Tuesday, October 05, 2010

ကြံ့ဖွံ့ကို လှောင်သောကြောင့် ဂျာနယ် ၂ ပတ် အပိတ်ခံရ

ပည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို နောက်ပြောင် ထားသည်ဟု ယူဆရသော ကာတွန်းကြောင့် ပြည်တွင်း အပတ်စဉ်ထုတ် The Favorite သတင်း ဂျာနယ်ကို စာပေစိစစ်ရေးက သီတင်း ၂ ပတ် ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

“အရင် တပတ်က ပါသွားတဲ့ ကာတွန်းကြောင့် စာပေစိစစ်ရေးက ဂျာနယ်ကို ၂ ပတ်နားဖို့ ပြောလိုက်တာ” ဟု ရန်ကုန် အခြေစိုက် အယ်ဒီတာ တဦးက ဧရာဝတီသို့ ပြောသည်။

လူပုံစံ ၀တ်စုံ အဖြူ၊ အစိမ်းဖြင့် ရေးဆွဲ သရုပ်ဖော် ထားသော ကာတွန်း ပုံကြောင့် ကြံ့ဖွံ့ပါတီကို နောက်ပြောင် ထားသည်ဟု ယူဆကာ စာပေစိစစ်ရေးက ယခုကဲ့သို့ ပိတ်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ အယ်ဒီတာက ဆိုသည်။