရှုနိုင်ပါပြီ။