ရခိုင်ဒေသပဋိပက္ခနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ ကင်တားနားရဲ့ ပြောဆိုချက်ကို ကန့်ကွက်ကြောင်း၊ သမ္မတဦးသိန်းစိန်ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။
ဆန္ဒပြသူအများအပြားက ဦးသိန်းစိန်ရုပ်ပုံပါ တီရှပ်တွေ ၀တ်ဆင်ထားကြတာကို တွေ့ရပါတယ်။
“သမ္မတကြီးကို ထောက်ခံခြင်းဖြင့် အမိမြန်မာပြည်ကို ကာကွယ်ပါ” ဆိုတဲ့ ဆိုင်းဘုတ်ကိုလည်း ကိုင်ဆောင်ထားကြပါတယ်။