Thursday, November 29, 2012

လက်ပံတောင်းတောင် လူထုအား မတရားပစ်ခတ်တိုက်ခိုက်ခံရသည့်မြင်ကွင်း

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေ၊ပုဒ်မ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေမှာ စုဝေးနေကြတဲ့သံဃာတော်များနှင့် ဒေသခံတွေကို ဒီနေ့ မနက် ၃ နာရီက မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြုပြီး လူစုဖြိုခွဲခဲ့ပါတယ်။



သတင်းမီဒီယာများ၏ ကားနှင့် အများပြည်သူများ၏ ဆိုင်ကယ်များအား မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် ထိုသို့ မီးလောင်ပျက်စီးခဲ့သည့် အချိန်မှာ မျက်ရည်ယိုဗုံးများဖြင့် စတင် ဖြိုခွင်းခဲ့သည့် အချိန်ဖြစ်ကြောင်း သိရသည်။ ဖောင်းကားတောင်ရွာဘုန်တော်ကြီးကျောင်းမှ ဒဏ်ရာအပြင်းအထန်ရရှိသူသံဃာ ၆ ပါးနှင့် လူတစ်ဦးရှိနေပြီး ဖြိုခွင်းမှုကြောင့် ပိတ်မိနေသော အဖွဲ့များ   ဖောင်းကား ဘုန်းတော်ကြီးကျောင်းတွင် ပြန်လည်စုစည်းမိကြပြီဖြစ်ကြောင်းလည်းသိရသည်။ လယ်တီဆရာတော်ဘုရား၏ သိမ်နေရာမှ သပိတ်စခန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီအချိန်အထိ အဆက်အသွယ်မရသေးကြောင်း၊တောင်ကြားနှင့် ဆည်တည်းစခန်းမှ သပိတ်အဖွဲ့တို့အား ရဲတပ်ဖွဲ့မှ ခြိမ်းခြောက်ပြီးပြန်ခိုင်းခဲ့ကြောင်း EMG သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။







ဝမ်ပေါင်ရုံးရှေ့ရှိ သပိတ်စခန်းအား ရဲတပ်ဖွဲ့မှ မီးသတ်ကား တစ်စီးဖြင့် ပိုက်ထိုးကာ လူစုခွဲလိုက်ကြောင်း၊ ရေဖြင့်ထိုးနေချိန်မှာ အချိန် ငါးမိနစ်ခန့်ကြာကြောင်း၊ သို့သော်လည်း လူစုမကွဲသဖြင့် မျက်ရည်ယိုဗုံးများ ဖြင့် ပစ်ပေါက်ကာ အကြမ်းဖက် နှိမ်နင်းခဲ့ကြောင်း သတင်းရရှိပါသည်။
ယခုအခါ အဆိုပါဝမ်ပေါင်သပိတ်စခန်းမှ သံဃာတော်တစ်ပါးမှာ မျက်ရည်ယိုဗုံးမှန်၍ အပြင်းအထန် ဒဏ်ရာရရှိသွားပြီး မဖြူဖြူသင်းမှာလည်း ဒဏ်ရာရရှိသွားသည်။ မသွဲ့သွဲ့ဝင်းသည် သံဃာတော်များနှင့်အတူ ရှိနေပြီး မအေးနက်မှာမူ ပျောက်ဆုံးနေလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဝမ်ပေါင်သပိတ်စခန်းမှ သံဃာတော်များ၊ လူများသည် ယခုအခါ မုံရွာ၊ ပုသိမ် လမ်းမဘက်သို့ ထွက်ပြေးနေရကြောင်း သတင်းရရှိပါသည်။
သပိတ်စခန်းများ ဖြိုခွင်းရုံမက ရွာထဲကိုပါ ၀င်ရောက်စီးနင်း ဖမ်းဆီးမှုတွေ လုပ်နေပြီ လို့ သိရပါတယ်။

Eleven Media Group
ဆည်တဲရွာ သပိတ်စခန်းမှ ရွာသူရွာသားများသည် သပိတ်စခန်းမှ ထွက်ခွာလာပြီးနောက် ၎င်းတို့၏ ရွာသို့ မရောက်ရှိဘဲ သပိတ်စခန်းမှ ရွာသို့သွားရာလမ်းတွင် ပျောက်ဆုံးနေကြောင်း နိုဝင်ဘာလ ၂၉ ရက် နံနက် ၆နာရီတွင် EMG သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

မေသင်္ကြန်ဟိန်(မြစ်မခ)
နိုဝင်ဘာ ၂၉၊ ရန်ကုန်မြို့။
လက်ပန်းတောင်းတောင်ခြေက မြေစာပုံ သပိတ်စခန်းကိ နံနက် ၃နာ၇ီ ၁၅ မိနစ်မှာ ရဲတပ်ဖွဲ့ က လာပြီးတော့ နောက်ဆုံး အကြိမ် ဖယ်ရှားပေးဖို့ လာပြောကြောင်း၊ ၅ မိနစ် စဉ်းစားချိန်ပေးမည်ဟုဆိုကြောင်း၊ ငါးမိနစ် ၄ မိနစ် ၃ မိနစ် ၂ မိနစ် စဖြင့် ရေတွက်ပြီး နောက်ဆုံး စက္ကန့်မှာ မီးသတ်ပိုက်ဖြင့် စထိုးပြီး သပိတ်စခန်းကို ဖြိုခွဲကြောင်း သပိတ်စခန်းတွင် ပါဝင်ခဲ့သူ တဦးထံမှ သိရှိရသည်။
`မီးသတ်ပိုက်နဲ့ စပက်တော့ ရှေ့ဆုံးက သံင်္ယာတွေက ရေလုံးရဲ့ ဒဏ်ကို မခံနိုင်လို့ နောက်ကို လဲပြိုသွားတယ်။ အဲဒီအချိန်မှာ မျက်ရည်ယို ဗုံးနဲ့ ပစ်တယ်ံ။ပြီးတော့ မီးလောင်ဗုံးနဲ့ ပစ်တယ် သံင်္ယာနှစ်ပါး မီးလောင်ဒဏ်ရာ ရတယ်၊ သွဲ့သွဲ့ဝင်းရဲ့ ညီမ ဖြူဖြူဝင်း မှာ မျက်နှာ၊ ပေါင်မှာ မီးလောင်ဒဏ်ရာ ရထားတယ်၊ မီးလောင်ဒဏ်ရာ ရတဲ့ သူတွေရှိတယ်` ဟု သပိတ်တွင်ပါဝင်ခဲ့သူက ပြောသည်။
ထို မြေစာပုံ စခန်းကို ရဲတပ်ဖွဲ့မှ မီးရှို့လိုက်ကြောင်း သိရှိရပြီး၊ သပိတ်စခန်းမှ လူများမှာ ယခု ဖောင်းကားတောင် ကျေးရွာ၊ ဒက္ခိရာမ ကျောင်းတွင် သပိတ်စခန်းဖွင့်ထားကြောင်း သိရှိရသည်။


















https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRcj4byTWIHeAOjQ650mqBYpHfX3B07ZeGQKRlsXnt6XvplCLjL2c6fOd1vgv_IqPCH9x2jdJ68HdBXiBsQj_5iPr2nb3PonDC4-3VBV-q4kUKlIxlOrK4YIC9JSX-vL3pHVPtTnViXYU/s400/302719_495506800472493_224007562_n.jpg