Friday, October 01, 2010

လာဘ်စားတာ မဟုတ်။လာပေးတာ

နအဖ ၀န်ကြီး ဌာနတစ်ချို့မှာ အကြီးအကျယ် လာဘ်စားနေကြပါတယ်။ ငယ်သည့်ဝန်ထမ်းများအနေဖြင့် ရုံးတွေမှာ အနည်းငယ် တောင်းရမ်းရတာကို လာဘ်စားသည်ဟု ဆိုလိုသော်လည်း၊ ရာထူးကြီးသောဝန်ထမ်းများအဖို့  ရုံးတွင် မယူဘဲ ၊ နေအိမ်သို့ လာပေးနေသည့်အတွက် လာဘ်စားသည်ဟု မယူဆဘဲ ၊ လာပေးတာ စားနေရတယ် လို့  ပြောဆိုနေတာကို ကြားသိနေရပါတယ်။

ကရင်ပြည်နယ်မှာ ရှိတဲ့ ပယကဥက္ကဌ ဗိုလ်မှူးချုပ်ဇော်မင်း မှာတော့ - မြ၀တီမြေလွတ်မြေရိုင်းတွေကို ၀န်ထမ်းတွေအတွက် မြေနေရာချထားပေးခြင်းမရှိဘဲ လုပ်ပိုင်ခွင့်အာဏာကို ရယူကာ -လယ်ယာမြေကို နိုင်ငံပိုင်ပြုလုပ်တဲ့ ဥပဒေပုဒ်မ လန(၃၉) ပြုလုပ်ရာမှာ ဦးလှသိန်း မြေလွတ်ဧက (၄)ဧကအတွက် ကျပ်သိန်း(၄၀၀)၊ အောင်မြင် တည်းခိုခန်းပိုင် မြေလွတ်(၂)ဧကအတွက် ကျပ်သိန်း(၂၀၀)၊ ဦးကျော်ဟိန်း မြေလွတ်(၁၀)ဧကအတွက် ကျပ်သိန်း(၁၀၀၀) တို့ကို တောင်းယူပြီး လာဘ်စားတာကို လာပေးတာလို့ပဲ ပြောမှာလား။

မြို့နယ်မှ ခရိုင်၊ ခရိုင်မှ ပြည်နယ်အဆင့်ဆင့် မတက်ဘဲ ၊ ပြည်နယ်မှ တိုက်ရိုက် လုပ်တဲ့အတွက် န၀တ၏ စကားရပ်များ= ၈/ ၈၈ ဆိုတာတွေ ဘယ်ရောက်ကုန်ပါသလဲ။ တာဝန်နဲ့လုပ်ပိုင်ခွင့်ဆိုတဲ့ သက်ဆိုင်ရာ ဦးစီးဌာနတွေရဲ့ တာဝန်ဟာ ဘယ်ရောက်ကုန်ပါသလဲ ခင်ဗျား။

ပြည်သူမတင်မြှောက်တဲ့ ၀န်ကြီးချုပ် သိန်းစိန်ရယ်- ကိုယ်ခန့်ထားတဲ့ ပြည်နယ်အဆင့်ရာထူးကြီးတွေက မတော်လောဘနဲ့ဖောက်ပြန်လို့  စည်းမစောင့်တော့လို့ အောက်ခြေ၀န်ထမ်းငယ်တွေဟာ လစာနဲ့မလောက်လို့  ...၁၀၀၀ိ/ ၊ ၃၀၀၀၀ိ/ တောင်းယူပြီး ဖောက်ပြန်ရတာကို နားလည်ပေးစေချင်ပါတယ်။