ဒီနေ့ အထိန်းသိမ်းခံထားရတဲ့ အန်တီစု အိမ်ရှေ့ကို အရောက်သွားခဲ့တဲ့ ဘုန်းဘုန်းတို့နဲ့အတူ လိုက်ပါအားဖြည့်ကူညီတဲ့ ပြည်သူတွေ၊ သေချာ စဉ်းစားပြီး လမ်းဖွင့်ပေးခဲ့တဲ့ တာဝန်ရှိ ပြည်သူ့ဝန်ထမ်းတွေကို လေးစားစွာ ဦးညွှတ်လိုက်ပါတယ်။ ဘုန်းဘုန်းတို့ စွမ်းပကားဟာ ဂမ်ဘာရီထက်တောင် စွမ်းပါသေးတယ် ဘုရား။ အခုတော့ တပည့်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ကျန်းမာစွာရှိနေကြောင်းမျက်ဝါးထင်ထင် တွေ့မြင် သတင်းကြားရတာလဲ ဘုန်းဘုန်းတို့ စွမ်းပကားပါပဲ ဘုရား။
