ရန်ကုန် NLD ရုံးချုပ်၌ ကျင်းပသော ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်း ၏ ၉၆ နှစ်မြောက် မွေးနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Getty Images)
“အစိုးရ သတင်းစာရဲ့ ရေးသားချက်ကြောင့် ဒေါ်အောင်ဆန်း စုကြည်အတွက် စိုးရိမ်မှု ဖြစ်ရပါတယ်။ ဒီ သတင်းစာ အရေးသားတွေရဲ့ နောက်မှာ ရည်ရွယ်ချက် တစုံတရာ ရှိနေတာ အသေအချာပါ။ အန္တရာယ်တွေ ကြုံလာနိုင်ပါတယ်”ဟု ပီဂျေ ခရော်လီက ပြောကြားခဲ့ သည်။
စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ထားခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၊ NLD တို့နှင့် မသက်ဆိုင်ကြောင်း၊ အနောက် နိုင်ငံများက ၎င်းတို့၏ သဘောထားအရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒီမိုကရေစီ ကျင့်စဉ်မရှိခြင်း တို့ကြောင့် ဖြစ်ကြောင်း NLD က ဖေဖော်ဝါရီ ၈ ရက်တွင်ထုတ်ပြန် ကြေညာခဲ့ပြီးနောက် စစ်အစိုးရ သတင်းစာက ဒေါ်အောင်ဆန်း စုကြည်နှင့် NLDကို ဝေဖန်တိုက်ခိုက် ရေးသားခဲ့သည်။
NLD ၏ ထုတ်ပြန် ကြေညာချက်တွင် အနောက် နိုင်ငံများက ပိတ်ဆို့အရေးယူမှုသည် စစ်အစိုးရကိုသာ ထိခိုက်ပြီး ပြည်သူများ၏ လူ နေမှု ဘ၀များကို တိုက်ရိုက် မထိခိုက်ဟူသော အချက်လည်း ပါဝင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်ခဲ့ပြီးနောက် အစိုးရ သတင်းစာ က ဖေဖော်ဝါရီ ၁၃ ရက်၌ ပထမဆုံးအကြိမ် ခြိမ်းခြောက် ရေးသားလိုက်ခြင်းဖြစ်သည်။