Sunday, January 09, 2011

မှောင်ခိုစနစ်ကိုပဲ လိုလားသူများ

အမှန်ကို သိစေချင်လို့ ပါ

မြ၀တီ-ထိုင်းဆက်သွယ်ထားတဲ့ ချစ်ကြည်ရေးတံတာကို ဒေသ အာဏာပိုင်ဖြစ်တဲ့ တပ်မမှူးနဲ့ ဗျူဟာမှူးတို့ ဟာ လုံခြုံရေးကို တာဝန်မခံနိုင်လို့ မဖွင့်ဘူးလို့  ပြောနေကြပါတယ်။
စစ်တပ်ဆိုတာလုံခြုံရေးကို တာဝန်ယူဖို့အတွက်ပါပဲ။

ဒါပေမဲ့ စစ်တပ်ဟာ တရားဝင် ကုန်သွယ်ရေး စနစ်ကို မလိုလားဘူး။ မှောင်ခိုစနစ်ကိုပဲလိုလားတယ်။
မှောင်ခိုစနစ်မှ သူတို့ လုံခြုံရေးကို အကြောင်းပြပြီး ဂိတ်ဖွင့်ပိုက်ဆံကောက်လို့ ရတာပေါ့။
ပြည်သူတွေကလည်း စစ်တပ်ရဲ့ လုပ်ရပ်ကို ကောင်းကောင်း သိနေကြပါတယ်။

ဒီနေ့စစ်တပ်ရဲ့လုပ်ရပ်ဟာ နောက်လာမဲ့အနာဂတ်မှ စစ်သားဆိုရင် ပြည်သူတွေက ချီးလိုရွံ့ပြီး မုန်းလာကြမှာပါ။
စစ်တပ်ဆိုရင် ဂျပန်ခေတ်က ဂျပန်တွေလိုပဲလို့  ထင်ကြတယ်။
စစ်တပ်ကတော့ ပြည်သူတွေရဲ့အသက်အိုးအိမ်တွေကို စောင့်ရှောက်ရမဲ့ တာဝန်ဟာ စာထဲမှာပဲရှိပါတယ်။
လက်တွေ့မှာတော့ ပြည်သူတွေကြားထဲဝင်ပြီး နည်းမျိုးစုံ ပိုက်ဆံရှာနေကြတာပါပဲ။

စစ်သားတွေ စစ်ဗိုလ်တွေရဲ့ ထားရှိတဲ့စေတနာဟာ အနာဂတ်မှ တွေ့လာမဲ့ ပုံရိပ်ကတော့ ပြည်သူချည်ဖတ်ပါပဲ။

ဒီကေဘီအေနဲ့ တိုက်ပွဲတွေ ဖြစ်တယ်ဆိုတာကလည်း တချိန်က ပုလင်းတူ ဗူးစို့တွေပါပဲ။
ကားမှောင်ခိုလုပ်တာခြင်းအတူတူ အဝေမတည့်လို့ ဖြစ်တာပါ။
ဒီကေဘီအေ ဗိုလ်ကျော်သက်က ကားမှောင်ခိုချတဲ့အချိန်မှာ ဗျူဟာမှူး ဗိုလ်မှူးကြီးခင်မောင်ဌေးက သင်္ဃန်းညီနောင် ဂိတ်ကနေ ဂိတ်ကြေးကောက်ကြတာပါပဲ။
စီးပွားဖက်ပါပဲ။


ရွှေပိုးစားတော်စက်မှာ အတူတူ ၀ိုင်းဖွဲ့ခဲ့ကြတာပါ။
ချစ်ကြည်ရေးတံတားပိတ်ထားတဲ့အတွက် စစ်တပ်ဟာ အကောက်များစွာရကြပါတယ်။
ဒါကြောင့် ချစ်ကြည်ရေးတံတားကို အမြဲပိတ်စေချင်ပါတယ်။
စစ်တပ်ရဲ့ စိတ်ထားမကောင်းတဲ့ စိတ်ဓာတ်ကြောင့် မြန်မာပြည်သူတွေဟာ သူများနိုင်ငံမှာ အနှိမ်ခံကြရတာပါ။
စစ်တပ်ကတော့ ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းခဲ့တဲ့ တပ်မတော်နဲ့ တခြားစီဖြစ်နေပါတယ်။
တပ်မတော်ဗိုလ်လောင်း သင်တန်းတွေမှာဆိုရင် အတန်းကြီးတဲ့သူက အတန်းငယ်တဲ့သူကို ဖာခေါ်ပေးခိုင်းတဲ့ သင်ရိုးညွှန်းတန်း ထည့်စွဲထားတဲ့အတွက် အနာဂတ်မှ စစ်တပ်ဟာ ဖာခေါင်းဗိုလ်လောင်း လို့ ပြောလို့ ရပါတယ်။

သူတို့ အနေနဲ့ ကြားကောင်းအောင် စိတ်ဓာတ်ခိုင်မာအောင် လေ့ကျင့်ပေးတယ်လို့ ပြောတယ်။
မြန်မာနိုင်ငံစစ်တက္ကသိုလ်အကြောင်းကို ပြောရမှာတောင် သိပ်ရှက်မိပါတယ်။


ဒါတစ်ခုတည်းပဲ ရှိပါသေးတယ်။
အားလုံးကိုတော့ စေတနာသန့်သန့်နဲ့ ပြုပြင်စေချင်ပါတယ်။

အဖြစ်မှန် တင်ပြလိုက်သူ
မွန်လေး