Monday, January 10, 2011

မယက/ကျောက်တံတား ၀န်ထမ်း ရိုင်းစိုင်း

အုပ်ချုပ်သူအစိုးရ သမာသမတ်ကျစွာ သိက္ခာရှိရှိ အုပ်ချုပ်ရမည်။
လုပ်ထုံးလုပ်နည်းမှန်ကန်ရမည်။
ပြည်သူများအနေဖြင်. အခွန်အခများကို ပြဌန်းချက်နှင်.အညီ ထမ်းဆောင်ရမည်။ယင်းသို. ပြည်သူနှင်. အစိုးရ ပေါင်းစပ်လက်တွဲပြီး နိုင်ငံတော် ကြီးတည်ဆောက်ပါက မလွဲမသွေ ဖွံြိ့ဖိုး တိုးတက် မည်သာဖြစ်သည်။

သို.သော်ငြားလည်း .............
အုပ်ချုပ်သူအစိုးရမှ တာဝန်ပေး ခန်.အပ်ထားသော အစိုးရ ကိုယ်စားပြု ၀န်ထမ်းအချို.၏ ကိုယ်ကြိုးရှာ ၊ ငါဟူသော အာဏာ ၊ ဘယ်သူ.ဂရုစိုက်ရမှာလဲ ၊......စသည် မင်းမဲ့ စရိုက်များကြောင်. ခံစားရသူများမှာ ပြည်သူများပင်ဖြစ်ပေသည်။

ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံ့တားမြို.နယ်(မယက) ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၊
(၁) ..ဦးအောင်ကျော်ဇေယျ(မယက).......ဥက္ကဌ /မယက/ကျောက်တံတား

(၂)..ဒေါ်စောမွန်လှ ........ဒုဦးစီးမှူး/မယက/ကျောက်တံတား

၎င်းတို.နှစ်ဦးသည် တစ်ဦးချင်းသော်လည်ကောင်း၊ နှစ်ယောက်ပေါင်းရ်ျသော်လည်းကောင်း ၊မြို.နယ်အတွင်းရှိပြည်သူများအပေါ် အကျင်.ပျက်ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံ အုပ်ချုပ်လျက်ရှိပါသည်။ ယင်းအချက်များမှာ..........
- မြို.နယ်တွင်းရှိ လူများအပေါ် ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံခြင်း။
- ရွေးကောက်ပွဲ အနိုင်ရရှိသည်. ကြံ.ခိုင်ရေး ပါတီကိုယ်စားလှယ်များနှင်. ပြသာနာများ ဖြစ်ပွားခြင်.။

- မြို.နယ်တွင်းရှိ ဆောက်လုပ်ရေး ကန်ထရိုက်များထံ အဓမ္မငွေများ တောင်းခံခြင်း။

- အရှိန်အ၀ါ အာဏာ သုံးရ်ျ ချိန်းခြောက်ခြင်း။

- လ၀က ပုံစံ(၁၀) ၊ အ၀င် အထွက်အပေါ် အဓမ္မ (အလှူ ငွေများ အကြောင်းပြရ်ျ) ငွေ သုံးသောင်း မှ ငါးသောင်း ကျပ်ထိတောင်းရမ်းခြင်း။
- နိုင်ငံသား စိစစ်ရေးကဒ် ထောက်ခံချက်များအား တစ်ဦးလျင် တစ်သိန်းစီအဓမ္မ တောင်းခံချင်း။

- ယစ်မျိုးဆိုင်(အရက်ဆိုင်) များအား ခေါ်ယူရ်ျ အဓမ္မ ငွေများ တောင်းခြင်း/အလှူငွေအကြောင်းပြ၍ကောက်ခံခြင်း...တို.ဖြစ်ပါသည်။


ယင်းသို.သော အကျင်.ပျက် ရိုင်းစိုင်းသော ၀န်ထမ်းများကြောင်. အုပ်ချုပ်သူအစိုးရ များစွာ သိက္ခာကျပါသည်။
သို.ပါရ်ျ ယင်းဝန်ထမ်းများအား တည်.မတ်ထိန်းကျောင်းပေးနိုင်ပါရန် သက်ဆိုင်ရာ အထက်အဆင်.ဆင်.(သို.) ပြည်ထဲရေးဝန်ကြီးအား လေးစားစွာ အသိပေးအပ်ပါသည်။

လေးစားလျက်
လုပ်ငန်းရှင်တစ်ဦး(ကျောက်တံတား)