
ခင်ခင်မင်မင်၊ ဟန်ဆောင်မှု မလို။
လွှတ်တော်ထဲ ငါတယောက်တည်း ထိပ်က ခုံမြင့်ကြီးမှာ၊ ပြုံးမရ၊ ရယ်မရ၊ လေလည်မရနဲ့၊ လာချပေးတာ ဖတ်နေတာ။ အခု အေးအေးနေရတုန်း ခပ်ပြုံးပြုံးနေမှ၊ ငါ့လောက် ဘယ်သူမှ စမတ်မကျဘူး ... ဟဲ ဟဲ ...ဆိုတဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ခင်အောင်မြင့်။
သိန်းစိန်နွားက သမ္မတတဲ့၊ ဟင်း၊ ဒီကောင့်ကို သီဟသူရ တင်အောင်မြင့်ဦးဆိုတဲ့ ငါက အလေးပြုရမှာလား ... ဦးညွှတ်ရမှာလား မသိ၊ ဟိုက် ... ငါဝတ်ထားတာ ထမီလို ဖြစ်နေပါပေါ့လား။
မျက်နှာက တင်းထားရအောင်လည်း စစ်တပ်ထဲမဟုတ်၊ ပျော့ထားရအောင်လည်း စစ်ဝတ်စုံကြီးနဲ့၊ ဆိုတော့ကာ ဗိုလ်အမတ်တွေက နှုတ်ခမ်းတွေ စူထားကြတယ် ထင်ပါ့။


