Tuesday, November 20, 2012

ကြေးနီစီမံကိန်း ဆက်လက်တည်ဆောက်မှု ရွာသားများ ဆန္ဒပြ



စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ဒေသက ဆည်တည်၊ မိုးကြိုးပြင် ကျေးရွာ အနီးအနားက လယ်ယာမြေတွေမှာ မြန်မာ-၀မ်ပေါင်ကုမ္ပဏီက အဆောက်အဦးတွေ တည်ဆောက်ဖို့ လုပ်ဆောင်နေတာကို ဒေသခံ (၁၀၀၀) နီးပါးက ဒီကနေ့ သွားရောက် တားဆီး ဆန္ဒပြခဲ့ကြပါတယ်။

အဆောက်အဦးတွေ နေ့စဉ်ရက်ဆက် လာဆောက်နေတာကို ကာယကံရှင် တောင်သူတွေက အကြိမ်ကြိမ် တားနေပေမယ့် ကုမ္ပဏီဘက်က တည်ဆောက်မှုကို လုံးဝ မရပ်သွားပါဘူး။




လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ-၀မ်ပေါင် တရုတ်ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေတာ ဖြစ်ပြီး စီမံကိန်းတ၀ိုက်က ကျေးရွာ ၂၆ ရွာက လယ်မြေဧက (၇၈၀၀) ကျော်ကို ၂၀၁၀ ခုနှစ်က စပြီး သိမ်းယူခဲ့တာကြောင့် မြန်မာပြည်အ၀ှမ်း ဆက်တိုက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။