Wednesday, February 09, 2011

SEA Globe က ရွေးတဲ့ ဘလော်ဂါ ၅ ဦး

Southeast Asia Globe မှာ အရှေ့တောင်အာရှက ထိပ်တန်း အွန်လိုင်း တက်ကြွလှုပ်ရှားသူ ငါးဦး စာရင်းကို ဖော်ပြထားတာ တွေ့ရပါတယ်။ မြန်မာအနေနဲ့ ဒေါက်တာ ဇာနည် အပါအဝင်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားတို့က ဘလော်ဂါ တက်ကြွလှုပ်ရှားသူတွေပါ။

(၁) Chap Sopheap (ကမ္ဘောဒီးယား)
တရားမမျှတမှု၊ လူ့အခွင့်အရေးနဲ့ ခြစားမှုတွေ ဖော်ထုတ်ရေးသားပါတယ်။ သူ့ရဲ့ ရဲရဲရင့်ရင့် ဝေဖန်ပြောကြားချက်တွေကြောင့် သူ့ကို အောင်ဆန်းစုကြည် အသေးစားလို့တောင် အမည်ပေးကြပါသတဲ့။ (သူ့ကို ဘန်ကောက်မှာ တွေ့စဉ်က သူ့ဘလော့ဂ်ကို ၂၀၀၇ စက်တင်ဘာမှာ စရေးကြောင်း၊ ရွှေဝါရောင်တော်လှန်းအကြောင်းကို သူရေးခဲ့ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း မေးမြန်းပါတယ်။ သွက်သွက်လက်လက် ပြောရဲဆိုရဲ ပွဲတိုးတဲ့ ကမ္ဘောဒီးယားသူ ဖြစ်ပါတယ်။) sapheapfocus.com

(၂) Soonthon Prueksapipat (ထိုင်း)
thaifreenews.org ကို တည်ထောင်သူပါ။ ၂၀၀၆ မှာ စရေးပါတယ်။

(၃) Nguyen Van Hai (ဗီယက်နမ်)
Club of Free Journalists ကို တည်ထောင်သူ။ အခွန်ရှောင်မှု အကြောင်းပြပြီး ထောင် ၂ နှစ်ချခံရသူ။

(၄) မောင်ဇာနည် (မြန်မာ)
သူကတော့ မြန်မာတွေ ရင်းနှီးပြီးသားကပါပဲ။ ဒေါက်တာဇာနည်ကတော့ Free Burma Coalition ကို တည်ထောင်သူ။ pyinnya.com ကို ထောင်ပြီး ပညာရေး၊ နိုင်ငံရေး၊ သုံးသပ်ချက်တွေ ရေးသူ။

(၅) Raja Petra Kamarudin (မလေးရှား)
မလေးရှား တူဒေး ဝက်ဆိုဒ်မှာ သတင်းဆောင်းပါးတွေ ရေးပြီး မနှစ်က မလေးရှားကနေ ဗြိတိန်ကို ထွက်ပြေးရသူ။ ထွက်မပြေးခင် ၂၀၀၄ မှာ တခါ၊ ၂၀၀၈ မှာ တခါ အဖမ်းခံရသေးသည်။ malaysia-today.net