ကျနော်တို့ မူစယ်မှာ တီဗွီဂိမ်းလောင်းကစားရုံ ဘယ်လောက်အထိ များသလဲဆိုရင် တရားဝင်ဖွင့်ထားတယ်လို့ တောင် ထင်ရပါတယ်။ မူစယ်ပြည်ထောင်စုလမ်းမကြီးတစ်လျောက်မှာ ၁၆ ခု ၊ လမ်းကြိုလမ်းကြားနဲ့ ဆိုရင်တော့ အများကြီးပေါ့ဗျာ။ အဲဒီအထဲမှာ မြို့လယ်ခေါင်ဈေးအနီးမှာ အများဆုံးပေါ့။ လူကြီးတွေဆို သိန်းဂဏန်းအထိ လောင်းကြတယ် ကျောင်းသားအရွယ်တွေဆို ရတဲ့မုန့်ဖိုးလေးတွေ ထောင်ဂဏန်းအထိ လောင်းကြတယ် ၂၄ နာရီလူ စည်ကား နေတာပါ။
အရင်တစ်ခါက လောင်းကစားဝိုင်းတစ်ခုကို အရေးယူပြီးနောက်ပိုင်း အခုဖွင့်ထားတာတွေကို အရေးမယူတာ ကြောင့် ဆိုင်ကယ်ပျောက်မှု ခိုးမှုတွေ မကြာခဏဖြစ်နေပါတယ် ။ လူငယ်တွေစာရိတ္တအတွက်လည်း စိုးရိမ်ရပါတယ်။