ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေမှာရှိတဲ့ သပိတ်စခန်းတွေကို ၂၇ရက် (ဒီနေ့)့ ည ၁၂ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန်၊ ဖယ်ရှားခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်ကို နိုင်ငံပိုင် ရုပ်သံ ည ၈ နာရီ သတင်းမှာ ကြေညာသွားခဲ့ပါတယ်။ သတင်းကြေညာပြီး အခုလက်ရှိအချိန်ထိ သပိတ်စခန်းတွေမှာ သံဃာတွေက လုံခြုံရေး ယူထားသလို စီမံကိန်း ဧရိယာမှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့အင်အားကိုလည်း တိုးမြှင့်ထားကြောင်း သတင်းရရှိပါတယ်။
(ဓါတ်ပုံ - ဒီနေ့ သပိတ်စခန်းကို ရောက်ရှိလာတဲ့ မုံရွာမြို့က သံဃာတော်များ)
( ည-၁း၂၀ )
---------------------------------------------
အခုလောလောဆယ်ုသူတို့ က ကျွန်တော်တိုရဲ့ အင်အားအနည်းဆုံးဖြစ်တဲ့ ကျော်ရွာ ဂိတ်ဘက်က နေပြီးတော့ ရဲတွေ က ဒိုင်းတွေကာပြိး ချိုးဖောက်ဝင်ရောက်လာတယ်။
ရဲအင်အား ၁၀၀လောက်ရှိတယ်။တုတ်တွေဓါးတွေနဲ့  ပေါ့နော်။ အဲဒီဂိတ်မှာက ဘုန်းကြီးတွေ ချည်းပဲရှိတယ်။သံဃာတွေချည်းပဲပေါ့နော်။ သံဃာတော် အားလုံးက ဒီမှာတန်းစီထိုင်လိုက်ကြပြီးတော့ သူတို့ မေတ္တာသုတ်တွေရွတ်တယ်။
ပရိတ်တွေ ဘာတွေရွတ်တယ်။ရွတ်ပြီးတော့ သူတို့ ကလုံးဝမဖယ်ပေးဘူး ။ သံဃာတွေကလဲ သူတို့  ဘေးနားက ကွေ့ ပြီးတော့ ပတ်ပြီးတော့သွား။ မသွားရင်သူတို့ ကိုရိုက်ပြီးတော့သွားရင်လည်းသွား ဆိုတဲ့ ပုံစံမျိုးလုပ်နေတယ်။ သူတို့ အဓိကလိုချင်နေတာက အခုကျနော်တို့  အထိုင်ချထားတဲ့  လယ်တီစိန်ကျောင်းပေါ့နော်။လယ်တီဆရာတော်ဘုရားကြီးသီတင်းသုံးသွားတဲ့ စိန်ကျောင်း ဒီစေတီတော်ကို သူတို့ ကအခု ကျတော်တို့ လက်ရှိထိုင်ထား တဲ့ အထိုင်ကိုသူတို့  လိုချင်တာ။ လိုချင်တဲ့ အခါကျတော့ သူတို့ ဘယ်လိုထိုးဖောက်မလဲတော့ကျွန်တော်တို့ မသိဘူး။လောလောဆယ်တော့ကျနောတို့ နာ့း..ဖြည်းဖြည်းချင်း
ဖြည်းဖြည်းချင်းကပ်ကပ်လာတယ်ခင်ဗျ။
ဒါပေမဲ့လည်း ရွာပေါင်း ၂၆ရွာက လူတွေကလည်း အဲဒီ နေရာကို ၀င်ရောက်အားဖြည့်ပေးဖို့ ညတွင်းချင်းလာနေကြပြီ ။ လက်ပန်းတောင်းကြေးနီ စီမံကိန်းရပ်ရေးအတွက် လုပ်ဆောင်သွားမှာဖြစ်လို့ ဘယ်တော့ မှ လက်လျော့မှာမဟုတ်ဘူးလို့ပြောကြတယ်။ သူတို့ တက်လာတာက အဓိက ကြေးနီစီမံကိန်းကို ရပ်တန့်အောင် ပိတ်ဆို့ထားတဲ့သပိတ်စခန်းဖြစ်နေလို့ပဲ ခင်ဗျ။
ရဲတွေကတော့ဘုန်းကြီးတွေကိုမကျော်သေးဘူး။ဘုန်းကြီးတွေနဲ့ မျက်နှာချင်းဆိုင်ပေါ့။မျက်နှာချင်းဆိုင်ကို တဖြည်းဖြည်းနဲ့ တိုးလာတာ။ ဘုန်းကြီးတွေကလည်း လုံးဝမဖယ်ပေးတော့ဘူး။ သူတို့ က အဲဒီ့ နေရာမှာပဲ ငုတ်တုတ်တွေထိုင်ကြ၊ ဘုန်းကြိးတွေကတော့ တင်ပလွေခွေထိုင်ကြပြီးတော့ အကုန်လုံးက မေတ္တာသုတ်တွေ ရွတ်နေတယ်။ ၁နာရီလောက်တော့ရှိပြီပေါ့။ ဘုန်းကြီးတွေ တားထားတဲ့ စည်းတော့မကျော်သေးဘူးခင်ဗျ။
ကိုသော်ဇင်
(မြန်မာနိုင်ငံ ၀ိဇာသိပ္ပံတက္ကသိုလ်ကျောင်းသားများကွန်ယက်)
မှန် လုံ ကား ပုံစံ အချုပ် ကားများ ရောက် ရှိ လာပြီး မုံရွာ ခရိုင် ရဲ မှုး က
" ဘုန်းတော် ကြီး များ အေးအေး ဆေး ကား ပေါ် ကြွကြ ပါ ဟု "ပြော နေသည် ဟု သိရသည်။
ဘုန်းတော် ကြီး များ က ကိုယ်တော် တို့  မရှိ ရင် ခင်ဗျား တို့ ပြည်သူ တွေ ကို ပြစ် သတ် မှာ ဒီမှာ အေးဆေး ထိုင် နေမယ် ။ မရွေ ပေး နိုင် ဘူး ဟု ပြန် လည် မိန့် ကြား သည်။
