![]() |
အလုပ်ရှင်တွေဘက်ကလည်း ဆန္ဒပြသူတွေကို ခုံသမာဓိရုံးကို တင်လိုက်ပြီလို့ သိရပါတယ်။
သစ်အချောထည်နဲ့ ပရိဘောဂ ထုတ်လုပ်တဲ့ တော်ဝင် သစ်စက်ရုံမှာ အလုပ်သမား ၁,၀၀၀ ကျော် ရှိပြီး အဲဒီထဲက အလုပ်သမား ၆၀၀ကို ဆောက်လုပ်ရေးဆိုက်ထဲကို ပို့လိုက်တာနဲ့ ပတ်သက်ပြီး အခုလို ဆန္ဒပြတာဖြစ်ပါတယ်။
![]() |
လုပ်အားခကိုတော့ အပြင်အလုပ်သမားတွေကို နေ့စားခ ၄,၀၀၀၊ ၄,၅၀၀ ပေးပြီး သူတို့ကိုတော့ ၂,၅၀၀ဘဲ ပေးတယ်လို့ ပြောပြပါတယ်။
အရင်က ဆောက်လုပ်ရေးဘက်ကို ပို့ခံရတိုင်း စက်ရုံက ထုတ်ပေးတဲ့ အလုပ်သမား ပါမစ်ကဒ်တွေနဲ့ သွားရတာပါ။
![]() |
အလုပ်လက်မဲ့ မဖြစ်ဘူးလို့ ဆန္ဒပြအဖွဲ့တွေက ရှင်းပြပါတယ်။
ဒါကြောင့်အလုပ်ရှင်နဲ့ ပြန်ဆွေးနွေးဖို့ ကြိုးစားရင်း အခုလို နေ့ရောညပါဆက်တိုက် ဆန္ဒပြတောင်းဆိုရာကနေ အစာငတ်ခံတဲ့အဆင့်ထိ ရောက်သွားတာပါ။
![]() |
နဂိုကတည်းက ဆောက်လုပ်ရေးအတွက် သူတို့ကိုသုံးတာဖြစ်လို့ ဆောက်လုပ်ရေးထဲ ပြန်ပို့လိုက်တာဒါကို သူတို့က လက်မခံလို့ မလုပ်ကြတာလို့ ဦးကိုကိုထွေးက ပြောဆိုပါတယ်။



