Tuesday, February 08, 2011

တိုးချဲ့စစ်တိုင်းရုံးသစ်ကြောင့် ဒေသခံလူထု လူ့အခွင့်အရေးချိုးဖောက်ခံရ

Print
စစ်တိုင်းရုံးသစ်တိုးချဲ့တည်ဆောက်နေဆဲသျှမ်းပြည် အလယ်ပိုင်းကာလိမြို့နယ်ခွဲကျေးလက်လူထုများ လူ့အခွင့်အရေး ချိုးဖောက် ခံနေရကြောင်းနယ်စပ် သတင်းရပ်ကွက်ကဆိုပါသည်။
သျှမ်းပြည်သားများအား ဘော်တာထမ်းချောဆွဲသည့် နအဖစစ်ကြောင်း
“အပြစ်မရှိလဲ ဖမ်းဆီးချုပ်နှောင်ပြီး ရိက္ခာတောင်းတယ်။ တချို့ရွာတွေမှာဆိုရင် ကြက် ၀က် ကျွဲ နွားမကလို့ကြောင်တောင် မထား ဘူး။ မဟုတ်ရင်လဲ ရွာအလိုက် စိုက်တဲ့ ဟင်းသီးဟင်းရွက် အသီးအနှံဆင့်ဆိုတယ် ” ဟု တောင်ကြီး-ကွန်ဟိန်း ကုန်သည်တဦးက ပြောပြသည်။

ပြီးခဲ့သည့်လ ၂၄ ရက်က ကာလိ-မိုင်းဇန်ကားလမ်းဆောက်လုပ်ရေး လုံခြုံရေးတာဝန်ယူသည့် ကွန်ဟိန်း ခမရ  ၅၂၄  မှ ဗိုလ်ကြီး ပိုင်စိုးက  ဟိုပန်အုပ်စု ပန်ဝိပလောင်ရွာသူကြီးအား အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ကာ သင်းကြက် ၃ ကောင်ဆင့် ဆိုကြောင်း ကာလိ ဒေသခံတဦးကပြောပြသည်။

“ သင်းကြက် ၃ ကောင်နဲ့လာမရွေးရင် သူကြီးကိုပြန်မလွှတ်ပေးဘူးဆိုပြီး တစ်နာရီကျော် ဖမ်းချုပ်ထားတယ်။  သူကြီးနဲ့ပါ သွားတဲ့ ရွာသားတယောက်  ရွာပြန်ပြီး သင်းကြက်ယသွားပေးမှပြန်လွှတ်တယ်” ဟုဆို၏။

သင်းကြက်(သင်းထားသောကြက်ဖ)သည် သာမန်ကြက်များထက် ဈေးနှစ်ဆပိုကြီးကြောင်း၊ လက်ရှိကြက်အရှင် တပိသာ ပေါက် ဈေး ၅၀၀၀ ကျပ်ရှိလျှင် သင်းကြက်မှာ ကျပ် ၈ ထောင်ထက်မနည်းရှိကြောင်း၊ သင်းကြက်များမှာ  ဂရုတစိုက် မွေးမြူကြရပြီး တရုတ်နှစ်သစ်ကူးရာသီတွင် တရုတ်လူမျိုးများက အ၀ယ်လိုက်သောကြောင့် မိသားစုဝင်ငွေအလုံး အရင်းရရှိစေရန် မွေးမြူကြ ခြင်းဖြစ်ကြောင်း သင်းကြက်မွေးမြူထားသူ ကွန်ဟိန်းဒေသခံတဦးက ပြောပြပါသည်။ 

တိုးချဲ့ကားလမ်းဘေးနေထိုင်သည့် ကျေးလက်ဒေသခံများမှာလည်း အဓမ္မလုပ်အားအပြင် အိမ်မွေးတိရိ စ္ဆာန်များ ကြောင်ပါမကျန် ယူငင်စားသောက်ခြင်းခံရသည်ဟုဆို၏။ ကားလမ်းဘေးရှိ ပန်ဝိ၊၀မ့်မိုင်နှင့်ကောင်းခါးရွာတို့အပြင် ကားလမ်းနှင့်ဝေးသော ပလောင်ရွာများသို့ ကားလမ်းဆောင်လုပ်ရေး လုံခြုံရေးတပ်ဖွဲ့က သွားရောက်မွှေနှောက်ရှာဖွေကာ ဘိန်းခွန်ကောက် ဘိန်းစိမ်းဆင့် ဆိုမှုများလည်း ပြုလုပ်ခဲ့ကြောင်း ပလောင်ရွာဒေသခံများနှင့်အမျိုးတော်စပ်သူ  ကာလိဒေသခံတဦးကပြောပြသည်။

“ ရွာသားတွေ တောင်ယာသွားအလုပ်လုပ်ရင်၊ ဘိန်းခြံသွားရင် ဗမာစစ်သားတွေက လမ်းမှာစောင့်ပြီးဖမ်းတယ်။ ပြီးရင် တယောက်ကို ၅၀၀၀ ကျပ်/ ၁၀၀၀၀ ကျပ်နဲ့ပြန်ရွေးဖို့ သူတို့ဆွေမျိုးသားချင်းတွေကို အကြောင်းကြားတယ်။ဘိန်းစိမ်း လဲတောင်း တယ်။ ခါ့ခူး၊ ယာဘ တွေလဲတောင်းတယ်။ ဗမာစစ်သားတွေ ဘိန်းမရှူတတ်တဲ့လူမရှိသလောက်ဘဲ ”
ဟု ၎င်းကပြော၏။

ကွန်ဟိန်းအခြေစိုက် အဆိုပါ ခမရ  ၅၂၄ နှင့် ခလရ ၂၄၆ တို့သည် ၁၉၉၆ - ၉၇ ခုနှစ် သျှမ်းပြည်အလယ်ပိုင်း/ တောင်ပိုင်း ကျေးလက်လူထုအား နေရပ်စွန့်ခွာ အဓမ္မပြောင်းရွှေ့ခိုင်းခဲ့စဉ် သတ်ဖြတ် မုဒိန်းကျင့် လူ့အခွင့်အရေးချိုးဖောက်မှု၌ နာမည်ကြီး လက်စွမ်းထက် လက်မရွံ့တပ်များဖြစ်ကြောင်း သျှမ်းပြည်နိုင်ငံရေး လေ့လာသည့် ပုဂ္ဂိုလ်များက သုံးသပ် ပြောဆိုကြသည်။