Friday, February 04, 2011

နအဖ ခေတ်၊ ရသမျှညှစ်၊ မီးသတ်+ ရယက ဥက္ကဌဖြစ်

နမ့်ခမ်းမြို့ စာရေးတန်းရပ်ကွက် ရယကဥက္ကဌ ဦးစံညွန့်ဟာ ရပ်ကွက်ထဲတရုတ်နှစ်သစ်ကူးပွဲ  ကျင်းပဖို့ (၂-၂-၂၀၁၁) ရက်နေ့က ရပ်ကွက်တွင်းရှိပြည်သူများအား တစ်အိမ်ထောင် လျှင် (၅၀၀၀) ကျပ် အထက်ကောက် ယူပါသည်။
(၂-၂-၂၀၁၁)ညမှာတော့ မြို့နယ် ရယကဥက္ကဌအပါအဝင် ဌာနဆိုင်ရာလူကြီးများကို ထမင်းခေါ်ကျွေးပေမဲ့ရပ်ကွက်သူ ရပ်ကွက်သားများကို ကျွေးမွေးခြင်းမရှိပါ။

တရုတ်နှစ်သစ်ကူးကို နမ့်ခမ်းမြို့တွင်းရှိ ရပ်ကွက်များ ကျင်းပလေ့မရှိပါ။ဦးစံညွန့်က သူအားကိုးစရာ မြို့နယ်မှူး ဦးလှဝင်း တခြားနယ်ကိုပြောင်းသွားတဲ့အတွက် တရုတ်နှစ်သစ်ကူးပွဲကို အခွင့်ကောင်းယူပြီးလူကြီးများကိုဖား ခြင်းသာဖြစ်တယ်။တရုတ်နှစ်သစ်ကူးပွဲကို တရုတ်သာရေးနာရေး အသင်းကပဲ ဦးစီးကျင်းပလေ့ရှိပါတယ်။ဒီနှစ်တော့ ဦးစံညွန့်ဟာ တရုတ်သာရေးနာရေးအသင်းကို ပြိုင်ပြီး ကျင်းပတာပါပဲ။ တရုတ်သာရေးနာ ရေးအသင်း တာဝန် ရှိသူတစ်ဦးပြောပြချက်အရ ဦးစံညွန့်ကို အသင်းထဲ နေရာမပေးတဲ့အတွက်သူဒီလိုလုပ်တာပါ။ ဂရုစိုက်စရာ မလိုပါဘူးတဲ့။

ဒါပေမဲ့ သူ့ငွေဖြင့်မကျွေးပဲ ပြည်သူများကိုအနိုင်ကျင့် ငွေကောက်ပြီးအသုံးချတာကတော့ ယုတ်မာပါတယ်။ ဦးစံညွန့် အဖေကတရုတ်၊အမေကရှမ်းဖြစ်ပြီး ဥပဒေနဲ့ မလွတ်ကင်းတဲ့ လုပ်ငန်းများကို ရယကဥက္ကဋ္ဌအပါအဝင် ဌာနဆိုင်ရာလူကြီးများနဲ့ ပေါင်းပြီးလုပ်စားလာတာ နှစ် (၂၀) လောက်ရှိပါပြီ။ ဥပမာကျွန်းသစ်၊ ရွှေလီမြစ်အောက် ပိုင်း သလင်းကျောက်၊ ဘိန်းမှောင်ခိုအရောင်းအဝယ် လုပ်ငန်းများဖြစ်ပါတယ်။

ဒါ့အပြင်ဦးစံညွန့်ဟာ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှူးတစ်ယောက်ဖြစ်ပြီး တကယ်လို့ မီးလောင်မှုဖြစ်ပွားပါက မီးစလောင်ခံရတဲ့အိမ်ရှင်ကို လာရောက်မီးငြိမ်းသတ်ပေးတဲ့ မီးသတ်ကား ဆီဖိုးအတွက်ဆိုပြီး ဒဏ်ငွေရိုက်ပါတယ်။ ဒါပေမဲ့ အဲဒီငွေတွေ သက်ဆိုင်ရာရပ်ကွက် မီးသတ် အဖွဲ့ဆီမရောက်ပဲ သူ့အိပ်ကပ်ထဲပဲရောက် သွားပါ တယ်။

ပြီးခဲ့တဲ့ (၄) နှစ်တုန်းကလည်း စာရေးတန်းရပ်ကွက်သားများက ဦးစံညွန့်ကိုဥက္ကဌအဖြစ်နားခိုင်း လိုက်ပြီး ဦးထွန်းတင်ကို  ဥက္ကဌသစ်အဖြစ် တင်မြှောက်လိုက်ပေမဲ့ ဦးစံညွန့်ဟာရပ်ကွက်တံဆိပ်တုံးအပါအဝင်၊စာရွက်စာတမ်း ကိုလွှဲမပေးပဲ မရကဥက္ကဌနဲ့ ညှိပြီး အခုထက်ထိ ရပ်ကွက်ဥက္ကဌ အဖြစ်ဆက်လုပ်နေပါတယ်။ အာဏာရူးနေတဲ့ လူပါပဲ။