Sunday, March 06, 2011

မြန်မာလေယာဉ်မှူး ၂ ဦး ရုရှတွင် လေယာဉ်ပျက်ကျသေဆုံး

မြန်မာပြည်မှာ အသုံးပြုမယ့် လေယာဉ်တစီး စမ်းသပ်ပျံသန်းနေတုန်း တနင်္ဂနွေနေ့က ပျက်ကျသွားပါတယ်။ ဒီပုံတွေက လေယာဉ်ပျက်ကျတဲ့နေရာနဲ့ ကူညီကယ်ဆယ်ရေး ၀န်ထမ်းတွေ ဖြစ်ပါတယ်။ 

လေယာဉ်ပေါ် ပါသွားတဲ့ လေယာဉ်မှူးတွေ၊ အကူဝန်ထမ်းတွေ စုစုပေါင်း ၆ ဦးသေဆုံးတယ်။ မြန်မာ ၂ ဦး ပါတယ် လို့ သတင်းတွေက ဆိုတယ်။ ဒီ ၂ ဦးအမည်တွေက ထိန်လင်းအောင်၊ ဇော်ထွန်းအောင် တို့ ဖြစ်ပါတယ် တဲ့။
Belgorod ဒေသက Garbuzovo ဆိုတဲ့ ကျေးရွာမှာ ပျက်ကျပါတယ်။

 ပျက်ကျသွားတဲ့ နေရာက ဒေသခံတွေ အထိအခိုက် ရှိတယ် ဆိုတဲ့ သတင်းတွေ မကြားရသေးပါဘူး။

ဒီဖြစ်ရပ်ကို နိုင်ငံတကာက စိတ်ဝင်စားကြပါတယ်။

Google ရဲ့ သတင်းစုစည်းမှု စာမျက်နှာမှာ ဖော်ပြချက်အရ အင်္ဂလိပ်ဘာသာသုံး သတင်းဌာနပေါင်း ၂၆၁ ခုက ဒီသတင်းကို ရေးသားကြ၊ ထုတ်လွှင့်ကြပါသတဲ့။ မြန်မာပြည်သား ၂ ယောက်လည်း ဒီသေဆုံးမှုမှာ ပါဝင်တဲ့အတွက်  မြန်မာသတင်းဌာနတွေ အားလုံးလိုလိုက ဒီသတင်းကို ဖော်ပြကြပါတယ်။


ို့ဒီလိုအမျိုးအစား ခရီးသည်တင် လေယာဉ် ပျက်ကျသွားတာပါ။ တန်ဖိုး ဒေါ်လာ ၂၄ သန်း ကနေ ၃၀ ကြား ရှိပါတယ် တဲ့။ 
လေယာဉ်ကို ဒီလကုန်ပိုင်း မြန်မာပြည်ကို ပို့ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

မြန်မာပြည်က ၂ စီးယူဖို့ စာချုပ်ချုပ်ထားကြောင်း သိရပါတယ်။