Wednesday, February 02, 2011

လူကြီးလူငယ် ပူးပေါင်းရန် ဒေါ်စု တိုက်တွန်း

နိုင်ငံ့ကောင်းကျိုးအတွက် လူကြီးနှင့် လူငယ် ပူးပေါင်းရန် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းမောင် (ဝါးခယ်မ) ၏ ၉၂ နှစ်မြောက် မွေးနေ့ပွဲတွင် ပြောကြားခဲ့သည်။

လူကြီးနှင့် လူငယ် အပြန်အလှန် လေးစားပြီး၊ နိုင်ငံ့ကောင်းကျိုးအတွက် ပူးပေါင်းလုပ်ကိုင်ရန် တိုက်တွန်းပြောဆိုခြင်း ဖြစ်သည်။

“ဒီခေတ်လူငယ်တွေဟာ နောင်တခေတ်ရဲ့
ds3s
ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းမောင်(ဝါးခယ်မ) ၏ ၉၂နှစ်ပြည့်မွေးနေ့ပွဲတွင် ဂုဏ်ပြုစကားပြောကြားနေသောဒေါ်အောင်ဆန်းစုကြည်
ခေါင်းဆောင်ဖြစ်ရမယ်၊ ခေါင်းဆောင်ဖြစ်မယ့် လူတွေဟာ အရည်အချင်း ရှိဖို့၊ လူကြီးနဲ့ လူငယ် အပြန်အလှန် လေးစားဖို့ လိုတယ်၊ လူငယ်တွေက ခေတ်မီနည်းပညာတွေ ပိုပြီးတော့ နားလည်ကျွမ်းကျင်မယ်၊ အဲဒီလို ကျွမ်းကျင်မှုနဲ့ လူကြီးတွေရဲ့ အတွေ့အကြုံတွေ ဆက်စပ်ပြီးတော့ ကောင်းမွန်အောင် ဆောင်ရွက်သွားဖို့ တိုက်တွန်းတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သခင်သိန်းမောင်၏ မွေးနေ့ပွဲကို ရန်ကုန်မြို့ တာမွေနတ်ချောင်းရှိ မဟာသန္တိသုခ ဘုန်းကြီးကျောင်းတွင် ယနေ့မနက် ကျင်းပရာ စာရေးဆရာကြီးများဖြစ်သည့် ဒဂုန်တာရာနှင့် ပါရဂူ၊ NLD မှ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဖြိုးမင်းသိန်းနှင့် ဧည့်ပရိသတ် ၄ဝဝ ခန့် တက်ရောက်ခဲ့သည်။